(Zawgyi/Unicode)
မြန်မာနိုင်ငံမှ ပြီးခဲ့တဲ့ အင်္ဂါနေ့အထိ ကိုဗစ်လူနာ အရေအတွက် ၁၄၂,၆၆၁ ဦးအထိ မြင့်တက်လာတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဝှာသတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်သူ အသစ် ၁၇ ဦး တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး ဆေးရုံဆင်းလူနာ ၁၃၁ ၉၀၈ ဦးရှိနဲ့ သေဆုံးသူ ၃၂၀၆ ဦးထက်မနည်း ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အိမ်နီးချင်းတရုတ်နိုင်ငံမှာတော့ COVID-19 ကူးစက်သူအသစ် ၂၁ ဦးတွေ့ရှိတဲ့အနက် ၁၉ ဦးက ပြည်ပက ဝင်ရောက်လာသူတွေဖြစ်ပြီး ၂ ဦးက ဒေသခံတွေဖြစ်တယ်လို့ တရုတ်အမျိူးသား ကျန်းမာရေး ကော်မရှင် က သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူနဲ့သံသယ လူနာ မတွေ့ရှိရဘူးလို့ဆိုပါတယ်။
.............
(Unicode)