သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ပွဲပျော်ပါးသူ မြန်မာ ၄၀ ခန့် ထိုင်းနဲ့မလေးမှာဖမ်းခံရ


သင်္ကြန်ပွဲပျော်ပါးသူ မြန်မာ ၄၀ ခန့် ထိုင်းနဲ့မလေးမှာဖမ်းခံရ
သင်္ကြန်ပွဲပျော်ပါးသူ မြန်မာ ၄၀ ခန့် ထိုင်းနဲ့မလေးမှာဖမ်းခံရ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံမှာ ကိုဗစ် အရေးပေါ်ကာလအတွင်း လူစုလူဝေးနဲ့ သင်္ကြန်ပွဲပျော်ပါးကြတဲ့ မြန်မာ ၄၀ လောက်ကို ထိုင်းနဲ့မလေးအာဏာပိုင်တွေကဖမ်းဆီးလိုက်ပြီး ကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေး ဥပဒေအရ အရေးယူမယ်လို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ နံထဘူရီ ပြည်နယ် Nonthaburi ဘန့်ယိုင်မြို့နယ် အတွင်းမှာသကြန်တွင် းပါတီပွဲလုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အုပ်စုလိုက် ကခုန်နေကြတာကို ထိုင်းနိုင်ငံ လူမှုကွန်ယက်တွေမှာ ဝေဖန်မူ့တွေ ထွက်ပေါ်အပြီး အဲဒီပွဲမှာပါဝင်ကြတဲ့ မြန်မာ၂၀လောက်ကို ဖမ်းဆီးအရေးယူလိုက်ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က အလုပ်သမားရေးလုှပ်ရှားသူ ကိုရဲမင်းကအခုလိုပြောပြပါတယ်။

"ထိုင်းနိုင်ငံ နွံထဘူရီခရိုင် ဘန့်ယိုင်မြိုနယ်ထဲက အလုပ်သမား၂၀ လောက်က သင်္ကြန်တွင်းမှာ အိမ်ခန်းတွေမှာ ပါတီပွဲလုပ်တယ်၊ ပျော်ပါးကြတယ်ပေါ့။ ကခုန်ကြတယ်။ ထိုင်းမှာ ကိုဗစ်ဥပဒေအရ သင်္ကြန်ပွဲမလုပ်ရလို့ တားထားတာ။ ပြစ်ဒဏ်တွေလည်းထားတယ်။ သူတို့က ပျော်ကြပြီး မျက်နှာတွေလည်းမအုပ်ထားဘူ။း သူတို့ပျော်ရွင်မူတွေကိုထုတ်ဖော်ပြတော့ ထိုင်းလူထုက အတော်သိကုန်တယ်။ ထိုင်းအွန်လိုင်းမီဒီယာတွေမှာ ထိုင်းလူထုက ဝေဖန်မူတွေဖြစ်လာတော့ အဲဒီကိုသွားပြီး ထိုင်းရဲတပ်ဖွဲ့က လူတွေကိုရှာဖမ်းကြတာ။ အယောက် ၂၀။ ထိုင်းတိုက်ခန်းပိုင်ရှင်လည်း စစ်ဆေးခံရတယ်"

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီက လူ ၇၀၀ကျော်ပစ်သတ်ခံရမူတွေဖြစ်တာကြောင့် မဟာသင်္ကြန်ပွဲကိုစည်ကားစွာ လုပ်လေ့ရှိတဲ့မြန်မာတွေဟာ အပျော်အနေနဲ့ သင်္ကြန်ပွဲမလုပ်ကြပဲကန့်ကွက်မူတွေနဲ့သာ သင်္ကြန်သပိတ်ဆင်နွဲကြပါတယ်။

အလားတူ မြန်မာ ၃သန်းထက်မနည်းရှိနေတဲ့ ထိုင်းရောက်မြန်မာတွေဟာလည်း ပျော်ပွဲရွင်ပွဲတွေမလုပ်ကြသလို ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကူးစက်မူတွေဖြစ်နေတာမို့ သင်္ကြန်ပွဲကို မကျင်းပဖို့ ပိတ်ပင်ထားတာပါ။ ထိုင်းရောက် မြန်မာအများစုကတော့ ပျော်ရွှင်ပွဲကိုမလုပ်ကြဘူးလို့လည်း ကိုရဲမင်းကပြောပါတယ်။

"လူတွေ ပူဆွေးပြီးဝမ်းနည်းနေချိန်မှာ မြန်မာပြည်တွင်းမှာလည်း ပျော်ပွဲရွင်ပွဲတွေဘယ်သူမှ မလုပ်ကြဘူး။
ထိုင်းနိုင်ငံမှာ လည်းမြန်မာအလုပ်သမားတွေ ၉၉ရာခိုင်နှုံးလောက်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲမလုပ်ဘူး။ မြန်မာနွေဦးတော်လှန်ရေးအတွက် ဘယ်လို့တွေ အဝေးကနေကူညီရမလဲ ဆိုတာကိုပဲလုပ်နေကြတာပါ"

အလားတူ မလေးရှားနိုင်ငံ Bukit Mertajam မြိုမှာလည်း သင်္ကြန်ကာလမှာ မြန်မာနိုင်ငံသား ၂၀ကျော် သင်္ကြန်ပါတီပွဲလုပ်တဲ့အတွက် ကိုဗစ်ကာကွယ်ထိမ်းချုပ်ရေး ဥပဒေအရ အမျိုးသမီးတဦး အပါအဝင်မြန်မာအလုပ်သမား ၂၁ ယောက်ကို ဧပြီလ ၁၉ ရက်၊ တနင်္လာနေံက ဖမ်းဆီးခဲ့ပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ မလေးရှားအာဏာပိုင်တွေကို ကိုးကားပြီး မလေးရှားသတင်းတွေမှာဖော်ပြကြပါတယ်ရှင်။

.............................

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}








XS
SM
MD
LG