သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထားဝယ္အနီး ေက်းရြာတခုနားမွာ KNU နဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္


KNU တပ္ဖြဲ႔ဝင္မ်ား

{{Zawgyi/Unicode}}

ကရင္ျပည္နယ္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္လက္နက္ကိုင္ KNU တပ္ေတြၾကား တိုက္ပြဲေတြျဖစ္ေနတာမွာ အခုေနာက္ဆံုး KNU တပ္မဟာ (၄) ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြဖက္မွာ တိုက္ပြဲျဖစ္ေနပါတယ္။ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕ နဲ႔နီးတဲ့ ေမာထာေက်း႐ြာအနီးမွာတိုက္ပြဲျဖစ္ခဲ့တဲ့အေၾကာင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ေကအန္ယူ တပ္မဟာ ၄ ထိန္းခ်ဳပ္ထားတဲ့ ေမာထာေက်း႐ြာနားမွာ ဧၿပီလ ၇ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေကအန္ယူဖက္က သတင္းထုတ္ျပန္ထားပါတယ္။ ခလရ ၁၀၃ တပ္ရင္းမွဴး သိန္းဘိုဘို ဦးေဆာင္ၿပီး တပ္ဖဲ႔ြဝင္ အင္အား ၄၀ နီးပါး ေကအန္ယူတပ္မဟာ (၄) နယ္ေျမထဲကို က်ဴးေက်ာ္ ၀င္ေရာက္လာတာေၾကာင့္ ဧၿပီလ ရ ရက္ေန႔က တုိက္ပဲြျဖစ္ခဲ့တယ္လို႔ ေကအန္ယူဖက္က သတင္းထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

နစက ေကာင္စီ တပ္ ဖက္က ၃ ေယာက္ေသဆံုးၿပီး ၃ ေယာက္ ဒဏ္ရာရတယ္လို႔လည္း ဆိုပါတယ္။ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နဲ႔နီးတဲ့ ေကအန္ယူ တပ္မဟာ ၄ ထိန္းခ်ဳပ္နယ္ေျမဖက္မွာ တိုက္ပြဲ မျဖစ္တာ အေတာ္ၾကာေနခ်ိန္ ခုလို ပထမဆံုး တိုက္ပြဲ ျပန္ျဖစ္တာဟာ ေကအန္ယူဗဟိုရဲ႕ မူ၀ါဒ အေျပာင္းအလဲေတြေၾကာင့္ ျဖစ္ႏုိင္တယ္လို႔ ထုိင္းျမန္မာနယ္စပ္က ျမန္မာအေရးေလ့လာသူ ဦးေအာင္စိုးက ျမင္ပါတယ္။

"တပ္မဟာ(၄)ကေတာ့သူတို့ကအရင္တုန္းကေတာ့တိုက္ဖို့ေတာ့မရွိဘူး မတိုက္ဘူးအခုက ေကအန္ယူ ဗဟုိအစည္းအေ၀းမွာ ျပည္တြင္းက လုပ္တဲ့ CDMအႀကမ္းမဖက္အာဏာဖီဆန္ေရးလွဳပ္ရွားမူကို ေထာက္ခံတယ္ စစ္အာဏာသိမ္းတာကုိဆန္က်င့္တယ္ဆိုျပီးျပီးေတာ့ KNU ဗဟိုအစည္းေ၀းမွာဆံုျဖတ္ခ်က္က်သြားေတာ့အဲဒါေတြေႀကာင့္လည္းဆုိင္မယ္။ အရင္လို့တပ္မဟာ (၅) တခုထဲ တိုက္တာ မဟုတ္ပဲနဲ႔ တပ္မဟာတုိင္းမွာတိုက္ပဲြေတြျဖစ္လာတာေပါ့ NCA ႀကီးနဲ့ျငိမ္းျငိမ္းခ်မ္းခ်မ္းေဆြးေႏြးယူမယ္ဆိုတာႀကီးကိုမယံုႀကည္ေတာ့လို့ တုိက္ပဲြတိုက္တဲ့နည္းနဲ႔ လိုခ်င္တာကို ျပန္ယူမယ့္သေဘာေပါ့"။

တႏိုင္ငံလံုး ပစ္ခတ္တိုက္ခုိက္မူရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) မွာ ေကအန္ယူလက္မွတ္ထိုးထားေပမဲ့ တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမဖက္ေတြမွာေတာ့ ျမန္မာစစ္တပ္နဲ႔ နယ္ေျမအျငင္းပြားမႈ၊ ေကအန္ယူထိမ္းခ်ဳပ္နယ္ေျမတြင္း လမ္းေဖာက္လုပ္မႈ၊ တပ္ေတြ တုိးခ်ဲ႕ တပ္စဲြထားမႈ၊ စတဲ့အေၾကာင္းေတြေၾကာင့္ ဖာပြန္ခရိုင္အတြင္းမွာ မၾကာခဏ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့မတ္လကုန္မွာေတာ့ တုိက္ပဲြေတြျပင္းထန္ခဲ့တာမွာ ျမန္မာစစ္တပ္ရဲ႕ သီးမူထာ စစ္စခန္းကို ေကအန္ယူတပ္မဟာ (၅) က သိမ္းပိုက္ခဲ့သလို၊ စစ္တပ္ကလည္း ကရင္ေက်းရြာေတြကိုလက္နက္ႀကီးနဲ႔ ပစ္ခတ္ တိုက္ခိုက္ရံုသာမက ေလယာဥ္ေပၚကေန ဗံုးႀကဲတုိက္ခိုက္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

႐ြာသားေတြ ေသဆံုး ထိခိုက္ၿပီး ေသာင္းနဲ႔ခ်ီ စစ္ေဘးလြတ္ရာ ေျပးခဲ့ၾကရတာေၾကာင့္ ကရင္ေဒသတြင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္ေနတယ္လို႔ ေကအန္ယူဖက္က စစ္တပ္ကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့ပါတယ္။ အာဏာသိမ္းထားတဲ့ အစိုးရတပ္ေတြကို စစ္လက္နက္ ပစၥည္းေတြမေရာင္းဖို႔လည္း ႏိုင္ငံတကာကို တိုက္တြန္းခဲ့ပါတယ္။

နစက စစ္ေကာင္စီဖက္က ဧၿပီတလလံုးကို အပစ္အခတ္ရပ္ဆဲထားမယ္လို႔ ေၾကညာထားတဲ့ တခ်ိန္ထဲမွာပဲ တပ္မဟာ ၅ ထိန္းခ်ဳပ္တဲ့ ဖာပြန္ခ႐ုိင္ဖက္ကို တပ္ေတြကိုလည္း အခုရက္ပိုင္း အင္အားေတြတိုးခ်ေနပါတယ္။ ဒါနဲ႔ပါတ္သက္လို႔ ႏိုင္ငံေရးအကဲခတ္ ဦးေအာင္စုိးက ခုလိုသံုးသပ္ပါတယ္။

"စစ္တပ္ကေတာ့အဓိက လူဆိုးလို့သတ္မွတ္တာကေတာ့ တပ္မဟာ(၅)ေပါ့ အေတာ္မႀကည္ဘူး တပ္မဟာ(၅)ကေတာ့သူတို့ အေတာ္အရွက္ကဲြသြားတာေပါ့ တပ္မဟာ ၅ကိုဦးတည္ျပီးတုိက္မဲ့ပံုရွိတယ္ အခု ေျမာက္ပုိင္းက တပ္မ၈၈ကုိ ဒီဘက္သြင္းမယ္လို့လည္းသတင္းရတယ္ ။ က်န္တဲ့တပ္မဟာေတြကေတာ့ စကခေတြနဲ့ပဲထိမ္းထားမယ္ တပ္မဟာ (၅) ကိုေတာ့ေခ်မွုန္းမယ္ဆုိတဲ့ရည္မွန္းခ်က္ကေတာရွိပံုရတယ္"

တပ္မဟာ ၅ နဲ႔ တိုက္ပြဲေတြ ျပင္းထန္ခဲ့တဲ့ မတ္လ ကုန္ပိုင္း ကစၿပီး၊ ေကအန္ယူ တပ္မဟာ ၃ ထိန္းခ်ဳပ္နယ္ေျမ႐ွိတဲ့ ကရင္ျပည္နယ္ ေညာင္ေလးပင္ခ႐ိုင္၊ တပ္မဟာ ၁ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ သထံုခရိုင္၊ တပ္မဟာ ၆ ထိန္းခ်ဳပ္တဲ့ ဒူးပလာယာခ႐ိုင္၊ တပ္မဟာ ၄ ထိန္းခ်ဳပ္တဲ့ ၿမိတ္၊ ထားဝယ္ခ႐ိုင္ေတြမွာ တိုက္ပြဲေတြ အခုရက္ပိုင္း ျဖစ္ပြားေနတာျဖစ္ပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်လက်နက်ကိုင် KNU တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာမှာ အခုနောက်ဆုံး KNU တပ်မဟာ (၄) ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖက်မှာ တိုက်ပွဲဖြစ်နေပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့ နဲ့နီးတဲ့ မောထာကျေးရွာအနီးမှာတိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်ထားတဲ့ မောထာကျေးရွာနားမှာ ဧပြီလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဖက်က သတင်းထုတ်ပြန်ထားပါတယ်။ ခလရ ၁၀၃ တပ်ရင်းမှူး သိန်းဘိုဘို ဦးဆောင်ပြီး တပ်ဖဲ့ွဝင် အင်အား ၄၀ နီးပါး ကေအန်ယူတပ်မဟာ (၄) နယ်မြေထဲကို ကျူးကျော် ဝင်ရောက်လာတာကြောင့် ဧပြီလ ရ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကေအန်ယူဖက်က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ နစက ကောင်စီ တပ် ဖက်က ၃ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့နီးတဲ့ ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖက်မှာ တိုက်ပွဲ မဖြစ်တာ အတော်ကြာနေချိန် ခုလို ပထမဆုံး တိုက်ပွဲ ပြန်ဖြစ်တာဟာ ကေအန်ယူဗဟိုရဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် ဖြစ်နိုင်တယ်လို့ ထိုင်းမြန်မာနယ်စပ်က မြန်မာအရေးလေ့လာသူ ဦးအောင်စိုးက မြင်ပါတယ်။

"တပ်မဟာ(၄)ကတော့သူတို့ကအရင်တုန်းကတော့တိုက်ဖို့တော့မရှိဘူး မတိုက်ဘူးအခုက ကေအန်ယူ ဗဟိုအစည်းအဝေးမှာ ပြည်တွင်းက လုပ်တဲ့ CDMအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမူကို ထောက်ခံတယ် စစ်အာဏာသိမ်းတာကိုဆန်ကျင့်တယ်ဆိုပြီးပြီးတော့ KNU ဗဟိုအစည်းဝေးမှာဆုံဖြတ်ချက်ကျသွားတော့အဲဒါတွေကြောင့်လည်းဆိုင်မယ်။ အရင်လို့တပ်မဟာ (၅) တခုထဲ တိုက်တာ မဟုတ်ပဲနဲ့ တပ်မဟာတိုင်းမှာတိုက်ပွဲတွေဖြစ်လာတာပေါ့ NCA ကြီးနဲ့ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးယူမယ်ဆိုတာကြီးကိုမယုံကြည်တော့လို့ တိုက်ပွဲတိုက်တဲ့နည်းနဲ့ လိုချင်တာကို ပြန်ယူမယ့်သဘောပေါ့"။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ကေအန်ယူလက်မှတ်ထိုးထားပေမဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖက်တွေမှာတော့ မြန်မာစစ်တပ်နဲ့ နယ်မြေအငြင်းပွားမှု၊ ကေအန်ယူထိမ်းချုပ်နယ်မြေတွင်း လမ်းဖောက်လုပ်မှု၊ တပ်တွေ တိုးချဲ့ တပ်စွဲထားမှု၊ စတဲ့အကြောင်းတွေကြောင့် ဖာပွန်ခရိုင်အတွင်းမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်မှာတော့ တိုက်ပွဲတွေပြင်းထန်ခဲ့တာမှာ မြန်မာစစ်တပ်ရဲ့ သီးမူထာ စစ်စခန်းကို ကေအန်ယူတပ်မဟာ (၅) က သိမ်းပိုက်ခဲ့သလို၊ စစ်တပ်ကလည်း ကရင်ကျေးရွာတွေကိုလက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ရုံသာမက လေယာဉ်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရွာသားတွေ သေဆုံး ထိခိုက်ပြီး သောင်းနဲ့ချီ စစ်ဘေးလွတ်ရာ ပြေးခဲ့ကြရတာကြောင့် ကရင်ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ကေအန်ယူဖက်က စစ်တပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ အာဏာသိမ်းထားတဲ့ အစိုးရတပ်တွေကို စစ်လက်နက် ပစ္စည်းတွေမရောင်းဖို့လည်း နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။

နစက စစ်ကောင်စီဖက်က ဧပြီတလလုံးကို အပစ်အခတ်ရပ်ဆဲထားမယ်လို့ ကြေညာထားတဲ့ တချိန်ထဲမှာပဲ တပ်မဟာ ၅ ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်ဖက်ကို တပ်တွေကိုလည်း အခုရက်ပိုင်း အင်အားတွေတိုးချနေပါတယ်။ ဒါနဲ့ပါတ်သက်လို့ နိုင်ငံရေးအကဲခတ် ဦးအောင်စိုးက ခုလိုသုံးသပ်ပါတယ်။

"စစ်တပ်ကတော့အဓိက လူဆိုးလို့သတ်မှတ်တာကတော့ တပ်မဟာ(၅)ပေါ့ အတော်မကြည်ဘူး တပ်မဟာ(၅)ကတော့သူတို့ အတော်အရှက်ကွဲသွားတာပေါ့ တပ်မဟာ ၅ကိုဦးတည်ပြီးတိုက်မဲ့ပုံရှိတယ် အခု မြောက်ပိုင်းက တပ်မ၈၈ကို ဒီဘက်သွင်းမယ်လို့လည်းသတင်းရတယ် ။ ကျန်တဲ့တပ်မဟာတွေကတော့ စကခတွေနဲ့ပဲထိမ်းထားမယ် တပ်မဟာ (၅) ကိုတော့ချေမှုန်းမယ်ဆိုတဲ့ရည်မှန်းချက်ကတောရှိပုံရတယ်"

တပ်မဟာ ၅ နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မတ်လ ကုန်ပိုင်း ကစပြီး၊ ကေအန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေရှိတဲ့ ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ်တဲ့ ဒူးပလာယာခရိုင်၊ တပ်မဟာ ၄ ထိန်းချုပ်တဲ့ မြိတ်၊ ထားဝယ်ခရိုင်တွေမှာ တိုက်ပွဲတွေ အခုရက်ပိုင်း ဖြစ်ပွားနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG