သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာက်န္းမာေရး၀န္ထမ္းေတြ ဗုိင္းရပ္စ္ကူးစက္မယ့္ အႏၱရာယ္ ဆရာ၀န္ေတြ သတိေပး


သဃၤန္းကၽြန္းၿမိဳ႕နယ္တြင္ ဖြင့္လွစ္ထားသည့္ ဖ်ားနာလူနာေဆးကုခန္းတြင္ ကုသေပးေနသည့္ ျမင္ကြင္း။ (ဧၿပီ ၁၁၊ ၂၀၂၀။ ဓာတ္ပုံ - Dr Kyaw Swar Oo Facebook)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူေတြထဲ က်န္းမာေရး၀န္ထမ္းေတြပါ ပါ၀င္လာတဲ့အတြက္ ျမန္မာေဆးပညာရွင္ေတြ စုိးရိမ္မကင္း ျဖစ္လာေနၾကပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

COVID-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃ ဦး အပါအ၀င္ ကူးစက္သူ ၄၀ ေလာက္ရွိေနတဲ့ ျမန္မာႏုိင္ငံမွာ က်န္းမာေရး၀န္ထမ္းေတြပါ ကူးစက္ခံေနရတဲ့အတြက္ တာ၀န္ရွိသူေတြအေနနဲ႔ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြ လုိအပ္ေနတဲ့အေၾကာင္း ျမန္မာေဆးပညာရွင္ေတြ သတိေပးေနၾကတာပါ။

ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ကုသေရး လုပ္ငန္းေတြမွာ ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေနတဲ့ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေက်ာ္စြာဦးကေတာ့ ေဆး႐ုံေဆးခန္းေတြမွာ လုိအပ္တဲ့ပစၥည္းေတြ ျဖည့္ဆည္းၿပီး ျပင္ဆင္ထားဖုိ႔ လုိေနၿပီလုိ႔ အခုလိုေျပာပါတယ္။

“မေန႔ကေတာ့ က်ေနာ္တို႔ ျမန္မာႏုိင္ငံရဲ႕ က်န္းမာေရးဝန္ထမ္းေပါ့ေနာ္ ဆရာဝန္မမတေယာက္ ကူးစက္ျခင္းခံလိုက္ရတယ္။ က်ေနာ္တို႔ လူနာကေန က်ေနာ္တို႔ က်န္းမာေရးဝန္ထမ္းေတြ၊ ဆရာဝန္ေတြ၊ တျခားေသာ ေဆးဘက္ဝန္ထမ္းေတြကို ကူးစက္ႏႈန္းကေတာ့ ဘာပဲျဖစ္ျဖစ္ မ်ားတယ္ေျပာရမယ္။ ကမာၻ႔သတင္းေတြမွာဆို ကူူးစက္မႈေၾကာင့္ အသက္ဆံုးပါးသြားရသူေတြလည္း ေတြ႔ရတယ္။ အခု ဒီကူးစက္ခံရတဲ့ ဆရာဝန္မကေတာ့ လူနာရဲ႕အသက္ကုိ ကယ္ရင္းနဲ႔ သိရသေလာက္ဆိုရင္ Ventilator တပ္ဖို႔အတြက္ Tube ထည့္ဖို႔ လုပ္တာေပါ့ေနာ္။ ကိုယ့္ရဲ႕အသက္ကို ပဓာနမထားဘဲနဲ႔ လူနာရဲ႕အသက္ကိုကယ္ဖို႔ ႀကိဳးစားရင္းနဲ႔ ျဖစ္သြားတာေပါ့။ လူနာရဲ႕အသက္ကို လုကယ္ရင္းနဲ႔ ျဖစ္သြားတာလည္း ရွိတာေပါ့ေနာ္။

“ဘာပဲေျပာေျပာ က်ေနာ္တို႔ က်န္းမာေရးဝန္ထမ္းေတြ အတြက္ေတာ့ သတိေပးသလိုေတာ့ ျဖစ္သြားၿပီ။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ႏုိင္ငံေတာ္အပိုင္းကလည္း က်ေနာ္တို႔ ဆရာဝန္ေတြအတြက္ လက္ရွိေဆး႐ုံႀကီးေတြတင္မကဘဲ ဟိုးအေဝးက တုိက္နယ္ေဆး႐ုံေတြ တိုက္နယ္ဆရာဝန္ေတြ တိုက္နယ္ေဆးဘက္ဝန္ထမ္းေတြ ဟုိးေအာက္ေျခအထိ သြားၿပီး အလုပ္လုပ္ေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ကို ျပည့္ျပည့္စံုစံုနဲ႔ ကာကြယ္မႈအပိုင္းက ပစၥည္းေတြကို ေပးေစခ်င္တယ္။ Precaution လုပ္ရမယ့္ Guidelines ညႊန္ၾကားခ်က္ေတြကိုလည္း ဒီ့ထက္ပိုၿပီး ဘာမ်ားထပ္လုပ္သင့္သလဲ ဆိုတာကို လူႀကီးေတြအေနနဲ႔ ထပ္ၿပီးေတာ့ အေဝးအထိေရာက္ေအာင္ ညႊန္ၾကားေပးဖို႔ အေရးႀကီးပါတယ္။”

လူထုက်န္းမာေရး ပညာေပးေနတဲ့ ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္ကလည္း က်န္းမာေရး၀န္ထမ္းေတြကုိ ေရာဂါကူးစက္ခံရတဲ့ အျဖစ္မ်ဳိးနဲ႔ မႀကံဳရေအာင္ ေဆာင္ရြက္သင့္တာေတြကုိ အခုလုိ အႀကံျပဳထားပါတယ္။

“တႏိုင္ငံလံုး အတုိင္းအတာနဲ႔ ဝတ္စံုေတြကအစ ေရရွည္ၾကာလာတဲ့အခါမွာ က်န္းမာေရးဝန္ထမ္းေတြက ဒီေရာဂါကာကြယ္ႏုိင္ေရး အပိုင္းက ပစၥည္းေတြနဲ႔ စနစ္တက်စမ္းသပ္မႈ မလုပ္ႏုိင္ဘူးဆိုရင္ ေနာက္ထပ္ကူးစက္မႈ တက္လာဖို႔ ရွိတာေပါ့ေနာ္။ အဲ့ဒါကို ကုသႏုိင္ဖို႔က ကာကြယ္ဖို႔ နည္းလမ္းေပါင္းစံု သံုးရမွာေပါ့ေနာ္။ ခုနကေျပာသလို က်န္းမာေရးဝန္ထမ္းေတြကို ပစၥည္းအျပည့္အစံု ေထာက္ပံ့ေပးႏုိင္မွပဲ ကူးစက္မႈကို ေလွ်ာ့ခ်ႏိုင္မယ္လို႔ က်ေနာ္ကေတာ့ ျမင္တယ္ေပါ့ေနာ္။ ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္မႈ ေကာ္မတီကေန လူနာေတြရွိေနတဲ့ စင္တာေတြကို ကာကြယ္ေရးပစၥည္းေတြ ျပည့္ျပည့္စုံစံု ထားေပးမယ္ဆိုရင္ ေရာဂါကူးစက္မႈ ေလွ်ာ့ခ်ႏုိင္မယ္လို႔ ထင္ပါတယ္။”

က်န္းမာေရး၀န္ထမ္းေတြနဲ႔ ဆရာ၀န္ေတြ ကူးစက္မႈေလ်ာ့ပါးေစဖုိ႔ ေဆး႐ုံေဆးခန္းေတြကုိ ေရာက္လာတဲ့ လူနာေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြ လုိအပ္ေၾကာင္းလည္း ေဆးပညာရွင္ေတြက အႀကံျပဳၾကပါတယ္။

COVID-19 ကပ္ေရာဂါကာကြယ္ေရး ၀ုိင္း၀န္းႀကိဳးပမ္းေနၾကတဲ့ က်န္းမာေရး၀န္ထမ္းေတြ အပါအ၀င္ ေစတနာ့၀န္ထမ္း ကူညီသူေတြ အေနနဲ႔လည္း ကုိယ္တုိင္ကူးစက္မခံရေအာင္ အထူးသတိထားဖုိ႔ လုိတယ္လုိ႔ အေမရိကန္ျပည္ေထာင္စုက ေဆးသိပၸံပညာရွင္ ေဒါက္တာမင္းမင္းစိုးကလည္း သတိေပးပါတယ္။

“လူဆိုတာ သူမ်ားကိုမကူခင္မွာ ကိုယ့္ကိုယ္ကိုယ္ သတင္းအခ်က္အလက္ အရင္ဆံုး စုေဆာင္းရပါမယ္။ ေရာဂါကို ဘယ္လိုနည္းနဲ႔ ကာကြယ္မယ္၊ ဘယ္လိုနည္းနဲ႔ မျပန္႔ေအာင္လုပ္မလဲ၊ ကူမယ့္သူေတြကို ေသေသခ်ာခ်ာ သင္တန္းေတြ ေပးထားဖို႔လိုပါတယ္။ လိုအပ္တဲ့ ေရာဂါကာကြယ္မႈပိုင္းဆိုင္ရာ ဥပမာ ႏွာေခါင္းစည္း ဘယ္လိုတပ္မလဲ၊ လက္အိတ္ကို စနစ္တက် ဘယ္လိုဝတ္မလဲဆိုတဲ့ ပညာေပးမႈေတြအျပင္ လိုအပ္တဲ့ ကာကြယ္ေရး ပစၥည္းေတြကိုလည္း ေထာက္ပံ့ေပးထားဖို႔ လိုပါတယ္။ အဲ့လိုမွပဲ ကူမယ့္သူေတြ သူတို႔ကိုယ္သူတို႔ ကာကြယ္ၿပီးသား ျဖစ္သြားမယ္။ အထူးသျဖင့္ Quarantine လုပ္ထားတဲ့သူေတြကို သြားၿပီး ကူညီေပးတဲ့အခါမွာ အကာအကြယ္ေတြကို စနစ္တက် ဝတ္ဆင္ထားဖို႔လိုတယ္၊ အႏၱရာယ္ႀကီးတာေၾကာင့္ပါ။”

ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ကလည္း က်န္းမာေရး၀န္ထမ္းေတြ ေရာဂါကူးစက္ခံေနရတဲ့အေပၚ စုိးရိမ္ေၾကာင္း မၾကာေသးခင္ကဘဲ ေျပာဆုိထားတာပါ။ ေရာဂါကုိ ကာကြယ္ကုသ တုိက္ဖ်က္ရာမွာ ေရွ႕တန္းက ဦးေဆာင္ေနရတဲ့ က်န္းမာေရး၀န္ထမ္းေတြအတြက္ အကာအကြယ္ပစၥည္း အလုံအေလာက္ မရွိတာဟာလည္း အဓိကျပႆနာတခုအျဖစ္ WHO အႀကီးအကဲကလည္း သတိေပး ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------------

(Unicode)

မြန်မာကျန်းမာရေးဝန်ထမ်းတွေ ဗိုင်းရပ်စ်ကူးစက်မယ့် အန္တရာယ် ဆရာဝန်တွေ သတိပေး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူတွေထဲ ကျန်းမာရေးဝန်ထမ်းတွေပါ ပါဝင်လာတဲ့အတွက် မြန်မာဆေးပညာရှင်တွေ စိုးရိမ်မကင်း ဖြစ်လာနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးသူ ၃ ဦး အပါအဝင် ကူးစက်သူ ၄၀ လောက်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ခံနေရတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ လိုအပ်နေတဲ့အကြောင်း မြန်မာဆေးပညာရှင်တွေ သတိပေးနေကြတာပါ။

ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီနေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးကတော့ ဆေးရုံဆေးခန်းတွေမှာ လိုအပ်တဲ့ပစ္စည်းတွေ ဖြည့်ဆည်းပြီး ပြင်ဆင်ထားဖို့ လိုနေပြီလို့ အခုလိုပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ထမ်းပေါ့နော် ဆရာဝန်မမတယောက် ကူးစက်ခြင်းခံလိုက်ရတယ်။ ကျနော်တို့ လူနာကနေ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ တခြားသော ဆေးဘက်ဝန်ထမ်းတွေကို ကူးစက်နှုန်းကတော့ ဘာပဲဖြစ်ဖြစ် များတယ်ပြောရမယ်။ ကမ္ဘာ့သတင်းတွေမှာဆို ကူူးစက်မှုကြောင့် အသက်ဆုံးပါးသွားရသူတွေလည်း တွေ့ရတယ်။ အခု ဒီကူးစက်ခံရတဲ့ ဆရာဝန်မကတော့ လူနာရဲ့အသက်ကို ကယ်ရင်းနဲ့ သိရသလောက်ဆိုရင် Ventilator တပ်ဖို့အတွက် Tube ထည့်ဖို့ လုပ်တာပေါ့နော်။ ကိုယ့်ရဲ့အသက်ကို ပဓာနမထားဘဲနဲ့ လူနာရဲ့အသက်ကိုကယ်ဖို့ ကြိုးစားရင်းနဲ့ ဖြစ်သွားတာပေါ့။ လူနာရဲ့အသက်ကို လုကယ်ရင်းနဲ့ ဖြစ်သွားတာလည်း ရှိတာပေါ့နော်။

“ဘာပဲပြောပြော ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အတွက်တော့ သတိပေးသလိုတော့ ဖြစ်သွားပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့ နိုင်ငံတော်အပိုင်းကလည်း ကျနော်တို့ ဆရာဝန်တွေအတွက် လက်ရှိဆေးရုံကြီးတွေတင်မကဘဲ ဟိုးအဝေးက တိုက်နယ်ဆေးရုံတွေ တိုက်နယ်ဆရာဝန်တွေ တိုက်နယ်ဆေးဘက်ဝန်ထမ်းတွေ ဟိုးအောက်ခြေအထိ သွားပြီး အလုပ်လုပ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ကို ပြည့်ပြည့်စုံစုံနဲ့ ကာကွယ်မှုအပိုင်းက ပစ္စည်းတွေကို ပေးစေချင်တယ်။ Precaution လုပ်ရမယ့် Guidelines ညွှန်ကြားချက်တွေကိုလည်း ဒီ့ထက်ပိုပြီး ဘာများထပ်လုပ်သင့်သလဲ ဆိုတာကို လူကြီးတွေအနေနဲ့ ထပ်ပြီးတော့ အဝေးအထိရောက်အောင် ညွှန်ကြားပေးဖို့ အရေးကြီးပါတယ်။”

လူထုကျန်းမာရေး ပညာပေးနေတဲ့ ဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း ကျန်းမာရေးဝန်ထမ်းတွေကို ရောဂါကူးစက်ခံရတဲ့ အဖြစ်မျိုးနဲ့ မကြုံရအောင် ဆောင်ရွက်သင့်တာတွေကို အခုလို အကြံပြုထားပါတယ်။

“တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝတ်စုံတွေကအစ ရေရှည်ကြာလာတဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေက ဒီရောဂါကာကွယ်နိုင်ရေး အပိုင်းက ပစ္စည်းတွေနဲ့ စနစ်တကျစမ်းသပ်မှု မလုပ်နိုင်ဘူးဆိုရင် နောက်ထပ်ကူးစက်မှု တက်လာဖို့ ရှိတာပေါ့နော်။ အဲ့ဒါကို ကုသနိုင်ဖို့က ကာကွယ်ဖို့ နည်းလမ်းပေါင်းစုံ သုံးရမှာပေါ့နော်။ ခုနကပြောသလို ကျန်းမာရေးဝန်ထမ်းတွေကို ပစ္စည်းအပြည့်အစုံ ထောက်ပံ့ပေးနိုင်မှပဲ ကူးစက်မှုကို လျှော့ချနိုင်မယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်။ ကိုဗစ်ထိန်းချုပ်ကာကွယ်မှု ကော်မတီကနေ လူနာတွေရှိနေတဲ့ စင်တာတွေကို ကာကွယ်ရေးပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ထားပေးမယ်ဆိုရင် ရောဂါကူးစက်မှု လျှော့ချနိုင်မယ်လို့ ထင်ပါတယ်။”

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေ ကူးစက်မှုလျော့ပါးစေဖို့ ဆေးရုံဆေးခန်းတွေကို ရောက်လာတဲ့ လူနာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်းလည်း ဆေးပညာရှင်တွေက အကြံပြုကြပါတယ်။

COVID-19 ကပ်ရောဂါကာကွယ်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် စေတနာ့ဝန်ထမ်း ကူညီသူတွေ အနေနဲ့လည်း ကိုယ်တိုင်ကူးစက်မခံရအောင် အထူးသတိထားဖို့ လိုတယ်လို့ အမေရိကန်ပြည်ထောင်စုက ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးကလည်း သတိပေးပါတယ်။

“လူဆိုတာ သူများကိုမကူခင်မှာ ကိုယ့်ကိုယ်ကိုယ် သတင်းအချက်အလက် အရင်ဆုံး စုဆောင်းရပါမယ်။ ရောဂါကို ဘယ်လိုနည်းနဲ့ ကာကွယ်မယ်၊ ဘယ်လိုနည်းနဲ့ မပြန့်အောင်လုပ်မလဲ၊ ကူမယ့်သူတွေကို သေသေချာချာ သင်တန်းတွေ ပေးထားဖို့လိုပါတယ်။ လိုအပ်တဲ့ ရောဂါကာကွယ်မှုပိုင်းဆိုင်ရာ ဥပမာ နှာခေါင်းစည်း ဘယ်လိုတပ်မလဲ၊ လက်အိတ်ကို စနစ်တကျ ဘယ်လိုဝတ်မလဲဆိုတဲ့ ပညာပေးမှုတွေအပြင် လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးထားဖို့ လိုပါတယ်။ အဲ့လိုမှပဲ ကူမယ့်သူတွေ သူတို့ကိုယ်သူတို့ ကာကွယ်ပြီးသား ဖြစ်သွားမယ်။ အထူးသဖြင့် Quarantine လုပ်ထားတဲ့သူတွေကို သွားပြီး ကူညီပေးတဲ့အခါမှာ အကာအကွယ်တွေကို စနစ်တကျ ဝတ်ဆင်ထားဖို့လိုတယ်၊ အန္တရာယ်ကြီးတာကြောင့်ပါ။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံနေရတဲ့အပေါ် စိုးရိမ်ကြောင်း မကြာသေးခင်ကဘဲ ပြောဆိုထားတာပါ။ ရောဂါကို ကာကွယ်ကုသ တိုက်ဖျက်ရာမှာ ရှေ့တန်းက ဦးဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပစ္စည်း အလုံအလောက် မရှိတာဟာလည်း အဓိကပြဿနာတခုအဖြစ် WHO အကြီးအကဲကလည်း သတိပေး ပြောဆိုထားပါတယ်။

XS
SM
MD
LG