သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သႀကၤန္ နဲ႔ အလွမ္းေ၀းရတဲ႔ ၿမိဳ႕မႏၱေလး


ဧၿပီ ၁၃၊ ၂၀၂၁ မႏၱေလးၿမိဳ႕က သၾကၤန္အၾကိဳေန႔ စစ္အာဏာရွင္ ဆန္႔က်င္ေရးသပိတ္ ျမင္ကြင္း။ (ဓါတ္ပံု- facebook/afp)

(Zawgyi/Unicode)

တိတ္တိတ္ဆိတ္ဆိတ္ ျဖစ္္ေနတဲ့ ျမန္မာႏိုင္ငံက သႀကၤန္ပြဲေတာ္မွာ အထူးျခားဆံုးကေတာ့ မႏၱေလးသႀကၤန္ျဖစ္ပါတယ္။ မႏၱေလးမွာက်မွ သႀကၤန္က်တာလို႔ ေျပာရေလာက္ေအာင္ မႏၱေလးသႀကၤန္ဟာ စည္ကားခဲ့ေပမဲ့ ဒီႏွစ္ လံုးဝကုိ သႀကၤန္အေငြ႔အသက္ေတြ ေပ်ာက္ေနပါတယ္။ မႏွစ္က ကိုဗစ္ကပ္ေရာဂါေၾကာင့္ သႀကၤန္ပဲြ မလုပ္ႏိုင္ခဲ့ေပမဲ့ ဒီႏွစ္ကေတာ့ ေပ်ာ္႐ႊင္မႈေတြပါ ဆိတ္သုန္းေပ်ာက္ကြယ္ေနတာလို႔ ၿမိဳ႕မတူရိယာအသင္းဝင္တေယာက္က ေျပာပါတယ္။ ဆိတ္ၿငိမ္ေနတဲ့ မႏၱေလး သႀကၤန္အေၾကာင္း မစုျမတ္မြန္ကတင္ျပပါတယ္။

ဒီေန႔ သႀကၤန္က်ၿပီျဖစ္ေပမဲ့ သႀကၤန္နဲ႔ခဲြမရဘူးလို႔ေျပာတဲ့ မႏၱေလးၿမိဳ႕မွာ သႀကၤန္အေငြ႔အသက္ေတြ ကြယ္ေပ်ာက္ၿပီး ၿငိမ္သက္ေနပါတယ္။ သႀကၤန္မ႑ပ္ေတြ၊ အလွျပကားေတြ၊ စင္ျမင့္ေဖ်ာ္ေျဖပြဲေတြနဲ႔ အင္မတန္ စည္စည္ကားကားက်င္းပတဲ့ မႏၱေလးသႀကၤန္ဟာ ဒီႏွစ္ ဘာေဖ်ာ္ေျဖပြဲမွာ မ႐ွိပါဘူး။ ထူးထူးျခားျခားျဖစ္ေနတဲ့ ဒီႏွစ္သႀကၤန္အေၾကာင္း မႏၱေလး ၿမိဳ႕မ တူရီယာ အဖြဲ႕က အဖြဲ႕၀င္ ၁ ဦးက အခုလိုေျပာပါတယ္။

“သႀကၤန္ရဲ႕အႏွစ္သာရတခု ျပည္သူေတြ ၾကားထဲမွာေတာ့ ေပ်ာက္ဆံုးသြးတာေပါ့ေလ။ ကြ်န္ေတာ္တို႔ မႏၱေလးသားေတြအေနနဲ႔ေကာေပါ့ေလ သႀကၤန္က အင္မတန္ကို ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခါသမယ ေလးေပါ့ေနာ္။ ဒီဟာေလး ေပ်ာက္ဆံုးသြားတဲ့အတြက္ မႏၱေလးသူ မႏၱေလးသားေတြ အေနနဲ႔ စိတ္ေတာ့ မေကာင္းဘူးေပါ့ေလ။ ကြ်န္ေတာ္တို႔က ဂီတသမားဆိုေတာ့ေလ သႀကၤန္အခါေလးဟာ ကိုယ့္အတြက္က ေတာ့ေလ ေငြေၾကးကိစၥမွာလည္း နည္းနည္းေလး စို႔စို႔ပို႔ပို႔ေလး ရတယ္ေပါ့ အသင္းသူ အသင္းသားေတြ အေနနဲ႔ စိတ္မေကာင္းဘူးေပါ့။ ဒီလိုေတြ ႀကံဳေတြ႕ေနရေတာ့ ကိုယ့္ဗမာျပည္သူ ျပည္သားေတြအတြက္ကေတာ့ ႏွစ္စဥ္ ေပ်ာ္ရႊင္မႈေတြက ဆိတ္သုန္းေနရတဲ့ အေျခအေန ျဖစ္ေနတာေပါ့။ ၈၈ တုန္းကေတာ့ သူ႔ဟာနဲ႔သူ ျမန္ျမန္ဆန္ဆန္ သႀကၤန္က လုပ္ျဖစ္လိုက္တယ္ေလ။ အကုန္လံုး သူ႔အခ်ိန္အခါနဲ႔သူ သႀကၤန္အတြင္း ေပ်ာ္ၾကရတာေပါ့။ အခုုဒီဘက္မွာက်ေတာ့ လုပ္ဖို႔မလုပ္ဖို႔ ဒြိဟေတြနဲ႔ သႀကၤန္ရက္အထိေတာင္ ေရာက္လာ ၾကတာပဲ။”

ၿပီးခဲ့တဲ့ႏွစ္က ကိုဗစ္ ေရာဂါေၾကာင့္ မႏၱေလးသႀကၤန္ပြဲ မလုပ္ခဲ့ရပါဘူး။ ဒါေပမဲ့ ဒီႏွစ္နဲ႔ မတူဘူးလုိ႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဒီႏွစ္က စစ္အာဏာသိမ္းထားလို႔ အေျခအေန မတည္မၿငိမ္ျဖစ္ေနတဲ့အျပင္ စစ္တပ္ရဲ႕ ပစ္ခတ္ႏွိမ္ႏွင္းမႈေတြေၾကာင့္ အေျမာက္အမ်ား ေသေၾကထားတာေၾကာင့္ ဒီႏွစ္ သႀကၤန္ပဲြေတာ္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဆင္ႏြဲလိုတဲ့ ဆႏၵမ႐ွိၾကဘူးလို႔ မႏၱေလး ၿမိဳ႕ခံ ၁ ေယာက္က အခုလိုေျပာပါတယ္။

“မႏွစ္ကေတာ့ ေရာဂါေၾကာင့္ မလုပ္ျဖစ္ၾကဘူး ဒီႏွစ္ကေတာ့ လူေတြရဲ႕ စိတ္ထဲမွာ ဒီသႀကၤန္ဆိုတာ လက္ရွိ အေထားမွာ ေပ်ာ္ပြဲရႊင္ပြဲကိစၥဆိုေတာ့ အဲ့ဒါလူေတြေတာ္ေတာ္မ်ားမ်ား စိတ္ထဲမွာ ေခါင္းထဲမွာ မရွိဘူးေပါ့။ အခုခ်ိန္ေပ်ာ္ရမယ့္အခ်ိန္မဟုတ္တာကို အလိုလိုသိေနၾကေတာ့ သႀကၤန္နဲ႔မႏၱေလး ခြဲမရတာေတာ့ ေသခ်ာတယ္။ ဒီလိုအခ်ိန္ တူပို႔တူပို႔အသံၾကားရင္ မႏၱေလးမွာ သံခ်ပ္ေတြတိုက္ၾက အလွျပကားေတြဆင္ၾက အဲ့လိုလုပ္ၾကတာ။ ဒီႏွစ္မွာေတာ့ လူေတြရဲ႕စိတ္ထဲမွာ အဲ့လိုေပ်ာ္ဖို႔ပါးဖို႔ဆိုတာ လံုး၀မရွိတဲ့ သေဘာေပါ့။ မႏွစ္က ေရာဂါအေနအထားေၾကာင့္ ထြက္လို႔မျဖစ္တဲ့ အေနအထားမွာ ႏိုင္ငံေတာ္က ထိန္းခ်ဳပ္ထားတာ ကိုဗစ္စည္းမ်ည္းစည္းကမ္းအရ သတ္မွတ္ထားတာ အဲ့အခ်ိန္ကလည္း လူေတြက ေအာင့္သီးေအာက္သက္ေပါ့ လာမယ့္သႀကၤန္ကို ကဲၾကမယ့္ အတိုးခ်ၿပီး ေပ်ာ္ၾကပါးၾကမယ္ အခုအေနထားႀကီးမွာ အခုလိုျဖစ္တာက လူေတြ စိတ္ထဲမွာ သႀကၤန္ဆိုတာက မျဖစ္ရေလခ်င္းဆိုခ်င္းစိတ္ေတာ့မရွိၾကဘူး။ အားလံုးအားလံုးရဲ႕စိတ္ထဲမွာ ျဖစ္ေနတဲ့ ကိစၥႀကီးကိုပဲေခါင္းထဲမွာ ေပ်ာ္ဖို႔လည္း အာရံုမရွိဘူး။ ေပ်ာ္တဲ့သူေတြကိုလည္း တာ၀န္မေက်ဘူး တာ၀န္မေက်တဲ့ လူသားတရပ္လိုျဖစ္ေနတာေပါ့ အကိုတို႔ လက္ေတြ႕ေပါ့။”

မႏၱေလးၿမိဳ႕မွာသာမက တျခားၿမိဳ႕ေတာ္ေတာ္မ်ားမ်ား မွာလည္း သႀကၤန္ပြဲေတြ မ႐ွိၾကပါဘူး။ ရခိုင္ျပည္နယ္ စစ္ေတြ ၿမိဳ႕မွာေတာ့ ရခိုင္သႀကၤန္ပြဲ ဆင္ႏဲြၾကပါတယ္။ သႀကၤန္ကာလ စစ္အာဏာ႐ွင္ကို ကန္႔ကြက္တဲ့အေနနဲ႔ အာဏာသိမ္းမႈဆန္႔က်င္ အမွတ္အသားေတြ ေရးျခယ္ထားတဲ့ အိုးေတြနဲ႔ အတာအိုးထိုးၿပီး အတာအုိးသပိတ္၊ မုန္႔လံုးေရေပၚ သပိတ္စတာေတြကိုလည္း ျပည္သူေတာ္ေတာ္မ်ားမ်ား သႀကၤန္ကာလမွာ လုပ္ေနၾကပါတယ္။

သႀကၤန္ နဲ႔ အလွမ္းေ၀းရတဲ႔ ၿမိဳ႕မႏၱေလး
please wait

No media source currently available

0:00 0:04:26 0:00
တိုက္႐ိုက္ လင့္ခ္


...............

သင်္ကြန် နဲ့ အလှမ်းဝေးရတဲ့ မြို့မန္တလေး
(Unicode)

တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံက သင်္ကြန်ပွဲတော်မှာ အထူးခြားဆုံးကတော့ မန္တလေးသင်္ကြန်ဖြစ်ပါတယ်။ မန္တလေးမှာကျမှ သင်္ကြန်ကျတာလို့ ပြောရလောက်အောင် မန္တလေးသင်္ကြန်ဟာ စည်ကားခဲ့ပေမဲ့ ဒီနှစ် လုံးဝကို သင်္ကြန်အငွေ့အသက်တွေ ပျောက်နေပါတယ်။ မနှစ်က ကိုဗစ်ကပ်ရောဂါကြောင့် သင်္ကြန်ပွဲ မလုပ်နိုင်ခဲ့ပေမဲ့ ဒီနှစ်ကတော့ ပျော်ရွှင်မှုတွေပါ ဆိတ်သုန်းပျောက်ကွယ်နေတာလို့ မြို့မတူရိယာအသင်းဝင်တယောက်က ပြောပါတယ်။ ဆိတ်ငြိမ်နေတဲ့ မန္တလေး သင်္ကြန်အကြောင်း မစုမြတ်မွန်ကတင်ပြပါတယ်။

ဒီနေ့ သင်္ကြန်ကျပြီဖြစ်ပေမဲ့ သင်္ကြန်နဲ့ခွဲမရဘူးလို့ပြောတဲ့ မန္တလေးမြို့မှာ သင်္ကြန်အငွေ့အသက်တွေ ကွယ်ပျောက်ပြီး ငြိမ်သက်နေပါတယ်။ သင်္ကြန်မဏ္ဍပ်တွေ၊ အလှပြကားတွေ၊ စင်မြင့်ဖျော်ဖြေပွဲတွေနဲ့ အင်မတန် စည်စည်ကားကားကျင်းပတဲ့ မန္တလေးသင်္ကြန်ဟာ ဒီနှစ် ဘာဖျော်ဖြေပွဲမှာ မရှိပါဘူး။ ထူးထူးခြားခြားဖြစ်နေတဲ့ ဒီနှစ်သင်္ကြန်အကြောင်း မန္တလေး မြို့မ တူရီယာ အဖွဲ့က အဖွဲ့ဝင် ၁ ဦးက အခုလိုပြောပါတယ်။

“သင်္ကြန်ရဲ့အနှစ်သာရတခု ပြည်သူတွေ ကြားထဲမှာတော့ ပျောက်ဆုံးသွးတာပေါ့လေ။ ကျွန်တော်တို့ မန္တလေးသားတွေအနေနဲ့ကောပေါ့လေ သင်္ကြန်က အင်မတန်ကို ပျော်ရွှင်စရာကောင်းတဲ့ အခါသမယ လေးပေါ့နော်။ ဒီဟာလေး ပျောက်ဆုံးသွားတဲ့အတွက် မန္တလေးသူ မန္တလေးသားတွေ အနေနဲ့ စိတ်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့က ဂီတသမားဆိုတော့လေ သင်္ကြန်အခါလေးဟာ ကိုယ့်အတွက်က တော့လေ ငွေကြေးကိစ္စမှာလည်း နည်းနည်းလေး စို့စို့ပို့ပို့လေး ရတယ်ပေါ့ အသင်းသူ အသင်းသားတွေ အနေနဲ့ စိတ်မကောင်းဘူးပေါ့။ ဒီလိုတွေ ကြုံတွေ့နေရတော့ ကိုယ့်ဗမာပြည်သူ ပြည်သားတွေအတွက်ကတော့ နှစ်စဉ် ပျော်ရွှင်မှုတွေက ဆိတ်သုန်းနေရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။ ၈၈ တုန်းကတော့ သူ့ဟာနဲ့သူ မြန်မြန်ဆန်ဆန် သင်္ကြန်က လုပ်ဖြစ်လိုက်တယ်လေ။ အကုန်လုံး သူ့အချိန်အခါနဲ့သူ သင်္ကြန်အတွင်း ပျော်ကြရတာပေါ့။ အခုဒီဘက်မှာကျတော့ လုပ်ဖို့မလုပ်ဖို့ ဒွိဟတွေနဲ့ သင်္ကြန်ရက်အထိတောင် ရောက်လာ ကြတာပဲ။”

ပြီးခဲ့တဲ့နှစ်က ကိုဗစ် ရောဂါကြောင့် မန္တလေးသင်္ကြန်ပွဲ မလုပ်ခဲ့ရပါဘူး။ ဒါပေမဲ့ ဒီနှစ်နဲ့ မတူဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ဒီနှစ်က စစ်အာဏာသိမ်းထားလို့ အခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့အပြင် စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နှင်းမှုတွေကြောင့် အမြောက်အများ သေကြေထားတာကြောင့် ဒီနှစ် သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွဲလိုတဲ့ ဆန္ဒမရှိကြဘူးလို့ မန္တလေး မြို့ခံ ၁ ယောက်က အခုလိုပြောပါတယ်။

“မနှစ်ကတော့ ရောဂါကြောင့် မလုပ်ဖြစ်ကြဘူး ဒီနှစ်ကတော့ လူတွေရဲ့ စိတ်ထဲမှာ ဒီသင်္ကြန်ဆိုတာ လက်ရှိ အထေားမှာ ပျော်ပွဲရွှင်ပွဲကိစ္စဆိုတော့ အဲ့ဒါလူတွေတော်တော်များများ စိတ်ထဲမှာ ခေါင်းထဲမှာ မရှိဘူးပေါ့။ အခုချိန်ပျော်ရမယ့်အချိန်မဟုတ်တာကို အလိုလိုသိနေကြတော့ သင်္ကြန်နဲ့မန္တလေး ခွဲမရတာတော့ သေချာတယ်။ ဒီလိုအချိန် တူပို့တူပို့အသံကြားရင် မန္တလေးမှာ သံချပ်တွေတိုက်ကြ အလှပြကားတွေဆင်ကြ အဲ့လိုလုပ်ကြတာ။ ဒီနှစ်မှာတော့ လူတွေရဲ့စိတ်ထဲမှာ အဲ့လိုပျော်ဖို့ပါးဖို့ဆိုတာ လုံးဝမရှိတဲ့ သဘောပေါ့။ မနှစ်က ရောဂါအနေအထားကြောင့် ထွက်လို့မဖြစ်တဲ့ အနေအထားမှာ နိုင်ငံတော်က ထိန်းချုပ်ထားတာ ကိုဗစ်စည်းမျည်းစည်းကမ်းအရ သတ်မှတ်ထားတာ အဲ့အချိန်ကလည်း လူတွေက အောင့်သီးအောက်သက်ပေါ့ လာမယ့်သင်္ကြန်ကို ကဲကြမယ့် အတိုးချပြီး ပျော်ကြပါးကြမယ် အခုအနေထားကြီးမှာ အခုလိုဖြစ်တာက လူတွေ စိတ်ထဲမှာ သင်္ကြန်ဆိုတာက မဖြစ်ရလေချင်းဆိုချင်းစိတ်တော့မရှိကြဘူး။ အားလုံးအားလုံးရဲ့စိတ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စကြီးကိုပဲခေါင်းထဲမှာ ပျော်ဖို့လည်း အာရုံမရှိဘူး။ ပျော်တဲ့သူတွေကိုလည်း တာဝန်မကျေဘူး တာဝန်မကျေတဲ့ လူသားတရပ်လိုဖြစ်နေတာပေါ့ အကိုတို့ လက်တွေ့ပေါ့။”

မန္တလေးမြို့မှာသာမက တခြားမြို့တော်တော်များများ မှာလည်း သင်္ကြန်ပွဲတွေ မရှိကြပါဘူး။ ရခိုင်ပြည်နယ် စစ်တွေ မြို့မှာတော့ ရခိုင်သင်္ကြန်ပွဲ ဆင်နွဲကြပါတယ်။ သင်္ကြန်ကာလ စစ်အာဏာရှင်ကို ကန့်ကွက်တဲ့အနေနဲ့ အာဏာသိမ်းမှုဆန့်ကျင် အမှတ်အသားတွေ ရေးခြယ်ထားတဲ့ အိုးတွေနဲ့ အတာအိုးထိုးပြီး အတာအိုးသပိတ်၊ မုန့်လုံးရေပေါ် သပိတ်စတာတွေကိုလည်း ပြည်သူတော်တော်များများ သင်္ကြန်ကာလမှာ လုပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG