သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ျပႆနာေျပလည္ေရးႏွင္႔ အာဆီယံအခန္းက႑ ကုလ ေခါင္းေဆာင္ေတြ ေထာက္ျပ 


အာဆီယံ ႏိုင္ငံအလံတခ်ိဳ႕

(Zawgyi/Unicode)
ျမန္မာႏိုင္ငံတြင္း လက္ရွိျဖစ္ေပၚေနတဲ့ ၊ ဆိုးရြားတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖါက္မႈေတြဟာ အလြန္စိုးရိမ္ဖြယ္ေကာင္းၿပီး ၊ ျမန္မာစစ္တပ္ရဲ႕လုပ္ရပ္ေတြဟာ အာဆီယံ ပဋိညာဥ္နဲ႔လည္း ကိုက္ညီမႈ မရွိသလို ၊ ႏိုင္ငံတကာဥပေဒနဲ႔ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းမႈ - လုံျခဳံမႈကိုပါ ၿခိမ္းေျခာက္ လာေနၿပီလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ေဟာင္း မစၥတာ ဘန္ကီမြန္းက ေျပာၾကားလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ ပိုမိုဆိုးရြားတဲ့ ျဖစ္ရပ္ေတြ ထပ္မံ မေပၚေပါက္ရေအာင္ အာဆီယံႏိုင္ငံေတြအေနနဲ႔ မိမိတို႔ၾသဇာအရွိန္အဝါကို သုံးၿပီး တားဆီးသြားဖို႔လိုေၾကာင္း လက္ရွိ ကုလ-အတြင္းေရးမွဴးခ်ဳပ္ မစၥတာ Guterres ကလည္း တနလၤာေန႔ ေဆြးေႏြးပဲြအတြင္း တိုက္တြန္းသြားပါတယ္။ အေၾကာင္းစုံကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပထားပါတယ္။

ကမ႓ာေပၚက ပဋိပကၡမ်ား တားဆီးေရးဆိုင္ရာ လုံျခဳံေရးေကာင္စီအဖြဲ႔ဝင္ႏိ္ုင္ငံေတြရဲ႕ အဆင္ျမင့္ေဆြးေႏြးပဲြတရပ္ကို ကုလသမဂၢ လုံျခဳံေရးေကာင္စီရဲ႕ လက္ရွိ အလွည့္က်သဘာပတိ ဗီယက္ႏိုင္ငံက ကမကထျပဳၿပီး ဧၿပီ(၁၉) တနလၤာေန႔မွာ အြန္လိုင္းကတဆင့္ က်င္းပခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီေဆြးေႏြးပဲြ အခမ္းအနားကို ဗီယက္နမ္သမၼတ Nguyen Xuan Phuc က စတင္ဖြင့္လွစ္ခဲ့ၿပီး ကမ႓ာေပၚမွာ ပဋိပကၡ ၾကဳံေနရဆဲ ႏိုင္ငံေတြရဲ႕ အေျခအေန၊ သိပ္မေဝးေတာ့တဲ့ ကာလမွာ ပဋိပကၡ ေပၚေပါက္လာႏိုင္ေျခရွိတဲ့ ႏိုင္ငံေတြရဲ႕ အေျခအေနကို ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။ ဒီေဆြးေႏြးပဲြအတြင္း အထူးအေလးထား ေဆြးေႏြးခံရတာက ျမန္မာႏိုင္ငံရဲ႕လက္ရွိ အေျခအေနပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္း လတ္တေလာ ျဖစ္ေပၚေနတဲ့ ျမန္မာစစ္တပ္ရဲ႕လုပ္ရပ္ေတြကိုၾကည့္ရင္ အလြန္စိုးရိမ္ဖြယ္ေကာင္းၿပီး၊ ဒါဟာ ျပည္တြင္းေရး သက္သက္သာျဖစ္တယ္လို႔ ယူဆလို႔ မရေတာ့ေၾကာင္း ကုလ-အတြင္းေရးမွဴးခ်ဳပ္ေဟာင္း မစၥတာ ဘန္ကီမြန္းက တနလၤာေန႔ ေဆြးေႏြးပဲြအတြင္း ေျပာၾကားသြားပါတယ္။

" ျမန္မာႏိုင္ငံတြင္း လက္ရွိၾကဳံေနရတဲ့ အေျခအေနဟာျပည္တြင္းေရးသာ ျဖစ္တယ္လို႔ မွတ္ယူဖို႔ မျဖစ္ႏိုင္ေတာ့ပဲ ၊ အလြန္ စိုးရိမ္ဖြယ္ ေကာင္းတဲ့ အေျခအေနဆိုတာကို ျမန္မာစစ္တပ္က သိေအာင္ အာဆီယံအဖြဲ႔က ရွင္းရွင္းလင္းလင္း ေျပာဖို႔ လိုပါတယ္။ စစ္တပ္က လက္နက္အစစ္ေတြသုံးၿပီး ဆိုးရြားတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ဆက္ျဖစ္ေနတာက အာဆီယံ ပဋိညာဥ္နဲ႔လည္း ကိုက္ညီမႈ မရွိပါဘူး။ ဒါဟာ ႏိုင္ငံတကာဥပေဒကို ခ်ဳိးေဖါက္ရာေရာက္ၿပီး ၊ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ လုံျခဳံေရးကိုပါ ၿခိမ္းေျခာက္လာေနပါတယ္။" ...လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ေဟာင္း မစၥတာ ဘန္ကီမြန္းက ေျပာသြားတာပါ။

လုံျခဳံေရးေကာင္စီ အလွည့္က်ဥကၠဌအျဖစ္ ဗီယက္နမ္ႏိ္ုင္ငံက က်င္းပတဲ့ ဒီေဆြးေႏြးပဲြဟာ ဧၿပီ(၂၄)ရက္ေန႔ က်င္းပဖို႔ရွိတဲ့ ျမန္မာ့အေရး အာဆီယံထိပ္သီး အထူးအစည္းအေဝး မတိုင္ခင္ ရက္ပိုင္းအလိုမွာ လုပ္ခဲ့ပါတယ္။

ဒါေၾကာင့္ ကုလသမဂၢနဲ႔ အာဆီယံၾကား ညီၫြတ္စြာ ေဆာင္ရြက္သြားဖို႔ လိုမယ္လို႔ ဘန္ကီမြန္းက တိုက္တြန္းပါတယ္။

" ျမန္မာႏိ္ုင္ငံရဲ႕ ဆိုးရြားလာတဲ့ အေျခအေနဟာၿငိမ္းခ်မ္းေရး၊ လုံျခဳံေရးနဲ႔ လူသားေတြရဲ႕အသက္ကို ကယ္တင္ႏိုင္ေရးမွာ ကုလသမဂၢနဲ႔ ေဒသတြင္း မဟာမိတ္ေတြၾကား ဘယ္ေလာက္ စည္းလုံး ညီၫြတ္စြာ လုပ္ႏိုင္မလဲဆိုတာကို ျပသရမယ့္ အေရးႀကီး အခ်ိန္အခါျဖစ္ပါတယ္။ "

ဧၿပီ(၂၄)ရက္ေန႔ က်င္းပမယ့္ အာဆီယံထိပ္သီး အထူးအစည္းအေဝးပဲြကို စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္မယ္လို႔ ထိုင္းႏိုင္ငံက သတင္းေတြ ထြက္လာေပမယ့္ ၊ တကယ္ တက္မတက္ဆိုတာကိုေတာ့ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။ ဒါေပမဲ့ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ပရာရြတ္-ခ်မ္အိုခ်ာကေတာ့ အဲဒီ အာဆီယံထိပ္သီး အစည္းအေဝးကို ကိုယ္တိုင္ တက္ေရာက္ေတာ့မွာ မဟုတ္ပဲ သူ႔ကိုယ္စား ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးကိုသာ ေစလႊတ္မယ္လို႔ တနလၤာေန႔က သတင္းထြက္ေပၚလာပါတယ္။

တဖက္မွာလည္း ျမန္မာ့အက်ပ္အတည္း ျပသနာေတြကို ေျဖရွင္းဖို႔ဆိုရင္ မၾကာေသးခင္က ဖြဲ႔စည္းခဲ့တဲ့ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG)ရဲ႕ ကိုယ္စားလွယ္တဦးဦးကို ဒီ အာဆီယံထိပ္သီး အစည္းအေဝးပဲြမွာ ဖိတ္ၾကားဖို႔ လိုတယ္ဆိုၿပီး တိုက္တြန္းမႈေတြလည္း ရွိေနတာပါ။

ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ ဆိုးရြားတဲ့ျဖစ္ရပ္ေတြ ထပ္မံ မေပၚေပါက္ဖို႔ဆိုရင္အာဆီယံႏိုင္ငံေတြအေနနဲ႔ မိမိတို႔ၾသဇာအရွိန္အဝါကို သုံးၿပီး တားဆီးသြားဖို႔လိုတယ္လို႔လက္ရွိ ကုလ-အတြင္းေရးမွဴးခ်ဳပ္ မစၥတာAntónio Guterres ကလည္း တိုက္တြန္းပါတယ္။

" ျမန္မာႏိုင္ငံရဲ႕ အေရးမွာ ကုလသမဂၢနဲ႔ အာဆီယံ ပူးေပါင္းေဆာင္ရြက္မႈဟာ သိပ္ကိုအေရးႀကီးပါတယ္။ ဒီအေျခအေနဟာ ေဒသတြင္း စည္းလုံးညီၫြတ္တဲ့ အားထုတ္မႈအေပၚ အေျခခံၿပီး ထိေရာက္ေသာ ႏိုင္ငံတကာတုန္႔ျပန္မႈ လိုအပ္ေနပါတယ္။ျမန္မာရဲ႕အေျခအေန ပိုမို မဆိုးရြားသြားေအာင္ ေဒသတြင္းႏိုင္ငံေတြက ဟန္႔တားဖို႔နဲ႔ ၿငိမ္းခ်မ္းတဲ့ ထြက္ေပါက္တခု ရရွိေရးအတြက္ အရွိန္ျမႇင့္ ေဆာင္ရြက္ၾကဖို႔ က်ေနာ္ တိုက္တြန္းလိုပါတယ္။"

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြကို စစ္တပ္နဲ႔ရဲရဲ႕ ပစ္ခတ္ျဖဳိခြင္းမႈအတြင္း အခုခ်ိန္ထိ လူ(၇၃၀)ေက်ာ္ ေသဆုံးခဲ့ရၿပီး ၊ ဖမ္းဆီးခံေနဆဲ လူ(၃၂၀၀)ေက်ာ္ရွိတယ္လို႔ AAPP ေခၚ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက ျပဳစုထားတဲ့ မွတ္တမ္းမွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာ့ပြဿနာပြေလည်ရေးနှင့် အာဆီယံအခန်းကဏ္ဍ ကုလ ခေါင်းဆောင်တွေ ထောက်ပြ

(Unicode)
မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ အလွန်စိုးရိမ်ဖွယ်ကောင်းပြီး ၊ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အာဆီယံ ပဋိညာဉ်နဲ့လည်း ကိုက်ညီမှု မရှိသလို ၊ နိုင်ငံတကာဥပဒေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု - လုံခြုံမှုကိုပါ ခြိမ်းခြောက် လာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံမှာ နောက်ထပ် ပိုမိုဆိုးရွားတဲ့ ဖြစ်ရပ်တွေ ထပ်မံ မပေါ်ပေါက်ရအောင် အာဆီယံနိုင်ငံတွေအနေနဲ့ မိမိတို့သြဇာအရှိန်အဝါကို သုံးပြီး တားဆီးသွားဖို့လိုကြောင်း လက်ရှိ ကုလ-အတွင်းရေးမှူးချုပ် မစ္စတာ Guterres ကလည်း တနင်္လာနေ့ ဆွေးနွေးပွဲအတွင်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။

ကမ္ဘာပေါ်က ပဋိပက္ခများ တားဆီးရေးဆိုင်ရာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ အဆင်မြင့်ဆွေးနွေးပွဲတရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လက်ရှိ အလှည့်ကျသဘာပတိ ဗီယက်နိုင်ငံက ကမကထပြုပြီး ဧပြီ(၁၉) တနင်္လာနေ့မှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ အခမ်းအနားကို ဗီယက်နမ်သမ္မတ Nguyen Xuan Phuc က စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာပေါ်မှာ ပဋိပက္ခ ကြုံနေရဆဲ နိုင်ငံတွေရဲ့ အခြေအနေ၊ သိပ်မဝေးတော့တဲ့ ကာလမှာ ပဋိပက္ခ ပေါ်ပေါက်လာနိုင်ခြေရှိတဲ့ နိုင်ငံတွေရဲ့ အခြေအနေကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအတွင်း အထူးအလေးထား ဆွေးနွေးခံရတာက မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကိုကြည့်ရင် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး၊ ဒါဟာ ပြည်တွင်းရေး သက်သက်သာဖြစ်တယ်လို့ ယူဆလို့ မရတော့ကြောင်း ကုလ-အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက တနင်္လာနေ့ ဆွေးနွေးပွဲအတွင်း ပြောကြားသွားပါတယ်။

" မြန်မာနိုင်ငံတွင်း လက်ရှိကြုံနေရတဲ့ အခြေအနေဟာပြည်တွင်းရေးသာ ဖြစ်တယ်လို့ မှတ်ယူဖို့ မဖြစ်နိုင်တော့ပဲ ၊ အလွန် စိုးရိမ်ဖွယ် ကောင်းတဲ့ အခြေအနေဆိုတာကို မြန်မာစစ်တပ်က သိအောင် အာဆီယံအဖွဲ့က ရှင်းရှင်းလင်းလင်း ပြောဖို့ လိုပါတယ်။ စစ်တပ်က လက်နက်အစစ်တွေသုံးပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာက အာဆီယံ ပဋိညာဉ်နဲ့လည်း ကိုက်ညီမှု မရှိပါဘူး။ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖေါက်ရာရောက်ပြီး ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေပါတယ်။" ...လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက ပြောသွားတာပါ။

လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌအဖြစ် ဗီယက်နမ်နိုင်ငံက ကျင်းပတဲ့ ဒီဆွေးနွေးပွဲဟာ ဧပြီ(၂၄)ရက်နေ့ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေး အာဆီယံထိပ်သီး အထူးအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအလိုမှာ လုပ်ခဲ့ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံကြား ညီညွတ်စွာ ဆောင်ရွက်သွားဖို့ လိုမယ်လို့ ဘန်ကီမွန်းက တိုက်တွန်းပါတယ်။

" မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့ အခြေအနေဟာငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူသားတွေရဲ့အသက်ကို ကယ်တင်နိုင်ရေးမှာ ကုလသမဂ္ဂနဲ့ ဒေသတွင်း မဟာမိတ်တွေကြား ဘယ်လောက် စည်းလုံး ညီညွတ်စွာ လုပ်နိုင်မလဲဆိုတာကို ပြသရမယ့် အရေးကြီး အချိန်အခါဖြစ်ပါတယ်။ "

ဧပြီ(၂၄)ရက်နေ့ ကျင်းပမယ့် အာဆီယံထိပ်သီး အထူးအစည်းအဝေးပွဲကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ ထိုင်းနိုင်ငံက သတင်းတွေ ထွက်လာပေမယ့် ၊ တကယ် တက်မတက်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ ပရာရွတ်-ချမ်အိုချာကတော့ အဲဒီ အာဆီယံထိပ်သီး အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်တော့မှာ မဟုတ်ပဲ သူ့ကိုယ်စား ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ်မယ်လို့ တနင်္လာနေ့က သတင်းထွက်ပေါ်လာပါတယ်။

တဖက်မှာလည်း မြန်မာ့အကျပ်အတည်း ပြသနာတွေကို ဖြေရှင်းဖို့ဆိုရင် မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကိုယ်စားလှယ်တဦးဦးကို ဒီ အာဆီယံထိပ်သီး အစည်းအဝေးပွဲမှာ ဖိတ်ကြားဖို့ လိုတယ်ဆိုပြီး တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။

မြန်မာနိုင်ငံမှာ နောက်ထပ် ဆိုးရွားတဲ့ဖြစ်ရပ်တွေ ထပ်မံ မပေါ်ပေါက်ဖို့ဆိုရင်အာဆီယံနိုင်ငံတွေအနေနဲ့ မိမိတို့သြဇာအရှိန်အဝါကို သုံးပြီး တားဆီးသွားဖို့လိုတယ်လို့လက်ရှိ ကုလ-အတွင်းရေးမှူးချုပ် မစ္စတာAntónio Guterres ကလည်း တိုက်တွန်းပါတယ်။

" မြန်မာနိုင်ငံရဲ့ အရေးမှာ ကုလသမဂ္ဂနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒီအခြေအနေဟာ ဒေသတွင်း စည်းလုံးညီညွတ်တဲ့ အားထုတ်မှုအပေါ် အခြေခံပြီး ထိရောက်သော နိုင်ငံတကာတုန့်ပြန်မှု လိုအပ်နေပါတယ်။မြန်မာရဲ့အခြေအနေ ပိုမို မဆိုးရွားသွားအောင် ဒေသတွင်းနိုင်ငံတွေက ဟန့်တားဖို့နဲ့ ငြိမ်းချမ်းတဲ့ ထွက်ပေါက်တခု ရရှိရေးအတွက် အရှိန်မြှင့် ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။"

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း အခုချိန်ထိ လူ(၇၃၀)ကျော် သေဆုံးခဲ့ရပြီး ၊ ဖမ်းဆီးခံနေဆဲ လူ(၃၂၀၀)ကျော်ရှိတယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့ မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG