ျမန္မာႏုိင္ငံမွာလက္ရွိေပၚေပါက္ေနတဲ့ ႏုိင္ငံေရးအၾကပ္အတည္းေတြနဲ႔ပတ္သက္ၿပီး အေရွ႔ေတာင္အာရွႏုိင္ငံမ်ားအသင္း ASEAN ကက်င္းပေတာ့မယ့္ အထူးအစည္းအေ၀းကို ထုိင္း၀န္ႀကီးခ်ဳပ္ ပယာရြတ္ခ်န္အိုခ်ာ တက္ေရာက္မွာမဟုတ္ပါဘူး။ ထုိင္း၀န္ႀကီးခ်ဳပ္ ကိုယ္စားႏုိင္ငံျခားေရး၀န္ႀကီးကို ေစလႊတ္မယ္လို႔ ထုိုင္းအစိုးရသတင္းရင္းျမစ္တခုကို ကိုးကားၿပီး ဘန္ေကာက္ပို႔စ္သတင္းစာႀကီးက တနလၤာေန႔ ေဖာ္ျပပါတယ္။
ထိုင္းလက္ေထာက္၀န္ႀကီးခ်ဳပ္လည္းျဖစ္တဲ့ ႏုိင္ငံျခားေရး၀န္ႀကီး Don Pramudwinai က အာဆီယံအစည္းအေ၀းကို တက္ေရာက္မွာျဖစ္ပါတယ္။ထုိင္း၀န္ႀကိီးခ်ဳပ္ ပယာရြတ္ အာဆီယံအစည္းအေ၀း မတက္ရတဲ့ အေၾကာင္းရင္းကိုေတာ့ မသိဘူးလိုု႔ နာမည္မေေဖာ္လိုတဲ့ သတင္းရင္းျမစ္ကို ကိုးကားၿပီး ဘန္ေကာက္ပို႔စ္သတင္းစာမွာ ေဖာ္ျပထားပါတယ္။
အင္ဒိုနီးရွားႏုိင္ငံ ၿမိဳ႔ေတာ္ ဂ်ကာတာမွာက်င္းပမယ့္ အာဆီယံအစည္းအေ၀းကို ျမန္မာစစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္မယ္လို႔ ထုိင္းႏုိင္ငံျခားေရး၀န္ႀကီးဌာနက စေနေန႔မွာ ေျပာထားပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္ျပဳလို႔ေတာ့မရပါဘူး။
ခုလက္ရွိခ်ိန္ထိ ျမန္မာ့အေရး အာဆီယံညီလာခံကို ဘယ္အခ်ိန္၊ ဘယ္ေနရာမွာက်င္းပမယ္ဆိုၿပီး တရား၀င္သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္လည္း လူကို္ယ္တုိင္ တက္ေရာက္ၾကမယ့္ ျမန္မာ့အေရးအာဆီယံအစည္းအေ၀းကို ဧၿပီ ၂၄ ရက္ေန႔က်ရင္ ဂ်ကာတာၿမိဳ ႔မွာက်င္းပလိမ့္မယ္လို႔ ကေမၻာဒီးယား ၀န္ႀကီးခ်ဳပ္ Hun Sen ကသူ႔ေဖ့ဘုတ္စာမ်က္ႏွာမွာေရးထားပါတယ္။
အာဆီယံ အစည္းအေ၀းကို က်ိန္းေသ က်င္းပမွာျဖစ္ေပမယ့္ အအလွည့္က်ဥကၠဌျဖစ္တဲ့ ဘရူႏုိင္းႏိုင္ငံဆီက ညီလာခံက်င္းပေရးအစီအစဥ္ေတြ တရား၀င္ေပးပို႔လာတာမ်ိဳးမရွိေသးဘူးလို႔ အင္ဒိုနီးရွားနုိင္ငံျခားေရးဌာန ေျပာခြင့္ရသူTeuku Faizayah က ဗြီအိုေအအင္ဒိုနီးရွားဌာနကိုေျပာပါတယ္။
အစည္းအေ၀းက်င္းပဖို႔ အင္ဒိုနီးရွားသမၼတ ဂိ်ဳကို၀ီိိဒိုဒိုက စတင္အႀကံျပဳတင္ျပခ့ဲလာလို႔လည္း Faizasyah ကေျပာပါတယ္။ အစည္းအေ၀းျဖစ္ေျမာက္ေရးအတြက္ အဖြဲ႔၀င္ႏုိင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္လို႔လည္း ဆိုပါတယ္။
ဘရူႏုိင္းႏုိင္ငံဖက္က အာဆီယံအစည္းအေ၀းအစီအစဥ္ကို ဘယ္ေတာ့ထုတ္ျပန္မလဲဆိုတာအတည္မျပဳႏုိင္ေသးေပမယ့္ ဒီတပတ္ထဲျဖစ္ႏုိင္တယ္လို႔လည္း Faizasyah ကေျပာပါတယ္။
..............................................
မြန်မာနိုင်ငံမှာလက်ရှိပေါ်ပေါက်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကကျင်းပတော့မယ့် အထူးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် ပယာရွတ်ချန်အိုချာ တက်ရောက်မှာမဟုတ်ပါဘူး။ ထိုင်းဝန်ကြီးချုပ် ကိုယ်စားနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်မယ်လို့ ထိုင်းအစိုးရသတင်းရင်းမြစ်တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာကြီးက တနင်္လာနေ့ ဖော်ပြပါတယ်။
ထိုင်းလက်ထောက်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က အာဆီယံအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ် ပယာရွတ် အာဆီယံအစည်းအဝေး မတက်ရတဲ့ အကြောင်းရင်းကိုတော့ မသိဘူးလို့ နာမည်မေဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာကျင်းပမယ့် အာဆီယံအစည်းအဝေးကို မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုလို့တော့မရပါဘူး။
ခုလက်ရှိချိန်ထိ မြန်မာ့အရေး အာဆီယံညီလာခံကို ဘယ်အချိန်၊ ဘယ်နေရာမှာကျင်းပမယ်ဆိုပြီး တရားဝင်သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း လူကိုယ်တိုင် တက်ရောက်ကြမယ့် မြန်မာ့အရေးအာဆီယံအစည်းအဝေးကို ဧပြီ ၂၄ ရက်နေ့ကျရင် ဂျကာတာမြို့မှာကျင်းပလိမ့်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen ကသူ့ဖေ့ဘုတ်စာမျက်နှာမှာရေးထားပါတယ်။
အာဆီယံ အစည်းအဝေးကို ကျိန်းသေ ကျင်းပမှာဖြစ်ပေမယ့် အအလှည့်ကျဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံဆီက ညီလာခံကျင်းပရေးအစီအစဉ်တွေ တရားဝင်ပေးပို့လာတာမျိုးမရှိသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူTeuku Faizayah က ဗွီအိုအေအင်ဒိုနီးရှားဌာနကိုပြောပါတယ်။
အစည်းအဝေးကျင်းပဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စတင်အကြံပြုတင်ပြခဲ့လာလို့လည်း Faizasyah ကပြောပါတယ်။ အစည်းအဝေးဖြစ်မြောက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း ဆိုပါတယ်။
ဘရူနိုင်းနိုင်ငံဖက်က အာဆီယံအစည်းအဝေးအစီအစဉ်ကို ဘယ်တော့ထုတ်ပြန်မလဲဆိုတာအတည်မပြုနိုင်သေးပေမယ့် ဒီတပတ်ထဲဖြစ်နိုင်တယ်လို့လည်း Faizasyah ကပြောပါတယ်။