သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၁၁ ဦး ထပ္မံအတည္ျပဳ


ရန္ကုန္ၿမိဳ႕ရွိ PPE ၀တ္စံုမ်ား ၀တ္ထားတဲ့ ၀န္ထမ္းတခ်ိဳ႕ (ဧၿပီ ၀၉၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပုိး႐ွိသူ ေနာက္ထပ္ ၁၁ ေယာက္ကုိ ေဆးစစ္ေတြ႔႐ွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ ည ၈ နာရီမွာ သတင္းထုတ္ျပန္ပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာနဲ႔ အနီးကပ္ထိေတြ႕ခဲ့တာေၾကာင့္ အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ခဲ့သူ ၁၁ ေယာက္မွာ COVID-19 ေရာဂါပိုး႐ွိေနေၾကာင္း ဓါတ္ခြဲခန္း စစ္ေဆးမႈမွာ ေတြ႔ရတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ တေန႔ထဲမွာ ေရာဂါပိုး႐ွိသူ တရက္ထဲမွာ အမ်ားဆံုး စစ္ေဆးေတ႔ြတာျဖစ္ပါတယ္္။

ဒီေန႔မနက္အေစာပိုင္းကလည္း ေရာဂါပိုးကူးသူ ေနာက္ထပ္ ၂ ေယာက္ေတ႔ြထားတယ္လို႔ သတင္းထုတ္ျပန္ခဲ့တာပါ။ အခုအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္တယ္လို႔ အတည္ျပဳသူ စုစုေပါင္း ၅၂ ေယာက္႐ွိၿပီး ေသဆံုးသူ ၄ ေယာက္႐ွိပါတယ္။ ပိုးေတြ႔ၿပီး ျပန္လည္ေနေကာင္းလာသူကေတာ့ ၂ ေယာက္႐ွိပါတယ္။

COVID-19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖုိ႔ သႀကၤန္ကာလမွာ မလိုအပ္ရင္ အိမ္ျပင္ မထြက္ၾကဖို႔နဲ႔ လူစုလူေဝးမလုပ္ၾကဖို႔ အစိုးရက ၫႊန္ၾကားခ်က္ထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၁၁ ဦး ထပ်မံအတည်ပြု

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိသူ နောက်ထပ် ၁၁ ယောက်ကို ဆေးစစ်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာကြောင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ခဲ့သူ ၁၁ ယောက်မှာ COVID-19 ရောဂါပိုးရှိနေကြောင်း ဓါတ်ခွဲခန်း စစ်ဆေးမှုမှာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ တနေ့ထဲမှာ ရောဂါပိုးရှိသူ တရက်ထဲမှာ အများဆုံး စစ်ဆေးတေ့ွတာဖြစ်ပါတယ်။

ဒီနေ့မနက်အစောပိုင်းကလည်း ရောဂါပိုးကူးသူ နောက်ထပ် ၂ ယောက်တေ့ွထားတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုသူ စုစုပေါင်း ၅၂ ယောက်ရှိပြီး သေဆုံးသူ ၄ ယောက်ရှိပါတယ်။ ပိုးတွေ့ပြီး ပြန်လည်နေကောင်းလာသူကတော့ ၂ ယောက်ရှိပါတယ်။

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ သင်္ကြန်ကာလမှာ မလိုအပ်ရင် အိမ်ပြင် မထွက်ကြဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG