သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံ ၄၁ ဦးထိ တိုးလာ


ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ကာကွယ်နိုင်ရေး ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေး ဖျန်းနေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်အချို့။ မတ် ၂၉၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ကာကွယ်နိုင်ရေး ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေး ဖျန်းနေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်အချို့။ မတ် ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ နောက်ထပ် ၂ ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေ သန်းခေါင်ကျော် တနလာၤနေ့ မနက်အစောပိုင်းမှာ ကြေညာလိုက်တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၄၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းက ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် နောက်ဆုံးတွေ့ရှိတဲ့ ကူးစက်ခံရသူ နှစ်ဦးမှာ Case-040 ဟာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ Case-08၊ Case-028 တို့နဲ့ အတူနေ မိသားစုဝင် ဖြစ်ပါတယ်။ အဲဒီလူနာဟာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြသခဲ့တယ်လို့ ဆိုပါတယ်။

နောက်ကူးစက်ခံရသူတဦးဖြစ်တဲ့ Case-041 ကတော့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦး ဖြစ်ပါတယ်။ သူဟာ Case-024၊ Case-034၊ Case-035၊ Case-036 နဲ့ Case-037 တို့နဲ့ ဘာသာရေးအခမ်းအနား အတူတက်ရောက်ခဲ့ဖူးတဲ့ ရာဇဝင်ရှိခဲ့တယ်လု့ိ ဆိုပါတယ်။

လက်ရှိ အင်းစိန် ပြည်သူ့ဆေးရုံကြီးကနေ ဝေဘာဂီ အထူးကုဆေးရုံကို လွှဲပြောင်းကုသဖို့ စီစဉ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ တရားဝင်စာရင်းအရ လက်ရှိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း လေးဦးရှိနေပါပြီ။ နောက်ဆုံးသေဆုံးသွားတဲ့ လေးဦးမြောက် လူနာဟာ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က အသက် ၈၅ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ပြည်ပခရီးသွားခဲ့ဖူးတဲ့ ရာဇဝင် မရှိသူဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ သင်္ကြန်ကာလအတွင်း လူတွေ နေအိမ်တွေထဲမှာပဲ နေကြဖို့၊ လူစုလူဝေး ရေကစားတာတွေ မလုပ်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားသလို ခုလို နှစ်သစ်ကူးရာသီမှာ ကိုယ့်ရပ်ဌာနပြန်ကြတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း ဒီနှစ်မှာ မပြန်ကြဖို့ အစိုးရက တားမြစ်ထားပါတယ်။

ရပ်ကွက်တွေထဲမှာ အုန်းလက်မဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ်တွေ မလုပ်ကြဖို့လည်း သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတွေက လိုက်လံသတိပေးတာတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)









XS
SM
MD
LG