(Zawgyi/Unicode)
ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က အမ်ိဳးသားညီၫြတ္ေရးအစိုးရ (National Unity Government-NUG) ဆိုတာကို ဒီကေန႔ ဖြဲ႕စည္းလိုက္ပါတယ္။
အစိုးရအဖြဲ႕ရဲ႕သမၼတအျဖစ္ လက္ရွိမွာ စစ္ေကာင္စီက ထိန္းသိမ္းထားတဲ့ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယသမၼတအျဖစ္ ဒူဝါလရွီးလတို႔အျပင္ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္အျဖစ္ မန္းဝင္းခိုင္သန္းတို႔ ပါဝင္ပါတယ္။
ဒီ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ ရာထူးတာဝန္ဟာ စစ္တပ္က အာဏာသိမ္းျဖဳတ္ခ်ခံလိုက္ရတဲ့ အစိုးရတုံးက မပါဝင္ခဲ့ပါဘူး။
ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ေဒၚဇင္မာေအာင္၊ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ဦးရည္မြန္တို႔ကို တာဝန္ေပးထားပါတယ္။ ဦးရည္မြန္ဟာ ျမန္မာ့ႏိုင္ငံေရးနဲ႔ အစိုးရအဆက္ဆက္သမိုင္းမွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ေပးခံရတဲ့ ပထမဆုံးအရပ္သားျဖစ္ပါတယ္။ ဒါ့အျပင္ ေဒၚခင္မမမ်ဳိးကို ကာကြယ္ေရး ဒုတိယဝန္ႀကီးအျဖစ္ တာဝန္ေပးထားတာေၾကာင့္ အရပ္သားေတြထဲမွာ ပထမဆံုးျဖစ္သလို ပထမဆံုး အမ်ဳိးသမီးလည္းျဖစ္ပါတယ္။
ဖက္ဒရယ္ျပည္ေထာင္စုေရးရာဝန္ႀကီးဌာနလည္း ပါဝင္ၿပီး ေဒါက္တာလ်န္မႈန္းဆာေခါင္းကို ဝန္ႀကီးအျဖစ္ တာဝန္ေပးထားပါတယ္။
ေနာ္ဆူဇန္နာလွလွစိုးကို အမ်ဳိးသမီး၊ လူငယ္နဲ႔ ကေလးသူငယ္ေရးရာဝန္ႀကီးဌာနရဲ႕ ဝန္ႀကီးအျဖစ္ တာဝန္ေပးထားပါတယ္။
စုစုေပါင္းဝန္ႀကီးဌာန ၁၁ ခုပါဝင္ၿပီး ေဒါက္တာေဇာ္ေဝစိုးက ပညာေရးဝန္ႀကီးဌာနနဲ႔ က်န္းမာေရးဝန္ႀကီးဌာန ႏွစ္ခုကို ပူးတြဲတာဝန္ယူထားပါတယ္။
ဒုတိယဝန္ႀကီး ၁၂ ေယာက္ပါဝင္ၿပီး ဖက္ဒရယ္ျပည္ေထာင္စုေရးရာဝန္ႀကီးဌာနအတြက္ ဒုတိယဝန္ႀကီးႏွစ္ဦးကို တာဝန္ေပးထားသလို ကာကြယ္ေရးဌာနအတြက္လည္း ဒုဝန္ႀကီးႏွစ္ဦး တာဝန္ေပးထားပါတယ္။
........................
(Unicode)
CRPH က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG) ဆိုတာကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
အစိုးရအဖွဲ့ရဲ့သမ္မတအဖြစ် လက်ရှိမှာ စစ်ကောင်စီက ထိန်းသိမ်းထားတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတအဖြစ် ဒူဝါလရှီးလတို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းတို့ ပါဝင်ပါတယ်။
ဒီ ပြည်ထောင်စုဝန်ကြီးချုပ် ရာထူးတာဝန်ဟာ စစ်တပ်က အာဏာသိမ်းဖြုတ်ချခံလိုက်ရတဲ့ အစိုးရတုံးက မပါဝင်ခဲ့ပါဘူး။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးရည်မွန်တို့ကို တာဝန်ပေးထားပါတယ်။ ဦးရည်မွန်ဟာ မြန်မာ့နိုင်ငံရေးနဲ့ အစိုးရအဆက်ဆက်သမိုင်းမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးခံရတဲ့ ပထမဆုံးအရပ်သားဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်ခင်မမမျိုးကို ကာကွယ်ရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးထားတာကြောင့် အရပ်သားတွေထဲမှာ ပထမဆုံးဖြစ်သလို ပထမဆုံး အမျိုးသမီးလည်းဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနလည်း ပါဝင်ပြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကို ဝန်ကြီးအဖြစ် တာဝန်ပေးထားပါတယ်။
နော်ဆူဇန်နာလှလှစိုးကို အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် တာဝန်ပေးထားပါတယ်။
စုစုပေါင်းဝန်ကြီးဌာန ၁၁ ခုပါဝင်ပြီး ဒေါက်တာဇော်ဝေစိုးက ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုကို ပူးတွဲတာဝန်ယူထားပါတယ်။
ဒုတိယဝန်ကြီး ၁၂ ယောက်ပါဝင်ပြီး ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီးနှစ်ဦးကို တာဝန်ပေးထားသလို ကာကွယ်ရေးဌာနအတွက်လည်း ဒုဝန်ကြီးနှစ်ဦး တာဝန်ပေးထားပါတယ်။