သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ တ႐ုတ္ကို ျမန္မာ့ဖရဲသီးတင္ပို႔မႈ ေႏွာင့္ေႏွးၾကန႔္ၾကာ 


watermelon and melon fair

Zawgyi/Unicode

ျမန္မာျပည္ကတင္ပို႔ေနတဲ့ ဖရဲသီးေတြကို တ႐ုတ္က အဝယ္ပိတ္လိုက္တယ္ဆိုတဲ့သတင္းေတြနဲ႔အတူ ဖရဲသပိတ္ဆင္ႏြဲတာေတြ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေပၚေနေပမဲ့ တ႐ုတ္-ျမန္မာနယ္စပ္ သစ္သီးကုန္သည္ေတြကေတာ့ က်န္းမာေရးစစ္ေဆးမႈေၾကာင့္ အေရာင္းတရက္ ရပ္နားတာနဲ႔ လမ္းခရီးမွာ ၾကန႔္ၾကာမႈေၾကာင့္ ဖရဲေဈးကြက္အခက္အခဲ ျဖစ္ရေၾကာင္း ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကိုေတာ့ ကိုေဇာ္ဝင္းလႈိင္က ေျပာျပေပးမွာပါ။

တ႐ုတ္ႏိုင္ငံဘက္က ျမန္မာျပည္ကတင္ပို႔တဲ့ ဖရဲသီးေတြကို အဝယ္ပိတ္လိုက္ေၾကာင္းနဲ႔ ဒါဟာ ေဈးႏွိမ္လိုတာေၾကာင့္ျဖစ္ေၾကာင္း သတင္းေတြထြက္ေပၚခဲ့သလို ဖရဲစိုက္ေတာင္သူေတြကို ကူညီႏိုင္ေရးအတြက္ ဖရဲသပိတ္ဆင္ႏြဲတဲ့အေၾကာင္းေတြဟာ ဒီကေန႔ လူမႈ ကြန္ယက္စာမ်က္ႏွာေတြမွာ က်ယ္က်ယ္ျပန႔္ျပန္ထြက္ေပၚလာေနတာပါ။

အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီကို တ႐ုတ္က ႏိုင္ငံတကာမွာ အကာအကြယ္ေပးေနတာမို႔ တ႐ုတ္ကုန္ေတြ သပိတ္ေမွာက္ၾကဖို႔ ေဆာ္ၾသေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံကို ဖရဲသီးေတြပို႔ဖို႔ခက္ေနတာေၾကာင့္ ဖရဲသီးသပိတ္ေတြကို ျမန္မာႏိုင္ငံအႏွံ႔ လုပ္ေနၾကတာျဖစ္ပါတယ္။ ျမန္မာျပည္မွာထြက္တဲ့ ဖရဲသီးေတြကို ျမန္မာျပည္သူေတြက ဝယ္ယူအားေပးၾကမယ္ဆိုၿပီး ပုံစံမ်ိဳးစုံ ဖရဲသီးသပိတ္ေတြကို လုပ္ေနၾကတာပါ။ တခ်ိဳ႕က ဖရဲသီးစိတ္ေတြကို အခမဲ့ေဝတာမ်ိဳး၊ ငါတို႔ဖရဲသီး ငါတို႔စားမယ္စတဲ့ စာတန္းေတြ ပုံေတြကိုင္ေဆာင္ ခ်ီတက္တာမ်ိဳး၊ဖရဲသီးေတြဝယ္ၿပီး ေဖ်ာ္ရည္၊ အခ်ိဳမုန႔္စသျဖင့္လုပ္စားတာကို လူမႈကြန္ယက္ေတြမွာ မွ်ေဝတာမ်ိဳးေတြနဲ႔သပိတ္ေမွာက္ေနၾကပါတယ္။

မႏၲေလးက ဖရဲစိုက္လုပ္ငန္းရွင္တဦးကေတာ့ လက္ရွိ ဖရဲတင္ပို႔မႈအေျခအေနကို အခုလို ေျပာပါတယ္။

“က်ေနာ္ေတာ့ မေရာင္းရဘူးဆိုတာ မၾကားေသးဘူး။ ေန႔တိုင္းေတာ့ တက္ေနတာ၊ တေန႔ ကားအစီး ၂၀၀ ေက်ာ္ေလာက္ေတာ့ တက္ေနတာ။ ဟိုတေန႔က ေဆးထိုးၾကတယ္ေလ။ ေဆးစစ္တဲ့ေန႔တေန႔ေတာ့ သူတို႔ နားတယ္ထင္တယ္။ တက္ေနတယ္ေလ။ အခု လြယ္ဂ်ယ္မွာ အစီး ၁၀၀ ေက်ာ္တက္တယ္။ မူဆယ္မွာ အစီး ၂၀၀ ေက်ာ္ တက္တယ္ေလ၊ မႏၲေလးက တက္ေတာေပ့ါ။”

မူဆယ္ၿမိဳ႕ သစ္သီးဒိုင္ကုန္သည္တဦးက တ႐ုတ္ႏိုင္ငံဘက္က ဖရဲအဝယ္ပိတ္လိုက္တာနဲ႔ပတ္သက္ၿပီး VOA က ေမးျမန္းရာမွာေတာ့-

“၁၀ ရက္ေန႔က အဲဒီကြင္းထဲက လူေတြကိုအကုန္လုံး အလုပ္သမားကအစ က်န္းမာေရးစစ္တာေပါ့။ ေဆးထိုးတယ္။ အဲဒါေၾကာင့္မို႔လို႔၊ အလုပ္သမားေတြက အလုပ္နားတာ။တ႐ုတ္ႏိုင္ငံထဲက ဝမ္တိန္ဖရဲသီးအေရာင္းကြင္း၊အခုက ဖရဲသီးကေရာင္းလို႔ရွိရင္ ျမန္မာျပည္ဘက္မွာ မေရာင္းဘူး။ ဝမ္တိန္ထဲမွာသြားေရာင္းတာ အဲဒါေၾကာင့္။ အခုကက်ေတာ့ တ႐ုတ္ဘက္ကမဝယ္ေတာ့ဘူးဆိုၿပီး သတင္းက ထြက္သြားေသး တယ္။ တရက္ပဲ အေရာင္းပိတ္တာပါ။”

တ႐ုတ္ႏိုင္ငံအတြင္းမွာ Covid 19 ကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ေနတာေၾကာင့္ ေ႐ႊလီၿမိဳ႕မွာ အသြားအလာကန႔္သတ္ထားသလို က်န္းမာေရး စစ္ေဆးတာေတြကိုလည္း တိုးျမႇင့္လုပ္ေဆာင္ေနတာပါ။

ဒီရက္ပိုင္းေတြအတြင္းမွာ တ႐ုတ္မွာ ျမန္မာဖရဲသီးအေရာင္းက်ဆင္းေနၿပီး ဒီလို က်ဆင္းရတဲ့အေျခအေနကိုလည္း သူက အခုလို ဆက္ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ကိုဗစ်ကြောင့် တရုတ်ကို မြန်မာ့ဖရဲသီးတင်ပို့မှု နှောင့်နှေးကြန့်ကြာ

မြန်မာပြည်ကတင်ပို့နေတဲ့ ဖရဲသီးတွေကို တရုတ်က အဝယ်ပိတ်လိုက်တယ်ဆိုတဲ့သတင်းတွေနဲ့အတူ ဖရဲသပိတ်ဆင်နွဲတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပေမဲ့ တရုတ်-မြန်မာနယ်စပ် သစ်သီးကုန်သည်တွေကတော့ ကျန်းမာရေးစစ်ဆေးမှုကြောင့် အရောင်းတရက် ရပ်နားတာနဲ့ လမ်းခရီးမှာ ကြန့်ကြာမှုကြောင့် ဖရဲဈေးကွက်အခက်အခဲ ဖြစ်ရကြောင်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။

တရုတ်နိုင်ငံဘက်က မြန်မာပြည်ကတင်ပို့တဲ့ ဖရဲသီးတွေကို အဝယ်ပိတ်လိုက်ကြောင်းနဲ့ ဒါဟာ ဈေးနှိမ်လိုတာကြောင့်ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့သလို ဖရဲစိုက်တောင်သူတွေကို ကူညီနိုင်ရေးအတွက် ဖရဲသပိတ်ဆင်နွဲတဲ့အကြောင်းတွေဟာ ဒီကနေ့ လူမှု ကွန်ယက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်လာနေတာပါ။

အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီကို တရုတ်က နိုင်ငံတကာမှာ အကာအကွယ်ပေးနေတာမို့ တရုတ်ကုန်တွေ သပိတ်မှောက်ကြဖို့ ဆော်သြနေချိန်မှာ တရုတ်နိုင်ငံကို ဖရဲသီးတွေပို့ဖို့ခက်နေတာကြောင့် ဖရဲသီးသပိတ်တွေကို မြန်မာနိုင်ငံအနှံ့ လုပ်နေကြတာဖြစ်ပါတယ်။ မြန်မာပြည်မှာထွက်တဲ့ ဖရဲသီးတွေကို မြန်မာပြည်သူတွေက ဝယ်ယူအားပေးကြမယ်ဆိုပြီး ပုံစံမျိုးစုံ ဖရဲသီးသပိတ်တွေကို လုပ်နေကြတာပါ။ တချို့က ဖရဲသီးစိတ်တွေကို အခမဲ့ဝေတာမျိုး၊ ငါတို့ဖရဲသီး ငါတို့စားမယ်စတဲ့ စာတန်းတွေ ပုံတွေကိုင်ဆောင် ချီတက်တာမျိုး၊ဖရဲသီးတွေဝယ်ပြီး ဖျော်ရည်၊ အချိုမုန့်စသဖြင့်လုပ်စားတာကို လူမှုကွန်ယက်တွေမှာ မျှဝေတာမျိုးတွေနဲ့သပိတ်မှောက်နေကြပါတယ်။

မန္တလေးက ဖရဲစိုက်လုပ်ငန်းရှင်တဦးကတော့ လက်ရှိ ဖရဲတင်ပို့မှုအခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တော့ မရောင်းရဘူးဆိုတာ မကြားသေးဘူး။ နေ့တိုင်းတော့ တက်နေတာ၊ တနေ့ ကားအစီး ၂၀၀ ကျော်လောက်တော့ တက်နေတာ။ ဟိုတနေ့က ဆေးထိုးကြတယ်လေ။ ဆေးစစ်တဲ့နေ့တနေ့တော့ သူတို့ နားတယ်ထင်တယ်။ တက်နေတယ်လေ။ အခု လွယ်ဂျယ်မှာ အစီး ၁၀၀ ကျော်တက်တယ်။ မူဆယ်မှာ အစီး ၂၀၀ ကျော် တက်တယ်လေ၊ မန္တလေးက တက်တောပေ့ါ။”

မူဆယ်မြို့ သစ်သီးဒိုင်ကုန်သည်တဦးက တရုတ်နိုင်ငံဘက်က ဖရဲအဝယ်ပိတ်လိုက်တာနဲ့ပတ်သက်ပြီး VOA က မေးမြန်းရာမှာတော့-

“၁၀ ရက်နေ့က အဲဒီကွင်းထဲက လူတွေကိုအကုန်လုံး အလုပ်သမားကအစ ကျန်းမာရေးစစ်တာပေါ့။ ဆေးထိုးတယ်။ အဲဒါကြောင့်မို့လို့၊ အလုပ်သမားတွေက အလုပ်နားတာ။တရုတ်နိုင်ငံထဲက ဝမ်တိန်ဖရဲသီးအရောင်းကွင်း၊အခုက ဖရဲသီးကရောင်းလို့ရှိရင် မြန်မာပြည်ဘက်မှာ မရောင်းဘူး။ ဝမ်တိန်ထဲမှာသွားရောင်းတာ အဲဒါကြောင့်။ အခုကကျတော့ တရုတ်ဘက်ကမဝယ်တော့ဘူးဆိုပြီး သတင်းက ထွက်သွားသေး တယ်။ တရက်ပဲ အရောင်းပိတ်တာပါ။”

တရုတ်နိုင်ငံအတွင်းမှာ Covid 19 ကူးစက်မှုတွေ တကျော့ပြန်ဖြစ်နေတာကြောင့် ရွှေလီမြို့မှာ အသွားအလာကန့်သတ်ထားသလို ကျန်းမာရေး စစ်ဆေးတာတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေတာပါ။

ဒီရက်ပိုင်းတွေအတွင်းမှာ တရုတ်မှာ မြန်မာဖရဲသီးအရောင်းကျဆင်းနေပြီး ဒီလို ကျဆင်းရတဲ့အခြေအနေကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

“အရောင်းနှေးတယ်။ ပြီးကျလို့ရှိရင် ဝင်တာကတော့ အချိန်တွေက အရမ်းနှောင့်နှေးတာပေါ့။ ၇ ရက်နေ့တည်းက ၁၀၅ မိုင်ကဝင်တဲ့ ကားတွေက တရုတ်ပြည်ထဲ မဝင်ရတာတွေရှိသေးတယ်။ လမ်းမှာတင်ပဲ ၅ ရက်၊ ၆ ရက်၊ တပတ်ကြာပြီးမှပဲ တန်းစီရတာပေါ့။ တန်းစီပြီးမှ တရုတ်ပြည်ထဲဝင်၊ တရုတ်ပြည်ထဲဝင်ပြီးမှလည်း ချက်ချင်းမရောင်းတာမျိုးလည်း ရှိတယ်။ တရက်လောက်ကြာပြီးမှရောင်းဆိုတော့ ၁၀၅ မိုင်ကနေ ရောင်းကွင်းရောက်ဖို့ကို တပတ်ဝန်းကျင်လောက် ကြာနေတယ်ပေါ့။ အဲဒီကျ အသီးတွေကပုပ်တာတွေ ဘာတွေ ဖြစ်သွားရော၊ အဲလိုဆိုရင် အရောင်းကွင်းထဲလည်း ရောက်ရော အသီးက မကောင်းတော့ဘူး။ အသီးဈေးက ကျ။ ဒီနှစ်ဆိုလည်း ဈေးတွေက အရမ်းကျတာလေ။”

ဈေးကျတဲ့ အခြားအကြောင်းတချက်ကတော့ Covid 19 ကြောင့် ရွှေလီမြို့မှာ အသွားအလာကန့်သတ်ထားတဲ့အတွက် ရွှေလီနဲ့ အခြား ဒေသက တရုတ်ဖရဲကုန်သည်တွေ အရောင်းကွင်းကို မလာနိုင်တာကြောင့်လည်း ပါဝင်ကြောင်း ပြောပါတယ်။

ဖရဲစိုက်တောင်သူတွေ အခက်အခဲဖြစ်ရတဲ့အခြေအနေကတော့ ပုံမှန် အလုံး ၁၀၀၀ ကျော်ပါတဲ့ ဖရဲကားတစစင်းဟာ အရင်က တရုတ်ယွမ်ငွေ ၅ သောင်းလောက်ရရှိရာက အခုဆိုရင် ၄ သောင်းအောက်လောက်သာ ပေါက်ဈေးရှိနေတာနဲ့ လမ်းခရီးကြန့်ကြာလို့ ကားခ ကျပ်ငွေ ၁၀ သိန်းလောက်ကနေ သိန်း၂၀ လောက် မြင့်တက်သွားတာကြောင့်လို့ ပြောပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလထဲ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံတကာက ဖိအားပေးအရေးယူတာတွေကို တရုတ်နိုင်ငံက ကန့်ကွက်တာကြောင့် မြန်မာပြည်သူအများစုဟာ တရုတ်အစိုးရအပေါ် ဆန့်ကျင်မှုတွေ မြင့်တက်လာနေပြီး တရုတ်ပစ္စည်း မသုံးစွဲရေးအတွက် လှုံ့ဆော်တာတွေလည်း ရှိနေပါတယ်။

#WhatIsHappeningInMyanmar#China#Watermelon#Fruit#Sanction

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG