သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္စစ္ေဘးေရွာင္ေတြ စာနာမႈအကူအညီ ပိုမိုလိုအပ္


ေလေၾကာင္းနဲ႔ ဗံုးၾကဲလို႔ ထြက္ေျပးလာတဲ့ ကရင္စစ္ေဘးေရွာင္မ်ား

(Zawgyi/Unicode)

Free Burma Rangers အဖြဲ႕ဟာ လူမ်ိဳးေပါင္းစုံ ပါဝင္တဲ့ အဖြဲ႕တခုျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္းက အဖိႏွိပ္ခံေနရတဲ့ တိုင္းရင္းသားေတြကို ကူညီေနတဲ့ အဖြဲ႕တခုျဖစ္ပါတယ္။ လတ္လေလာ ေလေၾကာင္းက တိုက္ခိုက္ခံေနရတဲ့ ကရင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ ပဋိပကၡေတြ မွာအဓိက ကူညီေနတာ၂၅ႏွစ္ေက်ာ္ ရွိေနၿပီ ျဖစ္ၿပီး ေျမျပင္ေပၚက အေျခအေနေတြကိုလည္း ကမာၻက သိရွိေအာင္သတင္းထုတ္ျပန္ေပးေနတာပါ။ ဒီအဖြဲ႕ဟာ ကမာၻေပၚက ပဋိပကၡျဖစ္ပြားေနတဲ့ ဆူဒန္၊ ဆီးရီးယား၊ အီရတ္ နဲ႔ ကဒ္ဒစ္စတန္ စတဲ့ တျခားႏိုင္ငံေတြ မွာလည္း ကူညီေပးခဲ့တာပါ။ Steve Sandford သတင္းေပးပို႔ထားပါတယ္။ ကိုၿငိမ္းခ်မ္းကတင္ျပမွာပါတယ္။

ျမန္မာႏိုင္ငံ ကရင္ျပည္နယ္အတြင္းမွာ ေလေၾကာင္းက တိုက္ခိုက္မႈေတြ အပါအဝင္ ျမန္မာ စစ္တပ္ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးလာရတဲ့ စစ္ေဘးဒုကၡသည္ IDP ေထာင္ေပါင္းမ်ားစြာ ဟာ အစားအေသာက္၊ ေဆးဝါး နဲ႔ အမိုးအကာေတြ လိုအပ္ေနတာပါ။ Free Burma Rangers အဖြဲ႕ နဲ႔ အဖြဲ႕တည္ေထာင္သူ David Eubank တို႔ဟာ ကရင္ျပည္နယ္အတြင္း အဖြဲ႕ ၃၀ ေက်ာ္ နဲ႔ အတူ ကူညီေနၿပီးေတာ့ စိန္ေခၚမႈေတြလည္း အမ်ားႀကီးရွိပါတယ္။

“က်ေနာ္တို႔ အဖြဲ႕ ေတြဟာ တိုက္ပြဲျဖစ္တဲ့ ေနရာေတြဆီကိုေရာက္ေအာင္ သြားၿပီးေတာ့ အိုးအိမ္ စြန႔္ခြာေျပးလာၾကသူအုပ္စုတိုင္းကို ေဆးဝါးအေထာက္အပံ့ေတြ ကူညီေပးေနပါတယ္။ ေနာက္ၿပီး အစားအေသာက္ေတြ၊ အမိုးအကာေတြ ပံ့ပိုးေပးသလို သူတို႔ ႀကဳံေတြ႕ ခဲ့ရတာေတြကိုလည္း မွတ္တမ္းတင္ပါတယ္။ ကမာၻက ဒီသတင္းေတြ သိေအာင္လည္း လုပ္ေဆာင္ေနပါတယ္။”

FBR အဖြဲ႕ထဲမွာ ပါဝင္သူအမ်ားစု ကရင္လူမ်ိဳးေတြ ျဖစ္ၿပီေတာ့ အဖြဲ႕ရဲ႕ ဒုေခါင္းေဆာင္ ကေပါေဆး ကိုယ္တိုင္လည္း ကရင္နီေဒသက စစ္သားေဟာင္းတေယာက္ျဖစ္ပါတယ္။ စစ္ပြဲရဲ႕ အေတြ႕အႀကဳံေတြကို သူကိုယ္တိုင္ ႀကဳံခဲ့ရသူလည္း ျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ဓာတ္ပုံ၊ ဗီြဒီယို ေတြ ကူညီ ႐ိုက္ကူးေနၿပီး တိုင္းျပည္အတြင္းက်န္ေနခဲ့တဲ့ ေဆြမ်ိဳး မိတ္ေဆြကို ကူညီဖို႔ ရည္႐ြယ္ပါတယ္။

“အခုလက္ရွိမွာေတာ့ ႐ြာသားေတြ ဒုကၡေရာက္ေနပါတယ္။ က်ေနာ္တို႔ FBR ေဆးအဖြဲ႕ေတြက သူတို႔ကို အၾကမ္းဖက္မႈေတြက ကင္းေဝးေအာင္ ကယ္တင္ေနပါတယ္။ တခ်ိန္တည္းမွာပဲ က်ေနာ္တို႔ရဲ႕ မိသားစုေတြ၊ မိန္းမ နဲ႔ ကေလးေတြဟာ ေတာေတာင္ထဲေတြမွာ ပုန္းေအာင္းေနရပါတယ္။”

ႏွစ္ေပါင္း ၇၀ ေက်ာ္ ၾကာျဖစ္ပြားေနတဲ့ ပဋိပကၡႀကီးအတြင္း အခုလို စစ္ေဘးဒုကၡသည္ IDP ေတြ အတြက္ကေတာ့ မၾကာခဏႀကဳံရတဲ့ စိတ္ဖိစီးစရာ အေတြ႕အႀကဳံေတြပဲျဖစ္ပါတယ္။ ဒီအထဲမွာ ထိခိုက္မႈ အမ်ားဆုံး ျဖစ္ေပၚလာတာကေတာ့ ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္း က တိုက္ခိုက္မႈပဲ လို႔ Eubank က ေျပာပါတယ္။

“၂၅ႏွစ္ေက်ာ္ ကရင္ျပည္နယ္အတြင္း ကူညီေနတာမွာ ေလေၾကာင္းက ဗုံးႀကဲတာကို မျမင္ဖူးပါဘူး။ အခုဆို ေန႔တိုင္း ရွိေနပါတယ္။ ေနာက္အံ့ၾသစရာတခုက ဘာမွမခြဲျခားပဲ ဗုံးႀကဲတာကိုပါ။ အရပ္သားေတြ အမ်ားစုပဲ ေသဆုံးေနရတာပါ။ ဒါေပမဲ့ ဒါဟာလည္း ရန္ကုန္ နဲ႔ တျခားၿမိဳ႕ေတြမွာလည္း စစ္တပ္က အရပ္သားေတြကို သတ္ေနတာပါပဲ။ အမ်ိဳးသမီးေတြ၊ ကေလးေတြ နဲ႔ အရပ္သားေတြကို သတ္ေနတာပါ။ ဘယ္လက္နက္ပဲသုံးသုံး တူတူပါပဲ။”

ျမန္မာျပည္အၾကပ္အတည္းဟာ ေျပလည္သြားဖို႔ လကၡဏာမရွိတဲ့အတြက္ ျပည္တြင္းျပည္ပ က လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရးအဖြဲ႕ေတြ အေနနဲ႔အရပ္သားေတြအတြက္ အကူအညီေပးတာေတြ တိုးလုပ္သြားဖို႔ ေမွ်ာ္လင့္ရပါတယ္ ။

တိုက္႐ိုက္ လင့္ခ္
ကရင္စစ္ေဘးေရွာင္ေတြ စာနာမႈအကူအညီ ပိုမိုလိုအပ္
please wait

No media source currently available

0:00 0:03:00 0:00

.............

ကရင်စစ်ဘေးရှောင်တွေ စာနာမှုအကူအညီ ပိုမိုလိုအပ်

(Unicode)

Free Burma Rangers အဖွဲ့ဟာ လူမျိုးပေါင်းစုံ ပါဝင်တဲ့ အဖွဲ့တခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းက အဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေကို ကူညီနေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။လတ်လလော လေကြောင်းက တိုက်ခိုက်ခံနေရတဲ့ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ မှာအဓိက ကူညီနေတာ၂၅နှစ်ကျော် ရှိနေပြီ ဖြစ်ပြီး မြေပြင်ပေါ်က အခြေအနေတွေကိုလည်း ကမ္ဘာက သိရှိအောင်သတင်းထုတ်ပြန်ပေးနေတာပါ။ ဒီအဖွဲ့ဟာ ကမ္ဘာပေါ်က ပဋိပက္ခဖြစ်ပွားနေတဲ့ ဆူဒန်၊ ဆီးရီးယား၊ အီရတ် နဲ့ ကဒ်ဒစ်စတန် စတဲ့ တခြားနိုင်ငံတွေ မှာလည်း ကူညီပေးခဲ့တာပါ။ Steve Sandford သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းကတင်ပြမှာပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းမှာ လေကြောင်းက တိုက်ခိုက်မှုတွေ အပါအဝင် မြန်မာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် IDP ထောင်ပေါင်းများစွာ ဟာ အစားအသောက်၊ ဆေးဝါး နဲ့ အမိုးအကာတွေ လိုအပ်နေတာပါ။ Free Burma Rangers အဖွဲ့ နဲ့ အဖွဲ့တည်ထောင်သူ David Eubank တို့ဟာ ကရင်ပြည်နယ်အတွင်း အဖွဲ့ ၃၀ ကျော် နဲ့ အတူ ကူညီနေပြီးတော့ စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။

“ကျနော်တို့ အဖွဲ့ တွေဟာ တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီကိုရောက်အောင် သွားပြီးတော့ အိုးအိမ် စွန့်ခွာပြေးလာကြသူအုပ်စုတိုင်းကို ဆေးဝါးအထောက်အပံ့တွေ ကူညီပေးနေပါတယ်။ နောက်ပြီး အစားအသောက်တွေ၊ အမိုးအကာတွေ ပံ့ပိုးပေးသလို သူတို့ ကြုံတွေ့ ခဲ့ရတာတွေကိုလည်း မှတ်တမ်းတင်ပါတယ်။ ကမ္ဘာက ဒီသတင်းတွေ သိအောင်လည်း လုပ်ဆောင်နေပါတယ်။”

FBR အဖွဲ့ထဲမှာ ပါဝင်သူအများစု ကရင်လူမျိုးတွေ ဖြစ်ပြီတော့ အဖွဲ့ရဲ့ ဒုခေါင်းဆောင် ကပေါဆေး ကိုယ်တိုင်လည်း ကရင်နီဒေသက စစ်သားဟောင်းတယောက်ဖြစ်ပါတယ်။ စစ်ပွဲရဲ့ အတွေ့အကြုံတွေကို သူကိုယ်တိုင် ကြုံခဲ့ရသူလည်း ဖြစ်ပြီး အခုအချိန်မှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဓာတ်ပုံ၊ ဗွီဒီယို တွေ ကူညီ ရိုက်ကူးနေပြီး တိုင်းပြည်အတွင်းကျန်နေခဲ့တဲ့ ဆွေမျိုး မိတ်ဆွေကို ကူညီဖို့ ရည်ရွယ်ပါတယ်။

“အခုလက်ရှိမှာတော့ ရွာသားတွေ ဒုက္ခရောက်နေပါတယ်။ ကျနော်တို့ FBR ဆေးအဖွဲ့တွေက သူတို့ကို အကြမ်းဖက်မှုတွေက ကင်းဝေးအောင် ကယ်တင်နေပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ မိသားစုတွေ၊ မိန်းမ နဲ့ ကလေးတွေဟာ တောတောင်ထဲတွေမှာ ပုန်းအောင်းနေရပါတယ်။”

နှစ်ပေါင်း ၇၀ ကျော် ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကြီးအတွင်း အခုလို စစ်ဘေးဒုက္ခသည် IDP တွေ အတွက်ကတော့ မကြာခဏကြုံရတဲ့ စိတ်ဖိစီးစရာ အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ ဒီအထဲမှာ ထိခိုက်မှု အများဆုံး ဖြစ်ပေါ်လာတာကတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်း က တိုက်ခိုက်မှုပဲ လို့ Eubank က ပြောပါတယ်။

“၂၅နှစ်ကျော် ကရင်ပြည်နယ်အတွင်း ကူညီနေတာမှာ လေကြောင်းက ဗုံးကြဲတာကို မမြင်ဖူးပါဘူး။ အခုဆို နေ့တိုင်း ရှိနေပါတယ်။ နောက်အံ့သြစရာတခုက ဘာမှမခွဲခြားပဲ ဗုံးကြဲတာကိုပါ။ အရပ်သားတွေ အများစုပဲ သေဆုံးနေရတာပါ။ ဒါပေမဲ့ ဒါဟာလည်း ရန်ကုန် နဲ့ တခြားမြို့တွေမှာလည်း စစ်တပ်က အရပ်သားတွေကို သတ်နေတာပါပဲ။ အမျိုးသမီးတွေ၊ ကလေးတွေ နဲ့ အရပ်သားတွေကို သတ်နေတာပါ။ ဘယ်လက်နက်ပဲသုံးသုံး တူတူပါပဲ။”

မြန်မာပြည်အကြပ်အတည်းဟာ ပြေလည်သွားဖို့ လက္ခဏာမရှိတဲ့အတွက် ပြည်တွင်းပြည်ပ က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့အရပ်သားတွေအတွက် အကူအညီပေးတာတွေ တိုးလုပ်သွားဖို့ မျှော်လင့်ရပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG