သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက တာဝန္ရွိသူေတြ ဆက္သြယ္ေဆြးေႏြး


အေမရိကန္ႏိုင္ငံျခားေရးဌာန၊ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ၊ အႀကီးတန္း ဒု လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Atul Keshap ၊ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးရာဗ်ဴ႐ိုက ယာယီ အႀကီးတန္း ဒု လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Scott Busby။

ZAWGYI/UNICODE

ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္လည္ထူေထာင္ဖို႔ အေရးႀကီးတယ္ဆိုတာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဌာန၊ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ၊ အႀကီးတန္း ဒု လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Atul Keshap ၊ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးရာဗ်ဴ႐ိုက ယာယီ အႀကီးတန္း ဒု လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Scott Busby တို႔ၾကား သေဘာတူခဲ့ၾကတယ္လို႔ အေမရိကန္၊ အာရွ-ပစိဖိတ္မီဒီယာဌာနက ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။

စစ္တပ္အုပ္ခ်ဳပ္မႈကို ဆန႔္က်င္ၿပီး ၿငိမ္းခ်မ္းေရးကို လိုလားေတာင့္တေနတဲ့ ျမန္မာလူထုကို အေမရိကန္ျပည္ေထာင္စုက အခိုင္အမာ ေထာက္ခံတယ္လို႔လည္း ထုတ္ျပန္ခ်က္ထဲမွာ ပါရွိပါတယ္။ ဒါဟာျဖင့္ အေမရိကန္အစိုးရတာဝန္ရွိသူေတြနဲ႔ CRPH အၾကား ဆက္သြယ္ေဆြးေႏြးမႈကို ပထမဆုံး လူသိရွင္ၾကား တရားဝင္ထုတ္ျပန္တာပဲျဖစ္ပါတယ္။

ဒီေဆြးေႏြးမႈနဲ႔ပတ္သက္ၿပီး CRPH က ဒီကေန႔ဖြဲ႕စည္းလိုက္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ျပည္ထဲေရးနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနဝန္ႀကီး ဦးလြင္ကိုလတ္က ဗြီအိုေအကို အခုလို ေျဖၾကားခဲ့ပါတယ္။

"မေန႔ကေတာ့ က်ေနာ္တို႔ရဲ႕ ေဆြးေႏြးမႈက က်ေနာ္တို႔ CRPH နဲ႔ အာရွျဗဴ႐ိုဘက္နဲ႔ နံပါတ္ ၁ ကေတာ့ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြအေပၚမွာ က်ေနာ္တို႔ေဆြးေႏြးတာျဖစ္ပါတယ္။ စစ္အာဏာရွင္အစိုးရရဲ႕ အၾကမ္းဖက္ႏွိမ္ႏွင္းမႈေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြအေၾကာင္း က်ေနာ္တို႔ ေဆြးေႏြးတယ္။ ၿပီးတဲ့အခါမွာေတာ့ က်ေနာ္တို႔ ဒီမိုကေရစီရရွိေရးအတြက္ ဘယ္လိုနည္းလမ္းေတြ က်ေနာ္တို႔ CRPH ဘက္က ပူးေပါင္းေဆာင္႐ြက္ထားရွိသလဲ ဆိုတာကို က်ေနာ္တို႔ အၾကမ္းဖ်င္းေဆြးေႏြးခဲ့ၿပီးေတာ့ အာရွ-ပစိဖိတ္ ျဗဴ႐ို ဘက္ကလည္း သူတို႔အေနနဲ႔ သေဘာတူတာေတြရွိပါတယ္။ အဲဒါေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန (State Department) ကို တင္ျပၿပီးေတာ့ ဆက္လက္ေဆာင္႐ြက္သြားမယ္ဆိုတဲ့ ေဆြးေႏြးခ်က္ကိုေတာ့ က်ေနာ္တို႔ ေျပာလို႔ရပါတယ္။ "

အမ်ိဳးသားညီၫြတ္ေရးအစိုးရက ဒီကေန႔ ပထမဆုံးအႀကိမ္လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဦးလြင္ကိုလတ္က အဲဒီလိုေျဖၾကားသြားတာပါ။

ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ုံးကလည္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနဲ႔ၿငိမ္းခ်မ္းေရး ျပန္လည္တည္ေဆာက္ဖို႔ လိုလားေတာင့္တသူအားလုံးအတြက္ အေမရိကန္စင္တာမွာ ခေရပင္တစ္ပင္ ဒီကေန႔ စိုက္ပ်ိဳးခဲ့တဲ့အေၾကာင္း သံ႐ုံးေဖ့စ္ဘုတ္မွာ တင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ အရေးကြီးတယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Atul Keshap ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဗျူရိုက ယာယီ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Busby တို့ကြား သဘောတူခဲ့ကြတယ်လို့ အမေရိကန်၊ အာရှ-ပစိဖိတ်မီဒီယာဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ မြန်မာလူထုကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ထောက်ခံတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဒါဟာဖြင့် အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ CRPH အကြား ဆက်သွယ်ဆွေးနွေးမှုကို ပထမဆုံး လူသိရှင်ကြား တရားဝင်ထုတ်ပြန်တာပဲဖြစ်ပါတယ်။

ဒီဆွေးနွေးမှုနဲ့ပတ်သက်ပြီး CRPH က ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ဗွီအိုအေကို အခုလို ဖြေကြားခဲ့ပါတယ်။

"မနေ့ကတော့ ကျနော်တို့ရဲ့ ဆွေးနွေးမှုက ကျနော်တို့ CRPH နဲ့ အာရှဗြူရိုဘက်နဲ့ နံပါတ် ၁ ကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ ကျနော်တို့ဆွေးနွေးတာဖြစ်ပါတယ်။ စစ်အာဏာရှင်အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအကြောင်း ကျနော်တို့ ဆွေးနွေးတယ်။ ပြီးတဲ့အခါမှာတော့ ကျနော်တို့ ဒီမိုကရေစီရရှိရေးအတွက် ဘယ်လိုနည်းလမ်းတွေ ကျနော်တို့ CRPH ဘက်က ပူးပေါင်းဆောင်ရွက်ထားရှိသလဲ ဆိုတာကို ကျနော်တို့ အကြမ်းဖျင်းဆွေးနွေးခဲ့ပြီးတော့ အာရှ-ပစိဖိတ် ဗြူရို ဘက်ကလည်း သူတို့အနေနဲ့ သဘောတူတာတွေရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန (State Department) ကို တင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ ဆွေးနွေးချက်ကိုတော့ ကျနော်တို့ ပြောလို့ရပါတယ်။ "

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ပထမဆုံးအကြိမ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးလွင်ကိုလတ်က အဲဒီလိုဖြေကြားသွားတာပါ။

ရန်ကုန်မြို့၊ အမေရိကန်သံရုံးကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ လိုလားတောင့်တသူအားလုံးအတွက် အမေရိကန်စင်တာမှာ ခရေပင်တစ်ပင် ဒီကနေ့ စိုက်ပျိုးခဲ့တဲ့အကြောင်း သံရုံးဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG