သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ စုစုေပါင္း ၅၃ ဦးအထိရွိ


ပိုးသတ္ေဆးျဖန္းေနတဲ့ ၀န္ထမ္းတခ်ိဳ႕ (ဧၿပီ ၀၈၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID -19 ေရာဂါပိုးကူးစက္သူ ဒီေန႔ စုစုေပါင္း ၁၄ ေယာက္ရွိတယ္လို႔ အစိုးရက ထုတ္ျပန္တဲ့အတြက္ ဒါဟာ တေန႔ထဲမွာ ေရာဂါပိုးရွိသူ အမ်ားဆုံး ေဆးစစ္ေတြ႕ရွိတာျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၁၀ နာရီ ၁၅ မိနစ္ သတင္းထုတ္ျပန္ခ်က္အရ မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕နယ္က သတ္မွတ္ထားတဲ့ ေနရာမွာ အသြားအလာကန႔္သတ္၊ ေစာင့္ၾကပ္ ၾကည့္ခံထားရသူ ၁ ေယာက္မွာ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ည ၈ နာရီမွာ သတင္းထုတ္ျပန္ခဲ့တုန္းကလည္း ဓာတ္ခြဲအတည္ျပဳလူနာနဲ႔ အနီးကပ္ထိေတြ႕ခဲ့တ ာေၾကာင့္ အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ခဲ့သူ ၁၁ ေယာက္မွာ COVID-19 ေရာဂါပိုး႐ွိေနေၾကာင္း ဓါတ္ခြဲခန္းစစ္ေဆးမႈမွာ ေတြ႔ရတယ္လို႔ ေျပာၾကားထားပါတယ္။

ဒီေန႔မနက္အေစာပိုင္းကလည္း ေရာဂါပိုးကူးသူ ေနာက္ထပ္ ၂ ေယာက္ေတ႔ြထားတယ္လို႔ သတင္းထုတ္ျပန္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ ဧၿပီ လ ၁၃ ရက္ တနလၤာေန႔ တရက္ထဲမွာ ေရာဂါပိုးကူးစက္ေနတယ္လို႔ ေဆးစစ္ေတြ႔သူ ၁၄ ေယာက္ျဖစ္ပါတယ္။

အခုအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္တယ္လို႔ အတည္ျပဳသူ စုစုေပါင္း ၅၃ ေယာက္႐ွိၿပီး ေသဆံုးသူ ၄ ေယာက္႐ွိပါတယ္။ ပိုးေတြ႔ၿပီး ျပန္လည္ေနေကာင္းလာသူကေတာ့ ၂ ေယာက္႐ွိပါတယ္။

COVID-19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖုိ႔ သႀကၤန္ကာလမွာ မလိုအပ္ရင္ အိမ္ျပင္ မထြက္ၾကဖို႔နဲ႔ လူစုလူေဝးမလုပ္ၾကဖို႔ အစိုးရက ၫႊန္ၾကားခ်က္ထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ စုစုပေါင်း ၅၃ ဦးအထိရှိ

မြန်မာနိုင်ငံမှာ COVID -19 ရောဂါပိုးကူးစက်သူ ဒီနေ့ စုစုပေါင်း ၁၄ ယောက်ရှိတယ်လို့ အစိုးရက ထုတ်ပြန်တဲ့အတွက် ဒါဟာ တနေ့ထဲမှာ ရောဂါပိုးရှိသူ အများဆုံး ဆေးစစ်တွေ့ရှိတာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၁၀ နာရီ ၁၅ မိနစ် သတင်းထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်က သတ်မှတ်ထားတဲ့ နေရာမှာ အသွားအလာကန့်သတ်၊ စောင့်ကြပ် ကြည့်ခံထားရသူ ၁ ယောက်မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ည ၈ နာရီမှာ သတင်းထုတ်ပြန်ခဲ့တုန်းကလည်း ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တ ာကြောင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ခဲ့သူ ၁၁ ယောက်မှာ COVID-19 ရောဂါပိုးရှိနေကြောင်း ဓါတ်ခွဲခန်းစစ်ဆေးမှုမှာ တွေ့ရတယ်လို့ ပြောကြားထားပါတယ်။

ဒီနေ့မနက်အစောပိုင်းကလည်း ရောဂါပိုးကူးသူ နောက်ထပ် ၂ ယောက်တေ့ွထားတယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ဧပြီ လ ၁၃ ရက် တနင်္လာနေ့ တရက်ထဲမှာ ရောဂါပိုးကူးစက်နေတယ်လို့ ဆေးစစ်တွေ့သူ ၁၄ ယောက်ဖြစ်ပါတယ်။

အခုအချိန်အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုသူ စုစုပေါင်း ၅၃ ယောက်ရှိပြီး သေဆုံးသူ ၄ ယောက်ရှိပါတယ်။ ပိုးတွေ့ပြီး ပြန်လည်နေကောင်းလာသူကတော့ ၂ ယောက်ရှိပါတယ်။

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သင်္ကြန်ကာလမှာ မလိုအပ်ရင် အိမ်ပြင် မထွက်ကြဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ထားပါတယ်။

XS
SM
MD
LG