သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီျပန္လည္ထူေထာင္ေရး ကန္နဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ႏွစ္ဦးေဆြးေႏြး


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ အိႏိၵယျပည္ပေရးရာဝန္ႀကီး ေဒါက္တာ S Jaishankar။ (မွတ္တမ္းဓာတ္ပံု - AFP Comb)

[Zawgyi/Unicode]

ျမန္မာႏုိုင္ငံမွာ ဒီမုိကေရစီ ျပန္လည္ထူေထာင္ေရးအတြက္ အေမရိကန္နဲ႔ အိႏိၵယ ႏွစ္ႏုိင္ငံစလံုးက ေထာက္ခံၾကတဲ့အေၾကာင္း ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးေတြ တယ္လီဖုန္းဆက္သြယ္ ေဆြးေႏြးခ်ိ္န္အတြင္း ေျပာဆိုခဲ့ၾကတယ္လုိ႔ အေမရိကန္နုိင္ငံျခားေရးဌာနရဲ႕ တနလၤာေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီမိုကေရစီ တန္ဖိုးေတြေပၚ ဘံုတူညီတဲ့သႏိၷ႒ာန္ အခိုုင္အမာရွိေၾကာင္းလည္း အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ အိႏိၵယျပည္ပေရးရာဝန္ႀကီး ေဒါက္တာ S Jaishankar တို႔က ထပ္ေလာင္း အာမခံခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ျဖစ္ေပၚေနတဲ့ အၾကပ္အတည္းနဲ႔ပတ္သက္လို႔ လာမယ့္ စေနေန႔က်ရင္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) မွာ ေဆြးေႏြးဖို႔ရွိေနခ်ိန္မွာပဲ အေမရိကန္နဲ႔ အိႏိိၵယ ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ေျပာဆိုခ်က္ ထြက္လာတာပါ။

အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္က အာဆီယံဌာနခ်ဳပ္မွာ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ကန္႔သတ္ခ်က္ေတြနဲ႔အညီ က်င္းပမယ္လို႔ သတင္းထြက္ထားတဲ့ ဒီထိပ္သီးအစည္းအေဝးကို စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ လူကိုယ္တိုင္တက္ေရာက္မယ္လို႔ ထိုင္းအစိုးရ တာဝန္ရွိသူတဦးက စေနေန႔မွာ ေျပာခဲ့ေပမဲ့ စစ္ေကာင္စီဘက္က ဒါနဲ႔ပတ္သက္ၿပီး ဘာမွမေျပာေသးပါဘူး။

ဒါေပမဲ့လည္း အာဆီယံထိပ္သီးအစည္းအေဝး က်င္းပမွာနဲ႔ ပတ္သက္လို႔ လက္ရွိအလွည့္က်ဥကၠ႒ျဖစ္တဲ့ ဘ႐ူႏုိင္းႏုိင္ငံဘက္ အတည္ျပဳခ်က္ကို ခုခ်ိန္ထိမရေသးဘူးလို႔ အင္ဒိုနီးရွားႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Teuku Faizasyah က ဗီြအိုေအကို တနလၤာေန႔ကေျပာပါတယ္။

"အာဆီယံထိပ္သီးအစည္းအေဝး က်င္းပမွာျဖစ္ေပမယ့္ က်င္းပမယ့္ရက္နဲ႔ တျခားကိစၥေတြက အာဆီယံဥကၠ႒ ဘ႐ူႏုိင္းႏုိင္ငံေပၚမွာ မူတည္ပါတယ္၊ အစီအစဥ္အတိုင္း အလုပ္ျဖစ္ေစဖို႔ တျခားအဖြဲ႔ဝင္ႏုိင္ငံေတြနဲ႔လည္း ညွိႏိႈင္းေနပါတယ္၊ ဒါကို က်ေနာ္တုိ႔လုပ္ေနပါတယ္။" လို႔ ေျပာခြင့္ရ Faizasyah ကေျပာပါတယ္။

ဒီအစည္းအေဝးကိုတက္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ကဖြဲ႔စည္းထားတဲ့ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ကိုလည္းဖိတ္ဖို႔ တုိုက္တြန္းေတာင္းဆိုေနၾကတဲ့ထဲမွာ အာဆီယံေဒသတြင္းက လႊတ္ေတာ္အမတ္ေတြလည္း ပါဝင္ပါတယ္။

အမ်ဳိးသားညီၫြတ္ေရးအစိုးရဘက္က ေျပာတာကို နားမေထာင္ဘဲနဲ႔ ျမန္မာႏိုင္ငံအေျခအေနကို အာဆီယံအေနနဲ႔ ေကာင္းေကာင္းေဆြးေႏြးႏုိင္မွာ မဟုတ္ဘူးလို႔ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံ လႊတ္ေတာ္အမတ္မ်ားအဖြဲ႔ (APHR) ရဲ႕ ဥကၠ႒၊ မေလးရွားလႊတ္ေတာ္အမတ္ Charles Santiago က APHR ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

ဆိုးရြားတဲ့ စစ္အစိုးရကို လံုးဝလက္မခံတဲ့ ျမန္မာလူထုကိုကိုယ္စားျပဳၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ဒီအစည္းအေဝးကို တက္ေရာက္တာ မဟုတ္ဘူးဆိုတာကို အာဆီယံအေနနဲ႔ လံုးဝရွင္းရွင္းလင္းလင္း ျပရလိမ့္မယ္လုိ႔လည္း မစၥတာ Santiago ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ဒီမိုကရေစီပြန်လည်ထူထောင်ရေး ကန်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နှစ်ဦးဆွေးနွေး

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ထောက်ခံကြတဲ့အကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးချိန်အတွင်း ပြောဆိုခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီ တန်ဖိုးတွေပေါ် ဘုံတူညီတဲ့သန္နိဋ္ဌာန် အခိုင်အမာရှိကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S Jaishankar တို့က ထပ်လောင်း အာမခံခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းနဲ့ပတ်သက်လို့ လာမယ့် စနေနေ့ကျရင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) မှာ ဆွေးနွေးဖို့ရှိနေချိန်မှာပဲ အမေရိကန်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ပြောဆိုချက် ထွက်လာတာပါ။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်က အာဆီယံဌာနချုပ်မှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေနဲ့အညီ ကျင်းပမယ်လို့ သတင်းထွက်ထားတဲ့ ဒီထိပ်သီးအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင်တက်ရောက်မယ်လို့ ထိုင်းအစိုးရ တာဝန်ရှိသူတဦးက စနေနေ့မှာ ပြောခဲ့ပေမဲ့ စစ်ကောင်စီဘက်က ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောသေးပါဘူး။

ဒါပေမဲ့လည်း အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပမှာနဲ့ ပတ်သက်လို့ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံဘက် အတည်ပြုချက်ကို ခုချိန်ထိမရသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနပြောခွင့်ရ Teuku Faizasyah က ဗွီအိုအေကို တနင်္လာနေ့ကပြောပါတယ်။

"အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပမှာဖြစ်ပေမယ့် ကျင်းပမယ့်ရက်နဲ့ တခြားကိစ္စတွေက အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံပေါ်မှာ မူတည်ပါတယ်၊ အစီအစဉ်အတိုင်း အလုပ်ဖြစ်စေဖို့ တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ညှိနှိုင်းနေပါတယ်၊ ဒါကို ကျနော်တို့လုပ်နေပါတယ်။" လို့ ပြောခွင့်ရ Faizasyah ကပြောပါတယ်။

ဒီအစည်းအဝေးကိုတက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်းဖိတ်ဖို့ တိုက်တွန်းတောင်းဆိုနေကြတဲ့ထဲမှာ အာဆီယံဒေသတွင်းက လွှတ်တော်အမတ်တွေလည်း ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဘက်က ပြောတာကို နားမထောင်ဘဲနဲ့ မြန်မာနိုင်ငံအခြေအနေကို အာဆီယံအနေနဲ့ ကောင်းကောင်းဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ရဲ့ ဥက္ကဋ္ဌ၊ မလေးရှားလွှတ်တော်အမတ် Charles Santiago က APHR ရဲ့ ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဆိုးရွားတဲ့ စစ်အစိုးရကို လုံးဝလက်မခံတဲ့ မြန်မာလူထုကိုကိုယ်စားပြုပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီအစည်းအဝေးကို တက်ရောက်တာ မဟုတ်ဘူးဆိုတာကို အာဆီယံအနေနဲ့ လုံးဝရှင်းရှင်းလင်းလင်း ပြရလိမ့်မယ်လို့လည်း မစ္စတာ Santiago ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG