သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္နဲ႔ရွမ္းေျမာက္မွာ KIA နဲ႔ စစ္ေကာင္စီအၾကား စစ္ေရးတင္းမာေန


KIA တပ္ဖြဲ႔ဝင္မ်ား

{{Zawgyi/Unicode}}

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ဌာနခ်ဳပ္ လိုင္ဇာအနီးက အေလာဘြမ္တပ္စခန္းမွာ ဒီေန႔မနက္ထိ တိုက္ပဲြေတြ ဆက္ျဖစ္ေနသလို စစ္ေရးအရတင္းမာေနဆဲျဖစ္ၿပီး ကခ်င္ျပည္နယ္ ဖားကန္႔၊ တႏိုင္းၿမိဳ႔နယ္ေတြနဲ႔ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္ဘက္ေတြမွာလည္း တပ္မေတာ္နဲ႔ KIA အၾကား တိုက္ပဲြေတြ ျဖစ္ပြားေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႔နယ္အတြင္းက စစ္ေရးအရ အခ်က္အျခာက်တဲ့ အေလာဘြမ္ တပ္စခန္းကို မတ္လ ၂၅ရက္ေန႔မွာ KIA က သိမ္းယူလုိက္ၿပီးတဲ့ေနာက္ ဒီလ ၁၁ ရက္ေန႔မွာ တပ္မေတာ္က ျပန္လွန္ထိုးစစ္ဆင္ခဲ့သလို ၁၂ ရက္ေန႔မွာေတာ့ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ပါ အၾကိမ္ၾကိမ္တိုက္ခိုက္ၿပီး တိုက္ပဲြေတြ ျပင္းထန္ခဲ့တာပါ။

ဒီတိုက္ပဲြဟာ ဒီကေန႔ မနက္ပိုင္းအထိ ဆက္လက္ျဖစ္ပြားေနသလို တုိက္ပဲြေတြ ထပ္မံ ျပင္းထန္လာမယ့္ အေျခအေန ရိွေနေၾကာင္း KIA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးၾကီးေနာ္ဘူက VOA ကို ေျပာပါတယ္။

“လိုင္ဇာဌာနခ်ဳပ္ ပတ္၀န္းက်င္ရဲ့ အေျခအေနကို ေျပာမယ္ဆုိရင္ေတာ့ အခု ဒီတပတ္တိုက္ပဲြျဖစ္ေနတဲ့ အေလာဘြမ္မွာေတာ့ မေန႔ည တစ္ညလံုးနဲ႔ ဒီမနက္ မိုးလင္းတဲ့အထိေတာ့ တုိက္ပဲြရိွပါတယ္။ အဲဒီအေလာဘြမ္ဘက္မွာလည္း။ မိုးလင္းတဲ့ေနာက္ပိုင္းေပါ့။ ေန႔လည္ပိုင္းကေတာ့ သတင္း မၾကားရေသးပါဘူး။ က်ေနာ္တုိ႔ အေလာဘြမ္ ၀န္းက်င္ရဲ့ စစ္ဆင္ေရးေတြက တင္းမာေနတဲ့အေနအထားျဖစ္ပါတယ္။ အခု အေလာဘြမ္ထဲမွာ တက္လာတဲ့ စစ္ေကာင္စီရဲ့ တပ္မေတာ္ေတြလည္း တခ်ိဳ႔ ရိွေသးပါတယ္။ အားလံုး ဆင္းသြားတာ မရိွေသးပါဘူး။ ေနာက္ထပ္လည္း ျပန္တိုးဖို႔ သတင္းေတြ က်ေနာ္တုိ႔ ၾကားပါတယ္။ ဒါေၾကာင့္ အားလံုးက က်ေနာ္တုိ႔ သတိအေနအထားနဲ႔ ေစာင့္ေနတဲ့ ကာလျဖစ္ပါတယ္။”

ဒီလို စစ္ေရးတင္းမာမႈေတြရိွေနခ်ိန္ KIA ဌာနခ်ဳပ္ လုိင္ဇာဘက္ကိုလည္း လက္နက္ၾကီးနဲ႔ ပစ္ခတ္တာေတြ ရိွေနတယ္လုိ႔လည္း အခုလို ဆက္ေျပာပါတယ္။

“တပ္မေတာ္ေတြေတာ့ လက္နက္ၾကီးေတြ ပစ္ၿပီးေတာ့ ရန္ရွာတာေတာ့ ရိွပါတယ္။ ဒီ ေျမျပင္ကေန ထိုးတဲ့အေနအထားေလာက္ေတာ့ မရိွေသးပါဘူး။ ပတ္၀န္းက်င္က လက္နက္ၾကီးေတြနဲ႔ ပစ္တာေတာ့ ဒီလိုင္ဇာတ၀ိုက္မွာ ပစ္တဲ့လက္နက္ၾကီး က်ည္ဆံ က်တာေတာ့ ရိွပါတယ္။ ”

ဒီလိုစစ္ေရးတင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ဖားကန္႔ၿမိဳ႔နယ္မွာလည္း ဒီေန႔ မနက္က တိုက္ပြဲျဖစ္တယ္လို႔ ဖားကန္႔ေဒသခံ တစ္ေယာက္က ေျပာပါတယ္။

“ ေအး အဲဒါ နမ့္ယားနားမွာ ျဖစ္တယ္တဲ့။ ကပ္ေမွာ္ဇြပ္ နဲ႔ တံတားညီေနာင္ အဲဒီအၾကားမွာ၊ ၁၀ နာရီနဲ႔ ၁၀ နာရီ ၁၅ မိနစ္ အဲေလာက္ေပါ့။ က်ေနာ္တုိ႔က ကားမိုင္းနဲ႔ လ၀ါး ၾကားမွာ ေနတာကိုး ၊ က်ေနာ္တုိ႔ အသံၾကားေနရတာေပါ့။ ဒံုး၊ ဒံုး ၊ ဒံုးနဲ႔ လက္နက္ၾကီးသံေတြေရာ ၿပီးေတာ့ လက္နက္ငယ္သံေတြေရ ၾကားတယ္။ အဲဒါ တပ္မေတာ္ဘက္ အေယာက္ ၃၀ ေက်ာ္ေလာက္ သူတုိ႔ ေတာမွာ ေရွာက္၀င္ၾကတယ္လုိ႔ ေျပာတယ္။ အဲဒါေၾကာင့္မို႔ တုိက္ပဲြျဖစ္လာတယ္လို႔ အဲလိုမ်ိဳးေတာ့ အသံၾကားတယ္။”

အဂၤါေန႔ကေတာ့ ဖားကန္႔ၿမိဳ႔အ၀င္ ရဲတပ္ဖဲြ႔ယာဥ္တန္းကို KIA က မိုင္းခဲြတုိက္ခုိက္တာရိွသလို တႏိုင္းၿမိဳ႔နယ္ တိန္ေကာက္ရြာဘက္မွာလည္း စစ္တပ္ရဲ့ ေထာက္ပံ့ေရးယာဥ္တန္းကို မီးရိႈ႔ဖ်က္ဆီးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

အဂၤါေန႔ညကလည္း ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႔နယ္ ျပည္ေထာင္စုလမ္းမၾကီးေပၚက မံုးေပၚေခ်ာင္း တံတားေစာင့္လံုၿခံဳေရးတပ္ဖဲြ႔ေတြကို KIA က တိုက္ခိုက္သိမ္းယူေၾကာင္း သတင္းေတြ ထြက္ေပၚေနေပမဲ့ မူဆယ္ေဒသခံတစ္ဦးကေတာ့ တံတားသိမ္းယူတာ မၾကားသိေၾကာင္းနဲ႔ တိုက္ပဲြျဖစ္ပြားတာသာ ၾကားသိရေၾကာင္း ေျပာပါတယ္။

“အဲဒါေတာ့ မၾကားဘူးခင္ဗ်။ မေန႔က ကိစၥက အဲဒီ မုန္းေပၚေခ်ာင္း အထက္ဘက္ နမ့္မြန္ေက်းရြာရဲ့ အေနာက္ဘက္ ထင္တယ္။ အဲဒီမွာ တိုက္ပဲြျဖစ္တဲ့အသံေတာ့ ၾကားတာေပါ့။ အဲဒီ မုန္းေပၚေခ်ာင္းတံတားကေန လက္နက္ၾကီး ပစ္တယ္ဆိုတဲ့ အသံလည္း ၾကားတာေပါ့။ လမ္းပိတ္တာတုိ႔ ဘာတုိ႔ေတာ့ မရိွဘူးေပါ့။ ”

ဒီသတင္းေတြနဲ႔ပတ္သက္လုိ႔ေတာ့ ဗိုလ္မႈးၾကီးေနာ္ဘူက ေအာက္ေျခသတင္းတက္လာတာမရိွေၾကာင္း ေျပာပါတယ္။

“ဖားကန္႔ဘက္မွာလည္း တုိက္ပဲြ ဒီေန႔ျဖစ္တယ္ဆုိတဲ့သတင္းရပါတယ္။ ဒါေပမဲ့ ေအာက္ေျခသတင္းက မၾကားသိရပါဘူး။ ေနာက္ ရွမ္းေျမာက္ဘက္မွာလည္း ရိွတယ္လုိ႔ေတာ့ ေျပာၾကတယ္။ အတိအက် ေနရာနဲ႔ တပ္တည္တဲ့ နံမည္ေတြ ကေတာ့ မရေသးပါဘူး။ က်ေနာ္ၾကားတာ အဲေလာက္ပဲ ရိွပါတယ္။ ဒါက ဒီေန႔ တုိက္ပဲြအေျခအေန။”

တပ္မေတာ္ဘက္ကေတာ့ ဒီလ ၁၃ ရက္ေန႔ မနက္ ၉ နာရီေက်ာ္မွာ ဖားကန္႔ၿမိဳ႔နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနတဲ့ ပူးေပါင္းတပ္ဖဲြ႔ကို ေအးျမသာယာရပ္ ေစ်းလမ္းဆံုမွာ KIA က ရီမုတ္မုိင္းနဲ႔ ေဖာက္ခဲြတုိက္ခုိက္ၿပီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့ေၾကာင္း၊ ဒီတုိက္ခိုက္မႈေၾကာင့္ ယာဥ္ေပၚပါတဲ့ တပ္ဖဲြ႔၀င္ ၄ ဦးနဲ႔ အရပ္သား ၅ဦး ထိခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားေပမယ့္ တျခား ကခ်င္ျပည္နယ္တြင္း တုိက္ပဲြေတြနဲ႔ပတ္သက္လို႔ ထုတ္ျပန္တာ မရိွပါဘူး။

ဒီလ ၁၂ ရက္ေန႔မွာ မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႔နယ္က ကင္မြန္းေခ်ာင္းရဲစခန္းကို အမည္စိစစ္ဆဲ လက္နက္ကိုင္ ၃၀ ေလာက္က တစ္နာရီခန္႔ၾကာ လာေရာက္ပစ္ခတ္ေၾကာင္းနဲ႔ ရဲတပ္ဖဲြ႔ဘက္က ထိခုိက္ဒဏ္ရာရတာမရိွေၾကာင္းလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး၊ အင္တာနက္ စာမ်က္ႏွာမွာ သတင္းထုတ္ျပန္ထားပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးက အလောဘွမ်တပ်စခန်းမှာ ဒီနေ့မနက်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ရေးအရတင်းမာနေဆဲဖြစ်ပြီး ကချင်ပြည်နယ် ဖားကန့်၊ တနိုင်းမြို့နယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ဘက်တွေမှာလည်း တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းက စစ်ရေးအရ အချက်အခြာကျတဲ့ အလောဘွမ် တပ်စခန်းကို မတ်လ ၂၅ရက်နေ့မှာ KIA က သိမ်းယူလိုက်ပြီးတဲ့နောက် ဒီလ ၁၁ ရက်နေ့မှာ တပ်မတော်က ပြန်လှန်ထိုးစစ်ဆင်ခဲ့သလို ၁၂ ရက်နေ့မှာတော့ ဂျက်တိုက်လေယာဉ်တွေနဲ့ပါ အကြိမ်ကြိမ်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဒီတိုက်ပွဲဟာ ဒီကနေ့ မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသလို တိုက်ပွဲတွေ ထပ်မံ ပြင်းထန်လာမယ့် အခြေအနေ ရှိနေကြောင်း KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်ရဲ့ အခြေအနေကို ပြောမယ်ဆိုရင်တော့ အခု ဒီတပတ်တိုက်ပွဲဖြစ်နေတဲ့ အလောဘွမ်မှာတော့ မနေ့ည တစ်ညလုံးနဲ့ ဒီမနက် မိုးလင်းတဲ့အထိတော့ တိုက်ပွဲရှိပါတယ်။ အဲဒီအလောဘွမ်ဘက်မှာလည်း။ မိုးလင်းတဲ့နောက်ပိုင်းပေါ့။ နေ့လည်ပိုင်းကတော့ သတင်း မကြားရသေးပါဘူး။ ကျနော်တို့ အလောဘွမ် ဝန်းကျင်ရဲ့ စစ်ဆင်ရေးတွေက တင်းမာနေတဲ့အနေအထားဖြစ်ပါတယ်။ အခု အလောဘွမ်ထဲမှာ တက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မတော်တွေလည်း တချို့ ရှိသေးပါတယ်။ အားလုံး ဆင်းသွားတာ မရှိသေးပါဘူး။ နောက်ထပ်လည်း ပြန်တိုးဖို့ သတင်းတွေ ကျနော်တို့ ကြားပါတယ်။ ဒါကြောင့် အားလုံးက ကျနော်တို့ သတိအနေအထားနဲ့ စောင့်နေတဲ့ ကာလဖြစ်ပါတယ်။”

ဒီလို စစ်ရေးတင်းမာမှုတွေရှိနေချိန် KIA ဌာနချုပ် လိုင်ဇာဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“တပ်မတော်တွေတော့ လက်နက်ကြီးတွေ ပစ်ပြီးတော့ ရန်ရှာတာတော့ ရှိပါတယ်။ ဒီ မြေပြင်ကနေ ထိုးတဲ့အနေအထားလောက်တော့ မရှိသေးပါဘူး။ ပတ်ဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်တာတော့ ဒီလိုင်ဇာတဝိုက်မှာ ပစ်တဲ့လက်နက်ကြီး ကျည်ဆံ ကျတာတော့ ရှိပါတယ်။ ”

ဒီလိုစစ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဖားကန့်မြို့နယ်မှာလည်း ဒီနေ့ မနက်က တိုက်ပွဲဖြစ်တယ်လို့ ဖားကန့်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ အေး အဲဒါ နမ့်ယားနားမှာ ဖြစ်တယ်တဲ့။ ကပ်မှော်ဇွပ် နဲ့ တံတားညီနောင် အဲဒီအကြားမှာ၊ ၁၀ နာရီနဲ့ ၁၀ နာရီ ၁၅ မိနစ် အဲလောက်ပေါ့။ ကျနော်တို့က ကားမိုင်းနဲ့ လဝါး ကြားမှာ နေတာကိုး ၊ ကျနော်တို့ အသံကြားနေရတာပေါ့။ ဒုံး၊ ဒုံး ၊ ဒုံးနဲ့ လက်နက်ကြီးသံတွေရော ပြီးတော့ လက်နက်ငယ်သံတွေရေ ကြားတယ်။ အဲဒါ တပ်မတော်ဘက် အယောက် ၃၀ ကျော်လောက် သူတို့ တောမှာ ရှောက်ဝင်ကြတယ်လို့ ပြောတယ်။ အဲဒါကြောင့်မို့ တိုက်ပွဲဖြစ်လာတယ်လို့ အဲလိုမျိုးတော့ အသံကြားတယ်။”

အင်္ဂါနေ့ကတော့ ဖားကန့်မြို့အဝင် ရဲတပ်ဖွဲ့ယာဉ်တန်းကို KIA က မိုင်းခွဲတိုက်ခိုက်တာရှိသလို တနိုင်းမြို့နယ် တိန်ကောက်ရွာဘက်မှာလည်း စစ်တပ်ရဲ့ ထောက်ပံ့ရေးယာဉ်တန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အင်္ဂါနေ့ညကလည်း ရှမ်းပြည်နယ် မူဆယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်က မုံးပေါ်ချောင်း တံတားစောင့်လုံခြုံရေးတပ်ဖွဲ့တွေကို KIA က တိုက်ခိုက်သိမ်းယူကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ မူဆယ်ဒေသခံတစ်ဦးကတော့ တံတားသိမ်းယူတာ မကြားသိကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားတာသာ ကြားသိရကြောင်း ပြောပါတယ်။

“အဲဒါတော့ မကြားဘူးခင်ဗျ။ မနေ့က ကိစ္စက အဲဒီ မုန်းပေါ်ချောင်း အထက်ဘက် နမ့်မွန်ကျေးရွာရဲ့ အနောက်ဘက် ထင်တယ်။ အဲဒီမှာ တိုက်ပွဲဖြစ်တဲ့အသံတော့ ကြားတာပေါ့။ အဲဒီ မုန်းပေါ်ချောင်းတံတားကနေ လက်နက်ကြီး ပစ်တယ်ဆိုတဲ့ အသံလည်း ကြားတာပေါ့။ လမ်းပိတ်တာတို့ ဘာတို့တော့ မရှိဘူးပေါ့။ ”

ဒီသတင်းတွေနဲ့ပတ်သက်လို့တော့ ဗိုလ်မှုးကြီးနော်ဘူက အောက်ခြေသတင်းတက်လာတာမရှိကြောင်း ပြောပါတယ်။

“ဖားကန့်ဘက်မှာလည်း တိုက်ပွဲ ဒီနေ့ဖြစ်တယ်ဆိုတဲ့သတင်းရပါတယ်။ ဒါပေမဲ့ အောက်ခြေသတင်းက မကြားသိရပါဘူး။ နောက် ရှမ်းမြောက်ဘက်မှာလည်း ရှိတယ်လို့တော့ ပြောကြတယ်။ အတိအကျ နေရာနဲ့ တပ်တည်တဲ့ နံမည်တွေ ကတော့ မရသေးပါဘူး။ ကျနော်ကြားတာ အဲလောက်ပဲ ရှိပါတယ်။ ဒါက ဒီနေ့ တိုက်ပွဲအခြေအနေ။”

တပ်မတော်ဘက်ကတော့ ဒီလ ၁၃ ရက်နေ့ မနက် ၉ နာရီကျော်မှာ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းတပ်ဖွဲ့ကို အေးမြသာယာရပ် ဈေးလမ်းဆုံမှာ KIA က ရီမုတ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါတဲ့ တပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား ၅ဦး ထိခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပေမယ့် တခြား ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိပါဘူး။

ဒီလ ၁၂ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကင်မွန်းချောင်းရဲစခန်းကို အမည်စိစစ်ဆဲ လက်နက်ကိုင် ၃၀ လောက်က တစ်နာရီခန့်ကြာ လာရောက်ပစ်ခတ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာမရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG