သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာ ၃ဝ ကျော် ထိုင်း၊ ကန်ချနဘူရီမှာ ဖမ်းဆီးခံရ


 ဧပြီလ ၁၃ရက်နေ့က ကန်ချနဘူရီနယ်စပ်မှာဖမ်းမိတဲ့မြန်မာနိုင်ငံသားများ( ဓါတ်ပုံ ။ ထိုင်းနယ်ခြားစောင့်တပ်)
ဧပြီလ ၁၃ရက်နေ့က ကန်ချနဘူရီနယ်စပ်မှာဖမ်းမိတဲ့မြန်မာနိုင်ငံသားများ( ဓါတ်ပုံ ။ ထိုင်းနယ်ခြားစောင့်တပ်)

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာပဲ ဧပြီလ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့တွေမှာ လူကုန်ကူးခံရတဲ့မြန်မာ ၃၀ကျော်ကို ဖမ်းမိခဲ့ပါတယ် ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်း သတင်းထောက်မအေးအေးမာ က ပြောပြပေးမှာပါ။

ကန်ချနဘူရီပြည်နယ် ဘန့်ကောင်မြိုနယ် ကျေးရွာအုပ်စု၁၄အနီးက ရာဘာသစ်တောထဲမှာ လူကုန်ကူးသူတွေလာခေါ်မှာကို စောင့်နေတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို အမှတ် (၁၀၅) နယ်ခြားစောင့်တပ်က ဧပြီလ ၁၃ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းမိသူတွေကို စစ်ဆေးချက်အရ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ ထားဝယ်ကနေ သုံးရက်ခရီးကို ခြေလျင်လျောက်လာကြတဲ့လူတွေဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ကပြောပါတယ်။ ကန်ချနဘူရီပြည်နယ် ထောင်ပါဖွန် နေရာမှာတော မြန်မာတွေကိုတင်ဆောင်လာပြီး ရဲကင်းက နေဖြတ်မောင်းဖို့ကြိုးစားတာကြောင့် ဧပြီလ ၁၂ရက်နေ့က လူကုန်ကူးသူနဲ့ မြန်မာတွေအုပ်စုလိုက် ဖမ်းမိခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက်FED အဖွဲ့ကအလုပ်သမားရေးလုှပ်ရှားသူ ဦးမင်းဦး က အခုလိုပြောပါတယ်။

"၁၃ယောက်လေ။ ထောင်ပါဖွန်မှာဖမ်းမိတာ။ သူတို့ စူရတ်ဌာန ကို သွားဖို့လုပ်တာ ဖမ်းမိလိုက်တာ ကလေး ၃ ယောက်လည်းပါတယ် ။ ရဲကင်းကနေ သူတို့ကို တားတဲ့အချိန်မှာ သူတို့ကားသမားက မောင်းပြီး ထွက်ပြေးလို့ ဖမ်းမိသွားတာ။ ကားသမားကလည်းမြန်မာနိုင်ငံသားပဲ ကန်ချနဘူရီ ကလို့လည်းသိရတယ်။ ထောင်ပါဖွန်အပိုင်ထဲမှာမိတာ။ သူတို့ပထမတားတာကို မရပ်ပေးဘူး။ အဲဒါနဲ့ရဲကလိုက်ဖမ်းလို့မိတာ"

အခုဆိုရင်နယ်စပ်ဝင်ပေါက် ထွက်ပေါက်လွယ်ကူနေတဲ့ ထိုင်းတောင်ပိုင်းလမ်းတွေကနေ မြန်မာတွေအများဆုံးခိုးဝင်လာနေတာပါ။ လူကုန်ကူးသူတွေဟာလည်း ကန်ချနဘူရီပြည်နယ် ရဲ့နယ်စပ်လမ်းကနေ မြန်မာနိုင်ငံသားတွေကို အစုအဝေးလိုက်သယ်ဆောင်လာတယ်လို့လည်း ပြောပြပါတယ်။

" ပြောရမယ်ဆိုရင်နယ်စပ်က လမ်းလေးပဲခြားတာ။ ဒီဘက်ထိုင်းဆို ဟိုဘက်မြန်မာဖြစ်နေတာ။ တောစပ်ကလည်းအကျယ်ကြီးပဲ ။ ဘုရားသုံးဆူအခြမ်းကဆို တောဘက်အခြမ်းကနေ ဝင်လာတာ ။ နယ်စပ်က ဂိတ်ဆို နယ်စပ်က နေကားမောင်းရင်၁၀မိနစ်၁၅မိနစ်လောက်မောင်းရတာ။ အဲဒီဂိတ်ကိုကျော်ပြီး တောလမ်းကနေ သယ်မယ့်သူက လာစောင့်သယ်ကြတာ။ အဲဒီလိုမျိုးလုပ်ကြတာပါ"

ပြီးခဲ့တဲ့ ရက်ကပဲ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီနယ်စပ် မှာ မြန်မာနိုင်ငံသား တရာလောက်ဖမ်းမိခဲ့ပြီး ဒါဟာနောက်ဆက်တွဲ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မူတွေကြောင့် အလုပ်အကိုင်အဆင်မပြေကြသူတွေဟာ အလုပ်အကိုင်အခွင့်အလန်းတွေရဖိ့ုအတွက် လူမှောင်ခိုသမားတွေကတဆင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို အစုအဝေးတွေနဲ့ ခိုးဝင်လာနေကြတာဖြစ်ပါတယ်ရှင်။

..................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG