သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သႀကၤန္အႀကိဳည မူဆယ္မွာ ေပါက္ကဲြမႈေတြျဖစ္ပြား


ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕က လမ္းမွာ ထရပ္ကားမ်ားသြားေနပံု (ဇန္န၀ါရီ ၁၂၊ ၂၀၁၉)

(Zawgyi/Unicode)

တ႐ုတ္-ျမန္မာနယ္စပ္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွာ သၾကၤန္အႀကိဳေန႔ညက ေပါက္ကဲြမႈ ႏွစ္ႀကိမ္ ဆက္တိုက္ျဖစ္ပြားခဲ့ပါတယ္။ ဒီေပါက္ကဲြမႈေၾကာင့္ လူအထိအခိုက္ အေသအေပ်ာက္မရွိေပမဲ့ COVID-19 ေရာဂါေၾကာင့္ ေသာကမ်ားေနခ်ိန္မွာ ျဖစ္ပြားတာေၾကာင့္ စိုးရိမ္စိတ္ ပိုခဲ့ၾကရေၾကာင္း ေဒသခံေတြက ေျပာဆိုတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပသြားပါမယ္။

ဒီဗံုးေပါက္ကဲြတာနဲ႔ ပတ္သက္လို႔ ေဒသခံတစ္ဦးက အခုလို ေျပာျပပါတယ္။

“၂ လံုးကဲြတယ္။ တစ္လံုးက MPT ရံုးေရွ႕မွာ၊ တစ္လံုးက မီးပြိဳင့္အနီးမွာျဖစ္တာ။ အခ်ိန္အၾကာႀကီးမဟုတ္ဘူး။ ဆက္တိုက္ပဲ၊ ၁၀ နာရီခဲြေလာက္မွာ အသံထြက္ခဲ့တာပဲ။ အဲဒါပဲ ၾကားတာ။ ရံုး MPT ရံုး နည္းနည္း ထိခိုက္တယ္။ ပုဂၢလိကကား တစ္စီးထိတယ္။ လူတေယာက္မွ မထိဘူး။”

ေပါက္ကဲြမႈဟာ မူဆယ္ၿမိဳ႕ ဟိုမြန္ရပ္ကြက္၊ ျပည္ေထာင္စုလမ္းမႀကီးမွာ ျဖစ္ခဲ့တာလို႔လည္း ေဒသခံေတြက ေျပာပါတယ္။

“ဗံုးက ၂ လံုးကဲြတာဗ်။ မေန႔ည ၁၀ နာရီခဲြ ေလာက္ကေပါ့ေနာ္။ ၿမိဳ႕ထဲမွာ ဝုန္းဆိုၿပီး အသံ ၂ ခ်က္ ၾကားလိုက္ရတာေပါ့။ အသံက်ယ္တယ္။ ေျမႀကီးေတြ တုန္သြားတယ္။ အဲဒါနဲ႔ က်ေနာ္တို႔ သြားၾကည့္တဲ့အခါက် မူဆယ္ ျမန္မာ့ဆက္သြယ္ေရး MPT ဆင္းကတ္အေရာင္းဆိုင္နဲ႔ ျမန္မာ့စာတိုက္နားမွာ ဗံုး ၂ လံုး ကဲြပါတယ္။ ဗံုးကဲြတဲ့အတြက္ လူေတာ့ ထိခိုက္မႈ မရွိေပမဲ့ ကား၂ စီး ထိခိုက္ပ်က္ဆီးတယ္။ အဲဒီ MPT ဆက္သြယ္ေရးရံုးခန္းရဲ႕ ဖုန္းကတ္အေရာင္းဆိုင္လည္း ပ်က္ဆီးသြားပါတယ္။”

စီစီတီဗြီ မွတ္တမ္းအရ လူငယ္ ၂ ေယာက္က ဆိုင္ကယ္နဲ႔ လာၿပီး ေဖာက္ခဲြတာလို႔ သိရေၾကာင္းနဲ႔ ဘာေၾကာင့္ ခဲြတယ္ဆိုတာေတာ့ အတိအက် မသိရေၾကာင္းေျပာပါတယ္။

COVID-19 ကပ္ေရာဂါျဖစ္ေနခ်ိန္ အခုလိုေပါက္ကဲြတာေၾကာင့္ လူေတြ ပိုၿပီး စိုးရိမ္မကင္းျဖစ္ေနေၾကာင္းလည္း ဦးေသာင္းထြန္းက အခုလို ဆက္ေျပာပါတယ္။

“မူဆယ္တစ္ၿမိဳ႕လံုးလည္း စိုးရိမ္ထိတ္လန္႔ရတယ္ေပါ့ေနာ္။ အခုဒီလို ေရာဂါဆိုးျဖစ္ေနတဲ့ အားလံုးေၾကာက္လန္႔ေနတဲ့အခ်ိန္နဲ႔ ဒီလို မိုင္းကဲြတာနဲ႔ဆိုေတာ့ က်ေနာ္တို႔ကေတာ့ ၿမိဳ႕လူထုကေတာ့ စိုးရိမ္မကင္းျဖစ္မိတာေပါ့ဗ်။ ”

ေလာေလာဆယ္ေတာ့ တရားခံကို စံုစမ္းေဖာ္ထုတ္တဲ့ သတင္းေတာ့ မၾကားသိရေသးပါဘူး။

ေပါက္ကဲြမႈနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖဲြ႕ကို ေမးျမန္းႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ေျဖၾကားမယ့္ တာ၀န္ရွိသူ မရွိေၾကာင္းသာ တံု႔ျပန္ခဲ့ပါတယ္။

မူဆယ္ၿမိဳ႕ဟာ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးရဲ႕ အခ်က္အခ်ာ စခန္းျဖစ္သလို မူဆယ္ၿမိဳ႕ အနီးပတ္၀န္းက်င္ဟာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ႀကီးစိုးလႈပ္ရွားတဲ့ေနရာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သင်္ကြန်အကြိုည မူဆယ်မှာ ပေါက်ကွဲမှုတွေဖြစ်ပွား

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ သင်္ကြန်အကြိုနေ့ညက ပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူအထိအခိုက် အသေအပျောက်မရှိပေမဲ့ COVID-19 ရောဂါကြောင့် သောကများနေချိန်မှာ ဖြစ်ပွားတာကြောင့် စိုးရိမ်စိတ် ပိုခဲ့ကြရကြောင်း ဒေသခံတွေက ပြောဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြသွားပါမယ်။

ဒီဗုံးပေါက်ကွဲတာနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

“၂ လုံးကွဲတယ်။ တစ်လုံးက MPT ရုံးရှေ့မှာ၊ တစ်လုံးက မီးပွိုင့်အနီးမှာဖြစ်တာ။ အချိန်အကြာကြီးမဟုတ်ဘူး။ ဆက်တိုက်ပဲ၊ ၁၀ နာရီခွဲလောက်မှာ အသံထွက်ခဲ့တာပဲ။ အဲဒါပဲ ကြားတာ။ ရုံး MPT ရုံး နည်းနည်း ထိခိုက်တယ်။ ပုဂ္ဂလိကကား တစ်စီးထိတယ်။ လူတယောက်မှ မထိဘူး။”

ပေါက်ကွဲမှုဟာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးမှာ ဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“ဗုံးက ၂ လုံးကွဲတာဗျ။ မနေ့ည ၁၀ နာရီခွဲ လောက်ကပေါ့နော်။ မြို့ထဲမှာ ဝုန်းဆိုပြီး အသံ ၂ ချက် ကြားလိုက်ရတာပေါ့။ အသံကျယ်တယ်။ မြေကြီးတွေ တုန်သွားတယ်။ အဲဒါနဲ့ ကျနော်တို့ သွားကြည့်တဲ့အခါကျ မူဆယ် မြန်မာ့ဆက်သွယ်ရေး MPT ဆင်းကတ်အရောင်းဆိုင်နဲ့ မြန်မာ့စာတိုက်နားမှာ ဗုံး ၂ လုံး ကွဲပါတယ်။ ဗုံးကွဲတဲ့အတွက် လူတော့ ထိခိုက်မှု မရှိပေမဲ့ ကား၂ စီး ထိခိုက်ပျက်ဆီးတယ်။ အဲဒီ MPT ဆက်သွယ်ရေးရုံးခန်းရဲ့ ဖုန်းကတ်အရောင်းဆိုင်လည်း ပျက်ဆီးသွားပါတယ်။”

စီစီတီဗွီ မှတ်တမ်းအရ လူငယ် ၂ ယောက်က ဆိုင်ကယ်နဲ့ လာပြီး ဖောက်ခွဲတာလို့ သိရကြောင်းနဲ့ ဘာကြောင့် ခွဲတယ်ဆိုတာတော့ အတိအကျ မသိရကြောင်းပြောပါတယ်။

COVID-19 ကပ်ရောဂါဖြစ်နေချိန် အခုလိုပေါက်ကွဲတာကြောင့် လူတွေ ပိုပြီး စိုးရိမ်မကင်းဖြစ်နေကြောင်းလည်း ဦးသောင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“မူဆယ်တစ်မြို့လုံးလည်း စိုးရိမ်ထိတ်လန့်ရတယ်ပေါ့နော်။ အခုဒီလို ရောဂါဆိုးဖြစ်နေတဲ့ အားလုံးကြောက်လန့်နေတဲ့အချိန်နဲ့ ဒီလို မိုင်းကွဲတာနဲ့ဆိုတော့ ကျနော်တို့ကတော့ မြို့လူထုကတော့ စိုးရိမ်မကင်းဖြစ်မိတာပေါ့ဗျ။ ”

လောလောဆယ်တော့ တရားခံကို စုံစမ်းဖော်ထုတ်တဲ့ သတင်းတော့ မကြားသိရသေးပါဘူး။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖြေကြားမယ့် တာဝန်ရှိသူ မရှိကြောင်းသာ တုံ့ပြန်ခဲ့ပါတယ်။

မူဆယ်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာ စခန်းဖြစ်သလို မူဆယ်မြို့ အနီးပတ်ဝန်းကျင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးလှုပ်ရှားတဲ့နေရာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG