သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္က ကရင္ဒုကၡသည္ေတြအတြက္ အကူအညီေတြ ထိုင္းအစိုးရ အကန္႔အသတ္နဲ႔သာ ပို႔ခြင့္ျပဳ


ကရင္စစ္ေျပးဒုကၡသည္ေတြအတြက္ လွဴဒါန္းခဲ့တဲ့ပစၥည္းမ်ား။ (ဓာတ္ပံု - လူမႈကူညီေရးအဖဲြ႔အစည္းမ်ား - ဧၿပီ ၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံထဲက ကရင္ဒုကၡသည္ေတြအတြက္ သံလြင္ျမစ္ တဘက္ကမ္း ထိုင္းႏိုင္ငံဖက္ အျခမ္းမွာ ေသာင္တင္ေနၾကတဲ့ ေထာက္ပံ့ကူညီေရး အလွဴေတြကို ထုိင္းအာဏာပိုင္ေတြက အကန္႔အသတ္နဲ႔သာ ေပးခြင့္ျပဳေနပါတယ္။ အစားအေသာက္အကူအညီေတြ ေပးႏိုင္ဖုိ႔ ပထမ ပိတ္ပင္ထားရာက ထိုင္းလူမႈအဖဲြ႔အစည္းေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ ခုလုိ အကန္႔အသတ္နဲ႔ ေပးခြင့္ျပဳေနတ့ဲအေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပပါမယ္။

ျမန္မာႏိုင္ငံ သံလြင္ျမစ္ကမ္းေဘးမွာ တိမ္းေ႐ွာင္ေနၾကတဲ့ ကရင္ စစ္ေဘးဒုကၡသည္ေတြ အတြက္ ထိုင္းႏိုင္ငံဘက္က အလွဴ႐ွင္ေတြ လွဴထားတဲ့ အကူအညီပစၥည္းေတြဟာ မယ္ေဟာင္ေဆာင္ျပည္နယ္ မဲ့စမ္လက္ (ေသာလယ္ထာ) မွာ ဧၿပီ ၃ ရက္ေန႔ထဲက မပို႔ႏိုင္ဘဲ ေသာင္တင္ေနခဲ့ပါတယ္။ ဒါေပမဲ့ ထုိင္းလူမႈအဖြဲ႕အစည္းေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ အစားအေသာက္နဲ႔ ကူညီေထာက္ပံ့ေရးအလွဴပစၥည္းေတြကို နယ္ေျမခံ ထိုင္းအာဏာပိုင္ေတြက ဒီေန႔မွာ ေပးပို႔ခြင့္ျပဳခဲ့ေႀကာင္း ကရင္လူအခြင့္ေရးအဖဲြ ့(KHRG)က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက ေျပာျပပါတယ္။

"ဖြင့္တယ္ဆုိေပမဲ့လည္း ေအာက္ေျခမွာရွိတဲ့ သူတိုု့အာဏာပုိင္ေတြက နားလည္မႈနဲ႔ ခြင့္ျပဳခဲ့တာေပါ့ေနာ္။ ဒီမနက္မွာလည္း အမ်ားႀကီးခြင့္မျပဳဘူး အတုိင္းအတာ တခုေလာက္ထိပဲ ခြင့္ျပဳတယ္ က်ေနာ္တုိ႔ အေနနဲ႔ ေတာင္းဆုိခ်င္တာက ထုိင္းအာဏာပုိင္ေတြက လိုလိုလားလား ခြင့္ျပဳေစခ်င္တယ္ေပါ့ေနာ္။ အထဲမွာ အိုင္ဒီပီျပည္တြင္း အိုးအိမ္မဲ့ဒုကၡသည္တြကအင္မတန္မွ ဒုကၡေတြ ေရာက္ေနၾကပါတယ္။ လူသားခ်င္းစာနာတဲ့ အကူအညီေတြလည္း ပုိျပီး လိုအပ္ေနပါတယ္။ အခုဆိုရင္ မိုးရြာထဲမွာ အိပ္ေနရတာကလည္းအေတာ္ခက္ခဲပါတယ္။"

ကရင္ျပည္နယ္ထဲမွာ ကရင္လက္နက္ကိုင္ ေကအန္ယူတပ္ေတြနဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြျဖစ္ခဲ့ၿပီး မတ္လကုန္ပိုင္းမွာ စစ္တပ္ဘက္က ေလေၾကာင္းကေန ဗံုးႀကဲတိုက္ခိုက္ခဲ့ၿပီးေနာက္ ကရင္ေဒသခံအမ်ားအျပား ေဘးလြတ္ရာ ထြက္ေျပးေနၾကတာပါ။ ထြက္ေျပးခိုလႈံေနၾကရတဲ့ ကရင္ဒုကၡသည္ ၁၀,၀၀၀ ေက်ာ္႐ွိတယ္လို႔ ဒုကၡသည္ အကူအညီေပးေနသူေတြက ခန္႔မွန္းပါတယ္။

ထိုင္းႏိုင္ငံဘက္ေရာက္လာတဲ့ ဒုကၡသည္ေတြကို ထုိင္းအာဏာပိုင္ေတြက လက္မခံဘဲ ျမန္မာႏိုင္ငံဘက္ကို ျပန္သြားေအာင္ အတင္းအၾကပ္လုပ္တာ၊ သံဆူးႀကိဳးေတြ ကာရံၿပီး တားဆီးတာေတြ လုပ္ခဲ့ပါတယ္။ ဗံုးႀကဲတိုက္ခိုက္မႈအတြင္း ဒဏ္ရာရသူ အနည္းငယ္ကိုသာ ထိုင္းဖက္က လက္ခံၿပီး ေဆးကုသခြင့္ျပဳခဲ့ပါတယ္။ ဒဏ္ရာရသူေတြကို ေဆးကုသ ကူညီေပးခဲ့သလို၊ ဒုကၡသည္ေတြဟာ ေနရပ္ရင္းကို သူတို႔သေဘာနဲ႔ သူတို႔ ျပန္သြားၾကတာျဖစ္တယ္လို႔ ထိုင္းအစိုးရက ထုတ္ျပန္ပါတယ္။

ထုိင္းဘက္က လက္မခံတဲ့ ကရင္စစ္ေဘးဒုကၡသည္ေတြဟာ ေနရပ္ေတြကို ျပန္မသြားရဲၾကဘဲ သံလြင္ျမစ္ကမ္းအနားက ေက်ာက္ေတာင္ေတြ အနားမွာပဲ ခိုလႈံေနထုိင္ရျပီး စားနပ္ရိကၡာေတြမရွိတာေၾကာင့္ ထုိင္းဘက္က ျမန္မာအလုပ္သမားေတြနဲ့အလွဴရွင္ေတြကသူတို႔ကို ကူညီေထာက္ပံ့ႏုိင္ဖုိ႔ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။ ကရင္လူအခြင့္ေရးအဖဲြ ့အစည္းေတြကလည္း ကရင္ဒုကၡသည္ေတြဆီကုိ လူသားခ်င္းစာနာတဲ့ အကူညီေပးဖို႔အတြက္ထုိင္းက လူ့မႈကူညီေရးအဖဲြ ့အစည္းေတြကုိလည္း ေမတၱာရပ္ခံ ေတာင္းဆိုခဲ့တယ္လို႔ ေျပာျပပါတယ္။

"ထိုင္းက CBO၊ CSO ေတြကို က်ေနာ္တို႔လည္း သက္ဆုိင္ရာထုိင္းကုိယ္စားလွယ္ေတြနဲ့ေတြ ့တဲ့အခါမွာ Advocate လုပ္ပါတယ္၊ ခြင့္ျပဳေပးဖို႔ေပါ့ေနာ္။ ဒီလုိမ်ိဳး ဒုကၡသည္ေတြကို လက္မခံႏိုင္ရင္ေတာင္မွ ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာေတြကို လူသားခ်င္းစာနာမႈေတြနဲ႔ ခြင့္ျပဳေပးဖိုိ႔ ေတာင္းဆုိေနတာပါ။"

စစ္ေဘးဒုကၡသည္ေတြအတြက္ လွဴထားၾကတဲ့ ဆန္ဆီ၊ ဆား၊ ေခါက္ဆဲြေျခာက္ ေသာက္ေရနဲ႔ ကုန္ေျခာက္ပစၥည္းေတြကုိ ဧၿပီလ ၃ ရက္ေန႔ထဲက သူတို႔ဆီေရာက္ေအာင္ ပို႔ေပးႏိုင္ဖုိ႔ ႀကိဳးစားခဲ့ေပမဲ့ ထိုင္းအာဏာပိုင္ေတြက ပိတ္ပင္ခဲ့ပါတယ္။ ထုိင္းမွာ ရွိတဲ့ ထုိင္းကရင္ (KTG) အဖဲြ႔နဲ႔ အစိုးရမဟုတ္တဲ့ NGO အဖဲြ ့အစည္းေတြ လူမႈအဖဲြ႔အစည္းေတြက ေတာင္းဆို ကူညီခဲ့ၿပီးေနာက္ ဒီေန႔မွာေတာ့ အကန္႔အသတ္နဲ႔ အကူအညီေတြ ပို႔ေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ က်န္တဲ့အကူအညီေတြကိုေတာ့ ခရိုင္အာဏာပုိင္အဆင့္ဆင့္ကေန ခြင့္ျပဳမွာသာပို႔ေပးႏိုင္ခြင့္ရမယ္လို႔ ထိုင္းအာဏာပုိင္ေတြက တံု႔ျပန္တယ္လို႔ လူအခြင့္ေရးအဖဲြ ့အစည္းေတြကေျပာျပပါတယ္။ ကရင္စစ္ေဘး ဒုကၡသည္ေတြ ခိုလႈံေနၾကတဲ့ ေနရာဘက္ေတြမွာ မိုးေတြရြာေနတာေတြေၾကာင့္ ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာ ေသာက္ေရနဲ့ မိုးကာမ်ား အေရးတႀကီး လိုအပ္ေနေသးတယ္လို႔ အကူအညီေပးေနသူေတြကေျပာပါတယ္။မတ္လ ၂၇ ရက္ေန႔နဲ႔ ၂၈ ရက္ေန႔ေတြတုန္းက ကရင္ျပည္နယ္ဖာပြန္ခရိုင္ထဲက ကရင္ေက်းရြာေတြအေပၚ စစ္တပ္ကေလယာဥ္နဲ႔ ဗံုးႀကဲတုိက္ခိုက္ခဲ့တာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ဒုကၡသည္ေတြ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယ်စပ်က ကရင်ဒုက္ခသည်တွေအတွက်အကူအညီတွေ ထိုင်းအစိုးရ အကန့်အသတ်နဲ့သာ ပို့ခွင့်ပြု

မြန်မာနိုင်ငံထဲက ကရင်ဒုက္ခသည်တွေအတွက် သံလွင်မြစ် တဘက်ကမ်း ထိုင်းနိုင်ငံဖက် အခြမ်းမှာ သောင်တင်နေကြတဲ့ ထောက်ပံ့ကူညီရေး အလှူတွေကို ထိုင်းအာဏာပိုင်တွေက အကန့်အသတ်နဲ့သာ ပေးခွင့်ပြုနေပါတယ်။ အစားအသောက်အကူအညီတွေ ပေးနိုင်ဖို့ ပထမ ပိတ်ပင်ထားရာက ထိုင်းလူမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကြောင့် ခုလို အကန့်အသတ်နဲ့ ပေးခွင့်ပြုနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပါမယ်။

မြန်မာနိုင်ငံ သံလွင်မြစ်ကမ်းဘေးမှာ တိမ်းရှောင်နေကြတဲ့ ကရင် စစ်ဘေးဒုက္ခသည်တွေ အတွက် ထိုင်းနိုင်ငံဘက်က အလှူရှင်တွေ လှူထားတဲ့ အကူအညီပစ္စည်းတွေဟာ မယ်ဟောင်ဆောင်ပြည်နယ် မဲ့စမ်လက် (သောလယ်ထာ) မှာ ဧပြီ ၃ ရက်နေ့ထဲက မပို့နိုင်ဘဲ သောင်တင်နေခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကြောင့် အစားအသောက်နဲ့ ကူညီထောက်ပံ့ရေးအလှူပစ္စည်းတွေကို နယ်မြေခံ ထိုင်းအာဏာပိုင်တွေက ဒီနေ့မှာ ပေးပို့ခွင့်ပြုခဲ့ကြောင်း ကရင်လူအခွင့်ရေးအဖွဲ့(KHRG)က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပြပါတယ်။

"ဖွင့်တယ်ဆိုပေမဲ့လည်း အောက်ခြေမှာရှိတဲ့ သူတို့အာဏာပိုင်တွေက နားလည်မှုနဲ့ ခွင့်ပြုခဲ့တာပေါ့နော်။ ဒီမနက်မှာလည်း အများကြီးခွင့်မပြုဘူး အတိုင်းအတာ တခုလောက်ထိပဲ ခွင့်ပြုတယ် ကျနော်တို့ အနေနဲ့ တောင်းဆိုချင်တာက ထိုင်းအာဏာပိုင်တွေက လိုလိုလားလား ခွင့်ပြုစေချင်တယ်ပေါ့နော်။ အထဲမှာ အိုင်ဒီပီပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်တွကအင်မတန်မှ ဒုက္ခတွေ ရောက်နေကြပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေလည်း ပိုပြီး လိုအပ်နေပါတယ်။ အခုဆိုရင် မိုးရွာထဲမှာ အိပ်နေရတာကလည်းအတော်ခက်ခဲပါတယ်။"

ကရင်ပြည်နယ်ထဲမှာ ကရင်လက်နက်ကိုင် ကေအန်ယူတပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး မတ်လကုန်ပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ကရင်ဒေသခံအများအပြား ဘေးလွတ်ရာ ထွက်ပြေးနေကြတာပါ။ ထွက်ပြေးခိုလှုံနေကြရတဲ့ ကရင်ဒုက္ခသည် ၁၀,၀၀၀ ကျော်ရှိတယ်လို့ ဒုက္ခသည် အကူအညီပေးနေသူတွေက ခန့်မှန်းပါတယ်။

ထိုင်းနိုင်ငံဘက်ရောက်လာတဲ့ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက လက်မခံဘဲ မြန်မာနိုင်ငံဘက်ကို ပြန်သွားအောင် အတင်းအကြပ်လုပ်တာ၊ သံဆူးကြိုးတွေ ကာရံပြီး တားဆီးတာတွေ လုပ်ခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ အနည်းငယ်ကိုသာ ထိုင်းဖက်က လက်ခံပြီး ဆေးကုသခွင့်ပြုခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသ ကူညီပေးခဲ့သလို၊ ဒုက္ခသည်တွေဟာ နေရပ်ရင်းကို သူတို့သဘောနဲ့ သူတို့ ပြန်သွားကြတာဖြစ်တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ထိုင်းဘက်က လက်မခံတဲ့ ကရင်စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်တွေကို ပြန်မသွားရဲကြဘဲ သံလွင်မြစ်ကမ်းအနားက ကျောက်တောင်တွေ အနားမှာပဲ ခိုလှုံနေထိုင်ရပြီး စားနပ်ရိက္ခာတွေမရှိတာကြောင့် ထိုင်းဘက်က မြန်မာအလုပ်သမားတွေနဲ့အလှူရှင်တွေကသူတို့ကို ကူညီထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ကရင်လူအခွင့်ရေးအဖွဲ့အစည်းတွေကလည်း ကရင်ဒုက္ခသည်တွေဆီကို လူသားချင်းစာနာတဲ့ အကူညီပေးဖို့အတွက်ထိုင်းက လူ့မှုကူညီရေးအဖွဲ့အစည်းတွေကိုလည်း မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ ပြောပြပါတယ်။

"ထိုင်းက CBO၊ CSO တွေကို ကျနော်တို့လည်း သက်ဆိုင်ရာထိုင်းကိုယ်စားလှယ်တွေနဲ့တွေ့တဲ့အခါမှာ Advocate လုပ်ပါတယ်၊ ခွင့်ပြုပေးဖို့ပေါ့နော်။ ဒီလိုမျိုး ဒုက္ခသည်တွေကို လက်မခံနိုင်ရင်တောင်မှ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေကို လူသားချင်းစာနာမှုတွေနဲ့ ခွင့်ပြုပေးဖို့ တောင်းဆိုနေတာပါ။"

စစ်ဘေးဒုက္ခသည်တွေအတွက် လှူထားကြတဲ့ ဆန်ဆီ၊ ဆား၊ ခေါက်ဆွဲခြောက် သောက်ရေနဲ့ ကုန်ခြောက်ပစ္စည်းတွေကို ဧပြီလ ၃ ရက်နေ့ထဲက သူတို့ဆီရောက်အောင် ပို့ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိုင်းအာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ ထိုင်းမှာ ရှိတဲ့ ထိုင်းကရင် (KTG) အဖွဲ့နဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေက တောင်းဆို ကူညီခဲ့ပြီးနောက် ဒီနေ့မှာတော့ အကန့်အသတ်နဲ့ အကူအညီတွေ ပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့အကူအညီတွေကိုတော့ ခရိုင်အာဏာပိုင်အဆင့်ဆင့်ကနေ ခွင့်ပြုမှာသာပို့ပေးနိုင်ခွင့်ရမယ်လို့ ထိုင်းအာဏာပိုင်တွေက တုံ့ပြန်တယ်လို့ လူအခွင့်ရေးအဖွဲ့အစည်းတွေကပြောပြပါတယ်။ ကရင်စစ်ဘေး ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ နေရာဘက်တွေမှာ မိုးတွေရွာနေတာတွေကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သောက်ရေနဲ့ မိုးကာများ အရေးတကြီး လိုအပ်နေသေးတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေတုန်းက ကရင်ပြည်နယ်ဖာပွန်ခရိုင်ထဲက ကရင်ကျေးရွာတွေအပေါ် စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG