သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ (၁၂)ပတ္ေျမာက္ ႏိုင္ငံအႏွံ႔ ကန္႔ကြက္ဆႏၵျပေနၾကဆဲ


ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ အမ်ဳိးသားညီညြတ္ေရးအစုိးရ ေထာက္ခံဆႏၵျပပြဲ။ (ဧၿပီ ၁၈၊ ၂၀၂၁)

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ စစ္တပ္ အာဏာသိမ္းထားတာ သီတင္း ၁၂ ပတ္ ရွိလာၿပီျဖစ္ၿပီး၊ စစ္တပ္နဲ႔ ရဲေတြရဲ့ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ရွိေနတဲ့ၾကားကပဲ ႏိုင္ငံတလႊားမွာ အာဏာသိမ္းမႈကို ကန္႔ကြက္ ဆႏၵျပေနၾကဆဲ ျဖစ္ပါတယ္။

ထားဝယ္ၿမိဳ႕မွာ ပညာေရးဝန္ထမ္းေတြ အင္ဂ်င္နီယာေတြနဲ႔ ေဒသခံေတြ စုေဝးၿပီး CRPH က အသစ္ ဖြဲ႔စည္းလိုက္တဲ့ အမ်ိဳးသားညီညြတ္ေရး အစိုးရကို ေထာက္ခံ ဆႏၵျပပြဲေတြ လုပ္ခဲ့ပါတယ္။

ဖားကန္႔နဲ႔ စစ္ကိုင္းၿမိဳ႕ေတြမွာ လူငယ္ဆႏၵျပသူေတြဟာ အလံေတြကိုင္ေဆာင္ၿပီး ဆိုင္ကယ္ေတြနဲ႔ လွည့္လည္ ေၾကြးေက်ာ္ ဆႏၵျပၾကသလို ၊ တန္႔ဆည္ၿမိဳ႕ ကေလးဝ လမ္းမႀကီးေပၚမွာ ရွိတဲ့ ေက်းရြာေတြမွာလည္း ဆိုင္ကယ္ သပိတ္ေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ႏုိင္ငံတဝန္းမွာ ဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြားေနခ်ိန္မွာပဲ စစ္ေကာင္စီဘက္ကလည္း တက္ႂကြလႈပ္ရွား သူေတြကို ဆက္လက္ ဖမ္းဆီးေနၿပီး ရန္ကုန္မွာ ၆ ေယာက္ထက္မနည္း ထပ္ၿပီး အဖမ္းခံခဲ့ရပါတယ္။

အခုလို ဖမ္းဆီးေနတဲ့ၾကားကပဲ ရန္ကုန္က ဗဟန္း၊ တာေမြ ေက်ာက္ေျမာင္းေတြမွာ တနဂၤေႏြေန႔က ဆႏၵျပခဲ့ၾကသလို ၊ အသစ္ဖြဲ႔စည္းလိုက္တဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရကို ေထာက္ခံေၾကာင္း မႏၱေလး၊ မိတၳီလာ၊ မေကြး၊ ျမင္းၿခံ ၊ မံုရြာ၊ မိုးကုတ္၊ ကသာ၊ ေပါင္ၿမဳိ႕ အပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ဆႏၵထုတ္ေဖၚ ပြဲေတြ ျပဳလုပ္ခဲ့ၾကတာပါ။

ျမင္းၿခံၿမိဳ႕က ဆႏၵျပပဲြအတြင္းမွာေတာ့ စစ္ေကာင္စီဘက္က ပစ္ခတ္တာေၾကာင့္ ႏွစ္ေယာက္ ေသနတ္က်ည္ ထိမွန္ၿပီး တေယာက္က စိုးရိမ္ရတယ္လို႔ ျမင္းၿခံၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

စစ္ကိုင္းတိုင္း ကနီနဲ႔ ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕ေတြမွာ ေနာက္ထပ္ ၇ ေယာက္ ေသဆံုးေၾကာင္း တနဂၤေႏြေန႔မွာ အတည္္ျပဳ ႏိုင္ခဲ့တဲအတြက္ အခုဆိုရင္ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကစလုိ႔ ဧၿပီလ ၁၈ ရက္ေန႔အထိ ႏိုင္ငံတဝွမ္း ဆႏၵျပပဲြေတြမွာ ေသဆံုးခဲ့ရသူက ၇၃၇ ဦး ရွိသြားၿပီျဖစ္ၿပီး အတိအက် အေရအတြက္က ဒီထက္ မ်ားႏုိင္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က စာရင္းထုတ္ျပန္ပါတယ္။ ဖမ္းဆီးခံေနရသူကေတာ့ ၃၂၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

စစ်အာဏာသိမ်းမှု (၁၂)ပတ်မြောက် နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြနေကြဆဲ

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားတာ သီတင်း ၁၂ ပတ် ရှိလာပြီဖြစ်ပြီး၊ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိနေတဲ့ကြားကပဲ နိုင်ငံတလွှားမှာ အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

ထားဝယ်မြို့မှာ ပညာရေးဝန်ထမ်းတွေ အင်ဂျင်နီယာတွေနဲ့ ဒေသခံတွေ စုဝေးပြီး CRPH က အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံ ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။

ဖားကန့်နဲ့ စစ်ကိုင်းမြို့တွေမှာ လူငယ်ဆန္ဒပြသူတွေဟာ အလံတွေကိုင်ဆောင်ပြီး ဆိုင်ကယ်တွေနဲ့ လှည့်လည် ကြွေးကျော် ဆန္ဒပြကြသလို ၊ တန့်ဆည်မြို့ ကလေးဝ လမ်းမကြီးပေါ်မှာ ရှိတဲ့ ကျေးရွာတွေမှာလည်း ဆိုင်ကယ် သပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ စစ်ကောင်စီဘက်ကလည်း တက်ကြွလှုပ်ရှား သူတွေကို ဆက်လက် ဖမ်းဆီးနေပြီး ရန်ကုန်မှာ ၆ ယောက်ထက်မနည်း ထပ်ပြီး အဖမ်းခံခဲ့ရပါတယ်။

အခုလို ဖမ်းဆီးနေတဲ့ကြားကပဲ ရန်ကုန်က ဗဟန်း၊ တာမွေ ကျောက်မြောင်းတွေမှာ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြသလို ၊ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း မန္တလေး၊ မိတ္ထီလာ၊ မကွေး၊ မြင်းခြံ ၊ မုံရွာ၊ မိုးကုတ်၊ ကသာ၊ ပေါင်မြို့ အပါအဝင် မြို့အတော်များများမှာ ဆန္ဒထုတ်ဖေါ် ပွဲတွေ ပြုလုပ်ခဲ့ကြတာပါ။

မြင်းခြံမြို့က ဆန္ဒပြပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် နှစ်ယောက် သေနတ်ကျည် ထိမှန်ပြီး တယောက်က စိုးရိမ်ရတယ်လို့ မြင်းခြံမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီနဲ့ ရှမ်းပြည်နယ် ကျောက်မဲမြို့တွေမှာ နောက်ထပ် ၇ ယောက် သေဆုံးကြောင်း တနင်္ဂနွေနေ့မှာ အတည်ပြု နိုင်ခဲ့တဲအတွက် အခုဆိုရင် စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလို့ ဧပြီလ ၁၈ ရက်နေ့အထိ နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ရသူက ၇၃၇ ဦး ရှိသွားပြီဖြစ်ပြီး အတိအကျ အရေအတွက်က ဒီထက် များနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံနေရသူကတော့ ၃၂၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG