သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရးေတာင္ပိုင္းနဲ႔ ဘီးလင္းမွာ ေကအန္ယူနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ၾကား တိုက္ပြဲျဖစ္


ကရင္ျပည္နယ္ ဒူးပလာယာခရိုင္ က ေကအင္ယူတပ္ဖြဲ႔မ်ား

{{Zawgyi/Unicode}}

ကရင္ျပည္နယ္တြင္းမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီတပ္ေတြနဲ့ ေကအန္ယူတပ္ဖြဲ႔ေတြၾကား ေကအန္ယူ တပ္မဟာ ၆ နယ္ေျမ ေရးေတာင္ပုိင္း ဝင္းေရးၿမိဳ႕နယ္ထဲမွာ မေန့ညပိုင္းက တုိက္ပဲြေတြျဖစ္ပြားခဲ့သလို တပ္မဟာ ၁ နယ္ေျမ သထံုခရိုင္ ဘီးလင္းျမိဳနယ္ထဲမွာလည္း တနလၤာေန့က တုိက္ပဲြျဖစ္ခဲ့ပါတယ္။ အျပည့္အစံုကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ေအျပီလ တလတာ အပစ္အခပ္ရပ္စဲေၾကာင္း ေၾကညာထားေပမယ့္ ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုးတပ္ေတြနဲ့ တိုက္ပဲြေတြကေတာ့ ဆက္ျဖစ္ေနတာပါ။ မေန့ကနဲ့ တေန့ကေတာ့ ေကအန္ယူတပ္မဟာ (၁)နဲ့ တပ္မဟာ(၆)နယ္ေျမေတြထဲ တုိက္ပဲြျဖစ္ခဲ့ပါတယ္။ မေန့ညတုန္းကတုိက္ပဲြအေျခအေနကိုေတာ့ေကအန္ယူ တပ္မဟာ(၆)ဒူးပလာယာခရိုင္ ဆက္ဆံေရးရံုး တာ၀န္ခံ ဖဒုိေစာအက္ဒ၀ပ္ က အခုလိုေျပာျပပါတယ္။

"ဝင္းေရးၿမိဳ႕နယ္ထဲမွာ ေရးေတာင္ပိုင္းက မာန္ေအာင္ေက်းရြာ အနီးမွာ တိုက္ပဲြျဖစ္တယ္။ တပ္မဟာ(၆)သတင္းပုိ့တယ္။ ရန္သူဘက္က ၅ ေယာက္က်တယ္။ ဒီအတိုင္းပဲသူပစ္ကုိယ္ပစ္လိုက္ပစ္တာ ။ သူတုိ့ဘက္ကအုပ္စု ၂အုပ္စုေတာင္မွ လမ္းမွာ တုိက္ပဲြျဖစ္တာ။ ရန္သူဘက္က ၅ ေယာက္က်တယ္။ က်ေနာ္တို့ဘက္ကေတာ့မက်ဘူး။ အဲဒီမွာတိုက္ပဲြမျဖစ္တာေတာ့ႀကာျပီ။ တုိက္ပဲြျဖစ္ျပီး အရမ္းလိုက္ပစ္ေတာ့ အရပ္သားတဦးဆိုင္ကယ္စီးသြားတဲ့လူကိုလည္းအရမ္းလုိက္ပစ္တာတေယာက္ထိသြားတယ္"

ေကအန္ယူတပ္မဟာ(၁) ထိန္းခ်ဳပ္ထားတဲ့ ဘီးလင္းျမိဳနယ္ထဲမွာေတာ့ တနလၤာေန့ မနက္ပုိင္းမွာတိုက္ပဲြျဖစ္ခဲ့ေႀကာင္း ကရင္လူအခြင့္ေရးအုပ္စု KHRG က ေျပာေ၇းဆိုခြင့္ရွိသူ ေစာနႏၵဆူးကေျပာပါတယ္။

"တပ္မဟာ(၁)ဘက္မွာလည္း တိုက္ပဲြျဖစ္တာမ်ားလာျပီ တပ္မဟာ ၁ သထံုခရိုင္ ဘီးလင္းျမိႈနယ္မွာ စစ္ေကာင္စီတပ္ေတြနဲ့ ေကအန္ယူနဲ့တုိက္ပဲြျဖစ္တာ မနက္ပုိင္း၂နာရီေလာက္မွာျဖစ္တာ"

စစ္ေကာင္စီတပ္ေတြက ေလယာဥ္နဲ့ဗံုးႀကဲတိုက္ခိုက္ခဲ့တာေႀကာင့္ ဒုကၡသည္တေသာင္းေက်ာ္ရွိေနတဲ့ ဖာပြန္ခရိုင္ထဲမွာေတာ့ ျမိဳ့ေပၚေနထုိင္ေနတဲ့ လူထုေကာ ေတာထဲကလူထုပါ အေႀကာက္တရားေတြနဲ့ေနထုိင္ေနရတယ္လို့ ေစာနႏၵဆူးကေျပာျပပါတယ္။

"အထူးသျဖင့္ဖာပြန္ ကမေမာင္းဘက္ကလည္း လူထူေတြကအေႀကာက္တရားနဲ့ေနေနရတ ာေပါ့"

ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီတပ္ေတြနဲ့ လက္ရွိမွာေကအန္ယူ တပ္မဟာ(၁) တပ္မဟာ(၃)တပ္မဟာ(၅)တပ္မဟာ(၆) နယ္ေျမေတြမွာတုိက္ပဲြေတြဆက္တုိက္ျဖစ္ေနျပီး ကရင္လူထု ေနထုိင္ရာ ေနရာေတြကုိလက္နက္ႀကီးေတြက်ေနတာေႀကာင့္ အရပ္သားေတြဟာ အိုးအိပ္စြန္႕ခြါျပီး ေဘးလြတ္ရာကို ေရြ ့ေျပာင္းေနထုိင္ေနရပါတယ္ ။

ေကအန္ယူနဲ့ ျမန္မာအစုိးရတုိ့ဟာ ၂၀၁၂ ခုႏွစ္ထဲမွာ အပစ္အခတ္ရပ္စဲခဲ့ျပီး ၂၀၁၅ ခုႏွစ္မွာတႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကုိလက္မွတ္ေရးထုိးထားပါတယ္။ NCA အတိုင္း လိုက္နာ လုပ္ေဆာင္မယ္ဆိုရင္ ပဋိပကၡျဖစ္စရာအေၾကာင္းမရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း AFP သတင္းဌာနကို ေျပာခဲ့ပါတယ္။

KNU ကေတာ့ စစ္တပ္အာဏာသိမ္းတာကို ကန္႔ကြက္ထားသလို ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာေတြကိုလည္း ျပစ္တင္႐ႈတ္ခ်ထားပါတယ္။ ကရင္ျပည္နယ္တြင္း တခ်ဳိ႕ေဒသေတြမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြကိုလည္း KNU တပ္ဖြဲ႔ေတြက လံုျခံဳေရးယူ လုိက္ပါေပးတာေတြ ရွိခဲ့ပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကရင်ပြည်နယ်တွင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်ဖွဲ့တွေကြား ကေအန်ယူ တပ်မဟာ ၆ နယ်မြေ ရေးတောင်ပိုင်း ဝင်းရေးမြို့နယ်ထဲမှာ မနေ့ညပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့သလို တပ်မဟာ ၁ နယ်မြေ သထုံခရိုင် ဘီးလင်းမြိုနယ်ထဲမှာလည်း တနင်္လာနေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီက အေပြီလ တလတာ အပစ်အခပ်ရပ်စဲကြောင်း ကြေညာထားပေမယ့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးတပ်တွေနဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတာပါ။ မနေ့ကနဲ့ တနေ့ကတော့ ကေအန်ယူတပ်မဟာ (၁)နဲ့ တပ်မဟာ(၆)နယ်မြေတွေထဲ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မနေ့ညတုန်းကတိုက်ပွဲအခြေအနေကိုတော့ကေအန်ယူ တပ်မဟာ(၆)ဒူးပလာယာခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုစောအက်ဒဝပ် က အခုလိုပြောပြပါတယ်။

"ဝင်းရေးမြို့နယ်ထဲမှာ ရေးတောင်ပိုင်းက မာန်အောင်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်တယ်။ တပ်မဟာ(၆)သတင်းပို့တယ်။ ရန်သူဘက်က ၅ ယောက်ကျတယ်။ ဒီအတိုင်းပဲသူပစ်ကိုယ်ပစ်လိုက်ပစ်တာ ။ သူတို့ဘက်ကအုပ်စု ၂အုပ်စုတောင်မှ လမ်းမှာ တိုက်ပွဲဖြစ်တာ။ ရန်သူဘက်က ၅ ယောက်ကျတယ်။ ကျနော်တို့ဘက်ကတော့မကျဘူး။ အဲဒီမှာတိုက်ပွဲမဖြစ်တာတော့ကြာပြီ။ တိုက်ပွဲဖြစ်ပြီး အရမ်းလိုက်ပစ်တော့ အရပ်သားတဦးဆိုင်ကယ်စီးသွားတဲ့လူကိုလည်းအရမ်းလိုက်ပစ်တာတယောက်ထိသွားတယ်"

ကေအန်ယူတပ်မဟာ(၁) ထိန်းချုပ်ထားတဲ့ ဘီးလင်းမြိုနယ်ထဲမှာတော့ တနင်္လာနေ့ မနက်ပိုင်းမှာတိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်လူအခွင့်ရေးအုပ်စု KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

"တပ်မဟာ(၁)ဘက်မှာလည်း တိုက်ပွဲဖြစ်တာများလာပြီ တပ်မဟာ ၁ သထုံခရိုင် ဘီးလင်းမြှိုနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူနဲ့တိုက်ပွဲဖြစ်တာ မနက်ပိုင်း၂နာရီလောက်မှာဖြစ်တာ"

စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည်တသောင်းကျော်ရှိနေတဲ့ ဖာပွန်ခရိုင်ထဲမှာတော့ မြို့ပေါ်နေထိုင်နေတဲ့ လူထုကော တောထဲကလူထုပါ အကြောက်တရားတွေနဲ့နေထိုင်နေရတယ်လို့ စောနန္ဒဆူးကပြောပြပါတယ်။

"အထူးသဖြင့်ဖာပွန် ကမမောင်းဘက်ကလည်း လူထူတွေကအကြောက်တရားနဲ့နေနေရတ ာပေါ့"

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ လက်ရှိမှာကေအန်ယူ တပ်မဟာ(၁) တပ်မဟာ(၃)တပ်မဟာ(၅)တပ်မဟာ(၆) နယ်မြေတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ကရင်လူထု နေထိုင်ရာ နေရာတွေကိုလက်နက်ကြီးတွေကျနေတာကြောင့် အရပ်သားတွေဟာ အိုးအိပ်စွန့်ခွါပြီး ဘေးလွတ်ရာကို ရွေ့ပြောင်းနေထိုင်နေရပါတယ် ။

ကေအန်ယူနဲ့ မြန်မာအစိုးရတို့ဟာ ၂၀၁၂ ခုနှစ်ထဲမှာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားပါတယ်။ NCA အတိုင်း လိုက်နာ လုပ်ဆောင်မယ်ဆိုရင် ပဋိပက္ခဖြစ်စရာအကြောင်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

KNU ကတော့ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ထားသလို ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာတွေကိုလည်း ပြစ်တင်ရှုတ်ချထားပါတယ်။ ကရင်ပြည်နယ်တွင်း တချို့ဒေသတွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကိုလည်း KNU တပ်ဖွဲ့တွေက လုံခြုံရေးယူ လိုက်ပါပေးတာတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG