သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားညီညြတ္ေရးအစိုးရကို ပံုစံစံု ဆႏၵျပေထာက္ခံ


ထားဝယ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ အမ်ဳိးသားညီညြတ္ေရးအစုိးရ ေထာက္ခံခ်ီတက္ပြဲ။ (ဧၿပီ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာ ရက္ေပါင္း ၈၀ နီးပါး ရွိလာၿပီျဖစ္ေပမယ့္ အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကေတာ့ ေနရာေဒသ အေတာ္မ်ားမ်ားမွာ ပုံစံမ်ဳိးစုံနဲ႔ ဆက္ရွိေနဆဲပါ။

ဒီကေန႔မွာေတာ့ ဧၿပီလ ၁၆ ရက္ေန႔က ဖြဲ႔စည္းလုိက္တဲ့ အမ်ဳိးသားညီညြတ္ေရးအစုိးရကုိ ေထာက္ခံတဲ့ ခ်ီတက္ပြဲေတြ ျပဳလုပ္ခဲ့ၾကသလုိ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြလည္း ဆက္လက္ ျပဳလုပ္ေနၾကပါတယ္။

ထားဝယ္ၿမိဳ႕ခံေတြ မုိးရြာထဲမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ဒီကေန႔ ျမင္းၿခံၿမိဳ႕ ဆႏၵျပသူေတြကုိ အၾကမ္းဖက္ ၿဖိဳခြဲခဲ့တဲ့အတြက္ အနည္းဆုံး ၂ ဦး ထိခုိက္ဒဏ္ရာ ရသြားခဲ့တာမွာ တဦးကေတာ့ စုိးရိမ္ရတဲ့ အေျခအေနမွာ ရွိတယ္လုိ႔ ဆုိပါတယ္။

အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ရက္ဆက္ဆုိသလုိ ျပဳလုပ္ေနတဲ့ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕မွာလည္း ေပါက္ကြဲသံ၊ ေသနတ္သံေတြ ၾကားေနရတဲ့ၾကားက ေဒသခံျပည္သူေတြ လမ္းေလွ်ာက္ ခ်ီတက္ဆႏၵျပတာ၊ ဆုိင္ကယ္သပိတ္ စသျဖင့္ ပုံစံအမ်ဳိးမ်ဳိးနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

အလားတူပဲ ဒီကေန႔မွာ ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕၊ စစ္ကုိင္းတုိင္း ကေလးၿမိဳ႕၊ ယင္းမာပင္နဲ႔ ဆားလင္းႀကီးၿမိဳ႕ ပူးေပါင္းသပိတ္ စသျဖင့္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ၿငိမ္းခ်မ္းစြာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ မႏၱေလးတုိင္း၊ ေက်ာက္ဆည္ၿမိဳ႕က စမုံ၊ ပန္းေလာင္ တံတားေပၚမွာ ေက်ာက္ဆည္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ေသြးသပိတ္ ျပဳလုပ္ခဲ့ပါတယ္။

ဧရာဝတီတိုင္း၊ ႀကံခင္းၿမိဳ႕နယ္အတြင္းမွာေတာ့ ေယာဂီေတြ စုေပါင္းၿပီး ဖမ္းဆီးခံထားရတဲ့ ေခါင္းေဆာင္ေတြ၊ ေက်ာင္းသားေတြနဲ႔ ျပည္သူေတြ အျမန္ဆုံး လြတ္ေျမာက္ဖို႔ ဆုေတာင္းတာ၊ စစ္အာဏာရွင္စနစ္ အလိုမရွိေၾကာင္း ေႂကြးေၾကာ္သံမ်ား ဟစ္ေႂကြးတာ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရကုိ ေထာက္ခံေၾကာင္း ခ်ီတက္ ဆႏၵေဖာ္ထုတ္တာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

နယ္ၿမိဳ႕ေတြမွာလုိ ရန္ကုန္ၿမိဳ႕မွာလည္း ေျပာက္က်ားသပိတ္ေတြ ဆင္ႏႊဲခဲ့ၾကသလုိ NUG အမ်ဳိးသားညီညြတ္ေရးအစုိးရကုိ ႀကိဳဆုိေထာက္ခံတဲ့ ခ်ီတက္ပြဲေတြကုိ ရန္ကုန္၊ ျမစ္ႀကီးနားနဲ႔ တျခား ၿမိဳ႕နယ္တခ်ဳိ႕တုိ႔မွာ ဒီကေန႔နဲ႔ မေန႔ ဧၿပီလ ၁၇ ရက္တုိ႔က ျပဳလုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အမျိုးသားညီညွတ်ရေးအစိုးရကို ပုံစံစုံ ဆန္ဒပြထောက်ခံ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၈၀ နီးပါး ရှိလာပြီဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတော့ နေရာဒေသ အတော်များများမှာ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေဆဲပါ။

ဒီကနေ့မှာတော့ ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြသလို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း ဆက်လက် ပြုလုပ်နေကြပါတယ်။

ထားဝယ်မြို့ခံတွေ မိုးရွာထဲမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ မြင်းခြံမြို့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့တာမှာ တဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရက်ဆက်ဆိုသလို ပြုလုပ်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း ပေါက်ကွဲသံ၊ သေနတ်သံတွေ ကြားနေရတဲ့ကြားက ဒေသခံပြည်သူတွေ လမ်းလျှောက် ချီတက်ဆန္ဒပြတာ၊ ဆိုင်ကယ်သပိတ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

အလားတူပဲ ဒီကနေ့မှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ စစ်ကိုင်းတိုင်း ကလေးမြို့၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့ ပူးပေါင်းသပိတ် စသဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က စမုံ၊ ပန်းလောင် တံတားပေါ်မှာ ကျောက်ဆည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သွေးသပိတ် ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်းမှာတော့ ယောဂီတွေ စုပေါင်းပြီး ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းတာ၊ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးတာ၊ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ချီတက် ဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

နယ်မြို့တွေမှာလို ရန်ကုန်မြို့မှာလည်း ပြောက်ကျားသပိတ်တွေ ဆင်နွှဲခဲ့ကြသလို NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုဆိုထောက်ခံတဲ့ ချီတက်ပွဲတွေကို ရန်ကုန်၊ မြစ်ကြီးနားနဲ့ တခြား မြို့နယ်တချို့တို့မှာ ဒီကနေ့နဲ့ မနေ့ ဧပြီလ ၁၇ ရက်တို့က ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG