သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာ္လွန္သၾကၤန္ အႀကိဳေန႔


ထားဝယ္ၿမိဳ႕က သၾကၤန္အၾကိဳေန႔ စစ္အာဏာရွင္ ဆန္႔က်င္ေရးသပိတ္ ျမင္ကြင္း။ (ဓာတ္ပံု - DAWEI WATCH ၊ ဧၿပီ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီေန႔ဟာ သႀကၤန္အႀကိဳေန႔ျဖစ္ေပမဲ့ သႀကၤန္အေငြ႕အသက္ေတြ ေပ်ာက္ကင္းေနၿပီး ထူးျခားၿငိမ္သက္တဲ့ သႀကၤန္ျဖစ္ေနပါတယ္။ ပံုမွန္ ေရကစားမ႑ပ္ေတြ မ႐ွိသလို သႀကၤန္ပဲြေတာ္ အခမ္းအနားေတြလည္း မ႐ွိပါဘူး။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့အေနနဲ႔ အတာအိုးသပိတ္ဆိုၿပီး ဆန္႔က်င္သေကၤတေတြေဆးျခယ္ထားတဲ့ အတာအိုးေတြမွာ ပန္းထုိးတာ၊ မုန္႔လံုးေရေပၚေတြကုိ လက္ သံုး ေခ်ာင္းေထာင္ပံုစံလုပ္ၿပီး မုန႔္လုံးေရေပၚသပိတ္ေတြကုိ လုပ္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို မစုျမတ္မြန္က ေျပာျပပါမယ္။

ျမန္မာလူမ်ိဳးတို႔ရဲ႕ ႐ိုးရာပြဲေတာ္ေတြထဲမွာ သၾကၤန္ႏွစ္သစ္ကူးပြဲေတာ္ကေတာ့ လူမ်ိဳးဘာသာေပါင္းစုံ အ႐ြယ္စုံဆင္ႏႊဲၾကတဲ့ ေပ်ာ္စရာ ႏွစ္သစ္ကူးပြဲေတာ္ ျဖစ္ပါတယ္။ အားလုံးေပ်ာ္ၾကတဲ့ သႀကၤန္ပြဲအခ်ိန္ဆို ပံုမွာ ေရပက္ကစားၾကတာ၊ စတုဒီသာ အလႉဒါနျပဳတာ၊ ဥပုသ္သီလေစာင့္ေကာင္းမႈ ကုသိုလ္ေတြကို ျပဳလုပ္ၾကၿပီး သၾကၤန္ရက္ေတြကို ျဖတ္သန္းၾကတာပါ။ ဒီႏွစ္ေတာ့ စစ္အာဏာသိမ္းထားခ်ိန္ျဖစ္သလို တပ္ေတြရဲ႕ လက္ခ်က္နဲ႔ အမ်ားအျပား ေသဆံုး ဖမ္းဆီးခံထားရတာေၾကာင့္ ျပည္သူအမ်ား မေပ်ာ္ႏိုင္ဘဲ တိတ္တိတ္ဆိတ္ဆိတ္ ျဖစ္ေနပါတယ္။ အရင္ႏွစ္ေတြလို ႏိုင္ငံေတာ္က စီစဥ္တဲ့ သႀကၤန္မ႑ပ္ေတြ၊ အခမ္းအနားေတြလည္း မ႐ွိပါဘူး။ ရန္ကုန္ၿမိဳ႕မွာ ႏွစ္တိုင္း သႀကၤန္စတင္ေၾကာင္း တရားဝင္ဖြင့္လွစ္တဲ့ ၿမိဳ႕ေတာ္ခန္းမ သႀကၤန္မ႑ပ္ ဒီႏွစ္မွာ မ႐ွိသလို ေရပက္ကစားၾကတာလည္း မေတ႔ြရပါဘူး။ ေပ်ာ္စရာ သႀကၤန္ပြဲေတာ္ေတြအစား စစ္အာဏာရွင္က်ဆုံးေရးအတြက္ ေတာ္လွန္သႀကၤန္လႈပ္႐ွားမႈေတြကိုေတာ့ ျမင္ရပါတယ္။ လမ္းေပၚထြက္ ေရပက္ခံမယ့္အစား ေရမစို ေတာ္လွန္သႀကၤန္လုပ္သြားမယ္လို႔ ဆႏၵျပသပိတ္ေတြမွာ ပါဝင္တဲ့ ရန္ကုန္ၿမိဳ႕ခံ လူငယ္တဦးက ဗီြအိုေအကိုေျပာပါတယ္။

“ေရကစားရမယ့္အခ်ိန္မွာ ေရမကစားရဘဲ အိမ္ထဲမွာေနၿပီးေတာ့ အခုဆိုလည္း လမ္းထြက္ရင္ ဟိုေကာင္ (စစ္ေကာင္စီလက္ေအာက္ခံ လက္နက္ကိုင္) ေတြက လိုက္တာကိုး။ လိုက္တဲ့အခါက်ေတာ့ လမ္းမွာစုဖို႔ကလည္း မလြယ္ေတာ့ဘူးေလ။ အဲဒါနဲ႔ သၾကၤန္အထိမ္းအမွတ္ အဝါေရာင္ေလးေတြ ဝတ္ၿပီးေတာ့ အတာအိုးသပိတ္ေလး လုပ္ျဖစ္သြားတာေပါ့။ ဒီႏွစ္ကေတာ့ သၾကၤန္လို႔ေတာ့ မခံစားမိဘူး။ သၾကၤန္အေငြ႕အသက္လည္း သိပ္ၿပီးေတာ့ မရွိဘူးေပါ့။ ေရပက္ခ်င္စိတ္လည္း မရွိဘူး။ ထိုင္းႏိုင္ငံက (သၾကၤန္ပြဲေတာ္ဆင္ႏႊဲ) ပုံေတြ ျမင္ၿပီးေတာ့လည္း ဝမ္းနည္းတာတို႔၊ ဘာတို႔ ေထြေထြထူးထူးေတာ့ မရွိဘူး။ ဒီစစ္အာဏာရွင္ က်ရႈံးဖို႔က အဓိကပဲဆိုေတာ့ေလ ... သူတို႔ မက်မရႈံးခ်င္းကေတာ့ အကုန္လုံးလုပ္ေနရဦးမွာေပါ့။ ေရွ႕ေလွ်ာက္ျဖစ္လာမယ့္ ပြဲလမ္းသဘင္ေတြ ဘာေတြလည္း ရွိေသးတာေပါ့။ သူတို႔မက်မျခင္းကေတာ့ သမီးတို႔က ေတာ္လွန္ေနရမွာပဲေပါ့ေနာ္။”

ျမန္မာ့ ႐ိုးရာအစဥ္အလာအတိုင္း သၾကၤန္မက်ခင္ အတာအိုးထိုးၿပီး သိၾကားမင္းကို ႀကိဳဆိုၾကေလ့႐ွိပါတယ္။ ဒီႏွစ္မွာေတာ့ အိမ္ေတြမွာ ပန္းထိုးၾကတဲ့ အတာအိုးေတြမွာ ေဆးအနီေရာင္သုတ္ လက္သုံးေခ်ာင္းေထာင္ထားတဲ့ အာဏာသိမ္းမႈဆန္႔က်င္တဲ့ သေကၤတေတြ၊ စစ္အာဏာ႐ွင္စနစ္ဆန္႔က်င္တဲ့ စာသားေတြကို ေတ႔ြရပါတယ္။ အတာအိုးသပိတ္ဆိုၿပီး အတာအိုးေတြ ကိုင္ေဆာင္လမ္းေလ ွ်ာက္ ဆႏၵျပပြဲေတြကို ရန္ကုန္အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လုပ္ေနၾကပါတယ္။ ထားဝယ္ၿမိဳ႕က အတာအိုးသပိတ္မွာ ပါဝင္တဲ့ ကိုစိုင္းကိုကိုထြန္းက သူတုိ႔ဆႏၵျပပံုကို ခုလို ေျပာျပပါတယ္။

“အတာအိုးေတြ ကိုင္ၿပီးေတာ့ ေျမႇာက္ၿပီးေတာ့ စစ္ေၾကာင္းခ်ီတက္တဲ့အခ်ိန္မွာ ပါလာၾကတဲ့ သူေတြရွိတယ္။ အတာအိုး နီနီေပါ့ အဲ့ဒီလို ပံုစံ အဓိပၸာယ္နဲ႔ Performance လုပ္ၿပီး လိုက္လာၾကတဲ့သူေတြရွိတယ္။ မနက္ အေစာပိုင္း ၇ နာရီ စစ္ေၾကာင္းတစ္ခုထြက္တယ္။ ၈ နာရီမွာ စစ္ေၾကာင္းတစ္ခုထြက္တယ္။ ၿပီးေတာ့ အ႐ုဏ္ဦး သပိတ္ေတြလည္း လုပ္တယ္။ ခုလုပ္ေနတာကေတာ့ ပုံမွန္ဆိုရင္ ထားဝယ္မွာ စစ္ေၾကာင္းႏွစ္ခုရွိတယ္။ တပ္ေပါင္းစု သပိတ္ေကာ္မတီ (ထားဝယ္) ရယ္၊ ၿပီးေတာ့ အင္ဂ်င္နီယာစစ္ေၾကာင္းရယ္။ အဲ့ဒီ စစ္ေၾကာင္းႏွစ္ခုရွိတယ္။ အဲ့ဒီႏွစ္ခုက ေန႔တိုင္းနီးပါး၊ ေန႔တိုင္း ထြက္တယ္။ အရင္အင္အားကနည္းသြားတယ္ေလ၊ နည္းသြားေတာ့ ခုက အင္အားေတြျပန္စုၿပီးေတာ့ ဆႏၵျပမႈေတြမွာ ပါဝင္တဲ့ လူဦးေရလည္း ထပ္ၿပီးေတာ့ တိုးလာတယ္။ တျဖည္းျဖည္းနဲ႔ အားေကာင္းလာတဲ့ အေနအထားမ်ိဳးရွိပါတယ္။”

သႀကၤန္သေကၤတျဖစ္တဲ့ အတာအိုးနဲ႔ ခုလို ဆႏၵျပၾကသလို မုန္႔လံုးေရေပၚ သပိတ္ကိုလည္း လုပ္ေနၾကပါတယ္။ သႀကၤန္အခ်ိန္မွာ စတုဒီသာေၾကြးၾကေလ့႐ွိတဲ့ မုန႔္လုံးေရေပၚေတြကို လက္သုံးေခ်ာင္းေထာင္ အသြင္ေျပာင္းၿပီး ကိုယ့္ရဲ႕ေနအိမ္ကေန မုန္႔လံုးေရးေပၚ သပိတ္ကို ဆင္ႏႊဲၾကတာပါ။

“ပုံမွန္ကေတာ့ အစ္မတို႔က သၾကၤန္တိုင္းမွာ မုန႔္လုံးေရေပၚ လုံးေလ့ရွိတာေပါ့ေနာ္။ ၿပီးေတာ့ အတာအိုးလည္း လုပ္တယ္ေပါ့။ ဒါေပမဲ့ ဒီႏွစ္ကက်ေတာ့ မတူဘူးေပါ့ေနာ္။ အရင္ႏွစ္ေတြကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ အားလုံး ႐ိုးရာအေနနဲ႔ လုပ္တာေပါ့။ ဒီတေခါက္ကေတာ့ မေန႔ကဆိုရင္ Facebook မွာ မုန႔္လုံးသပိတ္လုပ္မယ္ဆိုၿပီး ေတြ႕လိုက္ေတာ့ ပထမကေတာ့ အစ္မက (မုန႔္လုံးေရေပၚ) မလုပ္ဘူး လုပ္ထားတာ။ ဒါေပမဲ့ သပိတ္အေနနဲ႔ လုပ္မယ္ဆိုေတာ့ ကိုယ္ကေျပာရရင္ အျပင္ေတြဘာေတြ ထြက္ၿပီးေတာ့ ပါဝင္တဲ့ဟာမ်ိဳး မလုပ္ႏိုင္ဘူးေပါ့ေနာ္။ အဲဒီေတာ့ အိမ္ထဲကေန ရသေလာက္ သပိတ္မွာ ပါဝင္တယ္ဆိုတာမ်ိဳး ျဖစ္ေအာင္ အမတို႔က ဒီေန႔မွာ လုပ္လိုက္တာ။”

ျမန္မာႏိုင္ငံက ျပည္သူေတြ တႏွစ္လံုး ပင္ပန္းထားသမ ွ် စိတ္ေရာ၊ ကိုယ္ပါ အနားယူ ေပ်ာ္ရႊင္ၾကေလ့႐ွိတဲ့ ခုလိုသႀကၤန္အခ်ိန္မွာ ဒီႏွစ္ေတာ့ မေပ်ာ္ႏိုင္ၾကဘူးလုိ႔ ေျပာေနၾကသူေတြ ေတာ္ေတာ္မ်ားပါတယ္။

“အမက April လမွာလည္း ေမြးေတာ့ သၾကၤန္ဆိုရင္ ဧၿပီလေရာက္ရင္ကို ေပ်ာ္ေနၿပီ။ ဒါေပမဲ့ ဒီႏွစ္ကေတာ့ ေရပက္ခ်င္စိတ္၊ သၾကၤန္သီခ်င္း နားေထာင္ခ်င္စိတ္ကို မရွိဘူး။ ဒီလိုမ်ိဳး အေျခအေနႀကီးမွာ ေပ်ာ္ပါးတာမ်ိဳး မလုပ္ခ်င္ဘူး ... စိတ္ကိုကလည္း မပါတာ။ ေျပာရလို႔ရွိရင္ ကိုယ့္ရဲ႕ျမန္မာ့႐ိုးရာသၾကၤန္ႀကီးက ဒီႏွစ္က လုံးဝ စိတ္ဆင္းရဲစရာေကာင္းတဲ့ ႏွစ္သစ္ကူးလိုမ်ိဳး ျဖစ္သြားတာေပါ့ ... လူတစုေၾကာင့္မို႔လို႔။ အဲဒီလိုဆိုေတာ့ ေတာ္ေတာ္ေလးကို စိတ္ဆင္းရဲရတယ္။ ဒီလိုမ်ိဳး တသက္တာမွာ သၾကၤန္မွာ ဒီေလာက္ထိ စိတ္ဆင္းရဲရလိမ့္မယ္လို႔ မထင္ခဲ့မိဘူး။ ဒါေပမဲ့ အခုေတာ့ ႀကဳံေနရတာေပါ့ေနာ္။”

ေပ်ာ္စရာသၾကၤန္မဟုတ္တဲ့ ေတာ္လွန္သၾကၤန္အတြက္ အႀကိဳေန႔မွာ အတာအိုးသပိတ္၊ အက်ေန႔မွာ ေသြးမတိတ္ သပိတ္၊ အၾကတ္ေန႔မွာ ယာဥ္သပိတ္နဲ႔ အတက္ေန႔မွာေတာ့ ဝမ္းနည္းျခင္းသပိတ္၊ ႏွစ္ဆန္းတရက္ေန႔မွာ ဆုေတာင္းသပိတ္အျဖစ္ ဆင္ႏႊဲၾကဖုိ႔ လူငယ္ေတြက တိုက္တြန္းထားပါတယ္။

ဒီကေန႔ သၾကၤန္အႀကိဳေန႔ကိုေတာ့ အတာအိုးသပိတ္၊ မုန႔္လုံးေရေပၚ သပိတ္ အျပင္ လမ္းေပၚထြက္ၿပီး အာဏာရွင္ေတာ္လွန္ေရး လမ္းေလွ်ာက္ခ်ီတက္သပိတ္တို႔ကိုလည္း ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လုပ္ခဲ့ၾကပါတယ္။

ေတာ္လွန္သၾကၤန္ အႀကိဳေန႔
please wait

No media source currently available

0:00 0:05:04 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တော်လှန်သင်္ကြန် အကြိုနေ့

မြန်မာနိုင်ငံမှာ ဒီနေ့ဟာ သင်္ကြန်အကြိုနေ့ဖြစ်ပေမဲ့ သင်္ကြန်အငွေ့အသက်တွေ ပျောက်ကင်းနေပြီး ထူးခြားငြိမ်သက်တဲ့ သင်္ကြန်ဖြစ်နေပါတယ်။ ပုံမှန် ရေကစားမဏ္ဍပ်တွေ မရှိသလို သင်္ကြန်ပွဲတော် အခမ်းအနားတွေလည်း မရှိပါဘူး။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ အတာအိုးသပိတ်ဆိုပြီး ဆန့်ကျင်သင်္ကေတတွေဆေးခြယ်ထားတဲ့ အတာအိုးတွေမှာ ပန်းထိုးတာ၊ မုန့်လုံးရေပေါ်တွေကို လက် သုံး ချောင်းထောင်ပုံစံလုပ်ပြီး မုန့်လုံးရေပေါ်သပိတ်တွေကို လုပ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။

မြန်မာလူမျိုးတို့ရဲ့ ရိုးရာပွဲတော်တွေထဲမှာ သင်္ကြန်နှစ်သစ်ကူးပွဲတော်ကတော့ လူမျိုးဘာသာပေါင်းစုံ အရွယ်စုံဆင်နွှဲကြတဲ့ ပျော်စရာ နှစ်သစ်ကူးပွဲတော် ဖြစ်ပါတယ်။ အားလုံးပျော်ကြတဲ့ သင်္ကြန်ပွဲအချိန်ဆို ပုံမှာ ရေပက်ကစားကြတာ၊ စတုဒီသာ အလှူဒါနပြုတာ၊ ဥပုသ်သီလစောင့်ကောင်းမှု ကုသိုလ်တွေကို ပြုလုပ်ကြပြီး သင်္ကြန်ရက်တွေကို ဖြတ်သန်းကြတာပါ။ ဒီနှစ်တော့ စစ်အာဏာသိမ်းထားချိန်ဖြစ်သလို တပ်တွေရဲ့ လက်ချက်နဲ့ အများအပြား သေဆုံး ဖမ်းဆီးခံထားရတာကြောင့် ပြည်သူအများ မပျော်နိုင်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေပါတယ်။ အရင်နှစ်တွေလို နိုင်ငံတော်က စီစဉ်တဲ့ သင်္ကြန်မဏ္ဍပ်တွေ၊ အခမ်းအနားတွေလည်း မရှိပါဘူး။ ရန်ကုန်မြို့မှာ နှစ်တိုင်း သင်္ကြန်စတင်ကြောင်း တရားဝင်ဖွင့်လှစ်တဲ့ မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ် ဒီနှစ်မှာ မရှိသလို ရေပက်ကစားကြတာလည်း မတေ့ွရပါဘူး။ ပျော်စရာ သင်္ကြန်ပွဲတော်တွေအစား စစ်အာဏာရှင်ကျဆုံးရေးအတွက် တော်လှန်သင်္ကြန်လှုပ်ရှားမှုတွေကိုတော့ မြင်ရပါတယ်။ လမ်းပေါ်ထွက် ရေပက်ခံမယ့်အစား ရေမစို တော်လှန်သင်္ကြန်လုပ်သွားမယ်လို့ ဆန္ဒပြသပိတ်တွေမှာ ပါဝင်တဲ့ ရန်ကုန်မြို့ခံ လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

“ရေကစားရမယ့်အချိန်မှာ ရေမကစားရဘဲ အိမ်ထဲမှာနေပြီးတော့ အခုဆိုလည်း လမ်းထွက်ရင် ဟိုကောင် (စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်) တွေက လိုက်တာကိုး။ လိုက်တဲ့အခါကျတော့ လမ်းမှာစုဖို့ကလည်း မလွယ်တော့ဘူးလေ။ အဲဒါနဲ့ သင်္ကြန်အထိမ်းအမှတ် အဝါရောင်လေးတွေ ဝတ်ပြီးတော့ အတာအိုးသပိတ်လေး လုပ်ဖြစ်သွားတာပေါ့။ ဒီနှစ်ကတော့ သင်္ကြန်လို့တော့ မခံစားမိဘူး။ သင်္ကြန်အငွေ့အသက်လည်း သိပ်ပြီးတော့ မရှိဘူးပေါ့။ ရေပက်ချင်စိတ်လည်း မရှိဘူး။ ထိုင်းနိုင်ငံက (သင်္ကြန်ပွဲတော်ဆင်နွှဲ) ပုံတွေ မြင်ပြီးတော့လည်း ဝမ်းနည်းတာတို့၊ ဘာတို့ ထွေထွေထူးထူးတော့ မရှိဘူး။ ဒီစစ်အာဏာရှင် ကျရှုံးဖို့က အဓိကပဲဆိုတော့လေ ... သူတို့ မကျမရှုံးချင်းကတော့ အကုန်လုံးလုပ်နေရဦးမှာပေါ့။ ရှေ့လျှောက်ဖြစ်လာမယ့် ပွဲလမ်းသဘင်တွေ ဘာတွေလည်း ရှိသေးတာပေါ့။ သူတို့မကျမခြင်းကတော့ သမီးတို့က တော်လှန်နေရမှာပဲပေါ့နော်။”

မြန်မာ့ ရိုးရာအစဉ်အလာအတိုင်း သင်္ကြန်မကျခင် အတာအိုးထိုးပြီး သိကြားမင်းကို ကြိုဆိုကြလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အိမ်တွေမှာ ပန်းထိုးကြတဲ့ အတာအိုးတွေမှာ ဆေးအနီရောင်သုတ် လက်သုံးချောင်းထောင်ထားတဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ သင်္ကေတတွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ စာသားတွေကို တေ့ွရပါတယ်။ အတာအိုးသပိတ်ဆိုပြီး အတာအိုးတွေ ကိုင်ဆောင်လမ်းလေ ျှာက် ဆန္ဒပြပွဲတွေကို ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ လုပ်နေကြပါတယ်။ ထားဝယ်မြို့က အတာအိုးသပိတ်မှာ ပါဝင်တဲ့ ကိုစိုင်းကိုကိုထွန်းက သူတို့ဆန္ဒပြပုံကို ခုလို ပြောပြပါတယ်။

“အတာအိုးတွေ ကိုင်ပြီးတော့ မြှောက်ပြီးတော့ စစ်ကြောင်းချီတက်တဲ့အချိန်မှာ ပါလာကြတဲ့ သူတွေရှိတယ်။ အတာအိုး နီနီပေါ့ အဲ့ဒီလို ပုံစံ အဓိပ္ပာယ်နဲ့ Performance လုပ်ပြီး လိုက်လာကြတဲ့သူတွေရှိတယ်။ မနက် အစောပိုင်း ၇ နာရီ စစ်ကြောင်းတစ်ခုထွက်တယ်။ ၈ နာရီမှာ စစ်ကြောင်းတစ်ခုထွက်တယ်။ ပြီးတော့ အရုဏ်ဦး သပိတ်တွေလည်း လုပ်တယ်။ ခုလုပ်နေတာကတော့ ပုံမှန်ဆိုရင် ထားဝယ်မှာ စစ်ကြောင်းနှစ်ခုရှိတယ်။ တပ်ပေါင်းစု သပိတ်ကော်မတီ (ထားဝယ်) ရယ်၊ ပြီးတော့ အင်ဂျင်နီယာစစ်ကြောင်းရယ်။ အဲ့ဒီ စစ်ကြောင်းနှစ်ခုရှိတယ်။ အဲ့ဒီနှစ်ခုက နေ့တိုင်းနီးပါး၊ နေ့တိုင်း ထွက်တယ်။ အရင်အင်အားကနည်းသွားတယ်လေ၊ နည်းသွားတော့ ခုက အင်အားတွေပြန်စုပြီးတော့ ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့ လူဦးရေလည်း ထပ်ပြီးတော့ တိုးလာတယ်။ တဖြည်းဖြည်းနဲ့ အားကောင်းလာတဲ့ အနေအထားမျိုးရှိပါတယ်။”

သင်္ကြန်သင်္ကေတဖြစ်တဲ့ အတာအိုးနဲ့ ခုလို ဆန္ဒပြကြသလို မုန့်လုံးရေပေါ် သပိတ်ကိုလည်း လုပ်နေကြပါတယ်။ သင်္ကြန်အချိန်မှာ စတုဒီသာကြွေးကြလေ့ရှိတဲ့ မုန့်လုံးရေပေါ်တွေကို လက်သုံးချောင်းထောင် အသွင်ပြောင်းပြီး ကိုယ့်ရဲ့နေအိမ်ကနေ မုန့်လုံးရေးပေါ် သပိတ်ကို ဆင်နွှဲကြတာပါ။

“ပုံမှန်ကတော့ အစ်မတို့က သင်္ကြန်တိုင်းမှာ မုန့်လုံးရေပေါ် လုံးလေ့ရှိတာပေါ့နော်။ ပြီးတော့ အတာအိုးလည်း လုပ်တယ်ပေါ့။ ဒါပေမဲ့ ဒီနှစ်ကကျတော့ မတူဘူးပေါ့နော်။ အရင်နှစ်တွေကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အားလုံး ရိုးရာအနေနဲ့ လုပ်တာပေါ့။ ဒီတခေါက်ကတော့ မနေ့ကဆိုရင် Facebook မှာ မုန့်လုံးသပိတ်လုပ်မယ်ဆိုပြီး တွေ့လိုက်တော့ ပထမကတော့ အစ်မက (မုန့်လုံးရေပေါ်) မလုပ်ဘူး လုပ်ထားတာ။ ဒါပေမဲ့ သပိတ်အနေနဲ့ လုပ်မယ်ဆိုတော့ ကိုယ်ကပြောရရင် အပြင်တွေဘာတွေ ထွက်ပြီးတော့ ပါဝင်တဲ့ဟာမျိုး မလုပ်နိုင်ဘူးပေါ့နော်။ အဲဒီတော့ အိမ်ထဲကနေ ရသလောက် သပိတ်မှာ ပါဝင်တယ်ဆိုတာမျိုး ဖြစ်အောင် အမတို့က ဒီနေ့မှာ လုပ်လိုက်တာ။”

မြန်မာနိုင်ငံက ပြည်သူတွေ တနှစ်လုံး ပင်ပန်းထားသမ ျှ စိတ်ရော၊ ကိုယ်ပါ အနားယူ ပျော်ရွှင်ကြလေ့ရှိတဲ့ ခုလိုသင်္ကြန်အချိန်မှာ ဒီနှစ်တော့ မပျော်နိုင်ကြဘူးလို့ ပြောနေကြသူတွေ တော်တော်များပါတယ်။

“အမက April လမှာလည်း မွေးတော့ သင်္ကြန်ဆိုရင် ဧပြီလရောက်ရင်ကို ပျော်နေပြီ။ ဒါပေမဲ့ ဒီနှစ်ကတော့ ရေပက်ချင်စိတ်၊ သင်္ကြန်သီချင်း နားထောင်ချင်စိတ်ကို မရှိဘူး။ ဒီလိုမျိုး အခြေအနေကြီးမှာ ပျော်ပါးတာမျိုး မလုပ်ချင်ဘူး ... စိတ်ကိုကလည်း မပါတာ။ ပြောရလို့ရှိရင် ကိုယ့်ရဲ့မြန်မာ့ရိုးရာသင်္ကြန်ကြီးက ဒီနှစ်က လုံးဝ စိတ်ဆင်းရဲစရာကောင်းတဲ့ နှစ်သစ်ကူးလိုမျိုး ဖြစ်သွားတာပေါ့ ... လူတစုကြောင့်မို့လို့။ အဲဒီလိုဆိုတော့ တော်တော်လေးကို စိတ်ဆင်းရဲရတယ်။ ဒီလိုမျိုး တသက်တာမှာ သင်္ကြန်မှာ ဒီလောက်ထိ စိတ်ဆင်းရဲရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမဲ့ အခုတော့ ကြုံနေရတာပေါ့နော်။”

ပျော်စရာသင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်အတွက် အကြိုနေ့မှာ အတာအိုးသပိတ်၊ အကျနေ့မှာ သွေးမတိတ် သပိတ်၊ အကြတ်နေ့မှာ ယာဉ်သပိတ်နဲ့ အတက်နေ့မှာတော့ ဝမ်းနည်းခြင်းသပိတ်၊ နှစ်ဆန်းတရက်နေ့မှာ ဆုတောင်းသပိတ်အဖြစ် ဆင်နွှဲကြဖို့ လူငယ်တွေက တိုက်တွန်းထားပါတယ်။

ဒီကနေ့ သင်္ကြန်အကြိုနေ့ကိုတော့ အတာအိုးသပိတ်၊ မုန့်လုံးရေပေါ် သပိတ် အပြင် လမ်းပေါ်ထွက်ပြီး အာဏာရှင်တော်လှန်ရေး လမ်းလျှောက်ချီတက်သပိတ်တို့ကိုလည်း မြို့တော်တော်များများမှာ လုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG