သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG သတင္းစာရွင္းပြဲ၊ ဗီြအိုေအနဲ႔ အေမးအေျဖ


NUG သတင္းစာရွင္းပြဲ၊ ဗီြအိုေအနဲ႔ အေမးအေျဖ

ျပည္တြင္း တိုင္းရင္းသားမဟာမိတ္ေတြနဲ႔ ေပါင္းစပ္ၿပီး နယ္ေျမေတြကို ထိန္းခ်ဳပ္ႏုိင္ေအာင္ စနစ္တက် ျပင္ဆင္ေဆာင္ရြက္ေနတယ္လို႔ ဒီကေန႔ CRPH ကဖြဲ႔လိုက္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ ျပည္ထဲေရးနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနဝန္ႀကီး ဦးလြင္ကိုလတ္က ေျပာပါတယ္။ ႏုိင္ငံတကာ တရားဝင္မႈ၊ ျပည္တြင္း တရားဝင္မႈ ရွိထားတာေၾကာင့္ ပိုၿပီး ထိထိေရာက္ေရာက္နဲ႔ ေဆာင္ရြက္ႏိုင္တဲ့ အေျခအေနရွိတယ္လုိ႔ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ကေျပာပါတယ္။ NUG က ဒီကေန႔လုပ္တဲ့ ပထမဆံုးသတင္းစာရွင္းလင္းပြဲမွာ ဗီြအိုေအဝိုင္းေတာ္သူ မစုျမတ္မြန္က ေမးျမန္းခဲ့တာကို နားဆင္ရပါမယ္။

မဆုျမတ္မြန္ ။.။ အခု အမ်ဳိးသားညီညြတ္ေရးအစိုးရဖြဲ႔ လိုက္ၿပီဆိုေတာ့ ဒီအစိုးရ အဓိက ဦးစားေပးလုပ္သြားမယ့္ ကိစၥေတြကို မွာ အရင္ဆုံးေျပာျပေပးပါ။ အဲဒုတိယေမးခြန္းကေတာ့ အခုအစိုးရကေတာ့ အႏၱရာယ္ၾကားက လည္ပတ္ေနရတဲ့အစိုးရျဖစ္ပါတယ္။ ဆိုေတာ့ ဘယ္ေလာက္အထိ ထိထိေရာက္ေရာက္လုပ္ႏို္င္မယ္ထင္ပါသလဲ။ တတိယေမးခြန္းကေတာ့ စစ္အာဏာသိမ္းမႈ အျမန္ဆုံး အဆုံးသတ္ႏိုင္ေအာင္ တကယ္ပဲ ထိထိေရာက္ေရာက္လုပ္ႏိုင္တဲ့ နည္းလမ္းေတြခ်ထားသလဲဆိုတာသိခ်င္ပါတယ္။

ဦးလြင္ကိုလတ္ ။. ။ ဟုတ္ကဲ့ ပထမဆုံး က်ေနာ္တို႔ေျပာခ်င္တာက လက္ရွိ အာဏာသိမ္း စစ္အုပ္စုဟာ သူရဲ႕အုပ္ခ်ုပ္မႈယႏၱယားတည္ေဆာက္ႏိုင္ဖို႔ လက္ရွိအေျခအေနထိ အုပ္ခ်ဳပ္ဖုိ႔ Legitimacy မရွိ ထိုအတူပဲ. Capacity လည္းမရွိ ။ ဆြဲေဆာင္ႏိုင္တာေတြလည္း မရွိတာ က်ေနာ္တို႔ေတြ႔ရပါတယ္။ ဒီလိုမ်ဳိး ျပည္သူလူထု႔အေပၚမွာ Control မရွိဘူးဆိုတာ အစိုးရတရပ္ရဲ႕ ရွိသင့္တဲ့ အဂၤါရပ္ကို သူတို႔မေဆာင္ရြက္ႏိုင္ဘူး။ ဒီလို Control မရွိဘူးဆိုတာ သူဖာသာျဖစ္တာမဟုတ္ပါဘူး။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းခဲ့ၿပီးကတည္းက ဒီေန႔အခ်ိန္ထိ အားလုံးက ဒီအသစ္ယႏၱယားမလည္ပတ္ႏိုင္ေအာင္ ညီညီညြတ္ညြတ္နဲ႔ တြန္းလွန္ေဆာင္ရြက္ေနတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ အခုကၾကေတာ့ က်ေနာ္တို႔က ႏိုင္ငံတကာအဖြဲံ႔အစည္းေတြနဲ႔ ပတ္သက္ၿပီး အုပ္ခ်ဳပ္ေရးရာ ကိစၥေတြကို က်ေနာ္တို႔အၿမဲတန္းေျပာျဖစ္ပါတယ္။ လက္ရွိျပည္သူကိုအကာကြယ္ေပးရမဲ့ တပ္မေတာ္ဟာျပည္သူရဲ႕ တရားဥပေဒထုေထာင္ေရးနဲ႔ လုံၿခဳံေရးကို အကာကြယ္မေပးႏိုင္ခဲ့တဲ့အျပင္ သူကိုယ္တိုင္ကပဲ အႀကမ္းဖက္ခ်ဳိးေဖာက္ေနတယ္ဆိုတာ သိသိသာသာ ထင္ထင္ရွားရွားရွိတယ္ဆိုတာ က်ေနာ္တု႔ိအၿမဲတန္းေျပာျဖစ္ပါတယ္။

ဒါဟာတနည္းအားျဖစ္ ဘာျဖစ္ေနလဲဆိုေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဆႏၵျပေနတဲ့ ျပည္သူလူထု႔ကို ဒီလို အၾကမ္းအုပ္စုကေန အကာကြယ္ေပးဖို႔လိုအပ္ေနၿပီဆိုတာ ႏိုင္ငံတကာသိေအာင္ ကုလသမဂၢအဖြဲ႔အစည္းေတြသိေအာင္ အၿမဲတန္းေျပာၾကားေနတဲ့ကိစၥျဖစ္ပါတယ္။
ေနာက္တခုကေတာ့ က်ေနာ္တို႔ မဟာဗ်ဴဟာေတြ ဘယ္ေလာက္ခ်မွတ္ထားသလဲဆိုတာ ဒါနဲ႔ပတ္သက္လို႔ တခ်ဳိ႕ဟာေတြကို က်ေနာ္တို႔ ဒီမွာ ေျပာလို႔ရတယ္။ အထူးသျဖင့္ အားလုံးသိခ်င္ၾကတဲ့ ကာကြယ္ေရးဆိုင္ရာကိစၥရပ္ေတြနဲ႔ပတ္သက္ရင္ က်ေနာ္တို႔အခ်ိန္တခုေစာင့္ရမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ျပင္ဆင္ေနတာေတြအားလုံးကို ေျပာလိုက္လို႔ရွိရင္ရန္သူအတြက္ ဒီစစ္ေကာင္စီအတြက္လည္း ေျခလွမ္းျပင္ၿပီလို႔လည္း ျဖစ္ႏိုင္ပါတယ္။ ေျပာလို႔ရတဲ့အပိုင္းမွာေတာ့ ႏိုင္ငံဲျခာေရးေပါ့ ။ တိုက္ပြဲတခု တိုက္ေနတဲ့အခါမွာ ျပည္တြင္း Legitimacyနဲ႔ ႏိုင္ငံတကာ Legitimacy ေပါ့ တရားဝင္မႈကို အေျခခံတုိက္ေနရတာ။ ျပည္တြင္း တရားဝင္မႈမွာေတာ့ ျပည္သူလူထုရဲ႕ လက္ရွိရပ္တည္လႈပ္ရွားေနတာကို ၾကည့္ရင္သိသာပါတယ္။ ႏိုင္ငံတကာမွာလည္းပဲ ဘယ္တုံးကနဲ႔မွ မတူတာက ဒီေန႔ဒီအခ်ိန္အထိ ဒီစစ္အၾကမ္းဖက္အုပ္စုကို ဘယ္ႏိုင္ငံမွကမွ အသိအမွတ္ျပဳမႈမရွိဘူးဆုိတာ ၾကည့္မယ္ဆိုရင္ ႏိုင္ငံတကာ Legitimacy နဲ႔ပတ္သက္ရင္ Defecto လည္းမရ Dejure မရပါဘူး။ ဒါဟာအရင္ရင္ စစ္အုပ္စုေတြရခဲ့တာေတာင္ လက္ရွိအၾကမ္းဖက္သူေတြမရခဲ့ဘူးဆိုတာပါပဲ။ က်ေနာ္တို႔အေနနဲ႔က တဖက္မွာ Legitimacy တိုက္ပဲြမွာ ႏိုင္ငံတကာမွာရွိတဲ့ က်ေနာ္တို႔ရဲ႕ မဟာမိတ္ေတြနဲ႔ ပူးေပါင္းတုိက္ပြဲဝင္ေနတာျဖစ္ပါတယ္။ ေနာက္တဖက္ကလည္း က်ေနာ္တို႔ ျပည္တြင္းမွာရွိိေနတဲ့ Control ကိစၥပါပဲ။ က်ေနာ္တို႔အစိုးရအဖြဲ႔အေနနဲ႔ နယ္ေျမေတြကို ဘယ္ေလာက္အထိထိန္းခ်ဳပ္ထားႏိုင္ေအာင္ ႀကိဳးစားမလဲဆိုတဲ့ကိစၥပါပဲ။ ဒါက ၂ ခ်က္ရွိပါတယ္။ ၁ ကေတာ့ ျပည္သူလူထု႔ရဲ႔ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ သူတို႔ရဲ႕ အုပ္ခ်ဳပ္ေရးကို မလည္ပတ္ေအာင္လုပ္ရမွာျဖစ္ပါတယ္။ ျပည္တြင္းမွာရွိေနတဲ့ တုိင္းရင္းသားမဟာမိတ္ေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ က်ေနာ္တို႔နယ္ေျမေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ က်ေနာ္တို႔ စနစ္တက်ျပင္ဆင္ေဆာင္ရြက္ေနတာဆိုတာကိုေတာ့ ေျပာၾကားႏိုင္ပါတယ္။ ေက်းဇူးပါ မဆုျမတ္မြန္ခင္ဗ်ာ။

မဆုျမတ္မြန္ ။. ။အခုနကေမးထားသလိုပါပဲ။ အခုလက္ရွိဖြဲ႔လုိက္တဲ့ အစိုးရက အႏၱရာယ္ၾကားက ဖြဲ႔ရတာဆိုေတာ့ ဘယ္ေလာက္အထိ ထိထိေရာက္ေရာက္ျဖစ္ေအာင္လုပ္ႏိုင္မယ္ထင္သလဲ။

ဦးရည္မြန္ ။.။ က်ေနာ္ အေရးႀကီးတာတခ်က္ကိုလည္း က်ေနာ္ေျပာခ်င္ပါတယ္။ ဆရာတို႔ ဆရာမတို႔လည္း ၿပီးခဲ့တဲ့ အခ်ိန္ပိုင္းက ထုတ္ျပန္လိုက္တဲ့ အမ်ဳိးသားညီညြတ္ေရးအစိုးရရဲ႕ ဖြဲ႔စည္းပုံနဲ႔ ပါဝင္တဲ့ ပုဂၢိဳလ္မ်ားစာရင္းကို ၾကည့္ၿပီးလိ္မ့္မယ္ သိၿပီးျဖစ္မယ္လို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။ ဒီဖြဲ႔စည္းပုံကိုၾကည့္ရင္ကို ဒီအမ်ဳိးသားညီညြတ္ေရးအစိုးရက ဘယ္ေလာက္ထူးျခားသလဲဆိုတာကို ေတြ႔ရပါလိမ့္မယ္။ ေျပာမယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံသမိုင္းမွာ ေပၚေပါက္လာတဲ့ တကယ္ထူးထူးျခားျခားကို ေပၚေပါက္လာတဲ့ တကယ္လည္း နာမည္နဲ႔ညီတဲ႔ အမ်ဳိးသားညီညြတ္ေရး အစိုးရလို႔ ေျပာႏိုင္ပါတယ္။ က်ေနာ္တို႔ အမ်ဳိးသားညီညြတ္ေရးကို တည္ေဆာက္ၿပီးမွ ေရွ႕ဆက္ၿပီး တိုက္ပြဲဝင္သြားဖို႔ျဖစ္တဲ့အတြက္ ဒါဟာျပည္တြင္းအင္အားအတြက္ အင္မတန္အေရးႀကီးတယ္္လို႔ မွတ္ယူပါတယ္။ တၿပိဳင္တည္းမွာလည္း က်ေနာ္တို႔ ကိုယ္အားကိုယ္လည္း ကိုးမွာျဖစ္သလို တၿပိဳင္တည္းမွာလည္း ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈ ေထာက္ခံမႈ ကူညီမႈေတြကိုလည္း ရေအာင္ႀကိဳစားမွာျဖစ္ပါတယ္။ တခ်ိန္တုံး က NCGUB နဲ႔ ဘာျခားနားလဲဆိုရင္ အင္မတန္သိသာတဲ့ ျခားနားခ်က္တခုကေတာ့ တရားဝင္ ျပည္သူ အစိုးရလက္ကေန စစ္ေကာင္စီက စစ္အုပ္စုကေန အာဏာလု႔ယက္သြားတဲ့အေျခအေနပါ။ဒါကဘာကိုေဖာ္ျပသလဲဆိုရင္ ႏိုင္ငံတကာ တရားဝင္မႈ Legitimacy က်ေနာ္တို႔လက္ထဲမွာရွိပါတယ္။ ႏိုင္ငံတကာ Legitimacy လည္း က်ေနာ္တို႔လက္ထဲမွာရွိတယ္။ ျပည္သူလူထုေထာက္ခံမႈ ျပည္တြင္း Legitimacy လည္း ရွိေနတယ္ဆိုေတာ့ အခုလို အႏၱရာယ္ၾကားရွိေနေတာ့ က်ေနာ္တို႔ ပိုၿပီးေတာ့ အားေကာင္းေကာင္းနဲ႔ ထိထိေရာက္ေရာက္ေဆာင္ရြက္ႏိုင္တဲ့အေျခအေနျဖစ္ပါတယ္လို႔က်ေနာ္ေျပာခ်င္ပါတယ္။

မစုျမတ္မြန္ေမးျမန္းတာကို ဦးလြင္ကိုလတ္နဲ႔ ဦးရည္မြန္တို႔က ေျဖၾကားခဲ့ၾကတာပါ။

.................................

NUG သတင္းစာရွင္းပြဲ၊ ဗီြအိုေအနဲ႔ အေမးအေျဖ
please wait

No media source currently available

0:00 0:06:09 0:00
တိုက္႐ိုက္ လင့္ခ္

ပြည်တွင်း တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပေါင်းစပ်ပြီး နယ်မြေတွေကို ထိန်းချုပ်နိုင်အောင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဒီကနေ့ CRPH ကဖွဲ့လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။ နိုင်ငံတကာ တရားဝင်မှု၊ ပြည်တွင်း တရားဝင်မှု ရှိထားတာကြောင့် ပိုပြီး ထိထိရောက်ရောက်နဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။ NUG က ဒီကနေ့လုပ်တဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေဝိုင်းတော်သူ မစုမြတ်မွန်က မေးမြန်းခဲ့တာကို နားဆင်ရပါမယ်။

မဆုမြတ်မွန် ။. ။ အခု အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ လိုက်ပြီဆိုတော့ ဒီအစိုးရ အဓိက ဦးစားပေးလုပ်သွားမယ့် ကိစ္စတွေကို မှာ အရင်ဆုံးပြောပြပေးပါ။ အဲဒုတိယမေးခွန်းကတော့ အခုအစိုးရကတော့ အန္တရာယ်ကြားက လည်ပတ်နေရတဲ့အစိုးရဖြစ်ပါတယ်။ ဆိုတော့ ဘယ်လောက်အထိ ထိထိရောက်ရောက်လုပ်နိုင်မယ်ထင်ပါသလဲ။ တတိယမေးခွန်းကတော့ စစ်အာဏာသိမ်းမှု အမြန်ဆုံး အဆုံးသတ်နိုင်အောင် တကယ်ပဲ ထိထိရောက်ရောက်လုပ်နိုင်တဲ့ နည်းလမ်းတွေချထားသလဲဆိုတာသိချင်ပါတယ်။

ဦးလွင်ကိုလတ် ။. ။ ဟုတ်ကဲ့ ပထမဆုံး ကျနော်တို့ပြောချင်တာက လက်ရှိ အာဏာသိမ်း စစ်အုပ်စုဟာ သူရဲ့အုပ်ချုပ်မှုယန္တယားတည်ဆောက်နိုင်ဖို့ လက်ရှိအခြေအနေထိ အုပ်ချုပ်ဖို့ Legitimacy မရှိ ထိုအတူပဲ. Capacity လည်းမရှိ ။ ဆွဲဆောင်နိုင်တာတွေလည်း မရှိတာ ကျနော်တို့တွေ့ရပါတယ်။ ဒီလိုမျိုး ပြည်သူလူထု့အပေါ်မှာ Control မရှိဘူးဆိုတာ အစိုးရတရပ်ရဲ့ ရှိသင့်တဲ့ အင်္ဂါရပ်ကို သူတို့မဆောင်ရွက်နိုင်ဘူး။ ဒီလို Control မရှိဘူးဆိုတာ သူဖာသာဖြစ်တာမဟုတ်ပါဘူး။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခဲ့ပြီးကတည်းက ဒီနေ့အချိန်ထိ အားလုံးက ဒီအသစ်ယန္တယားမလည်ပတ်နိုင်အောင် ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ဆောင်ရွက်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အခုကကြတော့ ကျနော်တို့က နိုင်ငံတကာအဖွဲံ့အစည်းတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးရာ ကိစ္စတွေကို ကျနော်တို့အမြဲတန်းပြောဖြစ်ပါတယ်။ လက်ရှိပြည်သူကိုအကာကွယ်ပေးရမဲ့ တပ်မတော်ဟာပြည်သူရဲ့ တရားဥပဒေထုထောင်ရေးနဲ့ လုံခြုံရေးကို အကာကွယ်မပေးနိုင်ခဲ့တဲ့အပြင် သူကိုယ်တိုင်ကပဲ အကြမ်းဖက်ချိုးဖောက်နေတယ်ဆိုတာ သိသိသာသာ ထင်ထင်ရှားရှားရှိတယ်ဆိုတာ ကျနော်တု့ိအမြဲတန်းပြောဖြစ်ပါတယ်။
ဒါဟာတနည်းအားဖြစ် ဘာဖြစ်နေလဲဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေတဲ့ ပြည်သူလူထု့ကို ဒီလို အကြမ်းအုပ်စုကနေ အကာကွယ်ပေးဖို့လိုအပ်နေပြီဆိုတာ နိုင်ငံတကာသိအောင် ကုလသမဂ္ဂအဖွဲ့အစည်းတွေသိအောင် အမြဲတန်းပြောကြားနေတဲ့ကိစ္စဖြစ်ပါတယ်။
နောက်တခုကတော့ ကျနော်တို့ မဟာဗျူဟာတွေ ဘယ်လောက်ချမှတ်ထားသလဲဆိုတာ ဒါနဲ့ပတ်သက်လို့ တချို့ဟာတွေကို ကျနော်တို့ ဒီမှာ ပြောလို့ရတယ်။ အထူးသဖြင့် အားလုံးသိချင်ကြတဲ့ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ရင် ကျနော်တို့အချိန်တခုစောင့်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပြင်ဆင်နေတာတွေအားလုံးကို ပြောလိုက်လို့ရှိရင် ရန်သူအတွက် ဒီစစ်ကောင်စီအတွက်လည်း ခြေလှမ်းပြင်ပြီလို့လည်း ဖြစ်နိုင်ပါတယ်။ ပြောလို့ရတဲ့အပိုင်းမှာတော့ နိုင်ငံဲခြာရေးပေါ့ ။ တိုက်ပွဲတခု တိုက်နေတဲ့အခါမှာ ပြည်တွင်း Legitimacyနဲ့ နိုင်ငံတကာ Legitimacy ပေါ့ တရားဝင်မှုကို အခြေခံတိုက်နေရတာ။ ပြည်တွင်း တရားဝင်မှုမှာတော့ ပြည်သူလူထုရဲ့ လက်ရှိရပ်တည်လှုပ်ရှားနေတာကို ကြည့်ရင်သိသာပါတယ်။ နိုင်ငံတကာမှာလည်းပဲ ဘယ်တုံးကနဲ့မှ မတူတာက ဒီနေ့ဒီအချိန်အထိ ဒီစစ်အကြမ်းဖက်အုပ်စုကို ဘယ်နိုင်ငံမှကမှ အသိအမှတ်ပြုမှုမရှိဘူးဆိုတာ ကြည့်မယ်ဆိုရင် နိုင်ငံတကာ Legitimacy နဲ့ပတ်သက်ရင် Defecto လည်းမရ Dejure မရပါဘူး။ ဒါဟာအရင်ရင် စစ်အုပ်စုတွေရခဲ့တာတောင် လက်ရှိအကြမ်းဖက်သူတွေမရခဲ့ဘူးဆိုတာပါပဲ။ ကျနော်တို့အနေနဲ့က တဖက်မှာ Legitimacy တိုက်ပွဲမှာ နိုင်ငံတကာမှာရှိတဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ နောက်တဖက်ကလည်း ကျနော်တို့ ပြည်တွင်းမှာရှိနေတဲ့ Control ကိစ္စပါပဲ။ ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ နယ်မြေတွေကို ဘယ်လောက်အထိထိန်းချုပ်ထားနိုင်အောင် ကြိုးစားမလဲဆိုတဲ့ကိစ္စပါပဲ။ ဒါက ၂ ချက်ရှိပါတယ်။ ၁ ကတော့ ပြည်သူလူထု့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးကို မလည်ပတ်အောင်လုပ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပေါင်းစပ်ပြီးတော့ ကျနော်တို့နယ်မြေတွေကို ထိန်းချုပ်နိုင်အောင် ကျနော်တို့ စနစ်တကျပြင်ဆင်ဆောင်ရွက်နေတာဆိုတာကိုတော့ ပြောကြားနိုင်ပါတယ်။ ကျေးဇူးပါ မဆုမြတ်မွန်ခင်ဗျာ။

မဆုမြတ်မွန် ။. ။ အခုနကမေးထားသလိုပါပဲ။ အခုလက်ရှိဖွဲ့လိုက်တဲ့ အစိုးရက အန္တရာယ်ကြားက ဖွဲ့ရတာဆိုတော့ ဘယ်လောက်အထိ ထိထိရောက်ရောက်ဖြစ်အောင်လုပ်နိုင်မယ်ထင်သလဲ။

ဦးရည်မွန် ။. ။ ကျနော် အရေးကြီးတာတချက်ကိုလည်း ကျနော်ပြောချင်ပါတယ်။ ဆရာတို့ ဆရာမတို့လည်း ပြီးခဲ့တဲ့ အချိန်ပိုင်းက ထုတ်ပြန်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဖွဲ့စည်းပုံနဲ့ ပါဝင်တဲ့ ပုဂ္ဂိုလ်များစာရင်းကို ကြည့်ပြီးလိမ့်မယ် သိပြီးဖြစ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဖွဲ့စည်းပုံကိုကြည့်ရင်ကို ဒီအမျိုးသားညီညွတ်ရေးအစိုးရက ဘယ်လောက်ထူးခြားသလဲဆိုတာကို တွေ့ရပါလိမ့်မယ်။ ပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံသမိုင်းမှာ ပေါ်ပေါက်လာတဲ့ တကယ်ထူးထူးခြားခြားကို ပေါ်ပေါက်လာတဲ့ တကယ်လည်း နာမည်နဲ့ညီတဲ့ အမျိုးသားညီညွတ်ရေး အစိုးရလို့ ပြောနိုင်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ပြီးမှ ရှေ့ဆက်ပြီး တိုက်ပွဲဝင်သွားဖို့ဖြစ်တဲ့အတွက် ဒါဟာပြည်တွင်းအင်အားအတွက် အင်မတန်အရေးကြီးတယ်လို့ မှတ်ယူပါတယ်။ တပြိုင်တည်းမှာလည်း ကျနော်တို့ ကိုယ်အားကိုယ်လည်း ကိုးမှာဖြစ်သလို တပြိုင်တည်းမှာလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ထောက်ခံမှု ကူညီမှုတွေကိုလည်း ရအောင်ကြိုစားမှာဖြစ်ပါတယ်။ တချိန်တုံး က NCGUB နဲ့ ဘာခြားနားလဲဆိုရင် အင်မတန်သိသာတဲ့ ခြားနားချက်တခုကတော့ တရားဝင် ပြည်သူ အစိုးရလက်ကနေ စစ်ကောင်စီက စစ်အုပ်စုကနေ အာဏာလု့ယက်သွားတဲ့အခြေအနေပါ။ ဒါကဘာကိုဖော်ပြသလဲဆိုရင် နိုင်ငံတကာ တရားဝင်မှု Legitimacy ကျနော်တို့လက်ထဲမှာရှိပါတယ်။ နိုင်ငံတကာ Legitimacy လည်း ကျနော်တို့လက်ထဲမှာရှိတယ်။ ပြည်သူလူထုထောက်ခံမှု ပြည်တွင်း Legitimacy လည်း ရှိနေတယ်ဆိုတော့ အခုလို အန္တရာယ်ကြားရှိနေတော့ ကျနော်တို့ ပိုပြီးတော့ အားကောင်းကောင်းနဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်လို့ကျနော်ပြောချင်ပါတယ်။

မစုမြတ်မွန်မေးမြန်းတာကို ဦးလွင်ကိုလတ်နဲ့ ဦးရည်မွန်တို့က ဖြေကြားခဲ့ကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG