သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖာပြန္ၿမိဳ႕နယ္ဘက္က ေဒသခံေတြ စစ္ေရးေၾကာင့္ အခက္ၾကံဳေန


KNU တပ္ဖြဲ႔ဝင္မ်ား

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္နဲ႔ KNU ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၅) အဖြဲ႕တို႔အၾကား စစ္ေရးတင္းမာေနတဲ့ ဖာပြန္ၿမိဳ႕နယ္ဘက္မွာ လမ္းပန္းဆက္သြယ္ေရး အတားအဆီးေတြ ႐ွိေနသလို ေျမျမႈပ္မိုင္း အႏၱရာယ္ကိုလည္း ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ သြားလာေရး အခက္အခဲေၾကာင့္ ကုန္ေစ်းႏွဳန္းေတြလည္း ျမင့္တက္ေနတဲ့ အေျခအေနကို ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

အာဏာသိမ္းထားတဲ့ နစက စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္လက္နက္ကိုင္ ေကအန္ယူ တပ္မဟာ ၅ ထိန္းခ်ဳပ္တဲ့ ဖာပြန္ၿမိဳ႕နယ္မွာ စစ္တပ္ဖက္က စစ္ကူတပ္ေတြ မပို႔ႏိုင္ေအာင္ ေကအန္ယူတပ္ေတြက လမ္းေတြ တံတားေတြကို ဖ်က္စီး ပိတ္ဆို႔ခဲ့တာေၾကာင့္ ခရီးသြားတခ်ဳိ႕ ထိခိုက္ခဲ့တယ္လို႔ အရပ္ဖက္ပစ္ခတ္တိုက္ခိုက္မွဳ ေစာင့္ၾကည့္ေရးအဖြဲ႕၀င္တဦးကေျပာပါတယ္။

“မိုင္းကြဲတာက ကြ်န္ေတာ္တို႕ ကမာေမာင္းအ၀ေျပာတယ္ေလ။ ၀ါးဆူးရြာအေပၚနားေလးဘဲ။ ကမာေမာင္းနဲ႕ဆို (၇) မိုင္ေလာက္ ဘဲရွိမွာေပါ့။ သစ္ပင္ေတြလွဲထားတာ သြားလို႕မရေတာ့ဘူး။ မေန႕ကသစ္ပင္ေတြလွဲထားေတာ့ ဆိုင္ကယ္နဲ႕ကြင္းသြားတာေတာ့ ဆိုင္ကယ္တစီး ညကမိုင္းထိတယ္။ ဒီမနက္က်ကားတစီးထြက္လာေတာ့ ကားတစီးလဲထိတယ္။ အစအေသးေလးေတြဘဲထိတယ္။ သူကလက္လုပ္မိုင္းဆိုေတာ့သိပ္ေတာ့မျပင္းဘူးေလ။ ဒဏ္ရာဘဲရတဲ့သေဘာေပါ့ေနာ္။”

တံတားေတြ ကားလမ္းေတြပ်က္စီးတာနဲ႔ပါတ္သက္လို႔ ဖာပြန္ၿမိဳ႕ခံတဦးက ခုလို ေျပာျပပါတယ္။

“ကြ်န္ေတာ္သိရသေလာက္ဆိုရင္ ကမာေမာင္းဖာပြန္ကားလမ္းတေလွ်ာက္ေပါ့ တံတားႏွစ္စင္းအဖ်က္စီးခံရတယ္။ ဖ်က္စီးထား တာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ကတိုင္တိရဲ႕အေပၚဘက္မွာဆိုရင္ သစ္ပင္ႀကီးေတြလွဲခ်ခံရတာရွိတယ္။ အဲဒီသစ္ပင္ႀကီးေတြ လွဲထား တဲ့ သူတို႕ဒီစစ္ေကာင္စီဘက္က ေအာက္လမ္းကသြားလို႕မရေအာင္ဆိုၿပီးေတာ့ မိုင္းေတြလဲထပ္ တူးထားတာေလးၾကံဳရတာ ေပါ့ေနာ္။”

နစက ေကာင္စီက ဧၿပီလကုန္တဲ့အထိ ပစ္ခတ္တိုက္ခိုက္မႈ ရပ္ထားမယ္လို႔ ေၾကညာထားေပမဲ့ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ေဒသခံ ျပည္သူတခ်ဳိ႕ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

“မေန႕ကဆိုရင္ တပ္ကုန္းကေနၿပီးေတာ့ ကရင္ရြာေတြကိုလွန္းၿပီးေတာ့ပစ္ခ်တဲ့ေနရာမွာ ေနကရြာမွာ(၄)ဦးဒဏ္ရာရသြားတယ္ဗ်။ အေသအေပ်ာက္ေတာ့မရွိဘူး။”

ခုလို အပစ္အခတ္ေတြ႐ွိေနသလို လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္လာေနတဲ့အေျခအေနၾကာင့္ ဖာပြန္ၿမိဳ႕အတြင္းကုန္ေစ်းႏွဳန္းေတြ ျမင့္တက္လာေန တယ္လို႕ကရင္ ျပည္နယ္အဆင့္ ပစ္ခတ္တိုက္ခိုက္မွဳေစာင့္ၾကည့္ေရးေကာ္မီတီ၀င္ JMC-S ေနာ္ေမလာထူးကေျပာပါတယ္။

“အခုဖာပြန္ကမာ့ေမာင္းလဲထြက္လုိ႕မရဘူး။ လမ္းမွာလဲမိုင္းေတြရွိတယ္သိလား။ ဖာပြန္မွာလဲေစ်းေတြတအားတက္ေနတယ္။ ဖုန္း ေဘလ္တခုကို (၁၅၀၀)မွ၀ယ္လို႕မရဘူး။ စားေသာက္ကုန္ကလဲေတာ္ေတာ္ေစ်းတက္တယ္။ ဆန္အိတ္ႏွစ္ေသာင္းနဲ႕ ႏွစ္ေထာင္။ ႏွစ္ေသာင္းနဲ႕ေလးေထာင္ အခု(၃၀၀၀၀)(၃၂၀၀၀)ျဖစ္သြားၿပီး။ လမ္းပန္းဆက္သြယ္ေရးလဲျပတ္တယ္ေလ။ ”

ဖာပြန္ၿမိဳ႕တြင္းမွာကိုပဲ ပစ္ခတ္သံေတြ ေန႕စဥ္ၾကားေနရသလို နယ္ဖက္ကလာတဲ့စစ္ေရွာင္ဦးေရရာနဲ႕ခ်ီရွိေနတယ္လို႕လဲ ေနာ္ေမလာထူး ကဆိုပါတယ္။

“တိုက္ပြဲအေျခအေနကေန႕တိုင္းဘဲ။ အခုျဖစ္ေနတယ္ေတာင္သုံးလုံးဘက္မွာ။ စစ္ေဘးေရွာင္အဖြဲ႕ေတြက အခုဖာပြန္အမွတ္(၄) ရပ္ကြက္ ဆရာေတာ္ဦး၀ါရိႏၱေက်ာင္းမွာ လူေပါင္း(၁၀၀)ေက်ာ္ရွိတယ္။ ေနာက္ ေတာ့လဲ ဒီဖာပြန္ၿမိဳ႕မေရႊေက်ာင္းမွာလဲရွိတယ္။ ဖာပြန္အမွတ္(၃)ရပ္ကြက္RC ေက်ာင္းမွာလဲရွိတယ္။ စစ္ေဘးေရွာင္အဖြဲ႕ေတြေလ။ (၂၀၀) ေလာက္ရွိမယ္။”

နစက စစ္ေကာင္စီတပ္ေတြနဲ႔ ေကအန္ယူတပ္ေတြၾကား မတ္လကုန္ပိုင္းကစၿပီး တိုက္ပြဲေတြျဖစ္ပြားေနတာပါ။ အခုဆိုရင္ ေကအန္ယူ တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ထဲမွာသာမက တပ္မဟာ ၃၊ ၄ နဲ႔ ၆ ထိန္းခ်ဳပ္နယ္ ေျမေတြမွာပါ စစ္တပ္နဲ႔ တိုက္ပဲြေတြ ႐ွိေနပါတယ္။

.................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာစစ်တပ်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) အဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ဖာပွန်မြို့ နယ်ဘက်မှာ လမ်းပန်းဆက်သွယ်ရေးတွေ အတားအဆီးတွေ ရှိနေသလို မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သွားလာရေး အခက်အခဲကြောင့် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

အာဏာသိမ်းထားတဲ့ နစက စစ်ကောင်စီတပ်တွေနဲ့ ကရင်လက်နက်ကိုင် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်တဲ့ ဖာပွန်မြို့နယ်မှာ စစ်တပ်ဖက်က စစ်ကူတပ်တွေ မပို့နိုင်အောင် ကေအန်ယူတပ်တွေက လမ်းတွေ တံတားတွေကို ဖျက်စီး ပိတ်ဆို့ခဲ့တာကြောင့် ခရီးသွားတချို့ ထိခိုက်ခဲ့တယ်လို့ အရပ်ဖက်ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

“မိုင်းကွဲတာက ကျွန်တော်တို့ ကမာမောင်းအဝပြောတယ်လေ။ ဝါးဆူးရွာအပေါ်နားလေးဘဲ။ ကမာမောင်းနဲ့ဆို (၇) မိုင်လောက် ဘဲရှိမှာပေါ့။ သစ်ပင်တွေလှဲထားတာ သွားလို့မရတော့ဘူး။ မနေ့ကသစ်ပင်တွေလှဲထားတော့ ဆိုင်ကယ်နဲ့ကွင်းသွားတာတော့ ဆိုင်ကယ်တစီး ညကမိုင်းထိတယ်။ ဒီမနက်ကျကားတစီးထွက်လာတော့ ကားတစီးလဲထိတယ်။ အစအသေးလေးတွေဘဲထိတယ်။ သူကလက်လုပ်မိုင်းဆိုတော့သိပ်တော့မပြင်းဘူးလေ။ ဒဏ်ရာဘဲရတဲ့သဘောပေါ့နော်။”

တံတားတွေ ကားလမ်းတွေပျက်စီးတာနဲ့ပါတ်သက်လို့ ဖာပွန်မြို့ခံတဦးက ခုလို ပြောပြပါတယ်။

“ကျွန်တော်သိရသလောက်ဆိုရင် ကမာမောင်းဖာပွန်ကားလမ်းတလျှောက်ပေါ့ တံတားနှစ်စင်းအဖျက်စီးခံရတယ်။ ဖျက်စီးထား တာပေါ့နော်။ နောက်ပြီးတော့ကတိုင်တိရဲ့အပေါ်ဘက်မှာဆိုရင် သစ်ပင်ကြီးတွေလှဲချခံရတာရှိတယ်။ အဲဒီသစ်ပင်ကြီးတွေ လှဲထား တဲ့ သူတို့ဒီစစ်ကောင်စီဘက်က အောက်လမ်းကသွားလို့မရအောင်ဆိုပြီးတော့ မိုင်းတွေလဲထပ် တူးထားတာလေးကြုံရတာ ပေါ့နော်။”

နစက ကောင်စီက ဧပြီလကုန်တဲ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်ထားမယ်လို့ ကြေညာထားပေမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“မနေ့ကဆိုရင် တပ်ကုန်းကနေပြီးတော့ ကရင်ရွာတွေကိုလှန်းပြီးတော့ပစ်ချတဲ့နေရာမှာ နေကရွာမှာ(၄)ဦးဒဏ်ရာရသွားတယ်ဗျ။ အသေအပျောက်တော့မရှိဘူး။”

ခုလို အပစ်အခတ်တွေရှိနေသလို လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လာနေတဲ့အခြေအနေကြာင့် ဖာပွန်မြို့အတွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာနေ တယ်လို့ကရင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးကော်မီတီဝင် JMC-S နော်မေလာထူးကပြောပါတယ်။

“အခုဖာပွန်ကမာ့မောင်းလဲထွက်လို့မရဘူး။ လမ်းမှာလဲမိုင်းတွေရှိတယ်သိလား။ ဖာပွန်မှာလဲဈေးတွေတအားတက်နေတယ်။ ဖုန်း ဘေလ်တခုကို (၁၅၀၀)မှဝယ်လို့မရဘူး။ စားသောက်ကုန်ကလဲတော်တော်ဈေးတက်တယ်။ ဆန်အိတ်နှစ်သောင်းနဲ့ နှစ်ထောင်။ နှစ်သောင်းနဲ့လေးထောင် အခု(၃၀၀၀၀)(၃၂၀၀၀)ဖြစ်သွားပြီး။ လမ်းပန်းဆက်သွယ်ရေးလဲပြတ်တယ်လေ။ ”

ဖာပွန်မြို့တွင်းမှာကိုပဲ ပစ်ခတ်သံတွေ နေ့စဉ်ကြားနေရသလို နယ်ဖက်ကလာတဲ့စစ်ရှောင်ဦးရေရာနဲ့ချီရှိနေတယ်လို့လဲ နော်မေလာထူး ကဆိုပါတယ်။

“တိုက်ပွဲအခြေအနေကနေ့တိုင်းဘဲ။ အခုဖြစ်နေတယ်တောင်သုံးလုံးဘက်မှာ။ စစ်ဘေးရှောင်အဖွဲ့တွေက အခုဖာပွန်အမှတ်(၄) ရပ်ကွက် ဆရာတော်ဦးဝါရိန္တကျောင်းမှာ လူပေါင်း(၁၀၀)ကျော်ရှိတယ်။ နောက် တော့လဲ ဒီဖာပွန်မြို့မရွှေကျောင်းမှာလဲရှိတယ်။ ဖာပွန်အမှတ်(၃)ရပ်ကွက်RC ကျောင်းမှာလဲရှိတယ်။ စစ်ဘေးရှောင်အဖွဲ့တွေလေ။ (၂၀၀) လောက်ရှိမယ်။”

နစက စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေကြား မတ်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ အခုဆိုရင် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်ထဲမှာသာမက တပ်မဟာ ၃၊ ၄ နဲ့ ၆ ထိန်းချုပ်နယ် မြေတွေမှာပါ စစ်တပ်နဲ့ တိုက်ပွဲတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG