သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး ၿငိမ္းခ်မ္းစြာ အေျဖရွာဖို႔ အာဆီယံေခါင္းေဆာင္ေတြကို ကုလအႀကီးအကဲ ေဆာ္ၾသ


ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေနာက္ျဖစ္ပြားေနတဲ့ ေသြးေျမက် အၾကမ္းဖက္မႈေတြကို ေျဖရွင္းဖို႔ အာဆီယံေခါင္းေဆာင္ေတြ ညီညီၫြတ္ၫြတ္ႀကိဳးစားၾကဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေတာင္းဆိုလိုက္ပါတယ္။

“ျမန္မာႏိုင္ငံ့အေရးဟာ ေဒသတြင္း ၾကံဳေတြ႕ေနရတဲ့ အေရးတႀကီး ျပႆနာတရပ္ ျဖစ္ေနတဲ့အတြက္ ဒီကေန႔ အာဆီယံရဲ႕ အခန္းက႑ဟာ ဘယ္တုန္းကနဲ႔မွမတူေအာင္ အေရးပါေနေၾကာင္းနဲ႔ ျမန္မာစစ္တပ္ရဲ႕ ဖိႏွိပ္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြ အဆံုးသတ္ေစဖို႔ ႏိုင္ငံတကာ အသိုင္းဝိုင္းကေန ၂ ႏိုင္ငံ ခ်င္းျဖစ္ေစ၊ အားလံုးစုေပါင္းၿပီးျဖစ္ေစ လုပ္ေဆာင္ၾကဖို႔ ထပ္မံေတာင္းဆိုပါတယ္” လို႔ ေျပာသြားတာပါ။

အာဆီယံ အဖြဲ႔အေနနဲ႔ ျမန္မာႏိုင္ငံအတြက္ သံတမန္ေရးဆိုင္ရာ၊ ပဋိပကၡကာကြယ္ေရးဆိုင္ရာနဲ႔ ၿငိမ္းခ်မ္းမႈ တည္ေဆာက္ေရး ဆိုင္ရာေတြမွာ သိပ္အေရးပါေၾကာင္း ကုလသမဂၢနဲ႔ အာဆီယံ အပါအဝင္ ေဒသတြင္းအဖြဲ႔အစည္း ေတြၾကား ပူးေပါင္းေဆာင္ရြက္ေရး ဆိုင္ရာ လံုျခံဳေရးေကာင္စီရဲ႕ တနလၤာေန႔ ေဆြးေႏြးပြဲမွာ အတြင္းေရးမွဴးခ်ဳပ္က ေထာက္ျပ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ဟာ ေဒသတြင္းကို ေရာက္ရွိေနၿပီး ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔နဲ႔ တည္ၿငိမ္ေအးခ်မ္းေစဖို႔ အတြက္ သူ႔အေနနဲ႔ စစ္တပ္နဲ႔ေရာ တျခားအဖြဲ႔အစည္းေတြနဲ႔ပါ ေဆြးေႏြးေျပာဆိုဖို႔ အသင့္ရွိေနေၾကာင္းလည္း ေျပာပါတယ္။

မစၥ Burgener ဟာ ဧၿပီလ ၉ ရက္ေန႔ကတည္းက ထိုင္းႏိုင္ငံ ဘန္ေကာက္ကို ေရာက္ရွိေနတာ ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္း သြားေရာက္ဖို႔ ပန္ၾကားခ်က္ကို ျမန္မာစစ္တပ္ကေတာ့ ျပည္ဝင္ခြင့္ မေပးေသးပါဘူး။

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီး ကတည္းက မစၥ Burgener ဟာ ေဒသတြင္းကို ပထမဆံုး အႀကိမ္ သြားေရာက္တာ ျဖစ္ၿပီး ဘန္ေကာက္မွာ ထိုင္းအာဏာပိုင္ေတြ၊ ေဒသဆိုင္ရာ ကုလသမဂၢအရာရွိေတြနဲ႔ ဘန္ေကာက္ရွိ ျမန္မာႏိုင္ငံဆိ္ုင္ရာသံရံုးေတြက သံအမတ္ေတြနဲ႔ ျမန္မာ့ စစ္အာဏာသိမ္းမႈ အေရးကို ေဒသတြင္းႏုိင္ငံေတြရဲ႕ တသေဘာတည္း ေဆာင္ရြက္ခ်က္ကို အေျခခံၿပီး ထိေရာက္တဲ႔ ႏုိင္ငံတကာ တုံ႔ျပန္ေဆာင္ရြက္မႈ တခု ျဖစ္လာေအာင္ ေဆာင္ရြက္ႏုိင္ေရး ေဆြးေႏြးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္




..............

မြန်မာ့အရေး ငြိမ်းချမ်းစွာ အဖြေရှာဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလအကြီးအကဲ ဆော်သြ

(Unicode)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ဖြစ်ပွားနေတဲ့ သွေးမြေကျ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ ညီညီညွတ်ညွတ်ကြိုးစားကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံ့အရေးဟာ ဒေသတွင်း ကြုံတွေ့နေရတဲ့ အရေးတကြီး ပြဿနာတရပ် ဖြစ်နေတဲ့အတွက် ဒီကနေ့ အာဆီယံရဲ့ အခန်းကဏ္ဍဟာ ဘယ်တုန်းကနဲ့မှမတူအောင် အရေးပါနေကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ နိုင်ငံတကာ အသိုင်းဝိုင်းကနေ ၂ နိုင်ငံ ချင်းဖြစ်စေ၊ အားလုံးစုပေါင်းပြီးဖြစ်စေ လုပ်ဆောင်ကြဖို့ ထပ်မံတောင်းဆိုပါတယ်” လို့ ပြောသွားတာပါ။

အာဆီယံ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် သံတမန်ရေးဆိုင်ရာ၊ ပဋိပက္ခကာကွယ်ရေးဆိုင်ရာနဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆိုင်ရာတွေမှာ သိပ်အရေးပါကြောင်း ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် ဒေသတွင်းအဖွဲ့အစည်း တွေကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ လုံခြုံရေးကောင်စီရဲ့ တနင်္လာနေ့ ဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ်က ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ ဒေသတွင်းကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ တည်ငြိမ်အေးချမ်းစေဖို့ အတွက် သူ့အနေနဲ့ စစ်တပ်နဲ့ရော တခြားအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးပြောဆိုဖို့ အသင့်ရှိနေကြောင်းလည်း ပြောပါတယ်။

မစ္စ Burgener ဟာ ဧပြီလ ၉ ရက်နေ့ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိနေတာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း သွားရောက်ဖို့ ပန်ကြားချက်ကို မြန်မာစစ်တပ်ကတော့ ပြည်ဝင်ခွင့် မပေးသေးပါဘူး။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ကတည်းက မစ္စ Burgener ဟာ ဒေသတွင်းကို ပထမဆုံး အကြိမ် သွားရောက်တာ ဖြစ်ပြီး ဘန်ကောက်မှာ ထိုင်းအာဏာပိုင်တွေ၊ ဒေသဆိုင်ရာ ကုလသမဂ္ဂအရာရှိတွေနဲ့ ဘန်ကောက်ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေက သံအမတ်တွေနဲ့ မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကို ဒေသတွင်းနိုင်ငံတွေရဲ့ တသဘောတည်း ဆောင်ရွက်ချက်ကို အခြေခံပြီး ထိရောက်တဲ့ နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှု တခု ဖြစ်လာအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG