(Zawgyi/Unicode)
ပုံမွန္အားျဖင့္ အခုအခ်ိန္ကာလဟာ သႀကၤန္ အခါသမယ ျဖစ္ေပမယ့္ ကုိရုိနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ သႀကၤန္ပြဲေတာ္ အစည္းကားဆုံး မႏၱေလး၊ ရန္ကုန္ နဲ႔ အျခားၿမဳိ႕ႀကီးေတြမွ သႀကၤန္ပြဲေတာ္ မက်င္းပႏိုင္ပဲ သႀကၤန္ကာလနဲ႔ မတူေလာက္ေအာင္ ေျခာက္ကပ္ေနပါတယ္။
ျမန္မာႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္မႈ အရွိန္ျမင့္ ျဖစ္ေပၚ လာေနတာေၾကာင့္ အခုလို ကပ္ေရာဂါ ႀကဳံေနရတဲ့ သႀကၤန္ကာလမွာျပည္သူ ျပည္သားေတြ ေဘးကင္းလုံၿခံဳစြာ ေနထုိင္ၾကဖုိ႔ ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္ သံအမတ္ႀကီးက ႏွစ္သစ္ဆုေတာင္းနဲ႔ အတူ ေမတၱာရပ္ခံ တုိက္တြန္းလုိက္ပါတယ္။
“အေမရိကန္အပါအဝင္ ျမန္မာႏိုင္ငံမွာပါ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုးကို စိန္ေခၚမႈ တရပ္အေနနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ေက်းဇူးျပဳၿပီး ေဘးကင္းလုံၿခဳံစ ြာ ဂရုတစိုက္ေနၾကဖို႔" အေမရိကန္ သံအမတ္ႀကီး Scot Marciel နဲ႔ ဇနီးတုိ႔က ရန္ကုန္ အေမရိကန္သံရုံး Facebook စာမ်က္ႏွာက တဆင့္ ဗီြဒီယုိသတင္းစကား ေျပာသြားတာ ျဖစ္ပါတယ္။
ဒီႏွစ္သႀကၤန္ကာလ ရန္ကုန္ၿမဳိ့မွာလည္း အိမ္ျပင္ထြက္သူ အလြန္နည္းၿပီး ျပည္သူေတြ အိမ္မွာပဲေနရင္း သႀကၤန္ကာလကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ျဖတ္သန္းေနၾကပါတယ္။
ျမန္မာအစိုးရကေတာ့ သႀကၤန္ကာလအတြင္း မ႑ပ္ေဆာက္လုပ္ျခင္း မျပဳဖို႔ ၊ သႀကၤန္ပြဲ လုပ္တာ ေရွာင္ၾကဖို႔၊ လူစုလူေဝး မလုပ္ဖို႔ အေစာပိုင္းမွာထဲက ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးကူးစက္သူ တေန႔တျခား တုိးလာေနၿပီး အခုဆိုရင္ အနည္းဆုံး(၆၂) ေယာက္ ရွိလာတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္တဲ့အတြက္ သႀကၤန္ပ ြဲေတာ္အစည္းကားဆံုး က်င္းပေလ့ရွိတဲ့ မႏၱေလးၿမဳိ႕မွာေတာ့ ေရာဂါပုိး ကူးစက္လာမွာစိုးလို႔ ၿမိဳ႕အဝင္အထ ြက္ကို လုံးဝ ပိတ္ေပးဖို႔ၿမိဳ႕သူ ၿမဳိ႕သားေတြက လူမႈက ြန္ယက္မီဒီယာေတြကတဆင့္ အာဏာပုိင္ေတြ ကို ေတာင္းဆုိေနတာ ေတြ႔ရပါတယ္။
..............
မြန်မာ့အတာသင်္ကြန်မှာ ဘေးကင်းကြစေရေး ကန် သံအမတ်ကြီး ဆုတောင်းပေး
(Unicode)
ပုံမှန်အားဖြင့် အခုအချိန်ကာလဟာ သင်္ကြန် အခါသမယ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ သင်္ကြန်ပွဲတော် အစည်းကားဆုံး မန္တလေး၊ ရန်ကုန် နဲ့ အခြားမြို့ကြီးတွေမှ သင်္ကြန်ပွဲတော် မကျင်းပနိုင်ပဲ သင်္ကြန်ကာလနဲ့ မတူလောက်အောင် ခြောက်ကပ်နေပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့် ဖြစ်ပေါ် လာနေတာကြောင့် အခုလို ကပ်ရောဂါ ကြုံနေရတဲ့ သင်္ကြန်ကာလမှာပြည်သူ ပြည်သားတွေ ဘေးကင်းလုံခြုံစွာ နေထိုင်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက နှစ်သစ်ဆုတောင်းနဲ့ အတူ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
“အမေရိကန်အပါအဝင် မြန်မာနိုင်ငံမှာပါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကို စိန်ခေါ်မှု တရပ်အနေနဲ့ ရင်ဆိုင်နေရတာကြောင့် ကျေးဇူးပြုပြီး ဘေးကင်းလုံခြုံစ ွာ ဂရုတစိုက်နေကြဖို့ အမေရိကန် သံအမတ်ကြီး Scot Marciel နဲ့ ဇနီးတို့က ရန်ကုန် အမေရိကန်သံရုံး Facebook စာမျက်နှာက တဆင့် ဗွီဒီယိုသတင်းစကား ပြောသွားတာ ဖြစ်ပါတယ်။
ဒီနှစ်သင်္ကြန်ကာလ ရန်ကုန်မြို့မှာလည်း အိမ်ပြင်ထွက်သူ အလွန်နည်းပြီး ပြည်သူတွေ အိမ်မှာပဲနေရင်း သင်္ကြန်ကာလကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းနေကြပါတယ်။
မြန်မာအစိုးရကတော့ သင်္ကြန်ကာလအတွင်း မဏ္ဍပ်ဆောက်လုပ်ခြင်း မပြုဖို့ ၊ သင်္ကြန်ပွဲ လုပ်တာ ရှောင်ကြဖို့၊ လူစုလူဝေး မလုပ်ဖို့ အစောပိုင်းမှာထဲက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်သူ တနေ့တခြား တိုးလာနေပြီး အခုဆိုရင် အနည်းဆုံး(၆၂) ယောက် ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တဲ့အတွက် သင်္ကြန်ပ ွဲတော်အစည်းကားဆုံး ကျင်းပလေ့ရှိတဲ့ မန္တလေးမြို့မှာတော့ ရောဂါပိုး ကူးစက်လာမှာစိုးလို့ မြို့အဝင်အထ ွက်ကို လုံးဝ ပိတ်ပေးဖို့မြို့သူ မြို့သားတွေက လူမှုက ွန်ယက်မီဒီယာတွေကတဆင့် အာဏာပိုင်တွေ ကို တောင်းဆိုနေတာ တွေ့ရပါတယ်။