သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းထားတဲ့ဂ်ပန္သတင္းေထာက္ျပန္လႊတ္ဖို႔ ဂ်ပန္သတင္းသမားေတြ လႈပ္ရွားေတာင္းဆို


ဂ်ပန္သတင္းေထာက္ Yuki Kitazumi ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔တုန္းက ဖမ္းဆီးခံရတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာ အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ဂ်ပန္သတင္းေထာက္ကို ျပန္လႊတ္ေပးဖို႔ ဂ်ပန္သတင္းေထာက္ေတြက ဒီကေန႔ တိုက်ဳိၿမိဳ႕ေတာ္မွာ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေတာင္းဆိုလိုက္ပါတယ္။

"စစ္အစိုးရအေနနဲ႔ ျမန္မာလူထုကို ဖိႏွိပ္ေနတာ ရပ္တန္႔ေစခ်င္ပါတယ္။ အမွန္တရားကိုတင္ျပဖို႔ ႀကိဳးစားခဲ့ၾကတဲ့ Kitazumi အပါအဝင္ ဖမ္းဆီးထားတဲ့ သတင္းေထာက္ေတြကို အျမန္ဆံုး ျပန္လႊတ္ေပးေစခ်င္ပါတယ္။ က်မတို႔ဟာ ျမန္မာႏုိင္ငံကေန အေဝးႀကီးမွာ ရွိေနေပမဲ့ ဂ်ပန္ႏုိင္ငံက မီဒီယာေတြအေနနဲ႔လည္း ကန္႔ကြက္ေျပာဆိုၾကဖို႔ ေမ ွ်ာ္လင့္ပါတယ္။ ဒါေၾကာင့္လည္း ဒီကေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ၿပီး အခုလို သတင္းစာရွင္းလင္းပြဲလုပ္တာပါ။" လို႔ ဖမ္းဆီးခံထားရတဲ့ Kitazumi ရဲ႕ မိတ္ေဆြရင္းတစ္ဦးျဖစ္သူ Isoko Mochizuki က ေျပာသြားပါတယ္။

Kitazumi ကို ျပန္လႊတ္ေပးေရး ျမန္မာစစ္အစိုးရနဲ႔ ဂ်ပန္အစိုးရတို႔ဆီ ေပးပို႔မယ့္ အြန္လိုင္း လက္မွတ္ထိုး ေတာင္းဆိုလႈပ္ရွားမႈ တစ္ခုကုိလည္း ဂ်ပန္သတင္းေထာက္ေတြက ဧၿပီလ ၁၉ ရက္ေန႔မွာ စတင္လုပ္ေဆာင္ထားပါတယ္။ အခုခ်ိန္ထိဆိုရင္ လူေပါင္း ၂,၀၀၀ ေလာက္ ပါဝင္ ေတာင္းဆိုထားၾကၿပီျဖစ္ပါတယ္။

Kitazumi ကို ျပန္လႊတ္ေပးေရး ျမန္မာစစ္ေကာင္စီကို ဖိအားပိုေပးဖို႔ ဂ်ပန္အစုိးရကိုလည္း သတင္းေထာက္ေတြက ေတာင္းဆိုထားပါတယ္။ Kitazumi ကို အင္းစိန္ေထာင္မွာ ခ်ဳပ္ေႏွာင္ထားတယ္ဆိုတာ ဂ်ပန္အစိုးရအဖြဲ႔ အတြင္းဝန္ခ်ဳပ္ Katsunobu Kato က ဒီကေန႔ သတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ေျပာသြားပါတယ္။

ပုဒ္မ ၅၀၅ နဲ႔ အေရးယူထားတဲ့ ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကို ၿပီးခဲ့တဲ့ တနဂၤေႏြ၊ ဧၿပီလ ၁၈ ရက္ေန႔က သူေနထိုင္ခဲ့ဲတဲ့ ပုဇြန္ေတာင္ၿမိဳ႕၊ ေရေက်ာ္အရပ္ေနအိမ္ကေန ဖမ္းဆီးခဲ့တဲ့အေၾကာင္း စစ္ေကာင္စီပိုင္ ျမဝတီသတင္းဌာနက ဧၿပီလ ၁၉ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

Kitazumi ဟာ ေဖေဖာ္ဝါရီလအတြင္းက အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြမွာ သတင္းယူေနရင္း ဖမ္းဆီးခံခဲ့ရေသးၿပီး ေနာက္ပိုင္းမွာ ျပန္လြတ္လာခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ဒီကေန႔အထိဆိုရင္ သတင္းမီဒီယာသမား စုစုေပါင္း ၆၆ ဦး အဖမ္းခံခဲ့ရၿပီး အဲဒီထဲက အေယာက္ ၃၀ ျပန္လြတ္လာၿပီးေတာ့ လက္ရွိမွာ ဖမ္းဆီးခံထားရသူ ၃၆ ေယာက္ရွိတယ္လုိ႔ သတင္းသမားေတြ ဖမ္းဆီးခံရမႈကို ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ ျပည္တြင္းအဖြဲ႔တစ္ခုက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖမ်းထားတဲ့ဂျပန်သတင်းထောက်ပြန်လွှတ်ဖို့ ဂျပန်သတင်းသမားတွေ လှုပ်ရှားတောင်းဆို

မြန်မာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးဖို့ ဂျပန်သတင်းထောက်တွေက ဒီကနေ့ တိုကျိုမြို့တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုလိုက်ပါတယ်။

"စစ်အစိုးရအနေနဲ့ မြန်မာလူထုကို ဖိနှိပ်နေတာ ရပ်တန့်စေချင်ပါတယ်။ အမှန်တရားကိုတင်ပြဖို့ ကြိုးစားခဲ့ကြတဲ့ Kitazumi အပါအဝင် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ ကျမတို့ဟာ မြန်မာနိုင်ငံကနေ အဝေးကြီးမှာ ရှိနေပေမဲ့ ဂျပန်နိုင်ငံက မီဒီယာတွေအနေနဲ့လည်း ကန့်ကွက်ပြောဆိုကြဖို့ မေ ျှာ်လင့်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာပါ။" လို့ ဖမ်းဆီးခံထားရတဲ့ Kitazumi ရဲ့ မိတ်ဆွေရင်းတစ်ဦးဖြစ်သူ Isoko Mochizuki က ပြောသွားပါတယ်။

Kitazumi ကို ပြန်လွှတ်ပေးရေး မြန်မာစစ်အစိုးရနဲ့ ဂျပန်အစိုးရတို့ဆီ ပေးပို့မယ့် အွန်လိုင်း လက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှု တစ်ခုကိုလည်း ဂျပန်သတင်းထောက်တွေက ဧပြီလ ၁၉ ရက်နေ့မှာ စတင်လုပ်ဆောင်ထားပါတယ်။ အခုချိန်ထိဆိုရင် လူပေါင်း ၂,၀၀၀ လောက် ပါဝင် တောင်းဆိုထားကြပြီဖြစ်ပါတယ်။

Kitazumi ကို ပြန်လွှတ်ပေးရေး မြန်မာစစ်ကောင်စီကို ဖိအားပိုပေးဖို့ ဂျပန်အစိုးရကိုလည်း သတင်းထောက်တွေက တောင်းဆိုထားပါတယ်။ Kitazumi ကို အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်ဆိုတာ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Katsunobu Kato က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောသွားပါတယ်။

ပုဒ်မ ၅၀၅ နဲ့ အရေးယူထားတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကို ပြီးခဲ့တဲ့ တနင်္ဂနွေ၊ ဧပြီလ ၁၈ ရက်နေ့က သူနေထိုင်ခဲ့ဲတဲ့ ပုဇွန်တောင်မြို့၊ ရေကျော်အရပ်နေအိမ်ကနေ ဖမ်းဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီပိုင် မြဝတီသတင်းဌာနက ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Kitazumi ဟာ ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းယူနေရင်း ဖမ်းဆီးခံခဲ့ရသေးပြီး နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိဆိုရင် သတင်းမီဒီယာသမား စုစုပေါင်း ၆၆ ဦး အဖမ်းခံခဲ့ရပြီး အဲဒီထဲက အယောက် ၃၀ ပြန်လွတ်လာပြီးတော့ လက်ရှိမှာ ဖမ်းဆီးခံထားရသူ ၃၆ ယောက်ရှိတယ်လို့ သတင်းသမားတွေ ဖမ်းဆီးခံရမှုကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ပြည်တွင်းအဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG