သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 လူနာ ၁ ဦး ထပ္မံေသဆုံး


ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ တားဆီးႏုိင္ေရး ေရႊတိဂုံေစတီေတာ္တြင္ ပုိးသတ္ေဆး ပက္ဖ်န္းေနသူတဦး။ (မတ္ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံထားရသူ ေနာက္ ၁ ဦး ဒီကေန႔ပဲ ထပ္မံေသဆုံးသြားတဲ့အတြက္ အခုဆုိရင္ ဒီေရာဂါေၾကာင့္ ေသဆုံးသူအျဖစ္ အတည္ျပဳထားသူ စုစုေပါင္း ၄ ဦး ရွိသြားပါၿပီ။

ေသဆုံးသြားသူဟာ ရန္ကုန္တုိင္း ပန္းဘဲတန္းၿမိဳ႕နယ္က အသက္ ၈၅ ႏွစ္အရြယ္ အမ်ဳိးသားတဦးျဖစ္ၿပီး လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း ျပည္ပခရီးသြားခဲ့ဖူးတဲ့ ရာဇ၀င္မရွိသူျဖစ္ေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ေရာဂါလကၡဏာ ျပသခဲ့ရာက ရန္ကုန္ေဆး႐ုံႀကီးကုိ ပုိ႔ေဆာင္ၿပီး ေစာင့္ၾကည့္ စစ္ေဆးခဲ့တာပါ။

ဧၿပီ ၁၂ ရက္ ည ၈ နာရီထုတ္ျပန္သည့္ COVID-19 အတည္ျပဳလူနာ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန)
ဧၿပီ ၁၂ ရက္ ည ၈ နာရီထုတ္ျပန္သည့္ COVID-19 အတည္ျပဳလူနာ ထုတ္ျပန္ခ်က္။ (ဓာတ္ပုံ - က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန)

လူနာဟာ ဆီးခ်ဳိေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ စတဲ့ေရာဂါအခံေတြ ရွိသူျဖစ္ၿပီး ေဆး႐ုံကုိ ေရာက္ခ်ိန္ကတည္းက ေမာပန္းၿပီး ေသြးထဲမွာ ေအာက္စီဂ်င္ဓာတ္ က်ဆင္းမႈေတြ ရွိေနတဲ့အတြက္ ကုသမႈေပးခဲ့ေပမယ့္လည္း တနဂၤေႏြေန႔မနက္ အေစာပုိင္းမွာပဲ ကြယ္လြန္သြားခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း ကုိ႐ုိနာဗုိင္းရပ္စ္ပုိး ကူးစက္ခံရသူအျဖစ္ အတည္ျပဳခဲ့တာဟာ မကြယ္လြန္ခင္မွာလား ကြယ္လြန္ၿပီး ေနာက္ပုိင္းမွာလား ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ဒီေန႔အေစာပုိင္းမွာ အတည္ျပဳထားခဲ့တဲ့ လူနာ ၇ ဦးနဲ႔ အခုေသဆုံးသြားသူ အပါအ၀င္ ေရာဂါကူးစက္သူ ၈ ဦးကုိ တနဂၤေႏြေန႔မွာ အတည္ျပဳလုိက္တဲ့အတြက္ တရက္တည္းမွာ အမ်ားဆုံးလည္း ျဖစ္ခဲ့တာပါ။

အခုေနာက္ဆုံး ေသဆုံးသူနဲ႔ပါဆုိရင္ေတာ့ တနဂၤေႏြေန႔ည ၈ နာရီ သတင္းထုတ္ျပန္ခ်ိန္အထိ ျမန္မာႏုိင္ငံမွာ ေသဆုံးသူ စုစုေပါင္း ၄ ဦး အပါအ၀င္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၃၉ ဦးအထိ ရွိသြားပါၿပီ္။

COVID-19 လူနာအမ်ားစုကေတာ့ ရန္ကုန္ၿမိဳ႕ ေ၀ဘာဂီအထူးကုေဆး႐ုံမွာ ကုသမႈေပးထားၿပီး လား႐ႈိး၊ ေမာ္လၿမိဳင္ စတဲ့ ေဆး႐ုံေတြမွာပါ ကုသမႈေပးထားရၿပီး ရန္ကုန္ၿမိဳ႕က ေ၀ဘာဂီအထူးကုေဆး႐ုံမွာ လူနာ ၁ ဦးကုိ အထူးၾကပ္မတ္ေဆာင္မွာ သီးျခားကုသေပးေနေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 လူနာ ၁ ဦး ထပ္မံေသဆုံး
please wait

No media source currently available

0:00 0:01:33 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 လူနာ ၁ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ နောက် ၁ ဦး ဒီကနေ့ပဲ ထပ်မံသေဆုံးသွားတဲ့အတွက် အခုဆိုရင် ဒီရောဂါကြောင့် သေဆုံးသူအဖြစ် အတည်ပြုထားသူ စုစုပေါင်း ၄ ဦး ရှိသွားပါပြီ။

သေဆုံးသွားသူဟာ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က အသက် ၈၅ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပြည်ပခရီးသွားခဲ့ဖူးတဲ့ ရာဇဝင်မရှိသူဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရောဂါလက္ခဏာ ပြသခဲ့ရာက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး စောင့်ကြည့် စစ်ဆေးခဲ့တာပါ။

လူနာဟာ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ရောဂါအခံတွေ ရှိသူဖြစ်ပြီး ဆေးရုံကို ရောက်ချိန်ကတည်းက မောပန်းပြီး သွေးထဲမှာ အောက်စီဂျင်ဓာတ် ကျဆင်းမှုတွေ ရှိနေတဲ့အတွက် ကုသမှုပေးခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့မနက် အစောပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအဖြစ် အတည်ပြုခဲ့တာဟာ မကွယ်လွန်ခင်မှာလား ကွယ်လွန်ပြီး နောက်ပိုင်းမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ဒီနေ့အစောပိုင်းမှာ အတည်ပြုထားခဲ့တဲ့ လူနာ ၇ ဦးနဲ့ အခုသေဆုံးသွားသူ အပါအဝင် ရောဂါကူးစက်သူ ၈ ဦးကို တနင်္ဂနွေနေ့မှာ အတည်ပြုလိုက်တဲ့အတွက် တရက်တည်းမှာ အများဆုံးလည်း ဖြစ်ခဲ့တာပါ။

အခုနောက်ဆုံး သေဆုံးသူနဲ့ပါဆိုရင်တော့ တနင်္ဂနွေနေ့ည ၈ နာရီ သတင်းထုတ်ပြန်ချိန်အထိ မြန်မာနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၄ ဦး အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၉ ဦးအထိ ရှိသွားပါပြီ်။

COVID-19 လူနာအများစုကတော့ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံမှာ ကုသမှုပေးထားပြီး လားရှိုး၊ မော်လမြိုင် စတဲ့ ဆေးရုံတွေမှာပါ ကုသမှုပေးထားရပြီး ရန်ကုန်မြို့က ဝေဘာဂီအထူးကုဆေးရုံမှာ လူနာ ၁ ဦးကို အထူးကြပ်မတ်ဆောင်မှာ သီးခြားကုသပေးနေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG