သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟုမၼလင္းက ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ပစ္ခတ္ခံရၿပီး ေသဆံုး


စစ္ေကာင္စီခန္႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ကို ကန္႔ကြက္သည့္ ေက်းရြာတရြာ

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးတစ္ေယာက္ကို ဧၿပီ လ ၁၄ ရက္ေန႔ မနက္အေစာပိုင္းမွာ လူေလးေယာက္က ေသနတ္နဲ႔ ပစ္ခတ္ သတ္ျဖတ္မႈျဖစ္ခဲ့ပါတယ္။ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ နစက စစ္ေကာင္စီကခန္႔အပ္တဲ့ အုပ္ခ်ဳပ္ေရးမွဴးသစ္ေတြအေပၚ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေဒသခံေတြ ကန္႔ကြက္ ဆႏၵျပမႈေတြ ႐ွိေနခ်ိန္မွာ ခုလို ပစ္ခတ္မႈျဖစ္ခဲ့တာပါ။ ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပထားပါတယ္။

စစ္ကိုင္းတိုင္း၊ ခႏၲီးခ႐ိုင္၊ ဟုမၼလင္းၿမိဳ႕နယ္၊ သဖန္းကုန္းေက်း႐ြာအုပ္စုရဲ႕ အုပ္ခ်ဳပ္ေရးမွဴးသစ္ျဖစ္သူ အသက္ ၃၉ ႏွစ္အ႐ြယ္ ဦးဥကၠာကို ေသနတ္ကိုင္ေဆာင္ထားသူ လူ ၄ ေယာက္က ဗုဒၶဟူးေန႔ အေစာပိုင္းမွာ ေသနတ္နဲ႔ပစ္ခတ္လို႔ ေသဆံုးခဲ့တယ္လုိ႔ အဲဒီ ပစ္ခတ္မႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သိလိုက္ရတဲ့ ေဒသခံတစ္ေယာက္က ဗီအိုေအကို ေျပာျပပါတယ္။

“အဲ့အုပ္ခ်ဳပ္ေရးမႈးက အသစ္ေပါ့ဗ်ာ။ စစ္ေကာင္စီကခန႔္တဲ့ ဥစၥာ။ သူတို႔က ဟိုဥစၥာ ေစ်းသြားဝယ္လို႔အျပန္မွာ လူေလး‌ေယာက္က ဆိုင္ကယ္နဲ႔ ဝင္ ၿပီးေတာ့သတ္သြားတာေပါ့။ ဒီသူနဲ႔ပါလာတဲ့ လူတေယာက္က က်ေတာ့ အဲ့ဒီ အုပ္ခ်ဳပ္ေရးမႈးကို ဆယ့္ခြန္ႏွစ္ခ်က္လားမသိ က်ည္ဆယ့္ခြန္ႏွစ္ ဟိုဟာ ေသနတ္ဆယ့္ခြန္ႏွစ္ခ်က္ ပစ္သတ္ၿပီးေတာ့ ဟိုတစ္ေယာက္ကက်ေတာ့ ဒဏ္ရာ ထိခိုက္ဒဏ္ရာပဲ ရသြားတာပါ”

သူနဲ႔အတူ႐ွိေနသူ ထိခိုက္ဒဏ္ရာရခဲ့ၿပီး ေသနတ္နဲ႔ပစ္သူ ေလးေယာက္က လြတ္သြားပါတယ္။ သူတို႔ဟာ ဘယ္သူေတြျဖစ္တယ္၊ ဘာေၾကာင့္ပစ္တယ္ဆိုတာေတြကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ရဲစခန္းက အမႈဖြင့္ၿပီး ဆက္လက္ေဆာင္႐ြက္အေရးယူေနတယ္လို႔ ေဒသခံက ေျပာပါတယ္။ ေသဆံုးသြားသူဟာ အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ နစက စစ္ေကာင္စီက မၾကာခင္ကမွ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ခန္႔အပ္ထားသူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္ လ ၁၉ ရက္ ေန႔ကလည္း စစ္ေကာင္စီက ခန႔္အပ္တဲ့ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႈးသစ္ ၂ ေယာက္နဲ႔ ႔ ျပည္သူ႔စစ္ ၁ ေယာက္ ျမဝတီခ႐ိုင္ ေဝွ႔ရွမ္းေက်း႐ြာ ဘုန္းႀကီးေက်ာင္း ဓမၼာ႐ုံမွာ ပစ္ခတ္ခံရပါတယ္။ အုပ္ခ်ဳပ္ေရးမွဴး ႏွစ္‌ေယာက္က ေနရာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္းနဲ႔ ဒဏ္ရာရရွိခဲ့တဲ့ ျပည္သူ႔စစ္အဖြဲ႕ဝင္တ‌ေယာက္က ေဆး႐ုံမွာ ေသဆုံးခဲ့တယ္လို႔ ကရင္ျပည္နယ္ အေျခစိုက္ KIC သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

ခုလို နစက စစ္ေကာင္စီကခန္႔အပ္တဲ့ အုပ္ခ်ဳပ္ေရးမွဴးသစ္ေတြအေပၚ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆန္႔က်င္ကန္႔ကြက္မႈေတြ အေစာပိုင္းက ေတာ္ေတာ္ေလး႐ွိခဲ့တာပါ။

ရန္ကုန္ၿမိဳ႕ထဲက ရပ္ကြက္တခ်ဳိ႕မွာဆိုရင္ အုပ္ခ်ဳပ္ေရးမွဴးသစ္ေတြ ႐ံုးမထုိင္ႏိုင္ေအာင္ ရပ္ကြက္ေနျပည္သူေတြက ဆန္႔က်င္ ဆႏၵျပ တားဆီးမႈေတြ ႐ွိခဲ့ပါတယ္။ ရန္ကုန္အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားက အုပ္ခ်ဳပ္ေရးမွဴး႐ံုးေတြ မီးေလာင္ကၽြမ္းမႈေတြျဖစ္ခဲ့ေပမဲ့ ဘယ္သူေတြ ႐ႈိ႕သလဲဆိုတာ အတိအက် မသိရပါဘူး။

ဒီလိုအေျခအေနေတြ ျဖစ္ေနေပမယ့္လည္း အုပ္ခ်ဳပ္ေရးမွဴး႐ံုး ေတာ္ေတာ္မ်ားမ်ားကေတာ့ စစ္ေကာင္စီကခန္႔အပ္တဲ့ အုပ္ခ်ဳပ္ေရးမွဴးသစ္ေတြနဲ႔ ျပန္လည္ လုပ္ငန္းလည္ပတ္ေနၾကပါတယ္။ အထူးသျဖင့္ေတာ့ စစ္ေကာင္စီက ဧည့္စာရင္းဥပေဒကို ျပန္ၿပီး အသက္သြင္းထားတဲ့အတြက္ ဧည့္စာရင္းတိုင္တဲ့အလုပ္ကိုပဲ အဓိကလုပ္ေနၾကတာျဖစ္ပါတယ္။

...................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဧပြီ လ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ လူလေးယောက်က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် နစက စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးသစ်တွေအပေါ် နေရာတော်တော်များများမှာ ဒေသခံတွေ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေချိန်မှာ ခုလို ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သဖန်းကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးသစ်ဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးဥက္ကာကို သေနတ်ကိုင်ဆောင်ထားသူ လူ ၄ ယောက်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ အဲဒီ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သိလိုက်ရတဲ့ ဒေသခံတစ်ယောက်က ဗီအိုအေကို ပြောပြပါတယ်။

“အဲ့အုပ်ချုပ်ရေးမှုးက အသစ်ပေါ့ဗျာ။ စစ်ကောင်စီကခန့်တဲ့ ဥစ္စာ။ သူတို့က ဟိုဥစ္စာ ဈေးသွားဝယ်လို့အပြန်မှာ လူလေး‌ယောက်က ဆိုင်ကယ်နဲ့ ဝင် ပြီးတော့သတ်သွားတာပေါ့။ ဒီသူနဲ့ပါလာတဲ့ လူတယောက်က ကျတော့ အဲ့ဒီ အုပ်ချုပ်ရေးမှုးကို ဆယ့်ခွန်နှစ်ချက်လားမသိ ကျည်ဆယ့်ခွန်နှစ် ဟိုဟာ သေနတ်ဆယ့်ခွန်နှစ်ချက် ပစ်သတ်ပြီးတော့ ဟိုတစ်ယောက်ကကျတော့ ဒဏ်ရာ ထိခိုက်ဒဏ်ရာပဲ ရသွားတာပါ”

သူနဲ့အတူရှိနေသူ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေနတ်နဲ့ပစ်သူ လေးယောက်က လွတ်သွားပါတယ်။ သူတို့ဟာ ဘယ်သူတွေဖြစ်တယ်၊ ဘာကြောင့်ပစ်တယ်ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရဲစခန်းက အမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်အရေးယူနေတယ်လို့ ဒေသခံက ပြောပါတယ်။ သေဆုံးသွားသူဟာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ နစက စစ်ကောင်စီက မကြာခင်ကမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် လ ၁၉ ရက် နေ့ကလည်း စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှုးသစ် ၂ ယောက်နဲ့ ပြည်သူ့စစ် ၁ ယောက် မြဝတီခရိုင် ဝှေ့ရှမ်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ပစ်ခတ်ခံရပါတယ်။ အုပ်ချုပ်ရေးမှူး နှစ်‌ယောက်က နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနဲ့ ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တ‌ယောက်က ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ကရင်ပြည်နယ် အခြေစိုက် KIC သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

ခုလို နစက စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးသစ်တွေအပေါ် နေရာတော်တော်များများမှာ ဆန့်ကျင်ကန့်ကွက်မှုတွေ အစောပိုင်းက တော်တော်လေးရှိခဲ့တာပါ။

ရန်ကုန်မြို့ထဲက ရပ်ကွက်တချို့မှာဆိုရင် အုပ်ချုပ်ရေးမှူးသစ်တွေ ရုံးမထိုင်နိုင်အောင် ရပ်ကွက်နေပြည်သူတွေက ဆန့်ကျင် ဆန္ဒပြ တားဆီးမှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်အပါအဝင် မြို့တော်တော်များများက အုပ်ချုပ်ရေးမှူးရုံးတွေ မီးလောင်ကျွမ်းမှုတွေဖြစ်ခဲ့ပေမဲ့ ဘယ်သူတွေ ရှို့သလဲဆိုတာ အတိအကျ မသိရပါဘူး။

ဒီလိုအခြေအနေတွေ ဖြစ်နေပေမယ့်လည်း အုပ်ချုပ်ရေးမှူးရုံး တော်တော်များများကတော့ စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးသစ်တွေနဲ့ ပြန်လည် လုပ်ငန်းလည်ပတ်နေကြပါတယ်။ အထူးသဖြင့်တော့ စစ်ကောင်စီက ဧည့်စာရင်းဥပဒေကို ပြန်ပြီး အသက်သွင်းထားတဲ့အတွက် ဧည့်စာရင်းတိုင်တဲ့အလုပ်ကိုပဲ အဓိကလုပ်နေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG