သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ဒုတိယလှိုင်းကြောင့် နယူးဒေလီမြို့တော် ၆ ရက်ကြာ Lockdown ချမှတ်


(Zawgyi/Unicode)
အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီမှာ COVID-19 လူနာ စံချိန်တင် များလာပြီး ကျန်းမာရေး စောင့်ရှောက်မှု မနိုင်မနင်း ဖြစ်လာတာနဲ့ အတူဘဲ မြို့တော် နယူးဒေလီကို ၆ ရက်ကြာ အသွားအလာ ကန့်သတ်တားမြစ်မှု Lockdown ချမှတ်ကြောင်း တနလာၤနေ့မှာ ကြေညာပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဒုတိယ တကျော့ ဖြစ်လာနေချိန်မှာဘဲ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson လည်း နောက်သီတင်းပတ်ထဲ New Delhi ကို သွားမယ့် ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ဗြိတိန် - အိန္ဒိယ ဆက်ဆံရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အွန်လိုင်းကနေ ကျင်းပမယ့် အကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

နယူးဒေလီ မြို့တော်မှာ အရေးပေါ် ကုသပေးဖို့ အတွက် ကုတင် နေရာ ၁၀၀ လောက်ဘဲ ကျန်ရှိပြီး အောက်ဆီဂျင်နဲ့ အရေးကြီးတဲ့ ဆေးဝါးတွေလည်း လက်ကျန် သိပ်မရှိတော့တဲ့ အကြောင်း နယူးဒေလီ မြို့တော် အုပ်ချုပ်ရေးမှူး Arvind Kejriwal က တနလာၤနေ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒေလီမြို့တော်မှာ COVID-19 လူနာ အများကြီးကို လက်ခံ ကုသပေးနိုင်တဲ့ အခြေအနေ မရှိတော့တဲ့ အကြောင်း၊ မြို့တော်မှာ အသွားအလာ ကန့်သတ် ပိတ်ပင်မှု မချရင် အကြီးအကျယ် ဒုက္ခတွေ့နိုင်ကြောင်း ဒေလီမြို့တော် အုပ်ချုပ်ရေးမှူး ရှင်းပြခဲ့တာပါ။

ဒေလီမြို့တော်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြိုလဲသွားပြီလို့ ပြောတာ မဟုတ်ပေမယ့်လည်း အကန့်အသတ်နဲ့ဘဲ ဆောင်ရွက်နိုင်တော့မှာ ဖြစ်တဲ့ အတွက် တင်းတင်းကြပ်ကြပ် အရေးယူ မဆောင်ရွက်ရင် ပြိုလဲသွားနိုင်ပါတယ်လို့လည်း အုပ်ချုပ်ရေးမှူးက ထပ်လောင်း ပြောပါတယ်။

လာမယ့် တနလာၤနေ့ထိ Lockdown ချထားတဲ့ လူဦးရေ သန်း ၂၀ ရှိတဲ့ ဒေလီမြို့တော်မှ နေ့စဉ် COVID-19 လူနာက ၂၅,၀၀၀ ထိ စံချိန်တင် များလာနေတာပါ။ အိန္ဒိယနိုင်ငံရဲ့ တခြား မြို့ကြီး တချို့လည်း အသွားအလာ ကန့်သတ်ပိတ်ပင်မှု - Lockdown ချမှတ်ထားပါတယ်။ မွန်ဘိုင်းမြို့မှာ ကုန်ထုတ်လုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အများပြည်သူဆိုင်ရာ နေရာ အများစုကို ဒီလကုန် အထိ ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)






XS
SM
MD
LG