သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH ဖက္ဒရယ္ ပဋိညာဥ္ စာတမ္းအေပၚ ႏိုင္ငံေရးပါတီေတြၾကား အျမင္ကြဲျပား


CRPH ေျကညာခ်က္

{{Zawgyi/Unicode}}

၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒကို ဖ်က္သိ္မ္းတယ္လို႔ ေၾကညာထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က တိုင္းရင္းသားတရပ္လုံး ပါဝင္ႏိုင္မယ့္ အမ်ိဳးသားညီၫြတ္ေရး အစိုးရ ဖြဲ႕ႏိုင္ေရး ရည္ခ်က္ခ်က္ေတြပါတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္စာတမ္းကို မတ္လ ၃၁ ရက္ေန႔မွာပဲ ထုတ္ျပန္ခဲ့ပါတယ္။ ဒီအေပၚ ႏိုင္ငံေရးပါတီေတြၾကား သေဘာထား အျမင္ေတြ ကဲြေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။

အခု ဧၿပီလ ပထမအပတ္အတြင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဖြဲ႕စည္းႏိုင္ဖို႔ လိုအပ္တဲ့ အစီအမံေတြပါတဲ့ ပဋိညာဥ္ထဲကအတိုင္း အဆင့္ဆင့္ လုပ္ေဆာင္သြားမယ္လို႔ CRPH က မတ္လ ၃၁ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။ အဲဒီထဲမွာ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္ကို ေရးဆဲြအတည္ျပဳတာ၊ တိုင္းျပဳျပည္ျပဳ ညီလာခံေခၚယူၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ဖဲြ႔စည္းပံုအေျခခံဥပေဒေရးဆြဲတာ စတာေတြကို အေကာင္အထည္ေဖာ္မယ့္ ႏုိင္ငံေရးလမ္းျပေျမပံု ၈ ခ်က္ပါဝင္ပါတယ္။

၁၉၄၇ ေနာက္ပိုင္းကစၿပီး တိုင္းရင္းသားေတြနဲ႔ လက္မွတ္ေရးထိုးခဲ့တဲ့ ကတိကဝတ္ေတြကို အစိုးရအဆက္ဆက္မွာ အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ခဲ့တာ၊ တိုင္းရင္းသား ကိုယ္စားျပဳမႈေတြ အားနည္းခဲ့တာေတြကိုႏိုင္ငံေရးပါတီတခ်ိဳ႕က ေထာက္ျပေနၾကတာပါ။

ကတိေပးထားတဲ့အတိုင္း လက္ေတ႔ြ အေကာင္အထည္ေပၚေအာင္ လုပ္ႏိုင္ရင္ ဘယ္အဖြဲ႕အစည္းမဆို ယုံၾကည္မႈေတြ ရလာႏိုင္တယ္လို႔ ကခ်င္ ဒီမိုကရက္တစ္ပါတီရဲ႕ ဥကၠ႒ေဟာင္း ျဖစ္သူ ဦးေအာင္ခမ္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ျဖတ္သန္းခဲ့ၿပီးပါၿပီ၊ ၁၉၈၈ တုန္းက လူထုကေန ေပၚေပါက္လာတဲ့ဟာသည္ CRPP ေပါ့၊ ဒါၿပီးမွ ၫြန႔္ေပါင္းအစိုးရ NCGUB ေပၚေပါက္ၿပီးၿပီ။ ဒါေတြက လက္ေတြ႕ဘက္မွာ လုပ္ႏိုင္တဲ့ အေျခအေနမ်ိဳးမွာ လက္ေတြ႕မလုပ္ဘဲနဲ႔ ကတိေတြကိုလည္း ဖ်က္ခဲ့တဲ့ ဟာမ်ိဳးေတြကိုလည္း ေတြ႕ျမင္ေနရတယ္။ အခုလည္း CRPH နဲ႔ အမ်ိဳးသားညီၫြတ္ေရး အစိုးရဆိုတဲ့ ဟာမ်ိဳးေတြ ျဖစ္လာမယ္လို႔….. ဒါေပမဲ့ လက္ေတြ႕မွာ လုပ္ဖို႔ေတာ့ လိုတာေပါ့။”

ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း ပထမဆံုးျပဳလုပ္ခဲ့တဲ့ ၁၉၉၀ ပါတီစံု ေ႐ြးေကာက္ပြဲအၿပီးမွာလည္း အမ်ားစုအႏိုင္ရခဲ့တဲ့ NLD ပါတီကုိ အာဏာလႊဲဖို႔ စစ္တပ္က ျငင္းဆန္ခဲ့ၿပီး ဖြဲ႕စည္းပုံအသစ္ေရးဖို႔ အမ်ိဳးသားညီလာခံ ေခၚယူတဲ့ လမ္းေၾကာင္းဆီ ဦးတည္ခဲ့တာပါ။ အဲဒီေနာက္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီနဲ႔ လူမ်ိဳးစုပါတီတခ်ိဳ႕ဟာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPP ကို ၁၉၉၈ မွာ ဖြဲ႕စည္းၿပီး အစိုးရတရပ္ ဖြဲ႕ႏိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဲဒီလိုဖဲြ႔ခဲ့ၿပီးတဲ့ေနာက္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစု ဖမ္းဆီးေထာင္ခ်ခံခဲ့ၾကရပါတယ္။

အခု NLD ပါတီအႏိုင္ရ ကိုယ္စားလွယ္ေတြနဲ႔ ဖဲြ႔စည္းထားတဲ့ CRPH အေနနဲ႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ ဖြဲ႕ႏိုင္ဖို႔ စုေပါင္းေခါင္းေဆာင္မႈနဲ႔ အေကာင္အထည္ေဖာ္သြားမယ္လို႔ ေျပာလာတဲ့အေပၚမွာ အရင္အေျခအေနနဲ႔ ႏႈိင္းယွဥ္ၿပီး လူမ်ိဳးစုေတြၾကား အျမင္မတူတာ ရွိပါတယ္။
လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးေအာင္မိုးေဇာ္ကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး ေပၚလာတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ဟာ လူထုေတာ္လွန္ေရးေၾကာင့္ ေပၚေပါက္လာတာျဖစ္ၿပီး၊ အမ်ိဳးသားညီၫြတ္ေရး အစိုးရအဖြဲ႕ကို ဘယ္လိုမူေတြနဲ႔သြားမလဲဆိုတာ လူမ်ိဳးစုေတြၾကား ေမးခြန္းထုတ္ေနၾကေပမဲ့ အေျခခံမူအရေတာ့ ဒီေန႔ ႏိုင္ငံေရး အေျခအေနနဲ႔ ကိုက္ညီေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“အားလုံးရဲ႕ ေထာက္ခံမႈေတြရေအာင္ ဘယ္လိုေဆာင္႐ြက္ သြားၾကမလဲေပါ့။ ဒီလိုကိစၥမ်ိဳးေတြမွာေတာ့ တေယာက္နဲ႔တေယာက္ တဖြဲ႕နဲ႔တဖြဲ႕ အင္အားစု တခုနဲ႔တခုၾကားမွာ အျမင္တူညီမႈ၊ မတူညီမႈ ရွိေကာင္းရွိႏိုင္မယ္၊ သို႔ေသာ္ အေျခခံအားျဖင့္ေျပာရင္ က်ေနာ့အေနနဲ႔ေျပာရင္ ကိုက္ညီမႈရွိပါတယ္။ CRPH ရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအေပၚမွာ ဖ်က္သိမ္းေၾကာင္း ေၾကညာတဲ့ကိစၥ၊ ဖက္ဒရယ္ ဒီမိုကေရစီ ႏိုင္ငံေတာ္ကို ဆက္ၿပီးတည္ေဆာက္သြားမယ္ဆိုတဲ့ ကိစၥ၊ အားလုံးပါဝင္တဲ့ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ ဖြဲ႕စည္းမယ္ဆိုတဲ့ ကိစၥေတြနဲ႔ ပတ္သက္လို႔ ႀကိဳဆိုတယ္လို႔ ေျပာခ်င္ပါတယ္။”

၂၀၀၈ ဖြဲ႕စည္းပုံကို ဖ်က္သိမ္းေၾကာင္း CRPH ေၾကညာလိုက္တာဟာ ဖက္ဒရယ္တည္ေဆာက္ေရးမွာ အလားအလာ ပိုေကာင္းႏိုင္ၿပီး ေနာက္ပိုင္းမွာလည္း ကြဲျပားတဲ့ သေဘာထားေတြ စုစည္းႏိုင္ေအာင္ ျမန္ျမန္ ႀကိဳးစားသင့္တယ္လို႔ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP အေထြေထြ အတြင္းေရးမႉး ခူးသဲရယ္ က ေျပာပါတယ္။

“အခ်ိန္ယူရမယ္လို႔ က်ေနာ္သုံးသပ္မိတယ္၊ သို႔ေသာ္ အခ်ိန္အရမ္း ၾကာေနလို႔လည္း မျဖစ္ဘူးေပါ့ေနာ္။ ဆိုေတာ့ ဒီအခ်ိန္မွာ ၁၉၈၈၊ ၉၀ က ျဖစ္တဲ့ကိစၥနဲ႔ေတာ့ နည္းနည္းထူးျခားတာ တခုကေတာ့ ဆက္သြယ္ေရးက ပိုၿပီးေတာ့မွ ေကာင္းလာတဲ့အခါက်ေတာ့ ပိုၿပီးမွ ခ်ိတ္ဆက္မိမလားေပါ့။ တိုင္းရင္းသား ေခါင္းေဆာင္ေတြ၊ ႏိုင္ငံေရးအစုအဖြဲ႕ေတြ အားလုံးနဲ႔ စုဖြဲ႕ၿပီး ေဆြးေႏြးႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့ေလ။ လူတစုက ဦးေဆာင္လုပ္တာကေတာ့ ေအာင္ျမင္ႏိုင္တဲ့ အေနအထား ရွိမွာမဟုတ္ဘူးေပါ့။ အားလုံးလက္ခံႏိုင္တဲ့ အေနအထားကို ဝိုင္းဝန္းႀကိဳးစားဖို႔ လိုတယ္လို႔ သုံးသပ္တယ္။”

ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္စာတမ္းကို ေ႐ြးေကာက္ခံအမတ္ေတြ၊ ႏိုင္ငံေရးပါတီေတြ၊ CDM ဦးေဆာင္သူေတြ၊ သပိတ္ေကာ္မတီေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြ၊ လူမ်ိဳးစု လက္နက္ကိုင္ေတြနဲ႔ စုေပါင္းေဆြးေႏြးၿပီး ဆုံးျဖတ္ထားတာလို႔ ဒီစာတမ္းမွာ ေရးသားထားပါတယ္။

............................................

CRPH ေျကညာခ်က္
please wait

No media source currently available

0:00 0:04:28 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့ ကြေညာထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသားတရပ်လုံး ပါဝင်နိုင်မယ့် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့နိုင်ရေး ရည်ချက်ချက်တွေပါတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို မတ်လ ၃၁ ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပေါ် နိုင်ငံရေးပါတီတွေကြား သဘောထား အမြင်တွေ ကွဲနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

အခု ဧပြီလ ပထမအပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေပါတဲ့ ပဋိညာဉ်ထဲကအတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမယ်လို့ CRPH က မတ်လ ၃၁ ရက်နေ့မှာ ကြေညာချက် ထုတ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ရေးဆွဲအတည်ပြုတာ၊ တိုင်းပြုပြည်ပြု ညီလာခံခေါ်ယူပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတာ စတာတွေကို အကောင်အထည်ဖော်မယ့် နိုင်ငံရေးလမ်းပြမြေပုံ ၈ ချက်ပါဝင်ပါတယ်။

၁၉၄၇ နောက်ပိုင်းကစပြီး တိုင်းရင်းသားတွေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ကတိကဝတ်တွေကို အစိုးရအဆက်ဆက်မှာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာ၊ တိုင်းရင်းသား ကိုယ်စားပြုမှုတွေ အားနည်းခဲ့တာတွေကိုနိုင်ငံရေးပါတီတချို့က ထောက်ပြနေကြတာပါ။

ကတိပေးထားတဲ့အတိုင်း လက်တေ့ွ အကောင်အထည်ပေါ်အောင် လုပ်နိုင်ရင် ဘယ်အဖွဲ့အစည်းမဆို ယုံကြည်မှုတွေ ရလာနိုင်တယ်လို့ ကချင် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးအောင်ခမ်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဖြတ်သန်းခဲ့ပြီးပါပြီ၊ ၁၉၈၈ တုန်းက လူထုကနေ ပေါ်ပေါက်လာတဲ့ဟာသည် CRPP ပေါ့၊ ဒါပြီးမှ ညွန့်ပေါင်းအစိုးရ NCGUB ပေါ်ပေါက်ပြီးပြီ။ ဒါတွေက လက်တွေ့ဘက်မှာ လုပ်နိုင်တဲ့ အခြေအနေမျိုးမှာ လက်တွေ့မလုပ်ဘဲနဲ့ ကတိတွေကိုလည်း ဖျက်ခဲ့တဲ့ ဟာမျိုးတွေကိုလည်း တွေ့မြင်နေရတယ်။ အခုလည်း CRPH နဲ့ အမျိုးသားညီညွတ်ရေး အစိုးရဆိုတဲ့ ဟာမျိုးတွေ ဖြစ်လာမယ်လို့….. ဒါပေမဲ့ လက်တွေ့မှာ လုပ်ဖို့တော့ လိုတာပေါ့။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးပြုလုပ်ခဲ့တဲ့ ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲအပြီးမှာလည်း အများစုအနိုင်ရခဲ့တဲ့ NLD ပါတီကို အာဏာလွှဲဖို့ စစ်တပ်က ငြင်းဆန်ခဲ့ပြီး ဖွဲ့စည်းပုံအသစ်ရေးဖို့ အမျိုးသားညီလာခံ ခေါ်ယူတဲ့ လမ်းကြောင်းဆီ ဦးတည်ခဲ့တာပါ။ အဲဒီနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ လူမျိုးစုပါတီတချို့ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ မှာ ဖွဲ့စည်းပြီး အစိုးရတရပ် ဖွဲ့နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလိုဖွဲ့ခဲ့ပြီးတဲ့နောက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အများစု ဖမ်းဆီးထောင်ချခံခဲ့ကြရပါတယ်။

အခု NLD ပါတီအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့နိုင်ဖို့ စုပေါင်းခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖော်သွားမယ်လို့ ပြောလာတဲ့အပေါ်မှာ အရင်အခြေအနေနဲ့ နှိုင်းယှဉ်ပြီး လူမျိုးစုတွေကြား အမြင်မတူတာ ရှိပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီး ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဟာ လူထုတော်လှန်ရေးကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို ဘယ်လိုမူတွေနဲ့သွားမလဲဆိုတာ လူမျိုးစုတွေကြား မေးခွန်းထုတ်နေကြပေမဲ့ အခြေခံမူအရတော့ ဒီနေ့ နိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အားလုံးရဲ့ ထောက်ခံမှုတွေရအောင် ဘယ်လိုဆောင်ရွက် သွားကြမလဲပေါ့။ ဒီလိုကိစ္စမျိုးတွေမှာတော့ တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ အင်အားစု တခုနဲ့တခုကြားမှာ အမြင်တူညီမှု၊ မတူညီမှု ရှိကောင်းရှိနိုင်မယ်၊ သို့သော် အခြေခံအားဖြင့်ပြောရင် ကျနော့အနေနဲ့ပြောရင် ကိုက်ညီမှုရှိပါတယ်။ CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ ဖျက်သိမ်းကြောင်း ကြေညာတဲ့ကိစ္စ၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို ဆက်ပြီးတည်ဆောက်သွားမယ်ဆိုတဲ့ ကိစ္စ၊ အားလုံးပါဝင်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း CRPH ကြေညာလိုက်တာဟာ ဖက်ဒရယ်တည်ဆောက်ရေးမှာ အလားအလာ ပိုကောင်းနိုင်ပြီး နောက်ပိုင်းမှာလည်း ကွဲပြားတဲ့ သဘောထားတွေ စုစည်းနိုင်အောင် မြန်မြန် ကြိုးစားသင့်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အထွေထွေ အတွင်းရေးမှူး ခူးသဲရယ် က ပြောပါတယ်။

“အချိန်ယူရမယ်လို့ ကျနော်သုံးသပ်မိတယ်၊ သို့သော် အချိန်အရမ်း ကြာနေလို့လည်း မဖြစ်ဘူးပေါ့နော်။ ဆိုတော့ ဒီအချိန်မှာ ၁၉၈၈၊ ၉၀ က ဖြစ်တဲ့ကိစ္စနဲ့တော့ နည်းနည်းထူးခြားတာ တခုကတော့ ဆက်သွယ်ရေးက ပိုပြီးတော့မှ ကောင်းလာတဲ့အခါကျတော့ ပိုပြီးမှ ချိတ်ဆက်မိမလားပေါ့။ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ အားလုံးနဲ့ စုဖွဲ့ပြီး ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ လူတစုက ဦးဆောင်လုပ်တာကတော့ အောင်မြင်နိုင်တဲ့ အနေအထား ရှိမှာမဟုတ်ဘူးပေါ့။ အားလုံးလက်ခံနိုင်တဲ့ အနေအထားကို ဝိုင်းဝန်းကြိုးစားဖို့ လိုတယ်လို့ သုံးသပ်တယ်။”

ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ CDM ဦးဆောင်သူတွေ၊ သပိတ်ကော်မတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမျိုးစု လက်နက်ကိုင်တွေနဲ့ စုပေါင်းဆွေးနွေးပြီး ဆုံးဖြတ်ထားတာလို့ ဒီစာတမ်းမှာ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG