သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဲခူးၿမိဳ႕ သပိတ္လႈပ္ရွားသူေတြကို ရွာေဖြဖမ္းဆီးေန


ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ပဲခူးဆႏၵျပပြဲ ျမင္ကြင္း။ (ဓာတ္ပံု - Burma VJ - ေဖေဖာ္ဝါရီ ၉၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈကုိ အခိုင္အမာဆန္႔က်င္ခဲ့တဲ့ ပဲခူးၿမိဳ႕ကို စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြပါသံုး ႏွိမ္နင္းခဲ့ၿပီးေနာက္ ဆႏၵျပသပိတ္မွာ ပါဝင္သူေတြ CDM လႈပ္႐ွားမႈမွာ ပါဝင္တဲ့ ဝန္ထမ္းေတြကို လုိက္လံ႐ွာေဖြ ဖမ္းဆီးေနပါတယ္။ ဘုန္းႀကီးေက်ာင္းေတြပါ မခ်န္လိုက္လံ ႐ွာေဖြဖမ္းဆီးေနတဲ့အတြက္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ဗီြအိုေအသတင္းေထာက္နိုင္ကြန္းအိန္က သတင္းပို႔ပါတယ္။

ပဲခူးၿမိဳ႕မွာ ခံတပ္လုိ အတားအဆီးေတြ ကာရံဆႏၵျပမႈေတြကို တပ္ေတြက အျပင္းအထန္ႏွိမ္နင္းခဲ့ၿပီးထဲက ဆႏၵျပမႈေတြပါ ပါဝင္လႈပ္႐ွားသူေတြကို လိုက္လံ ႐ွာေဖြ ဖမ္းဆီးေနပါတယ္။ ဆႏၵျပသပိတ္ကို ဦးေဆာင္သူေတြ၊ CDM အာဏာဖီဆန္လႈပ္႐ွားမႈမွာ ပါတဲ့ဝန္ထမ္းေတြကို လိုက္လံဖမ္းဆီးမႈေတြ အခုရက္ပိုင္းေတြမွာ ပိုလုပ္လာတာျဖစ္ပါတယ္။ သူတို႔ ပုန္းေနႏိုင္တယ္လို႔ သံသယ႐ွိတဲ့ ဘုန္းႀကီးေက်ာင္းေတြထဲအထိ လုိက္လံ႐ွာေဖြေနတယ္လို႔ ပဲခူးၿမိဳ႕ခံတေယာက္က ေျပာျပပါတယ္။

"ဒီေန႕ေမႊတယ္ေျပာတယ္။ ဒီေန႕ေမႊတယ္။ အဲဒီဘက္မွာလည္း သပိတ္ေခါင္းေဆာင္ေတြ ပုန္းေနတယ္အသံၾကားရေတာ့ သူက ၾကားတဲ့ေနရာ အကုန္လိုက္ေမႊတယ္။ မေန႔ကဆို ဒီပဲခူးထဲက ဘုန္းႀကီးေက်ာင္းေတြ၊ ဘာေတြလိုက္ေမႊတယ္။ မေန႔ကဆိုရင္ပရဟိတေခါင္းေဆာင္တေယာက္ အဲဒီအုတ္ဂူေရႊ႕ေနရင္းနဲ႕ေပါ့။ ေမးစရာရွိတယ္ဆိုၿပီး စခန္းကို ေခၚသြားတယ္ဗ်။ ကိုကုလားတဲ့အသက္က ၅၀ ေက်ာ္ၿပီးေပါ့။ ပဲခူးၿမိဳ႕မွာပဲ။ ဟိုေရာက္ေတာ့ ၅၀၅ နဲ႔ အမႈဖြင့္ၿပီး တခါထဲဖမ္းလိုက္တယ္။ ဒီေန႔ကို ေနာက္ထပ္သြင္းကုန္ထုတ္ကုန္ပုဒ္မနဲ႔ ဆက္ၿပီးတပ္ေခၚတာေပါ့။"

ပဲခူးၿမိဳ႕ထဲမွာဆိုရင္လည္း ဆႏၵျပခဲ့သူ လူငယ္အမ်ားအျပား နယ္ဘက္ကို တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံလူငယ္တဦးက ေျပာပါတယ္။

"အခု က်ေနာ္တို႔ ၿမိဳ႕တြင္းဘက္က ရပ္ကြက္ေတြဆို ရပ္ကြက္တခုလုံးနီးပါး လူမရွိေတာ့ဘူး။ လူငယ္ေတာ္ေတာ္နည္း သြားတာေပါ့။ ရပ္ကြက္ ၃၊ ၄ ခုကေတာ့ မရွိေတာ့ဘူး။ ခန္႕မွန္းေျခေတာ့ ၁,၀၀၀ နားတာ့ကပ္မယ္ထင္တယ္။ လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ား မရွိေတာ့ဘူးေလ။"

အဖမ္းခံရမွာစိုးလို႔ ထြက္ေျပးသူေတြ ႐ွိေနသလို အဖမ္းခံရသူေတြလည္း ႐ွိပါတယ္။ CDM လႈပ္ရွားမႈမွာ ပါ၀င္ခဲ့တဲ့ က၀ၿမိဳ႕နယ္က ေက်ာင္းဆရာမႏွစ္ဦး မၾကာခင္ရက္ကပဲ ဖမ္းဆီးခံရတယ္လို႔ ပဲခူးၿမိဳ႕ခံ ပညာေရး၀န္ထမ္း တေယာက္ကလည္း ေျပာျပပါတယ္။

"ဟိုတေန႕ကေတာ့ CDM ဆရာမႏွစ္ေယာက္ကို ဖမ္းသြားတယ္ေလ။ တပ္သား ေလး၊ ငါးေယာက္ေလာက္ေပါ့... အိမ္ကို ၀ိုင္းၿပီး၀င္ဖမ္းၾကတာ။ က၀ၿမိဳ႕နယ္ ကေလးေက်းရြာ ဆရာမႏွစ္ေယာက္က ေဒၚျမင့္ျမင့္စန္းနဲ႔ ေဒၚမိုးပပ၀င္း၊ ေဒၚျမင့္ျမင့္စန္းကအလယ္တန္းျပ၊ ေဒၚမိုးပပ၀င္းက မူလတန္းျပ။"

ေဖေဖာ္ဝါရီလမွာ စစ္တပ္အာဏာသိမ္းၿပီးထဲက ႐ံုးမတက္ဘဲ CDM လႈပ္ရွားမႈမွာ ပါဝင္ဆႏၵျပေနၾကတဲ့ ဝန္ထမ္းေတြဟာ ရက္ၾကာလာတာနဲ႔အမ ွ် ေနထုိင္ စားေသာက္ေရး အခက္ခဲေတြရွိလာတယ္လို႔ ပဲခူးၿမိဳ႕ခံ တဦးက ေျပာျပပါတယ္။

"ရွိတာေပါ့။ စား၀တ္ေနေရးေတြကအစ သူတို႕အတြက္ ေနေရးစားေရးေတြကအစ အခက္ခဲေတြကရွိၾကတယ္။ နယ္က လူေတြကေတာ့ အဲဒီလိုမ်ိဳး တန္းလွဴတာမ်ိဳးေတာ့ ရွိပါတယ္။ ရွိေပမဲ့ Wave Money လွဴတယ္ဆီမွာ Wave Money က ဖြင့္လို႕မရေတာ့ဘူးေလ။ ပိုက္ဆံလည္း လႊဲလို႕မရေတာ့ဘူးေပါ့။ အခက္ခဲကေတာ့ ရွိပါတယ္။ သူတို႕ကေတာ့ ပိုဆိုးတာေပါ့ CDM သမားေတြ။"

ဧျပီလ ၉ ရက္ေန႕တုန္းက ပဲခူးၿမိဳ႕ အဓိက သပိတ္စစ္ေၾကာင္းရဲ႕ ခံတပ္လုိလုပ္ထားတ့ဲေနရာကို စစ္ေကာင္စီတပ္ေတြကေန ပစ္ခတ္ၿဖိဳခြင္းခဲ့လို႔ ၈၀ ထက္မနည္း ေသဆုံးခဲ့သလုိ အမ်ားအျပား ဒဏ္ရာရခဲ့ပါတယ္။ အဲဒီသပိတ္ခံတပ္႐ွိတဲ့ မဂၢတစ္လမ္းမႀကီးေနရာကို လုံျခံဳေရးတပ္ဖြဲ႕ေတြကေန ေနရာယူထားျပီး ေျခာက္လွန္႔ပစ္ခတ္တာေတြ လုပ္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာျပၾကပါတယ္။ ခုလိုအေျခအေနၾကားမွာပဲ ပဲခူးၿမိဳ႕မွာ ေတာင္းဆို ေၾကြးေၾကာ္သံေတြကို ေရးသားထားတဲ့ ဆုိင္းဘုတ္ေတြ၊ စတစ္ကာေတြကပ္ၿပီး လူမဲ့သပိတ္၊ အသံတိတ္သပိတ္ေတြကို ဆက္ၿပီးလုပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပဲခူးမြို့ သပိတ်လှုပ်ရှားသူတွေကို ရှာဖွေဖမ်းဆီးနေ

စစ်အာဏာသိမ်းမှုကို အခိုင်အမာဆန့်ကျင်ခဲ့တဲ့ ပဲခူးမြို့ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေပါသုံး နှိမ်နင်းခဲ့ပြီးနောက် ဆန္ဒပြသပိတ်မှာ ပါဝင်သူတွေ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ ဘုန်းကြီးကျောင်းတွေပါ မချန်လိုက်လံ ရှာဖွေဖမ်းဆီးနေတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်က သတင်းပို့ပါတယ်။

ပဲခူးမြို့မှာ ခံတပ်လို အတားအဆီးတွေ ကာရံဆန္ဒပြမှုတွေကို တပ်တွေက အပြင်းအထန်နှိမ်နင်းခဲ့ပြီးထဲက ဆန္ဒပြမှုတွေပါ ပါဝင်လှုပ်ရှားသူတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေပါတယ်။ ဆန္ဒပြသပိတ်ကို ဦးဆောင်သူတွေ၊ CDM အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါတဲ့ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးမှုတွေ အခုရက်ပိုင်းတွေမှာ ပိုလုပ်လာတာဖြစ်ပါတယ်။ သူတို့ ပုန်းနေနိုင်တယ်လို့ သံသယရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲအထိ လိုက်လံရှာဖွေနေတယ်လို့ ပဲခူးမြို့ခံတယောက်က ပြောပြပါတယ်။

"ဒီနေ့မွှေတယ်ပြောတယ်။ ဒီနေ့မွှေတယ်။ အဲဒီဘက်မှာလည်း သပိတ်ခေါင်းဆောင်တွေ ပုန်းနေတယ်အသံကြားရတော့ သူက ကြားတဲ့နေရာ အကုန်လိုက်မွှေတယ်။ မနေ့ကဆို ဒီပဲခူးထဲက ဘုန်းကြီးကျောင်းတွေ၊ ဘာတွေလိုက်မွှေတယ်။ မနေ့ကဆိုရင်ပရဟိတခေါင်းဆောင်တယောက် အဲဒီအုတ်ဂူရွှေ့နေရင်းနဲ့ပေါ့။ မေးစရာရှိတယ်ဆိုပြီး စခန်းကို ခေါ်သွားတယ်ဗျ။ ကိုကုလားတဲ့အသက်က ၅၀ ကျော်ပြီးပေါ့။ ပဲခူးမြို့မှာပဲ။ ဟိုရောက်တော့ ၅၀၅ နဲ့ အမှုဖွင့်ပြီး တခါထဲဖမ်းလိုက်တယ်။ ဒီနေ့ကို နောက်ထပ်သွင်းကုန်ထုတ်ကုန်ပုဒ်မနဲ့ ဆက်ပြီးတပ်ခေါ်တာပေါ့။"

ပဲခူးမြို့ထဲမှာဆိုရင်လည်း ဆန္ဒပြခဲ့သူ လူငယ်အများအပြား နယ်ဘက်ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

"အခု ကျနော်တို့ မြို့တွင်းဘက်က ရပ်ကွက်တွေဆို ရပ်ကွက်တခုလုံးနီးပါး လူမရှိတော့ဘူး။ လူငယ်တော်တော်နည်း သွားတာပေါ့။ ရပ်ကွက် ၃၊ ၄ ခုကတော့ မရှိတော့ဘူး။ ခန့်မှန်းခြေတော့ ၁,၀၀၀ နားတာ့ကပ်မယ်ထင်တယ်။ လူငယ်တွေ တော်တော်များများ မရှိတော့ဘူးလေ။"

အဖမ်းခံရမှာစိုးလို့ ထွက်ပြေးသူတွေ ရှိနေသလို အဖမ်းခံရသူတွေလည်း ရှိပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကဝမြို့နယ်က ကျောင်းဆရာမနှစ်ဦး မကြာခင်ရက်ကပဲ ဖမ်းဆီးခံရတယ်လို့ ပဲခူးမြို့ခံ ပညာရေးဝန်ထမ်း တယောက်ကလည်း ပြောပြပါတယ်။

"ဟိုတနေ့ကတော့ CDM ဆရာမနှစ်ယောက်ကို ဖမ်းသွားတယ်လေ။ တပ်သား လေး၊ ငါးယောက်လောက်ပေါ့... အိမ်ကို ဝိုင်းပြီးဝင်ဖမ်းကြတာ။ ကဝမြို့နယ် ကလေးကျေးရွာ ဆရာမနှစ်ယောက်က ဒေါ်မြင့်မြင့်စန်းနဲ့ ဒေါ်မိုးပပဝင်း၊ ဒေါ်မြင့်မြင့်စန်းကအလယ်တန်းပြ၊ ဒေါ်မိုးပပဝင်းက မူလတန်းပြ။"

ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးထဲက ရုံးမတက်ဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြနေကြတဲ့ ဝန်ထမ်းတွေဟာ ရက်ကြာလာတာနဲ့အမ ျှ နေထိုင် စားသောက်ရေး အခက်ခဲတွေရှိလာတယ်လို့ ပဲခူးမြို့ခံ တဦးက ပြောပြပါတယ်။

"ရှိတာပေါ့။ စားဝတ်နေရေးတွေကအစ သူတို့အတွက် နေရေးစားရေးတွေကအစ အခက်ခဲတွေကရှိကြတယ်။ နယ်က လူတွေကတော့ အဲဒီလိုမျိုး တန်းလှူတာမျိုးတော့ ရှိပါတယ်။ ရှိပေမဲ့ Wave Money လှူတယ်ဆီမှာ Wave Money က ဖွင့်လို့မရတော့ဘူးလေ။ ပိုက်ဆံလည်း လွှဲလို့မရတော့ဘူးပေါ့။ အခက်ခဲကတော့ ရှိပါတယ်။ သူတို့ကတော့ ပိုဆိုးတာပေါ့ CDM သမားတွေ။"

ဧပြီလ ၉ ရက်နေ့တုန်းက ပဲခူးမြို့ အဓိက သပိတ်စစ်ကြောင်းရဲ့ ခံတပ်လိုလုပ်ထားတဲ့နေရာကို စစ်ကောင်စီတပ်တွေကနေ ပစ်ခတ်ဖြိုခွင်းခဲ့လို့ ၈၀ ထက်မနည်း သေဆုံးခဲ့သလို အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အဲဒီသပိတ်ခံတပ်ရှိတဲ့ မဂ္ဂတစ်လမ်းမကြီးနေရာကို လုံခြုံရေးတပ်ဖွဲ့တွေကနေ နေရာယူထားပြီး ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပြကြပါတယ်။ ခုလိုအခြေအနေကြားမှာပဲ ပဲခူးမြို့မှာ တောင်းဆို ကြွေးကြော်သံတွေကို ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ၊ စတစ်ကာတွေကပ်ပြီး လူမဲ့သပိတ်၊ အသံတိတ်သပိတ်တွေကို ဆက်ပြီးလုပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG