သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH ေျပာတဲ႔ လက္နက္ကိုင္ေတာ္လွန္ေရး ျဖစ္ႏိုင္မလား 


မွတ္တမ္းဓါတ္ပံု- ဧၿပီလ ၃ ရက္ေန႔တုန္းက ရန္ကုန္ ဆႏၵျပ ျပည္သူမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈရပ္တန္႔ေရး CDM အာဏာဖီဆန္ေရးလႈပ္ရွားမႈနဲ႔အတူ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ငန္းစဥ္ကိုပါစတင္ေနၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ယာယီ က်န္းမာေရးနဲ႔ ပညာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးကေျပာၾကားလိုက္ပါတယ္။

CRPH အေနနဲ႔ လက္နက္ကိုင္တိုက္မယ့္နည္းလမ္းကိုပါ ဘာေၾကာင့္ဆံုးျဖတ္လိုက္သလဲ၊ ဒီနည္းလမ္းကေရာ ျဖစ္သင့္သလား၊ ျဖစ္ႏိုင္သလားဆိုတာေတြနဲ႔ပတ္သက္လို႔ ျမန္မာ့အေရးေလ့လာသံုးသပ္ေနသူ ေဒါက္တာတင္ေမာင္သန္းကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္း စုစည္းတင္ျပထားပါတယ္။

ကုလသမဂၢက ထုတ္ျပန္ခ်က္အရ ျမန္မာစစ္ေကာင္စီအေနနဲ႔ အာဏာသိမ္းၿပီး ရက္ေပါင္း (၇၀)ေက်ာ္ အတြင္း အၾကမ္းဖက္ ပစ္ခတ္ဖိႏွိပ္မႈေၾကာင့္ ကေလးအရြယ္ေတြအပါအ၀င္ အနည္းဆံုး လူေပါင္း (၇၀၀) ေက်ာ္ ေသဆံုး ခဲ့ၿပီျဖစ္ပါတယ္။ အခုလို စစ္ေကာင္စီဘက္က လက္နက္မဲ့တဲ့ ျပည္သူေတြကို အၾကမ္းဖက္ၿပီး ဆက္လက္ဖိႏွိပ္ေနတဲ့အေပၚမွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH အေနနဲ႔ CDM လႈပ္ရွားမႈနဲ႔အတူ လက္နက္ကိုင္ ေတာ္လွန္ေရးပါ လုပ္ေဆာင္ဖို႔ မျဖစ္မေန ေရြးခ်ယ္ခဲ့ရတယ္လို႔ ဗီြအိုေအက လက္ခံရရွိတဲ့ CRPH ယာယီ က်န္းမာေရးနဲ႔ ပညာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးရဲ႕အသံဖိုင္မွာ သူက အခုလိုေျပာသြားပါတယ္။

“အခုအထိ က်ေနာ္တို႔ ေခါင္းေဆာင္ေတြကိုလည္း လႊတ္မေပးဘူး၊ က်ေနာ္တို႔ကို ထပ္ၿပီးေတာ့လည္းဖမ္းတယ္၊ ႏွိတ္ကြပ္တယ္၊ လူေတြသတ္တယ္ဆိုေတာ့ သူတို႔က ပိုပိုဆိုးလာတယ္။ အဲဒီအတြက္ က်ေနာ္တုိ႔ဘက္ကလည္း ဒါကို ဒါနဲ႔ လိုက္ညီတဲ့ strategy ကိုေျပာင္းရတာျဖစ္တယ္။ က်ေနာ္တို႔ CDM ကေနတဆင့္ ေတာ္လွန္ေရးလုပ္ၿပီးေတာ့ စစ္တိုက္ၿပီးေတာ့ လူေတြကို ေသေစတာတို႔ ေသြးထြက္တာတို႔ ျဖစ္ခ်င္လို႔မဟုတ္ဘူး။ မျဖစ္ခ်င္လည္း ျဖစ္ရေအာင္ သူတို႔က တမင္တြန္းၿပီးေတာ့ ပို႔ေနတာ။ က်ေနာ္တို႔ ေတာ္လွန္ေရးဟာ ဒီ EAO ေတြရွိတဲ့ေနရာေတြမွာ EAO ေတြအင္အားနဲ႔ အနီးဆံုး အားအေကာင္းဆံုး CDM လည္းအားေကာင္းတယ္ EAO လည္း အားေကာင္းတယ္ဆိုတဲ့ ၿမိဳ႕ေတြကို က်ေနာ္တို႔ သိမ္းရမွာျဖစ္ပါတယ္။ အဲဒီနယ္ေတြကို သိမ္းရမွာျဖစ္တယ္၊ အဲဒီရြာေတြကို သိမ္းရမွာျဖစ္တယ္။ ဒါမွသာ က်ေနာ္တို႔ဟာ အစိုးရဆိုတဲ့ စကားလံုးနဲ႔အညီ က်ေနာ္တို႔က အုပ္ခ်ဳပ္ေရးေတြလည္းရွိမယ္၊ တရားစီရင္ေရးေတြလည္းရွိမယ္၊ ကာကြယ္ေရးေတြ စစ္ေရးေတြလည္းရွိၿပီးေတာ့ territory ဆိုတဲ့ နယ္ေျမေတြလည္း ရွိမွာျဖစ္ပါတယ္၊ ဒါမွသာ အစိုးရျဖစ္မယ္။ သူ႔ဟာသူ ႏိုင္ငံတကာက အသိအမွတ္ျပဳေအာင္လုပ္မွာပါ။ ျပဳတာ မျပဳတာ အေရးမႀကီးဘူး အစိုးရဆိုတဲ့ အဓိပၸါယ္ဟာ အဲဒါပဲ။

က်ေန္ာတို႔ အခုဆိုရင္ ပိုၿပီးေတာ့လည္း Humanitarian Aid ေရာ ၊ Assistant ေတြေရာ စားနပ္ရိကၡာေတြေရာ ရရွိဖို႔ အလားအလာေတြ အမ်ားႀကီးေကာင္းေနတဲ့အတြက္ အဲဒီ သင္တန္းေတြ အမ်ားႀကီးေပးၿပီး လူေတြအမ်ားႀကီးကိုလည္း ေမြးႏိုင္မယ့္အေနအထားရွိပါတယ္။ ဒါေပမယ့္ တတ္ႏိုင္သမွ် ေသြးထြက္သံယိုမျဖစ္ေအာင္က အဲဒီအင္အားေတြ က်ေနာ္တို႔မွာ ရွိဖို႔လိုတယ္။ လူအင္အားေကာင္းဖို႔လိုတယ္၊ စိတ္ဓါတ္အင္အားေတြ ေကာင္းဖို႔လိုတယ္။ က်ေန္ာတို႔ စည္းေတြ စနစ္ေတြ ေကာင္းဖုိ႔လိုတယ္။ အဲလိုေကာင္းတယ္ဆိုရင္ က်ေနာ္တုိ႔ ေစာေစာကေျပာတဲ့ ကာကြယ္ေရးလုပ္ငန္းေတြ ၊ ကာကြယ္ေရးတပ္ဖြဲ႔ေတြ အင္နဲ႔အားနဲ႔ဆိုေတြ သူတို႔ေတြ ေတာ္ရံုတန္ရံုနဲ႔ က်ေနာ္တုိ႔ကို လာၿပီးေတာ့ မတိုက္ခိုက္ႏိုင္တဲ့ အေနအထားအထိေရာက္ေအာင္လုပ္ရမွာျဖစ္တယ္။

အဲဒီနည္းအားျဖင့္ သူတို႔ စားပြဲေပၚကို တက္ခ်င္တက္လာ ၊ စားပြဲေပၚကို တက္လာဆိုလို႔ ညိွႏိႈင္းေဆြးေႏြးဖို႔ မဟုတ္ဘူး။ က်ေနာ္တို႔နဲ႔ ညိွႏိႈင္းေဆြးေႏြးခ်င္ရင္ က်ေနာ္တို႔ ေျပာတာေတြ လုပ္ရမယ္။ က်ေနာ္တို႔နဲ႔ ညိွႏိႈင္းေဆြးေႏြးခ်င္ရင္ က်ေနာ္တို႔ ေခါင္းေဆာင္ေတြကို မလႊတ္ေပးပဲနဲ႔ ဘာစားပြဲမွ ထိုင္စရာအေၾကာင္းမရွိဘူး မ်က္ႏွာခ်င္းလံုး၀ ဆိုင္မွာမဟုတ္ဘူး။ က်ေနာ္တို႔ ေခါင္းေဆာင္ေတြကို လႊတ္ၿပီးေတာ့ က်ေနာ္တို႔ ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီး က်ေနာ္တို႔အခ်င္းခ်င္း ေခါင္းေဆာင္ေတြနဲ႔ ေျပာသင့္တာေတြ ေျပာၿပီးတဲ့အခ်ိန္က်မွသာ စားပြဲမွာ ထိုင္မွာသာျဖစ္တယ္။ သူတို႔ကို က်ေနာ္တို႔ စားပြဲမွာ ထိုင္စရာအေၾကာင္းမရွိဘူး အဲဲဒါမပါပဲနဲ႔ ။ က်ေနာ္တို႔ ေခါင္းေဆာင္မ်ားနဲ႔ က်ေနာ္တို႔ဖမ္းထားတဲ့ ေတာ္လွန္ေရးအင္အားစုေတြကို လႊတ္မေပးပဲနဲ႔ သူတို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္စကားေျပာစရာမရွိဘူး၊ မေျပာဘူး။ အဲလိုမ်ိဳးျဖစ္ပါတယ္ အဲဒီေတာ့ ဒါေတာင္မွ ေဒၚေအာင္ဆန္းစုၾကည္တို႔ သမၼတႀကီးတို႔ကို က်ေနာ္တို႔ေတြ ေသခ်ာေျပာၿပီး inform လုပ္ၿပီး အခုေျပာင္းလဲေနတဲ့အေျခအေနကို တင္ျပခြင့္ ရမွ ျဖစ္တယ္။ တင္ျပခြင့္ မရလို႔မျဖစ္ဘူး ဒါဘာျဖစ္လဲဆိုေတာ့ အေမတို႔ နားလည္ေအာင္ရွင္းျပရမယ္။ ဒါမွသာလွ်င္ က်ေနာ္တုိ႔အေျခအေနက ဘာေၾကာင့္ ဒီလိုေျပာင္းလဲသြားရသလဲဆိုတာ သိမွာျဖစ္တယ္ အဲဒါကို က်ေနာ္တို႔ လုပ္မယ္ လုပ္ၿပီးသြားမွ ဒါကို စကားေျပာႏိုင္မွာျဖစ္တယ္။”

CRPH ယာယီ က်န္းမာေရးနဲ႔ ပညာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုး ေျပာသြားတာပါ။ လက္နက္ကိုင္ေတာ္လွန္တဲ့နည္းလမ္းဟာ ျမန္မာ့သမိုင္းေၾကာင္းအရ ဆိုရင္ ႏွစ္ေပါင္းမ်ားစြာကတည္းက ရွိခဲ့တာပါ။ လက္ရွိမွာလည္း တိုင္းရင္းသားလက္နက္ကိုင္တပ္ဖဲြ႔ေတြရွိေနသလို၊ စစ္ေကာင္စီဘက္ကလည္း ေခ်မႈန္းတိုက္ခိုက္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒါက္တာေဇာ္ေ၀စိုးေျပာသြားသလို CRPH အေနနဲ႔ လက္နက္ကိုင္ေတာ္လွန္တဲ့နည္းလမ္းကို ေရြးခ်ယ္တာျဖစ္သင့္သလား၊ အင္အားႀကီးမားတဲ့ ျမန္မာစစ္တပ္ နဲ႔ယွဥ္ဖို႔ေရာ ျဖစ္ႏိုင္ပါ့မလား။ ျမန္မာ့အေရးေလ့လာသံုးသပ္သူ ေဒါက္တာတင္ေမာင္သန္းကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာ သူကအခုလို စေျပာပါတယ္။

“ ျဖစ္သင့္တာကို ေျပာရရင္ေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လုပ္ေဆာင္မယ့္ လမ္းေၾကာင္းက အမ်ိဳးသား ရင္ၾကားေစ့ေရး ဒါက အျဖစ္သင့္ဆံုးပဲ။ လက္နက္ကိုင္လမ္းစဥ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ လမ္းစဥ္လည္းမဟုတ္ဘူး။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က အၾကမ္းမဖက္ ဒီမိုကေရစီေရးလႈပ္ရွားမႈကိုပဲ သြားတယ္။ ဒါေပမယ့္ ယေန႔အေျခအေနကေတာ့ ၁၉၈၈ မွာျဖစ္ခဲ့သလိုပဲ လူငယ္ေတြ လူထုကလည္း ဒီတပ္မေတာ္ စစ္တပ္ႀကီးကိုေတာ့ ေသနတ္နဲ႔ ျပန္ခ်မွပဲ ရမယ္ ၊ တခ်ိဳ႕ကဆိုရင္ ႏိုင္ငံျခားတပ္ေတြက ၀င္ၿပီးခ်ရင္ေတာင္မွ ဒီေလာက္အထိ ေမွ်ာ္လင့္ေတာင္းဆိုေနၾကတာေတြ႔ရတယ္ ဒါကျဖစ္ေနတာ။ ျဖစ္သင့္တာက ၿငိမ္းခ်မ္းေရး၊ ျဖစ္ေနတာက ဒီအေျခအေန ။

ဒီလိုျဖစ္လာတာကလည္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပေနသူေတြအေပၚမွာ ဖိႏွိပ္ရက္စက္တယ္ ၊ ရက္စက္တာေပါ့ ၇ ႏွစ္ သမီးေလးကို အိမ္ထဲမွာပဲ ပစ္သတ္တယ္ ၊ အေဖဆီ ေျပးသြားတဲ့အခ်ိန္မွာ အိမ္ထဲမွာပဲ ပစ္သတ္တယ္။ ကေလးေတြကို ေခါင္းတည့္တည့္ပစ္တာ ဒါေတြအကုန္လံုးဟာ ရက္စက္တယ္။ ဒီလိုရက္စက္မႈေတြေၾကာင့္ စစ္တပ္ကို လက္နက္ကိုင္ေတာ္လွန္မွပဲ ရေတာ့မယ္ ဆိုတာေတြျဖစ္လာတယ္ ဒါက ယေန႔ျဖစ္ေနတာ။ အဲဒီ လမ္းေၾကာင္းကေရာ ျဖစ္ႏိုင္သလားေပါ့့။

ခက္ခဲလိမ့္မယ္ထင္တယ္ ဘာေၾကာင့္လဲဆိုေတာ့ ၁၉၄၆ သခင္စိုးႀကီး ပုန္ကန္တာကေနစၿပီးေတာ့ ကရင္ ၿပီးေတာ့ ဗမာျပည္ကြန္ျမဴနစ္ပါတီ၊ ၿပီးေတာ့ ၁၉ ၅၈ မွာ ရွမ္း ၊ လက္နက္ကိုင္အဖြဲ႔အစည္းေတြ အမ်ိဳးမ်ိဳး ၿပီးေတာ့ ကခ်င္ ဒီလို ေတာ္လွန္ခဲ့ၾကတယ္။ ဒါေပမယ့္ မၿပီးခဲ့ဘူး ။ သို႔ေသာ္ ဒီကေန႔အခ်ိန္မွာ ျဖစ္ႏိုင္သလား၊ ဘာမဆို ျဖစ္ႏိုင္တယ္ ၊ ယေန႔ အေျခအေနကေတာ့ ။ ဘာေၾကာင့္လဲ ဒီလို လက္နက္ကိုင္လႈပ္ရွားမႈေတြက ကမာၻရဲ႕ အာရံုဏ္စူးစိုက္မူ အရင္တုန္းက မရခဲ့ဘူး၊ ရေတာ့ ရပါတယ္ အရင္တုန္းကလည္း ဒါေပမယ့္ အခုေလာက္အထိ ေပၚေပၚထင္ထင္မရရွိခဲ့ဘူး။ ဒါေၾကာင့္ ဒီလက္နက္ကိုင္ေတာ္လွန္ေရးဟာ အခုဆိုရင္ ဆီးရီးယားလိုျဖစ္သြားမလားဆိုတာ စိုးရိမ္တဲ့အထိ ကမာၻကလည္း ျဖစ္ေပၚလာခဲ့တယ္။ ေနာက္ကမာၻ႕သံုးသပ္သူေတြ လြဲေနတာကေတာ့ ျပည္တြင္းစစ္ႀကီးျဖစ္သြားႏုိင္တယ္ဆိုတာေျပာတာ၊ မဟုတ္ဘူး ျပည္တြင္းစစ္က ျဖစ္ေနခဲ့တာ ၾကာလွၿပီ ၊ ႏွစ္ေပါင္းမ်ားစြာ ဒါေပမယ့္ သူတို႔ ဆိုလိုခ်င္တာကေတာ့ ပိုၿပီး အရွိန္အဟုန္ ျပင္းျပင္းနဲ႔ ျဖစ္သြားႏုိင္သလား၊ ျဖစ္သြားႏိုင္တယ္။ ဘယ္သူရႈံးမလဲ ဘယ္သူႏိုင္မလဲဆိုတာ အခုအခ်ိန္မွာေတာ့ ေျပာလို႔မရေသးဘူးလို႔ က်ေနာ္ထင္တယ္။ ဒါေၾကာင့္ ျဖစ္သင့္တာကို ေျပာရရင္ စကား၀ိုင္းကို ျမန္ျမန္ဖြင့္ၿပီး စကားေျပာတာေတာ့ အေကာင္းဆံုးလို႔ က်ေနာ္ထင္ပါတယ္။”

လက္ရွိ ျမန္မာစစ္တပ္ဘက္ကေတာ့ ကရင္နဲ႔ ကခ်င္ျပည္နယ္ဘက္ေတြမွာ ေလေၾကာင္းကေန ဗံုးႀကဲတိုက္ခိုက္ေနတဲ့အတြက္ အရပ္သားတိုင္းရင္းသားျပည္သူေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒါအျပင္ ျမန္မာျပည္အၾကပ္အတည္း ေျပလည္ဖို႔မရွိေသးတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ေပးေရး လိုအပ္လာဖို႔ရွိေၾကာင္း ေဒသခံအဖဲြ႔အစည္းေတြက သတိေပးေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

CRPH ပြောတဲ့ လက်နက်ကိုင်တော်လှန်ရေး ဖြစ်နိုင်မလား

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရပ်တန့်ရေး CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းစဉ်ကိုပါစတင်နေပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ယာယီ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။

CRPH အနေနဲ့ လက်နက်ကိုင်တိုက်မယ့်နည်းလမ်းကိုပါ ဘာကြောင့်ဆုံးဖြတ်လိုက်သလဲ၊ ဒီနည်းလမ်းကရော ဖြစ်သင့်သလား၊ ဖြစ်နိုင်သလားဆိုတာတွေနဲ့ပတ်သက်လို့ မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာတင်မောင်သန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ချက်အရ မြန်မာစစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး ရက်ပေါင်း (၇၀)ကျော် အတွင်း အကြမ်းဖက် ပစ်ခတ်ဖိနှိပ်မှုကြောင့် ကလေးအရွယ်တွေအပါအဝင် အနည်းဆုံး လူပေါင်း (၇၀၀) ကျော် သေဆုံး ခဲ့ပြီဖြစ်ပါတယ်။ အခုလို စစ်ကောင်စီဘက်က လက်နက်မဲ့တဲ့ ပြည်သူတွေကို အကြမ်းဖက်ပြီး ဆက်လက်ဖိနှိပ်နေတဲ့အပေါ်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ CDM လှုပ်ရှားမှုနဲ့အတူ လက်နက်ကိုင် တော်လှန်ရေးပါ လုပ်ဆောင်ဖို့ မဖြစ်မနေ ရွေးချယ်ခဲ့ရတယ်လို့ ဗွီအိုအေက လက်ခံရရှိတဲ့ CRPH ယာယီ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့အသံဖိုင်မှာ သူက အခုလိုပြောသွားပါတယ်။

“အခုအထိ ကျနော်တို့ ခေါင်းဆောင်တွေကိုလည်း လွှတ်မပေးဘူး၊ ကျနော်တို့ကို ထပ်ပြီးတော့လည်းဖမ်းတယ်၊ နှိတ်ကွပ်တယ်၊ လူတွေသတ်တယ်ဆိုတော့ သူတို့က ပိုပိုဆိုးလာတယ်။ အဲဒီအတွက် ကျနော်တို့ဘက်ကလည်း ဒါကို ဒါနဲ့ လိုက်ညီတဲ့ strategy ကိုပြောင်းရတာဖြစ်တယ်။ ကျနော်တို့ CDM ကနေတဆင့် တော်လှန်ရေးလုပ်ပြီးတော့ စစ်တိုက်ပြီးတော့ လူတွေကို သေစေတာတို့ သွေးထွက်တာတို့ ဖြစ်ချင်လို့မဟုတ်ဘူး။ မဖြစ်ချင်လည်း ဖြစ်ရအောင် သူတို့က တမင်တွန်းပြီးတော့ ပို့နေတာ။ ကျနော်တို့ တော်လှန်ရေးဟာ ဒီ EAO တွေရှိတဲ့နေရာတွေမှာ EAO တွေအင်အားနဲ့ အနီးဆုံး အားအကောင်းဆုံး CDM လည်းအားကောင်းတယ် EAO လည်း အားကောင်းတယ်ဆိုတဲ့ မြို့တွေကို ကျနော်တို့ သိမ်းရမှာဖြစ်ပါတယ်။ အဲဒီနယ်တွေကို သိမ်းရမှာဖြစ်တယ်၊ အဲဒီရွာတွေကို သိမ်းရမှာဖြစ်တယ်။ ဒါမှသာ ကျနော်တို့ဟာ အစိုးရဆိုတဲ့ စကားလုံးနဲ့အညီ ကျနော်တို့က အုပ်ချုပ်ရေးတွေလည်းရှိမယ်၊ တရားစီရင်ရေးတွေလည်းရှိမယ်၊ ကာကွယ်ရေးတွေ စစ်ရေးတွေလည်းရှိပြီးတော့ territory ဆိုတဲ့ နယ်မြေတွေလည်း ရှိမှာဖြစ်ပါတယ်၊ ဒါမှသာ အစိုးရဖြစ်မယ်။ သူ့ဟာသူ နိုင်ငံတကာက အသိအမှတ်ပြုအောင်လုပ်မှာပါ။ ပြုတာ မပြုတာ အရေးမကြီးဘူး အစိုးရဆိုတဲ့ အဓိပ္ပါယ်ဟာ အဲဒါပဲ။

ကျနေ်ာတို့ အခုဆိုရင် ပိုပြီးတော့လည်း Humanitarian Aid ရော ၊ Assistant တွေရော စားနပ်ရိက္ခာတွေရော ရရှိဖို့ အလားအလာတွေ အများကြီးကောင်းနေတဲ့အတွက် အဲဒီ သင်တန်းတွေ အများကြီးပေးပြီး လူတွေအများကြီးကိုလည်း မွေးနိုင်မယ့်အနေအထားရှိပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ သွေးထွက်သံယိုမဖြစ်အောင်က အဲဒီအင်အားတွေ ကျနော်တို့မှာ ရှိဖို့လိုတယ်။ လူအင်အားကောင်းဖို့လိုတယ်၊ စိတ်ဓါတ်အင်အားတွေ ကောင်းဖို့လိုတယ်။ ကျနေ်ာတို့ စည်းတွေ စနစ်တွေ ကောင်းဖို့လိုတယ်။ အဲလိုကောင်းတယ်ဆိုရင် ကျနော်တို့ စောစောကပြောတဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ အင်နဲ့အားနဲ့ဆိုတွေ သူတို့တွေ တော်ရုံတန်ရုံနဲ့ ကျနော်တို့ကို လာပြီးတော့ မတိုက်ခိုက်နိုင်တဲ့ အနေအထားအထိရောက်အောင်လုပ်ရမှာဖြစ်တယ်။

အဲဒီနည်းအားဖြင့် သူတို့ စားပွဲပေါ်ကို တက်ချင်တက်လာ ၊ စားပွဲပေါ်ကို တက်လာဆိုလို့ ညှိနှိုင်းဆွေးနွေးဖို့ မဟုတ်ဘူး။ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးချင်ရင် ကျနော်တို့ ပြောတာတွေ လုပ်ရမယ်။ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးချင်ရင် ကျနော်တို့ ခေါင်းဆောင်တွေကို မလွှတ်ပေးပဲနဲ့ ဘာစားပွဲမှ ထိုင်စရာအကြောင်းမရှိဘူး မျက်နှာချင်းလုံး၀ ဆိုင်မှာမဟုတ်ဘူး။ ကျနော်တို့ ခေါင်းဆောင်တွေကို လွှတ်ပြီးတော့ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကျနော်တို့အချင်းချင်း ခေါင်းဆောင်တွေနဲ့ ပြောသင့်တာတွေ ပြောပြီးတဲ့အချိန်ကျမှသာ စားပွဲမှာ ထိုင်မှာသာဖြစ်တယ်။ သူတို့ကို ကျနော်တို့ စားပွဲမှာ ထိုင်စရာအကြောင်းမရှိဘူး အဲဒါမပါပဲနဲ့ ။ ကျနော်တို့ ခေါင်းဆောင်များနဲ့ ကျနော်တို့ဖမ်းထားတဲ့ တော်လှန်ရေးအင်အားစုတွေကို လွှတ်မပေးပဲနဲ့ သူတို့နဲ့ မျက်နှာချင်းဆိုင်စကားပြောစရာမရှိဘူး၊ မပြောဘူး။ အဲလိုမျိုးဖြစ်ပါတယ် အဲဒီတော့ ဒါတောင်မှ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီးတို့ကို ကျနော်တို့တွေ သေချာပြောပြီး inform လုပ်ပြီး အခုပြောင်းလဲနေတဲ့အခြေအနေကို တင်ပြခွင့် ရမှ ဖြစ်တယ်။ တင်ပြခွင့် မရလို့မဖြစ်ဘူး ဒါဘာဖြစ်လဲဆိုတော့ အမေတို့ နားလည်အောင်ရှင်းပြရမယ်။ ဒါမှသာလျှင် ကျနော်တို့အခြေအနေက ဘာကြောင့် ဒီလိုပြောင်းလဲသွားရသလဲဆိုတာ သိမှာဖြစ်တယ် အဲဒါကို ကျနော်တို့ လုပ်မယ် လုပ်ပြီးသွားမှ ဒါကို စကားပြောနိုင်မှာဖြစ်တယ်။”

CRPH ယာယီ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောသွားတာပါ။ လက်နက်ကိုင်တော်လှန်တဲ့နည်းလမ်းဟာ မြန်မာ့သမိုင်းကြောင်းအရ ဆိုရင် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာပါ။ လက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိနေသလို၊ စစ်ကောင်စီဘက်ကလည်း ချေမှုန်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဒေါက်တာဇော်ဝေစိုးပြောသွားသလို CRPH အနေနဲ့ လက်နက်ကိုင်တော်လှန်တဲ့နည်းလမ်းကို ရွေးချယ်တာဖြစ်သင့်သလား၊ အင်အားကြီးမားတဲ့ မြန်မာစစ်တပ် နဲ့ယှဉ်ဖို့ရော ဖြစ်နိုင်ပါ့မလား။ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူကအခုလို စပြောပါတယ်။

“ ဖြစ်သင့်တာကို ပြောရရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်မယ့် လမ်းကြောင်းက အမျိုးသား ရင်ကြားစေ့ရေး ဒါက အဖြစ်သင့်ဆုံးပဲ။ လက်နက်ကိုင်လမ်းစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လမ်းစဉ်လည်းမဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြမ်းမဖက် ဒီမိုကရေစီရေးလှုပ်ရှားမှုကိုပဲ သွားတယ်။ ဒါပေမယ့် ယနေ့အခြေအနေကတော့ ၁၉၈၈ မှာဖြစ်ခဲ့သလိုပဲ လူငယ်တွေ လူထုကလည်း ဒီတပ်မတော် စစ်တပ်ကြီးကိုတော့ သေနတ်နဲ့ ပြန်ချမှပဲ ရမယ် ၊ တချို့ကဆိုရင် နိုင်ငံခြားတပ်တွေက ဝင်ပြီးချရင်တောင်မှ ဒီလောက်အထိ မျှော်လင့်တောင်းဆိုနေကြတာတွေ့ရတယ် ဒါကဖြစ်နေတာ။ ဖြစ်သင့်တာက ငြိမ်းချမ်းရေး၊ ဖြစ်နေတာက ဒီအခြေအနေ ။

ဒီလိုဖြစ်လာတာကလည်း ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေသူတွေအပေါ်မှာ ဖိနှိပ်ရက်စက်တယ် ၊ ရက်စက်တာပေါ့ ၇ နှစ် သမီးလေးကို အိမ်ထဲမှာပဲ ပစ်သတ်တယ် ၊ အဖေဆီ ပြေးသွားတဲ့အချိန်မှာ အိမ်ထဲမှာပဲ ပစ်သတ်တယ်။ ကလေးတွေကို ခေါင်းတည့်တည့်ပစ်တာ ဒါတွေအကုန်လုံးဟာ ရက်စက်တယ်။ ဒီလိုရက်စက်မှုတွေကြောင့် စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှပဲ ရတော့မယ် ဆိုတာတွေဖြစ်လာတယ် ဒါက ယနေ့ဖြစ်နေတာ။ အဲဒီ လမ်းကြောင်းကရော ဖြစ်နိုင်သလားပေါ့။

ခက်ခဲလိမ့်မယ်ထင်တယ် ဘာကြောင့်လဲဆိုတော့ ၁၉၄၆ သခင်စိုးကြီး ပုန်ကန်တာကနေစပြီးတော့ ကရင် ပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြီးတော့ ၁၉ ၅၈ မှာ ရှမ်း ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အမျိုးမျိုး ပြီးတော့ ကချင် ဒီလို တော်လှန်ခဲ့ကြတယ်။ ဒါပေမယ့် မပြီးခဲ့ဘူး ။ သို့သော် ဒီကနေ့အချိန်မှာ ဖြစ်နိုင်သလား၊ ဘာမဆို ဖြစ်နိုင်တယ် ၊ ယနေ့ အခြေအနေကတော့ ။ ဘာကြောင့်လဲ ဒီလို လက်နက်ကိုင်လှုပ်ရှားမှုတွေက ကမ္ဘာရဲ့ အာရုံဏ်စူးစိုက်မူ အရင်တုန်းက မရခဲ့ဘူး၊ ရတော့ ရပါတယ် အရင်တုန်းကလည်း ဒါပေမယ့် အခုလောက်အထိ ပေါ်ပေါ်ထင်ထင်မရရှိခဲ့ဘူး။ ဒါကြောင့် ဒီလက်နက်ကိုင်တော်လှန်ရေးဟာ အခုဆိုရင် ဆီးရီးယားလိုဖြစ်သွားမလားဆိုတာ စိုးရိမ်တဲ့အထိ ကမ္ဘာကလည်း ဖြစ်ပေါ်လာခဲ့တယ်။ နောက်ကမ္ဘာ့သုံးသပ်သူတွေ လွဲနေတာကတော့ ပြည်တွင်းစစ်ကြီးဖြစ်သွားနိုင်တယ်ဆိုတာပြောတာ၊ မဟုတ်ဘူး ပြည်တွင်းစစ်က ဖြစ်နေခဲ့တာ ကြာလှပြီ ၊ နှစ်ပေါင်းများစွာ ဒါပေမယ့် သူတို့ ဆိုလိုချင်တာကတော့ ပိုပြီး အရှိန်အဟုန် ပြင်းပြင်းနဲ့ ဖြစ်သွားနိုင်သလား၊ ဖြစ်သွားနိုင်တယ်။ ဘယ်သူရှုံးမလဲ ဘယ်သူနိုင်မလဲဆိုတာ အခုအချိန်မှာတော့ ပြောလို့မရသေးဘူးလို့ ကျနော်ထင်တယ်။ ဒါကြောင့် ဖြစ်သင့်တာကို ပြောရရင် စကားဝိုင်းကို မြန်မြန်ဖွင့်ပြီး စကားပြောတာတော့ အကောင်းဆုံးလို့ ကျနော်ထင်ပါတယ်။”

လက်ရှိ မြန်မာစစ်တပ်ဘက်ကတော့ ကရင်နဲ့ ကချင်ပြည်နယ်ဘက်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားတိုင်းရင်းသားပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါအပြင် မြန်မာပြည်အကြပ်အတည်း ပြေလည်ဖို့မရှိသေးတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးရေး လိုအပ်လာဖို့ရှိကြောင်း ဒေသခံအဖွဲ့အစည်းတွေက သတိပေးပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG