သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အဆိုျပဳခ်က္ေတြ အာဆီယံအဖြဲ႕စဥ္းစားေန


ZAWGYI/UNICODE
ျမန္မာႏိုင္ငံကို လူသားစာနာမႈအကူအညီေပးေရး အဆိုျပဳတင္ျပဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြ စဥ္းစားေနေၾကာင္း သံတမန္အသိုင္းအဝိုင္းက ေျပာပါတယ္။ ဒီလထဲက်င္းပမယ့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) ေခါင္းေဆာင္ေတြရဲ႕အစည္းအေဝးမတိုင္ခင္ ဒီအဆိုျပဳခ်က္ကို စဥ္းစားလာၾကတာပါ။ ျမန္မာစစ္အစိုးရနဲ႔ ေ႐ြးေကာက္ခံ လႊတ္ေတာ္အမတ္ေတြၾကား ေဆြးေႏြးပြဲေတြ ျဖစ္ေပၚလာေစေရး ၾကားဝင္ေစ့စပ္ေပးဖို႔ ေရရွည္လုပ္ငန္းစဥ္ရဲ႕ ပထမေျခလွမ္းအျဖစ္ ဒီနည္းလမ္းကို စဥ္းစားေနၾကတာပါ။ အာဆီယံအစည္းအေဝးကို စစ္ေကာင္စီခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္လည္း တက္ေရာက္ လာႏိုင္ေၾကာင္း သံတမန္ေတြက ေျပာၾကပါတယ္။

အာဆီယံအစည္းအေဝးက်င္းပဖို႔ အတည္ျပဳခ်က္မရေသးေပမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကေတာ့ ဧၿပီလ ၂၄ ရက္မွာ က်င္းပဖို႔ရွိေၾကာင္းနဲ႔ အစည္းအေဝးတက္ဖို႔ အင္ဒိုနီးရွားႏိုင္ငံကို ေလေၾကာင္းခရီးနဲ႔သြားမွာျဖစ္ေၾကာင္း သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာတင္ထားပါတယ္။
ဒါနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ႐ိုက္တာကေမးတာကို စစ္ေကာင္စီက အေၾကာင္းမျပန္ပါဘူး။


ဒီကေန႔ေသာၾကာေန႔မွာပဲ ျမန္မာျပည္မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရတရပ္ဖြဲ႕စည္းေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) က ဒီကေန႔ ေၾကညာခဲ့ၿပီး အာဆီယံကေပးတဲ့ ဘယ္လိုအကူအညီမ်ိဳးမဆို သူတို႔ပဲ ကိုင္တြယ္လုပ္ေဆာင္သင့္တယ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို အာဆီယံထိပ္သီးအစည္းအေဝး ေပးမတက္သင့္ဘူးလို႔ ေျပာခဲ့ပါတယ္။


လူသတ္သမားေတြရဲ႕ေခါင္းေဆာင္တေယာက္ကို ဖိတ္ၾကားတယ္ဆိုရင္ ဒါဟာ ရဲစြမ္းသတၱိရွိတဲ့ ျမန္မာျပည္သူေတြကို အႀကီးအက်ယ္ေစာ္ကားလိုက္တာျဖစ္လိမ့္မယ္လို႔ CRPH က ေျပာပါတယ္။ စစ္ေကာင္စီနဲ႔ ရာထူးကဖယ္ရွားခဲ့ရတဲ့ အရပ္သားအစိုးရတို႔ၾကား ေဆြးေႏြးပြဲေတြရဲ႕ နိဒါန္းျဖစ္ လာႏိုင္တဲ့ လူသားခ်င္းစာနာမႈအကူအညီေပးေရး လုပ္ငန္းအေၾကာင္းဟာ အာဆီယံအစည္းအေဝးမွာ ေဆြးေႏြးမယ့္အေၾကာင္းအရာေတြထဲက တစ္ခုျဖစ္လာႏိုင္ေၾကာင္း ေဒသဆိုင္ရာ သံတမန္ ၂ ဦးနဲ႔ မေလးရွားအစိုးရနဲ႔နီးစပ္တဲ့ သတင္းရင္းျမစ္တခုတို႔က ေျပာၾကပါတယ္။ ဒါေပမယ့္လည္း ေတြ႕ဆုံေႏြးေႏြးဖို႔ဆိုတာကေတာ့ ႏွစ္ဘက္စလုံးရဲ႕အေနအထားအရ မျဖစ္ႏိုင္သေလာက္ပါပဲ။


အာဆီယံရဲ႕အဆိုျပဳခ်က္က လက္ရွိျဖစ္ေနတဲ့ အၾကမ္းဖက္အေျခအေနေတြကို ရပ္တန႔္ၿပီး လူသားစာနာမႈအကူအညီ ေပးပို႔တာနဲ႔ စတင္ဖြယ္ရွိမယ္လို႔ ဂ်ကာတာအေျခစိုက္ ႏိုင္ငံတကာနဲ႔ မဟာဗ်ဴဟာေလ့လာေရး ဗဟိုဌာနရဲ႕ အမႈေဆာင္ဒါ႐ိုက္တာခ်ဳပ္ Rizal Sukma က ေျပာပါတယ္။ မစၥတာ Sukma ဟာ လာမယ့္ အာဆီယံ အစည္းအေဝးအတြက္ မူဝါဒေရးရာပိုင္းဆိုင္ရာ ကူညီေဆာင္႐ြက္ေပးေနတဲ့အဖြဲ႕မွာ ပါဝင္သူပါ။


အခုလို အကူညီေပးေရးအစီအစဥ္ဟာ စစ္အစိုးရနဲ႔ ကန႔္ကြက္ေနသူေတြၾကား ေဆြးေႏြးပြဲျဖစ္လာေရး အခင္းအက်င္းတခု အဆုံးသတ္မွာျဖစ္လာဖြယ္ရွိတယ္လို႔ သူကေျပာပါတယ္။
“တတိယေျမာက္လိုအပ္ခ်က္” အေနနဲ႔ကေတာ့ တပ္မေတာ္ဘက္က ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးဖို႔ အမွန္တကယ္လိုအပ္ပါတယ္လို႔လည္း သူက ေျပာပါတယ္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္ၾကတဲ့ အင္ဒိုနီးရွား၊ မေလးရွား၊ စင္ကၤာပူနဲ႔ ဖိလစ္ပိုင္ႏိုင္ငံေတြဟာ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ထိန္းသိမ္းခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုလႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကေပမယ့္ အာဆီယံတဖြဲ႕လုံးအေနနဲ႔ေတာ့ အဲဒီလိုေတာင္းဆိုတာ မရွိေသးပါဘူး။


အာဆီယံအတြင္းေရးမႉးခ်ဳပ္ျဖစ္ေစ၊ အၿငိမ္းစားထိပ္တန္းသံတမန္တဦးကိုျဖစ္ေစ၊ စစ္ဘက္ေခါင္း ေဆာင္တဦးဦးကိုျဖစ္ေစ အထူးကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ဖို႔ကိုလည္း စဥ္းစားေနၾကေၾကာင္း သံတမန္ႏွစ္ဦးက ေျပာပါတယ္။ အဲဒီအထူးကိုယ္စားလွယ္က စစ္အစိုးရနဲ႔ ရာထူးက ဖယ္ရွ ားခံရတဲ့ အစိုးရအဖြဲ႕ေတြၾကား ေစ့စပ္ညႇိႏႈိင္းေပးရမွာျဖစ္ေၾကာင္း သံတမန္ေတြနဲ႔ သုံးသပ္သူေတြက ေျပာၾကပါတယ္။


အာဆီယံအဖြဲ႕အေနနဲ႔ ျမန္မာျပည္တြင္း အၾကမ္းဖက္မႈေတြအဆုံးသတ္ၿပီး ဒီမိုကေရစီျပန္လည္ရရွိ ေရးတို႔အတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕နဲ႔ ခ်က္ျခင္းဆက္သြယ္ေဆာင္႐ြက္သင့္ေၾကာင္း၊ အကူအညီေပးတာေတြကို စစ္တပ္လက္ထဲအပ္လိုက္ရင္ ခိုးယူခံရမွာျဖစ္တာေၾကာင့္ အကူအညီေတြကို စစ္တပ္ကတဆင့္မေပးသင့္ေၾကာင္း ေဒါက္တာဆာဆာက ေျပာပါတယ္။

..........................................

ASEAN
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

UNICODE
မြန်မာနိုင်ငံကို လူသားစာနာမှုအကူအညီပေးရေး အဆိုပြုတင်ပြဖို့ အရှေ့တောင်အာရှနိုင်ငံတွေ စဉ်းစားနေကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီလထဲကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ခေါင်းဆောင်တွေရဲ့အစည်းအဝေးမတိုင်ခင် ဒီအဆိုပြုချက်ကို စဉ်းစားလာကြတာပါ။


မြန်မာစစ်အစိုးရနဲ့ ရွေးကောက်ခံ လွှတ်တော်အမတ်တွေကြား ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေရေး ကြားဝင်စေ့စပ်ပေးဖို့ ရေရှည်လုပ်ငန်းစဉ်ရဲ့ ပထမခြေလှမ်းအဖြစ် ဒီနည်းလမ်းကို စဉ်းစားနေကြတာပါ။


အာဆီယံအစည်းအဝေးကို စစ်ကောင်စီခါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက် လာနိုင်ကြောင်း သံတမန်တွေက ပြောကြပါတယ်။
အာဆီယံအစည်းအဝေးကျင်းပဖို့ အတည်ပြုချက်မရသေးပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဧပြီလ ၂၄ ရက်မှာ ကျင်းပဖို့ရှိကြောင်းနဲ့ အစည်းအဝေးတက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို လေကြောင်းခရီးနဲ့သွားမှာဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်မှာတင်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာကမေးတာကို စစ်ကောင်စီက အကြောင်းမပြန်ပါဘူး။


ဒီကနေ့သောကြာနေ့မှာပဲ မြန်မာပြည်မှာ အမျိုးသားညီညွတ်ရေးအစိုးရတရပ်ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ ကြေညာခဲ့ပြီး အာဆီယံကပေးတဲ့ ဘယ်လိုအကူအညီမျိုးမဆို သူတို့ပဲ ကိုင်တွယ်လုပ်ဆောင်သင့်တယ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး ပေးမတက်သင့်ဘူးလို့ ပြောခဲ့ပါတယ်။


လူသတ်သမားတွေရဲ့ခေါင်းဆောင်တယောက်ကို ဖိတ်ကြားတယ်ဆိုရင် ဒါဟာ ရဲစွမ်းသတ္တိရှိတဲ့ မြန်မာပြည်သူတွေကို အကြီးအကျယ်စော်ကားလိုက်တာဖြစ်လိမ့်မယ်လို့ CRPH က ပြောပါတယ်။


စစ်ကောင်စီနဲ့ ရာထူးကဖယ်ရှားခဲ့ရတဲ့ အရပ်သားအစိုးရတို့ကြား ဆွေးနွေးပွဲတွေရဲ့ နိဒါန်းဖြစ် လာနိုင်တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းအကြောင်းဟာ အာဆီယံအစည်းအဝေးမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေထဲက တစ်ခုဖြစ်လာနိုင်ကြောင်း ဒေသဆိုင်ရာ သံတမန် ၂ ဦးနဲ့ မလေးရှားအစိုးရနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုတို့က ပြောကြပါတယ်။ ဒါပေမယ့်လည်း တွေ့ဆုံနွေးနွေးဖို့ဆိုတာကတော့ နှစ်ဘက်စလုံးရဲ့အနေအထားအရ မဖြစ်နိုင်သလောက်ပါပဲ။


အာဆီယံရဲ့အဆိုပြုချက်က လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်အခြေအနေတွေကို ရပ်တန့်ပြီး လူသားစာနာမှုအကူအညီ ပေးပို့တာနဲ့စတင်ဖွယ်ရှိမယ်လို့ ဂျကာတာအခြေစိုက် နိုင်ငံတကာနဲ့ မဟာဗျူဟာလေ့လာရေး ဗဟိုဌာနရဲ့ အမှုဆောင်ဒါရိုက်တာချုပ် Rizal Sukma က ပြောပါတယ်။ မစ္စတာ Sukma ဟာ လာမယ့် အာဆီယံ အစည်းအဝေးအတွက် မူဝါဒရေးရာပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့မှာ ပါဝင်သူပါ။
အခုလို အကူညီပေးရေးအစီအစဉ်ဟာ စစ်အစိုးရနဲ့ ကန့်ကွက်နေသူတွေကြား ဆွေးနွေးပွဲဖြစ်လာရေး အခင်းအကျင်းတခု အဆုံးသတ်မှာဖြစ်လာဖွယ်ရှိတယ်လို့ သူကပြောပါတယ်
“တတိယမြောက်လိုအပ်ချက်” အနေနဲ့ကတော့ တပ်မတော်ဘက်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမှန်တကယ်လိုအပ်ပါတယ်လို့လည်း သူက ပြောပါတယ်။


အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်င်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် အာဆီယံတဖွဲ့လုံးအနေနဲ့တော့ အဲဒီလိုတောင်းဆိုတာ မရှိသေးပါဘူး။


အာဆီယံအတွင်းရေးမှူးချုပ်ဖြစ်စေ၊ အငြိမ်းစားထိပ်တန်းသံတမန်တဦးကိုဖြစ်စေ၊ စစ်ဘက်ခေါင်း ဆောင်တဦးဦးကိုဖြစ်စေ အထူးကိုယ်စားလှယ်အဖြစ် ရွေးချယ်ဖို့ကိုလည်း စဉ်းစားနေကြကြောင်း သံတမန်နှစ်ဦးက ပြောပါတယ်။ အဲဒီအထူးကိုယ်စားလှယ်က စစ်အစိုးရနဲ့ ရာထူးက ဖယ်ရှ ားခံရတဲ့ အစိုးရအဖွဲ့တွေကြား စေ့စပ်ညှိနှိုင်းပေးရမှာဖြစ်ကြောင်း သံတမန်တွေနဲ့ သုံးသပ်သူတွေက ပြောကြပါတယ်။


အာဆီယံအဖွဲ့အနေနဲ့ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး ဒီမိုကရေစီပြန်လည်ရရှိ ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ ချက်ခြင်းဆက်သွယ်ဆောင်ရွက်သင့်ကြောင်း၊ အကူအညီပေးတာတွေကိုစစ်တပ်လက်ထဲအပ်လိုက်ရင် ခိုးယူခံရမှာဖြစ်တာကြောင့် အကူအညီတွေကို စစ်တပ်ကတဆင့်မပေးသင့်ကြောင်း ဒေါက်တာဆာဆာက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG