သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္နယ္အမ်ားမွာ သၾကၤန္ပြဲေတာ္မရွိ၊ ရခိုင္နဲ႔ ပလက္ဝမွာ အနည္းငယ္ရွိ


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ (ဓာတ္ပံု - Peter Lawilu, CUSF - Paletwa)

{{Zawgyi/Unicode}}

ရိုးရာသၾကၤန္အက်ေန႔ျဖစ္တဲ့ ဧၿပီလ ၁၄ ရက္ ဒီကေန႔မွာ ျပည္နယ္အေတာ္မ်ားမ်ားမွာ ေရကစားေပ်ာ္ပါးတာ မရွိသေလာက္ပါပဲ။ ဒါေပမယ့္လည္း စစ္ေရးပဋိပကၡျဖစ္ခဲ့တဲ့ ေဒသတခ်ဳိ႕မွာေတာ့ အရင္ႏွစ္ေတြက သၾကၤန္ပြဲ မဆင္ႏႊဲႏုိင္ခဲ့ဘဲ ဒီႏွစ္မွာ သၾကၤန္ပြဲ ဆင္ႏႊဲၾကတာရွိပါတယ္။ အျပည့္အစံုကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ယခင္ ရိုးရာအတာသၾကၤန္စည္ကားစြာက်င္းပခဲ့တ့ဲ မြန္ျပည္နယ္မွာေတာ့ ဒီႏွစ္မွာ မက်င္းပဘူးလို႕ ေမာ္လျမိဳင္ေဒသ ခံတဦးက ေျပာပါတယ္။

“ေမာ္လၿမိဳင္သၾကၤန္အေျခအေနကျငိမ္သက္။ ဘာမ႑ာပ္မွမရွိဘူး။ လမ္းမွာေရအနည္းအက်ဥ္းပက္တာကလဲြရင္ ဘာမွ မ႑ာပ္ေတြဘာေတြမရွိဘူး။ က်ိဳက္မေရာမွာေတာ့ အဲဒီဘုရားႀကီး၀င္းထဲမွာေတာ့ ကခုန္ေနၾကတယ္ ၀တ္စုံေတြနဲ႕ ဘာေတြနဲ႕ ယိမ္းေတြဘာေတြလုပ္ေနၾကတယ္။ မ႑ာပ္အႀကီးႀကီးေတာ့မဟုတ္ဘူးေပါ့။”

ဒါ့အျပင္ သၾကၤန္အၾကိဳေန႕ကစၿပီး ရြာစဥ္လွည့္ ဘုရားပြဲေတာ္က်င္းပေလ့ရွိတဲ့ ဘီလူးကြ်န္းလို႕ေခၚတဲ့ ေခ်ာင္းဆံုၿမိဳ႕ နယ္မွာ ဒီႏွစ္ အျဖစ္သေဘာေလာက္ပဲ လုပ္တယ္လို႕သူကေျပာပါတယ္။

“ဘီလူးကြ်န္းပြဲေတာ္မွာက်ေတာ့ က်ေနာ္ ဒီေန႕သြားေတာ့ ဒီေန႕နတ္ေမွာ္ဘုရားပြဲ။ (၃) အိမ္ (၄) အိမ္ေလာက္ပဲ ဧည့္ခံေနတာေတြ႕တယ္။ တျခားအိမ္ေတြက်ေတာ့ကိုယ့္ဟာနဲ႕ကိုယ္နဲ႕ပဲ သေဘာမ်ိဳးေတြ႕ရတယ္။ ရပ္ေ၀းဧည့္သည္ ေတြမရွိဘူး။ ဒီႏွစ္က်ေတာ့ COVID ဆိုတဲ့အေျခအေနကလဲမၿပီးဆုံးေသးဘူး။ ဒီအာဏာသိမ္းတဲ့ကိစၥက ျပန္ၿပီး ထပ္ျဖစ္လာတဲ့အခါက်ေတာ့ ရပ္ရြာမွာကေတာ့ ေကာလဟာလေတြနဲ႕ ေၾကာက္လန္႕ၿပီးေတာ့ တခ်ိဳ႕အိမ္ေတြက ရိုးရာမပ်က္ ေလာက္ဧည့္ခံၿပီးေတာ့ တခ်ိဳ႕အိမ္ကေတာ့ဧည့္မခံတာရွိတယ္။”

ဘီလူးကြ်န္းဘုရားပြဲေတာ္မွာ သၾကၤန္အၾကိဳေန႕ကစၿပီး ရြာေတြမွာအလွည့္က်ပြဲေတာ္က်င္းပၿပီး အယုတ္အလတ္ အျမတ္မေရြးေကြ်းေမြးဧည့္ခံတဲ့ဓေလ့ဟာ ထင္ရွားသလို ရပ္နီးရပ္ေ၀းဧည့္သည္ေတြနဲ႕စည္ကားေနေပမဲ့ ဒီႏွစ္မွာ ေတာ့ေျခာက္ကပ္ေနတယ္လို႕ဆိုပါတယ္။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕မွာလည္း ဒီႏွစ္သၾကၤန္ပြဲက်င္းပတာမရွိဘူးလို႕ ဘားအံၿမိဳ႕ခံတဦးကေျပာပါတယ္။

“ဖားအံၿမိဳ႕ထဲမွ ာရိုးရာသၾကၤန္က ၿမိဳ႕နားေလးမွာေတာ့ ကေလးေတြေလာက္ပဲရွိတာေပါ့။ ေျခာက္ကပ္တာထက္ မရွိသေလာက္ရွိတာေပါ့။ (၁၀) ႏွစ္ေအာက္ကေလးေတြ ကစားတာမ်ိဳး နည္းနည္းပါးပါးေလာက္ပဲရွိတယ္ေလ။”

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရွိဳးၿမိဳ႕မွာေတာ့ အတာသၾကၤန္မ႑ာပ္မရွိဘူးလို႕ေဒသခံတဦးကဆိုပါတယ္။

“မ႑ာပ္ေတာ့မရွိဘူး။ ဒါေပမဲ့ေရကစားတာေတာ့ရွိတယ္။ ဟိုနားနည္းနည္း ဒီနားနည္းနည္းေပါ့။”

အလားတူ စစ္အာဏာရွင္ဆန္႕က်င္ေရး အျပင္းအထန္ဆႏၵျပသပိတ္ေမွာက္ခဲ့တဲ့ မူဆယ္ၿမိဳ႕မွာ သၾကၤန္ပြဲမက်င္းပတဲ့ အေၾကာင္းကိုေတာ့ မူဆယ္ၿမိဳ႕ခံ ဦးေအာင္၀င္းကေျပာပါတယ္။

“ဘာမွမရွိဘူး မပက္ၾကဘူး။ ဒီၿမိဳ႕နယ္ထဲက။ အင္း၀ဘဏ္တခုဘဲေရပက္တယ္။ မ႑ာပ္နဲ႕ေတာ့မဟုတ္ဘူး။ ဒီအတိုင္း ပုံးခ်ၿပီးေတာ့ပက္ေနတယ္။ ၾကည့္ရတာသူတို႕၀န္ထမ္းအပိုင္းေတြကပဲ။ တေယာက္ႏွစ္ေယာက္ပါပဲ။ က်ေနာ္တို႕ အခုဟာက သၾကၤန္မကစားဘူးဆိုၿပီးေတာ့ သပိတ္လုပ္ေနၾကတာေပါ့။ အဲတာကိုေတာ္ေတာ္မ်ားမ်ားကလည္း လိုက္လုပ္ေနၾကတယ္။”

ဒါေပမယ္ ျမန္မာ့စစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕တိုက္ပြဲျပင္းထန္စြာျဖစ္ပြါးခဲ့တဲ့ ခ်င္းျပည္နယ္ ပလက္၀ ၿမိဳ႕မွာ ေတာ့ အခုႏွစ္ သၾကၤန္ပြဲက်င္းပေနတယ္လို႕ၿမိဳ႕ခံတဦးကဆိုပါတယ္။

“ရွိတယ္။ မ႑ာပ္ (၃) မ႑ာပ္ေတာင္ရွိတယ္။ ေရျဖန္းေရပက္ေတာ့ရွိတာေပါ့။ အရင္ႏွစ္ကထက္စာလို႕ရွိရင္ ဒီႏွစ္ကစည္တာေပါ့။ အရင္ႏွစ္ကဆိုရင္မေဆာက္ဘူးေလမ႑ာပ္။”

အလားတူပဲ ရခိုင္ျပည္နယ္အတြင္း ရိုးရာသၾကၤန္ပြဲ က်င္းပေနတဲ့အေျခအေနကို ေဒသခံတဦးကအခုလိုေျပာပါတယ္။

“သံတြဲကေတာ့ ေလာေလာဆယ္ ဗဟိုမ႑ာပ္ဆိုၿပီးေတာ့ ငပလီသြားလမ္းေဆးရံုေဘးမွာ တခုလုပ္ထားတာရွိတယ္။ တျခားဒီမ႑ာပ္ ေတြခ်တာေတာ့မရွိဘူး။ ဒါေပမဲ့ကေလးေတြကေတာ့ ရပ္ကြက္အလိုက္ ကိုယ့္အိမ္ေဘးမွာ သြားေလာင္းၾကတဲ့ဟာေတာ့ရွိတာေပါ့။ ငပလီမွာကေတာ့ ေတာ္ေတာ္စည္တယ္လို႕ေျပာရမွာေပါ့။ ငပလီက ပင္လယ္ထဲမွာဆိုတာ့ေလ။”

ရခိုင္ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕ထဲမွာလည္း ရိုးရာသၾကၤအေနနဲ႕ ထိန္းထိန္းသိမ္းသိမ္းလုပ္ေဆာင္ ေနတယ္လို႕ ဆိုပါတယ္။

“စစ္ေတြမွာကေတာ့ ဘုရားေရသပၸါယ္ေရသြန္းတာေတာ့ရွိတာေပါ့။ နံသာေသြးပြဲကျပီးသြားၿပီး။ အဲတာေတြေတာ့ လုပ္တယ္။ ၿမိဳ႕ေတြမွာက ျပႆနာေတြအမ်ားႀကီးျဖစ္ေနတယ္။ ဆႏၵျပမွဳေတြဘာညာ အပစ္ခံရမွဳေတြရွိတယ္ ဆိုေတာ့ ရခိုင္ မွာလဲအဲတာမ်ိဳး ကိုယ္ခ်င္းစာတဲ့အေနနဲ႕ ထိန္းထိန္းသိမ္းသိမ္းေရကစားၾကတဲ့အေျခအေနမ်ိဳးရွိတာေပါ့။”

တန္ိင္ငံလုံးအတိုင္းတာနဲ႔ စစ္အာဏာရွင္ဆန္႕က်င္ေရး ဆႏၵျပသပိတ္ေမွာက္မွဳေတြမွာ နစကစစ္ေကာင္စီတပ္ဖြဲ႕ ေတြကေန အၾကမ္းဖက္ပစ္ခတ္မွဳေၾကာင့္ ေသဆုံးဒဏ္ရာရတဲ့ျဖစ္စဥ္ေတြကို ၀မ္းနည္းတဲ့အထိမ္းအမွတ္နဲ႕ ရိုးရာ သၾကၤန္ ပြဲနဲ႕ေပ်ာ္ပြဲရႊင္ပြဲေတြမလုပ္ၾကဖို႕ ဆႏၵျပသူေတြက တိုက္တြန္းေနၾကတာပါ။

ဆႏၵျပသူေတြကေတာ့ သၾကၤန္အႀကိဳေန႔ကို အတာအိုးသပိတ္၊ အက်ေန႔ကို ေသြးမတိတ္သပိတ္၊ အၾကတ္ေန႔ကို ကားသပိတ္၊ အတက္ေန႔ကို ဝမ္းနည္းျခင္းသပိတ္နဲ႔ ႏွစ္ဆန္း တစ္ရက္ေန႔ကိုေတာ့ ဆုေတာင္းသပိတ္ ဆင္ႏႊဲသြားၾက မယ္ လို႔ ေၾကညာထားပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရိုးရာသင်္ကြန်အကျနေ့ဖြစ်တဲ့ ဧပြီလ ၁၄ ရက် ဒီကနေ့မှာ ပြည်နယ်အတော်များများမှာ ရေကစားပျော်ပါးတာ မရှိသလောက်ပါပဲ။ ဒါပေမယ့်လည်း စစ်ရေးပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတချို့မှာတော့ အရင်နှစ်တွေက သင်္ကြန်ပွဲ မဆင်နွှဲနိုင်ခဲ့ဘဲ ဒီနှစ်မှာ သင်္ကြန်ပွဲ ဆင်နွှဲကြတာရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ယခင် ရိုးရာအတာသင်္ကြန်စည်ကားစွာကျင်းပခဲ့တဲ့ မွန်ပြည်နယ်မှာတော့ ဒီနှစ်မှာ မကျင်းပဘူးလို့ မော်လမြိုင်ဒေသ ခံတဦးက ပြောပါတယ်။

“မော်လမြိုင်သင်္ကြန်အခြေအနေကငြိမ်သက်။ ဘာမဏ္ဍာပ်မှမရှိဘူး။ လမ်းမှာရေအနည်းအကျဉ်းပက်တာကလွဲရင် ဘာမှ မဏ္ဍာပ်တွေဘာတွေမရှိဘူး။ ကျိုက်မရောမှာတော့ အဲဒီဘုရားကြီးဝင်းထဲမှာတော့ ကခုန်နေကြတယ် ဝတ်စုံတွေနဲ့ ဘာတွေနဲ့ ယိမ်းတွေဘာတွေလုပ်နေကြတယ်။ မဏ္ဍာပ်အကြီးကြီးတော့မဟုတ်ဘူးပေါ့။”

ဒါ့အပြင် သင်္ကြန်အကြိုနေ့ကစပြီး ရွာစဉ်လှည့် ဘုရားပွဲတော်ကျင်းပလေ့ရှိတဲ့ ဘီလူးကျွန်းလို့ခေါ်တဲ့ ချောင်းဆုံမြို့ နယ်မှာ ဒီနှစ် အဖြစ်သဘောလောက်ပဲ လုပ်တယ်လို့သူကပြောပါတယ်။

“ဘီလူးကျွန်းပွဲတော်မှာကျတော့ ကျနော် ဒီနေ့သွားတော့ ဒီနေ့နတ်မှော်ဘုရားပွဲ။ (၃) အိမ် (၄) အိမ်လောက်ပဲ ဧည့်ခံနေတာတွေ့တယ်။ တခြားအိမ်တွေကျတော့ကိုယ့်ဟာနဲ့ကိုယ်နဲ့ပဲ သဘောမျိုးတွေ့ရတယ်။ ရပ်ဝေးဧည့်သည် တွေမရှိဘူး။ ဒီနှစ်ကျတော့ COVID ဆိုတဲ့အခြေအနေကလဲမပြီးဆုံးသေးဘူး။ ဒီအာဏာသိမ်းတဲ့ကိစ္စက ပြန်ပြီး ထပ်ဖြစ်လာတဲ့အခါကျတော့ ရပ်ရွာမှာကတော့ ကောလဟာလတွေနဲ့ ကြောက်လန့်ပြီးတော့ တချို့အိမ်တွေက ရိုးရာမပျက် လောက်ဧည့်ခံပြီးတော့ တချို့အိမ်ကတော့ဧည့်မခံတာရှိတယ်။”

ဘီလူးကျွန်းဘုရားပွဲတော်မှာ သင်္ကြန်အကြိုနေ့ကစပြီး ရွာတွေမှာအလှည့်ကျပွဲတော်ကျင်းပပြီး အယုတ်အလတ် အမြတ်မရွေးကျွေးမွေးဧည့်ခံတဲ့ဓလေ့ဟာ ထင်ရှားသလို ရပ်နီးရပ်ဝေးဧည့်သည်တွေနဲ့စည်ကားနေပေမဲ့ ဒီနှစ်မှာ တော့ခြောက်ကပ်နေတယ်လို့ဆိုပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ဒီနှစ်သင်္ကြန်ပွဲကျင်းပတာမရှိဘူးလို့ ဘားအံမြို့ခံတဦးကပြောပါတယ်။

“ဖားအံမြို့ထဲမှ ာရိုးရာသင်္ကြန်က မြို့နားလေးမှာတော့ ကလေးတွေလောက်ပဲရှိတာပေါ့။ ခြောက်ကပ်တာထက် မရှိသလောက်ရှိတာပေါ့။ (၁၀) နှစ်အောက်ကလေးတွေ ကစားတာမျိုး နည်းနည်းပါးပါးလောက်ပဲရှိတယ်လေ။”

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာတော့ အတာသင်္ကြန်မဏ္ဍာပ်မရှိဘူးလို့ဒေသခံတဦးကဆိုပါတယ်။

“မဏ္ဍာပ်တော့မရှိဘူး။ ဒါပေမဲ့ရေကစားတာတော့ရှိတယ်။ ဟိုနားနည်းနည်း ဒီနားနည်းနည်းပေါ့။”

အလားတူ စစ်အာဏာရှင်ဆန့်ကျင်ရေး အပြင်းအထန်ဆန္ဒပြသပိတ်မှောက်ခဲ့တဲ့ မူဆယ်မြို့မှာ သင်္ကြန်ပွဲမကျင်းပတဲ့ အကြောင်းကိုတော့ မူဆယ်မြို့ခံ ဦးအောင်ဝင်းကပြောပါတယ်။

“ဘာမှမရှိဘူး မပက်ကြဘူး။ ဒီမြို့နယ်ထဲက။ အင်းဝဘဏ်တခုဘဲရေပက်တယ်။ မဏ္ဍာပ်နဲ့တော့မဟုတ်ဘူး။ ဒီအတိုင်း ပုံးချပြီးတော့ပက်နေတယ်။ ကြည့်ရတာသူတို့ဝန်ထမ်းအပိုင်းတွေကပဲ။ တယောက်နှစ်ယောက်ပါပဲ။ ကျနော်တို့ အခုဟာက သင်္ကြန်မကစားဘူးဆိုပြီးတော့ သပိတ်လုပ်နေကြတာပေါ့။ အဲတာကိုတော်တော်များများကလည်း လိုက်လုပ်နေကြတယ်။”

ဒါပေမယ် မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တဲ့ ချင်းပြည်နယ် ပလက်၀ မြို့မှာ တော့ အခုနှစ် သင်္ကြန်ပွဲကျင်းပနေတယ်လို့မြို့ခံတဦးကဆိုပါတယ်။

“ရှိတယ်။ မဏ္ဍာပ် (၃) မဏ္ဍာပ်တောင်ရှိတယ်။ ရေဖြန်းရေပက်တော့ရှိတာပေါ့။ အရင်နှစ်ကထက်စာလို့ရှိရင် ဒီနှစ်ကစည်တာပေါ့။ အရင်နှစ်ကဆိုရင်မဆောက်ဘူးလေမဏ္ဍာပ်။”

အလားတူပဲ ရခိုင်ပြည်နယ်အတွင်း ရိုးရာသင်္ကြန်ပွဲ ကျင်းပနေတဲ့အခြေအနေကို ဒေသခံတဦးကအခုလိုပြောပါတယ်။

“သံတွဲကတော့ လောလောဆယ် ဗဟိုမဏ္ဍာပ်ဆိုပြီးတော့ ငပလီသွားလမ်းဆေးရုံဘေးမှာ တခုလုပ်ထားတာရှိတယ်။ တခြားဒီမဏ္ဍာပ် တွေချတာတော့မရှိဘူး။ ဒါပေမဲ့ကလေးတွေကတော့ ရပ်ကွက်အလိုက် ကိုယ့်အိမ်ဘေးမှာ သွားလောင်းကြတဲ့ဟာတော့ရှိတာပေါ့။ ငပလီမှာကတော့ တော်တော်စည်တယ်လို့ပြောရမှာပေါ့။ ငပလီက ပင်လယ်ထဲမှာဆိုတာ့လေ။”

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ထဲမှာလည်း ရိုးရာသင်္ကအြနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

“စစ်တွေမှာကတော့ ဘုရားရေသပ္ပါယ်ရေသွန်းတာတော့ရှိတာပေါ့။ နံသာသွေးပွဲကပြီးသွားပြီး။ အဲတာတွေတော့ လုပ်တယ်။ မြို့တွေမှာက ပြဿနာတွေအများကြီးဖြစ်နေတယ်။ ဆန္ဒပြမှုတွေဘာညာ အပစ်ခံရမှုတွေရှိတယ် ဆိုတော့ ရခိုင် မှာလဲအဲတာမျိုး ကိုယ်ချင်းစာတဲ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းရေကစားကြတဲ့အခြေအနေမျိုးရှိတာပေါ့။”

တနိင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်မှုတွေမှာ နစကစစ်ကောင်စီတပ်ဖွဲ့ တွေကနေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရတဲ့ဖြစ်စဉ်တွေကို ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ရိုးရာ သင်္ကြန် ပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ ဆန္ဒပြသူတွေက တိုက်တွန်းနေကြတာပါ။

ဆန္ဒပြသူတွေကတော့ သင်္ကြန်အကြိုနေ့ကို အတာအိုးသပိတ်၊ အကျနေ့ကို သွေးမတိတ်သပိတ်၊ အကြတ်နေ့ကို ကားသပိတ်၊ အတက်နေ့ကို ဝမ်းနည်းခြင်းသပိတ်နဲ့ နှစ်ဆန်း တစ်ရက်နေ့ကိုတော့ ဆုတောင်းသပိတ် ဆင်နွှဲသွားကြ မယ် လို့ ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG