သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားညီၫြတ္ေရးအစိုးရကို တရားဝင္အစိုးရအျဖစ္ SAC-M ႀကိဳဆို


ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ (SAC-M) အဖြဲ႔ဝင္မ်ား

ZAWGYI/UNICODE
ျမန္မာႏိုင္ငံမွာ သမိုင္းဝင္ဖြဲ႕စည္းလိုက္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ဟာ ျမန္မာႏိုင္ငံရဲ႕ တရားဝင္အစိုးရျဖစ္ၿပီး ဒီလိုဖြဲ႕စည္းတာကို ႀကိဳဆိုတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ (SAC-M) ကေျပာပါတယ္။


"ျမန္မာလူထုအားလုံး ၿငိမ္းခ်မ္းစြာနဲ႔ စစ္တပ္ရဲ႕ ဖိႏွိပ္မႈေအာက္က လြတ္ေျမာက္ၿပီး လူထုရဲ႕ အေကာင္းဆုံးအက်ိဳးစီးပြားကို ထိပ္တန္းဦးစားေပးတဲ့ အစိုးရတစ္ခုေအာက္မွာ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုအတြင္း တစ္ေန႔မွာ ေနထိုင္ႏိုင္ၾကဖို႔အတြက္ ဒါဟာ အေရးႀကီးတဲ့ တိုးတက္မႈတရပ္ျဖစ္ပါတယ္" လို႔ SAC-M ကိုတည္ေထာင္သူတစ္ဦးျဖစ္သူ ျမန္မာ့လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ အထူးကိုယ္စားလွယ္ေဟာင္း ပါေမာကၡ Yanghee Lee က ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။


NUG ဖြဲ႕စည္းတဲ့အေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) က ေၾကညာအၿပီး နာရီပိုင္းအတြင္းမွာပဲ SAC-M ရဲ႕ထုတ္ျပန္ခ်က္ထြက္လာတာျဖစ္ၿပီး NUG ကို ျမန္မာႏိုင္ငံရဲ႕ တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳၿပီး ႀကိဳဆိုတဲ့ ပထမဆုံးထုတ္ျပန္ခ်က္လည္းျဖစ္ပါတယ္။


"ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းတာ တရားမဝင္ပါဘူး။ ႏွစ္လခြဲၾကာလာၿပီးတဲ့ေနာက္ စစ္တပ္ဟာ တိုင္းျပည္ကို ထိထိေရာက္ေရာက္ မထိန္းခ်ဳပ္ႏိုင္ပါဘူး။ တပ္မေတာ္ဟာ ဥပေဒအရ ဒါမွမဟုတ္ အေၾကာင္းအခ်က္အရ တရားဝင္အစိုးရလို႔ မေျပာႏိုင္ပါဘူး" ဆိုၿပီး SAC-M ကို တည္သူေထာင္သူ ေနာက္အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ၾသစေၾတးလ်ႏိုင္ငံသား၊ ဥပေဒပညာရွင္၊ UNFFM အဖြဲ႕ဝင္ေဟာင္း Chris Sidoti ကေျပာပါတယ္။


"ႏိုင္ငံတကာမ်က္ႏွာစာမွာ ဘယ္သူက ျမန္မာလူထုကို ကိုယ္စားျပဳတယ္ဆိုတာ အခုဆိုရင္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ရွင္းသြားပါၿပီ။ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ျမန္မာႏိုင္ငံအစိုးရအျဖစ္ အသိအမွတ္ျပဳရပါမယ္" လို႔ SAC-M ရဲ႕ က်န္ တည္ေထာင္သူအဖြဲ႕ဝင္ UNFFM ရဲ႕ ဥကၠ႒ေဟာင္း Marzuki Darusman ကလည္းေျပာပါတယ္။


ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ျမန္မာလူထုရဲ႕ ဆန႔္က်င္လႈပ္ရွားမႈကို ပံ့ပိုးကူညီဖို႔အတြက္ SAC-M ကို ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE
မြန်မာနိုင်ငံမှာ သမိုင်းဝင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်ပြီး ဒီလိုဖွဲ့စည်းတာကို ကြိုဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောပါတယ်။


"မြန်မာလူထုအားလုံး ငြိမ်းချမ်းစွာနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ပြီး လူထုရဲ့ အကောင်းဆုံးအကျိုးစီးပွားကို ထိပ်တန်းဦးစားပေးတဲ့ အစိုးရတစ်ခုအောက်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွင်း တစ်နေ့မှာ နေထိုင်နိုင်ကြဖို့အတွက် ဒါဟာ အရေးကြီးတဲ့ တိုးတက်မှုတရပ်ဖြစ်ပါတယ်" လို့ SAC-M ကိုတည်ထောင်သူတစ်ဦးဖြစ်သူ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ပါမောက္ခ Yanghee Lee က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။


NUG ဖွဲ့စည်းတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာအပြီး နာရီပိုင်းအတွင်းမှာပဲ SAC-M ရဲ့ထုတ်ပြန်ချက်ထွက်လာတာဖြစ်ပြီး NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ကြိုဆိုတဲ့ ပထမဆုံးထုတ်ပြန်ချက်လည်းဖြစ်ပါတယ်။


"ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းတာ တရားမဝင်ပါဘူး။ နှစ်လခွဲကြာလာပြီးတဲ့နောက် စစ်တပ်ဟာ တိုင်းပြည်ကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ပါဘူး။ တပ်မတော်ဟာ ဥပဒေအရ ဒါမှမဟုတ် အကြောင်းအချက်အရ တရားဝင်အစိုးရလို့ မပြောနိုင်ပါဘူး" ဆိုပြီး SAC-M ကို တည်သူထောင်သူ နောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သြစတြေးလျနိုင်ငံသား၊ ဥပဒေပညာရှင်၊ UNFFM အဖွဲ့ဝင်ဟောင်း Chris Sidoti ကပြောပါတယ်။


"နိုင်ငံတကာမျက်နှာစာမှာ ဘယ်သူက မြန်မာလူထုကို ကိုယ်စားပြုတယ်ဆိုတာ အခုဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရှင်းသွားပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုရပါမယ်" လို့ SAC-M ရဲ့ ကျန် တည်ထောင်သူအဖွဲ့ဝင် UNFFM ရဲ့ ဥက္ကဋ္ဌဟောင်း Marzuki Darusman ကလည်းပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာလူထုရဲ့ ဆန့်ကျင်လှုပ်ရှားမှုကို ပံ့ပိုးကူညီဖို့အတွက် SAC-M ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG