သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လား႐ိႈး၊ ေနာင္မြန္ရဲစခန္း တိုက္ခိုက္ခံရၿပီး ရဲတပ္ဖြဲ႔ဝင္ေတြ ေသဆံုး


တုိက္ခုိက္ခံခဲ့ရတဲ့ ေနာင္မြန္ရဲစခန္း။ (ဧၿပီ ၁၀၊ ၂၀၂၁။ ဓာတ္ပုံ - The Shan Herald Agency)

(Zawgyi / Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕နယ္က ေနာင္မြန္ရဲစခန္း ဒီကေန႔မနက္ပိုင္းက တိုက္ခိုက္ခံရၿပီး စခန္းမွဴး အပါအဝင္ ရဲတပ္ဖြဲ႔ဝင္ ၁၀ ေယာက္ေက်ာ္ ေသဆံုးတယ္လို႔ ေဒသခံေတြနဲ႔ လူမႈကူညီေရးအဖြဲ႔ေတြက ေျပာပါတယ္။ ဒီလိုတိုက္ခိုက္ခံရၿပီးတဲ့ေနာက္ လား႐ိႈးၿမိဳ႕တြင္းမွာ လံုၿခံဳေရးစစ္ေဆးမႈ တင္းက်ပ္ေနတဲ့အေၾကာင္း ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

လား႐ႈိး-မႏၱေလးကားလမ္းေဘး လား႐ႈိးၿမိ္ဳ႕အေနာက္ဘက္ ၂၅ မိုင္အကြာမွာရွိတဲ့ ေနာင္မြန္ရဲစခန္းကို လက္နက္ကိုင္အဖြဲ႔ေတြကေန ဒီမနက္မွာ ဝင္ေရာက္ တိုက္ခိုက္ခဲ့တာပါ။

ဒီတိုက္ခိုက္မႈအတြင္း ရဲတပ္ဖြဲ႔ဝင္ေတြဘက္က ထိခိုက္မႈ မ်ားျပားတယ္လို႔ မ်က္ျမင္ ေနာင္မြန္ေဒသခံတဦးက ေျပာပါတယ္။

“၁၄ ေယာက္က်တယ္။ စခန္းမွဴးက်တယ္ခင္ဗ်။ ၇ ေယာက္ ဒဏ္ရာရတယ္။ ေပ်ာက္ဆုံးတာက အခု ၂ ေယာက္ ေပ်ာက္ေနတယ္ခင္ဗ်။”

ေနာင္မြန္ရဲစခန္း တိုက္ခိုက္ခံရမႈအတြင္း ရဲတပ္ဖြဲ႔ဝင္ေတြ က်ဆုံးထိခိုက္တဲ့ အေရအတြက္ မွန္ကန္ေၾကာင္း ေဒသတြင္း လူမႈကူညီေရးအဖြဲ႔ေတြက အတည္ျပဳေျပာဆိုၿပီး ေျမာက္ပိုင္း မဟာမိတ္တပ္ဖြဲ႔ေတြက တိုက္ခိုက္တာလို႔ လား႐ႈိးေဒသခံေတြက ေျပာဆိုေနၾကပါတယ္။

“သတင္းကေတာ့ ၃ ဖြဲ႔ေပါင္းလို႔ ေျပာတယ္။ သူက ႐ုတ္တရက္ တုိက္ခိုက္တာဆိုေတာ့။ ၾကားတာေတာ့ ၇ နာရီေလာက္ ၾကားတာေပါ့။ က်ေနာ္တုိ႔ အဲဒီအခ်ိန္ ၈ နာရီေလာက္ေရာက္ေတာ့ ၿပီးၿပီဆိုေတာ့ အဲဒီမွာ Ambulance ေတြလည္း ေရာက္တယ္ေလ။ ရဟတ္ယာဥ္ကေတာ့ သြားေတာ့သြားတယ္။ က်ေနာ္တုိ႔ ေတြ႔တာကေတာ့ အေနအထား အရကေတာ့ ထိခိုက္မႈေတြေတာ့ မ်ားပါတယ္။ အဲဒီမွာေနတဲ့ ရဲဝန္ထမ္းေတြလည္း ထိခိုက္မႈရွိတယ္။ စစ္ကားနဲ႔ Ambulance ကားေတြကို ေပးျဖတ္ၿပီးမွ က်ေနာ္တုိ႔ကက်ေတာ့ ေပးမသြားဘူးေပါ့။”

ေဒသခံေတြရဲ႕ ေျပာဆိုခ်က္ကို အတည္ျပဳဖို႔ တအာင္းပေလာင္တပ္ဖြဲ႔ (TNLA) ကို ဆက္သြယ္ေမးျမန္းတာမွာ ေျပာခြင့္ရ ဗိုလ္မွဴးတာအိုက္ေက်ာ္က အတိအက် အတည္ျပဳခ်က္ မေပးႏုိင္ခဲ့ပါဘူး။

“ဒီမနက္ကိစၥနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔လည္း ေအာက္ေျခကို ျပန္ၿပီး သတင္းေမးျမန္းေနတုန္းပဲ။ ဆက္သြယ္ေရးက မရေသးေတာ့ ဘာမွ မၾကားရေသးဘူး။”

ဒါေပမယ့္ ေျမာက္ပိုင္းတပ္ဖြဲ႔ အေျချပဳလႈပ္ရွားရာ ေဒသဘက္မွာေတာ့ တပ္မေတာ္ဘက္ကေန ထိုးစစ္ေတြ ရွိေနဆဲလို႔ သူကဆိုပါတယ္။

လား႐ႈိးနဲ႔ ေနာင္မြန္အၾကား ေခးနင္းရြာဘက္မွာလည္း ပစ္ခတ္တိုက္ခိုက္သံေတြ ၾကားရတယ္လို႔ လား႐ႈိးၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ေခးနင္းနားမွာလည္း ခုန ၁၂ ခြဲေလာက္က နည္းနည္းပစ္ေသးတယ္။ အဲဒီရဲ႕ ေနာင္မြန္နဲ႔ လား႐ႈိးၾကားေပါ့။ အဲဒီမွာလည္း ပစ္ခတ္မႈေတြ ရွိတယ္။”

ဒီလို ပစ္ခတ္တိုက္ခုိက္မႈရွိေနတဲ့ အေျခအေနေၾကာင့္ လား႐ႈိးၿမိဳ႕တြင္းမွာလည္း လုံၿခံဳေရးအရ စစ္ေဆးမႈ ပိုတင္းက်ပ္ေနတယ္လို႔ အဆိုပါ လား႐ႈိးၿမိဳ႕ခံက ဆက္ေျပာပါတယ္။

“လား႐ႈိးၿမိဳ႕တြင္းမွာေတာ့ စစ္တယ္။ ကားေတြကိုေတာ့ အဓိကစစ္တယ္။ ဒီမနက္က သူတို႕ေျပာတာ လက္နက္ေတြတင္ထားတဲ့ အရပ္ဝတ္နဲ႔သူေတြ ဒီဘက္ေတြ ဝင္မွာစိုးလို႔ စစ္ေနတယ္။ ေနရာအႏွံ႔ပဲ အခု ရပ္ကြက္ ၁၂ မီးပိြဳင့္နားမွာ စစ္တယ္။ အဲဒီမွာ ကားထဲကပစၥည္းေတြ ရွာေနတယ္။”

ေနာင္မြန္ရဲစခန္း တိုက္ခိုက္ခံရမႈနဲ႔ ေဒသတြင္း ပစ္ခတ္တိုက္ခိုက္မႈ အေျခအေနကို သိရဖို႔ စစ္ေကာင္စီ ေျပာခြင့္ရကို အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ အေျချပဳေနတဲ့ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔ျဖစ္တဲ့ တအာင္းပေလာင္တပ္ဖြဲ႔ (TNLA)၊ ရခိုင္လက္နက္ကိုင္အဖြဲ႔ (AA)၊ ကိုးကန္႔တပ္ဖြဲ႔ (MNDAA) တို႔ဟာ စစ္ေကာင္စီတပ္ဖြဲ႔ေတြကေန ဆႏၵျပ သပိတ္ေမွာက္သူေတြကို ၿဖိဳခြင္းပစ္ခတ္ သတ္ျဖတ္ေနတဲ့ လုပ္ရပ္အေပၚ ျပင္းထန္စြာ႐ႈတ္ခ်ေၾကာင္း မတ္လအကုန္မွာ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ႏုိင္ငံသားေတြကို ပစ္ခတ္သတ္ျဖတ္ေနမႈကို အျမန္ဆုံးရပ္တန္႔ၿပီး ႏုိင္ငံေရးျပႆနာ ေျဖရွင္းမႈကို အျမန္ဆုံး လုပ္ေဆာင္ဖို႔နဲ႔ တပ္မေတာ္ကေန မရပ္တန္႔ဘဲ ဆက္လက္လုပ္ကိုင္ေနမယ္ဆိုရင္ ေႏြဦးေတာ္လွန္ေရးကို ဆင္ႏႊဲေနတဲ့ ဘဝတူ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ ညီေနာင္ေတြနဲ႔အတူ မိမိကိုယ္မိမိ ခုခံကာကြယ္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

လားရှိုး၊ နောင်မွန်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က နောင်မွန်ရဲစခန်း ဒီကနေ့မနက်ပိုင်းက တိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် သေဆုံးတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် လားရှိုးမြို့တွင်းမှာ လုံခြုံရေးစစ်ဆေးမှု တင်းကျပ်နေတဲ့အကြောင်း နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

လားရှိုး-မန္တလေးကားလမ်းဘေး လားရှိုးမြို့အနောက်ဘက် ၂၅ မိုင်အကွာမှာရှိတဲ့ နောင်မွန်ရဲစခန်းကို လက်နက်ကိုင်အဖွဲ့တွေကနေ ဒီမနက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု များပြားတယ်လို့ မျက်မြင် နောင်မွန်ဒေသခံတဦးက ပြောပါတယ်။

“၁၄ ယောက်ကျတယ်။ စခန်းမှူးကျတယ်ခင်ဗျ။ ၇ ယောက် ဒဏ်ရာရတယ်။ ပျောက်ဆုံးတာက အခု ၂ ယောက် ပျောက်နေတယ်ခင်ဗျ။”

နောင်မွန်ရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးထိခိုက်တဲ့ အရေအတွက် မှန်ကန်ကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက အတည်ပြုပြောဆိုပြီး မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်တာလို့ လားရှိုးဒေသခံတွေက ပြောဆိုနေကြပါတယ်။

“သတင်းကတော့ ၃ ဖွဲ့ပေါင်းလို့ ပြောတယ်။ သူက ရုတ်တရက် တိုက်ခိုက်တာဆိုတော့။ ကြားတာတော့ ၇ နာရီလောက် ကြားတာပေါ့။ ကျနော်တို့ အဲဒီအချိန် ၈ နာရီလောက်ရောက်တော့ ပြီးပြီဆိုတော့ အဲဒီမှာ Ambulance တွေလည်း ရောက်တယ်လေ။ ရဟတ်ယာဉ်ကတော့ သွားတော့သွားတယ်။ ကျနော်တို့ တွေ့တာကတော့ အနေအထား အရကတော့ ထိခိုက်မှုတွေတော့ များပါတယ်။ အဲဒီမှာနေတဲ့ ရဲဝန်ထမ်းတွေလည်း ထိခိုက်မှုရှိတယ်။ စစ်ကားနဲ့ Ambulance ကားတွေကို ပေးဖြတ်ပြီးမှ ကျနော်တို့ကကျတော့ ပေးမသွားဘူးပေါ့။”

ဒေသခံတွေရဲ့ ပြောဆိုချက်ကို အတည်ပြုဖို့ တအာင်းပလောင်တပ်ဖွဲ့ (TNLA) ကို ဆက်သွယ်မေးမြန်းတာမှာ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က အတိအကျ အတည်ပြုချက် မပေးနိုင်ခဲ့ပါဘူး။

“ဒီမနက်ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့လည်း အောက်ခြေကို ပြန်ပြီး သတင်းမေးမြန်းနေတုန်းပဲ။ ဆက်သွယ်ရေးက မရသေးတော့ ဘာမှ မကြားရသေးဘူး။”

ဒါပေမယ့် မြောက်ပိုင်းတပ်ဖွဲ့ အခြေပြုလှုပ်ရှားရာ ဒေသဘက်မှာတော့ တပ်မတော်ဘက်ကနေ ထိုးစစ်တွေ ရှိနေဆဲလို့ သူကဆိုပါတယ်။

လားရှိုးနဲ့ နောင်မွန်အကြား ခေးနင်းရွာဘက်မှာလည်း ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရတယ်လို့ လားရှိုးမြို့ခံတဦးက ပြောပါတယ်။

“ခေးနင်းနားမှာလည်း ခုန ၁၂ ခွဲလောက်က နည်းနည်းပစ်သေးတယ်။ အဲဒီရဲ့ နောင်မွန်နဲ့ လားရှိုးကြားပေါ့။ အဲဒီမှာလည်း ပစ်ခတ်မှုတွေ ရှိတယ်။”

ဒီလို ပစ်ခတ်တိုက်ခိုက်မှုရှိနေတဲ့ အခြေအနေကြောင့် လားရှိုးမြို့တွင်းမှာလည်း လုံခြုံရေးအရ စစ်ဆေးမှု ပိုတင်းကျပ်နေတယ်လို့ အဆိုပါ လားရှိုးမြို့ခံက ဆက်ပြောပါတယ်။

“လားရှိုးမြို့တွင်းမှာတော့ စစ်တယ်။ ကားတွေကိုတော့ အဓိကစစ်တယ်။ ဒီမနက်က သူတို့ပြောတာ လက်နက်တွေတင်ထားတဲ့ အရပ်ဝတ်နဲ့သူတွေ ဒီဘက်တွေ ဝင်မှာစိုးလို့ စစ်နေတယ်။ နေရာအနှံ့ပဲ အခု ရပ်ကွက် ၁၂ မီးပွိုင့်နားမှာ စစ်တယ်။ အဲဒီမှာ ကားထဲကပစ္စည်းတွေ ရှာနေတယ်။”

နောင်မွန်ရဲစခန်း တိုက်ခိုက်ခံရမှုနဲ့ ဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရဖို့ စစ်ကောင်စီ ပြောခွင့်ရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အခြေပြုနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းပလောင်တပ်ဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေကနေ ဆန္ဒပြ သပိတ်မှောက်သူတွေကို ဖြိုခွင်းပစ်ခတ် သတ်ဖြတ်နေတဲ့ လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း မတ်လအကုန်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံသားတွေကို ပစ်ခတ်သတ်ဖြတ်နေမှုကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံး လုပ်ဆောင်ဖို့နဲ့ တပ်မတော်ကနေ မရပ်တန့်ဘဲ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတဲ့ ဘဝတူ တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီနောင်တွေနဲ့အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG