သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ ဆွေးနွေးပွဲအပေါ် CRPH အကောင်းဆုံးမျှော်လင့် (ဦးထင်လင်းအောင်)

CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်

(Zawgyi/Unicode)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဧပြီလ (၂၄)ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် CRPH ဒါမှမဟုတ် NUG အစိုးရကို အာဆီယံကဖိတ်ခေါ်ထားခြင်းမရှိသေးဘူးလို့ CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်က ပြောပါတယ်။ မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒီဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပဖို့စီစဉ်ထားတဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအတွက် CRPH၊NUG အမျိုးသား ညီညွတ်ရေးအစိုးရကို အာဆီယံဘက်က ဖိတ်ခေါ်ထားတာ ရှိပါသလားရှင့်။

ဦးထင်လင်းအောင်။ ။ အဲဒါက ကျနော်တို့ မနေ့ညက ၂ နာရီလောက်အထိတော့ ဖိတ်ခေါ်ထားတာ မရှိသေးပါဘူးခင်ဗျ။ ကျနော်သိရသလောက်တော့ အမေရိကန်စံတော်ချိန် ည ၂ နာရီပေါ့နော်၊ မြန်မာစံတော်ချိန်ဆိုရင်တော့ နေ့လည် ၁၂ နာရီ ခွဲလောက်အထိတော့ ကျနော်တို့ကို တရားဝင်ဖိတ်ကြားချင်းတော့ မရှိသေးပါဘူး။

အင်ကြင်းနိုင်။ ။ တကယ်လို့ အာဆီယံဘက်က CRPH နဲ့ NUG အစိုးရကို ဖိတ်ကြားလာမယ်ဆိုရင်ရော ဘယ်လို တုံ့ပြန်မလဲရှင့် ။

ဦးထင်လင်းအောင်။ ။ ဖိတ်ကြားလာမယ်ဆိုရင်တော့ ကျနော်တို့ကတော့ ကြိုဆိုရမှာပေါ့။ ဒါက ကျနော်တို့ကို အသိအမှတ်ပြုပြီးတော့ ဖိတ်ကြားလာတယ်ဆိုရင် ကျနော်တို့အနေနဲ့က ဒါကို ကြိုဆိုရမယ် ၊ ဒါကို ကျနော်တို့အနေနဲ့ အလေးအနက်စဉ်းစားပြီးတော့ ကျနော်တို့က တက်ရောက်ဖို့ကို စဉ်းစားသွားမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အင်ဒိုနီးရှားမှာကျင်းပမယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးညီလာခံ အစည်းအဝေးကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်မယ်ဆိုပြီးတော့ ထိုင်းအစိုးရဘက်က ပြီးခဲ့တဲ့ သောကြာနေ့လောက်က သူတို့ ကြေညာချက်ထုတ်ပြန်ထားတာရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်းရှိမရှိဆိုတာတော့ အတည်ပြုထုတ်ပြန်ကြေညာချင်းမရှိသေးပါဘူး။ ဆိုတော့ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မယ်ဆိုရင်လည်း သူကိုယ်တိုင်ပေါ့နော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ရဲ့ ပြည်ပခရီးစဉ် ပထမဦးဆုံး ဖြစ်လာမယ့်အနေအထားလည်းရှိသလို သူ့ကို နိုင်ငံပြင်ပထွက်လာတာနဲ့ ဖမ်းဆီးဖို့ဆိုပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုထားတာရှိပါတယ်။ ဆိုတော့ တကယ်ပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးညီလာခံ အစည်းအဝေးကို သူကိုယ်တိုင် တက်ရောက်မှု ရှိမရှိ ကိုထင်လင်းအောင်တို့ ဘယ်လိုသုံးသပ်သလဲရှင့်။

ဦးထင်လင်းအောင်။ ။ ကျနော့်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ သူတက်ရောက်လိမ့်မယ်လို့ ကျနော်မထင်ဘူးခင်ဗျ ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ တက်ရောက်ရင် ဘာအကျိုးထူးမလဲပေါ့ သူ့အတွက် ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိသူတို့လုပ်ထားခဲ့တဲ့ ရာဇဝတ်မှုတွေက နည်းတာမဟုတ်ဘူး။ ဒီကိစ္စအပေါ်မှာ အာဆီယံက သူ့ကို ဒါကို ချီးကျူးဖို့ ဖိတ်တယ်လို့တော့ ကျနော်မထင်ဘူးခင်ဗျ။ အာဆီယံအနေနဲ့ သူ့အပေါ်မှာ တစုံတရာ ပြောဆိုလာမယ်ဆိုတာ သူသိပြီးသားဖြစ်မှာပါ။ အဲဒီအတွက်ကြောင့်မို့ ဒါကိုရှောင်ဖို့အတွက် သူ့အနေနဲ့ တက်ရောက်လိမ့်မယ်လို့ ကျနော်မထင်ဘူးခင်ဗျ။

အင်ကြင်းနိုင်။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးကို ဖိတ်ခေါ်တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိသလို အမြင်အမျိုးမျိုးတွေလည်း ရှိပါတယ်။ တဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ခေါ်လိုက်တဲ့အတွက် သူတို့ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တယ်ဆိုပြီးလည်း အာဆီယံကို ဝေဖန်တာမျိုးလည်းရှိတယ်။ အခုဆိုရင် လူထုအခြေပြုအဖွဲ့အစည်းတွေက စစ်ကောင်စီကို အသိအမှတ် မပြုဖို့ဆိုပြီးတော့ သူတို့ ကန့်ကွက်နေတယ်ရှိတဲ့အတွက် ကိုထင်လင်းအောင်တို့ ဘယ်လိုသုံးသပ်သလဲရှင့်။

ဦးထင်လင်းအောင်။ ။ အဲဒီမှာတော့ ကျနော်တို့က ၂ ပိုင်းခွဲပြီးတော့ မြင်တယ်ဗျာ ဘယ်လိုမျိုးလဲဆိုတော့ သူ့ကို ဒီလို ဖိတ်ကြားခြင်းက တဖက်ကကြည့်ရင်တော့ ဒါ စစ်ကောင်စီကို အသိအမှတ်ပြုလို့ ဖိတ်ကြားတဲ့ သဏ္ဍာန် သက်ရောက်နေတယ်ပေါ့နော် အာဆီယံကနေပြီးတော့ ဒါပေမယ့် တဖက်က ပြန်ကြည့်တဲ့အခါမှာ စစ်ကောင်စီရဲ့ ခုနက ကျနော်ပြောသွားသလိုပဲ လုပ်ထားတဲ့ လူတွေအပေါ်မှာ သတ်ဖြတ်ထားတဲ့ ရာဇဝတ်မှုတွေက ရှိနေတဲ့အခါမှာ နိုင်ငံတကာမှာလည်း pressure တွေက ရှိနေတယ် ဒီကိစ္စအပေါ်မှာ ၊ နိုင်ငံတကာမှာလည်း ဒီလောက်တောင်ပြောနေတဲ့အပေါ်မှာ အာဆီယံက သူ့ကို အသိအမှတ်ပြုဖို့ ဖိတ်တာတော့ မဖြစ်နိုင်ဘူး ဆိုတာမျိုး ကျနော်သုံးသပ်တယ်။ ပြီးရင် ဒါကို နိုင်ငံတကာက ဆိုတာထက် အနောက်နိုင်ငံကနေ pressure တွေအများကြီးပေးထားတာရှိတယ်။ အဲဒါအပြင်ကို အနောက်နိုင်ငံတွေ ကလည်း အာဆီယံနဲ့ အနီးကပ်ဆက်စပ်ပြီးတော့ အာဆီယံနိုင်ငံတွေအပေါ်မှာ သူတို့ ချဉ်းကပ်ပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်။ အဲဒီတော့ ဒါက အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ဝင်ပြီးတော့ ရပ်တန့်ဖို့ မလုပ်ဖို့ ဆက်ပြီးတော့ လူသတ်မှုတွေ မကျူးလွန်ဖို့ဆိုတဲ့ ရာဇဝတ်မှုတွေ မကျူးလွန်ဖို့ဆိုတဲ့ ကိစ္စကို ချဉ်းကပ်ပြီးတော့ ဖြေရှင်းသွားမလား ဒါမှ မဟုတ်ရင် သူတို့အနေနဲ့ ကြားဝင်တဲ့ ကိစ္စတွေလုပ်မလား ဆိုတဲ့အပေါ်မှာလည်း ဒီလိုလုပ်ဖို့ ဖိတ်တာ ဆိုတဲ့ သဘောမျိုးပေါ့ အဲလိုမျိုး သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အဲဒီတော့ ၂ ဖက် ကျနော်တို့ စဉ်းစားကြည့်ရမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။။ တကယ်တမ်း အာဆီယံ ထိပ်သီးအစည်းအဝေးဆိုတာက မြန်မာ့အရေးအတွက် ကျင်းပတဲ့နေရာမှာ သူတို့ ဒီအာဆီယံနိုင်ငံက ခေါင်းဆောင်တွေ ၁၀ နိုင်ငံလုံးက ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်။ ဒါပေမယ့် တနင်္လာနေ့မှာ ထိုင်းဝန်ကြီးချုပ်ကနေပြီးတော့ သူကိုယ်တိုင် တက်ရောက်မှာမဟုတ်ပဲ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကပဲ ဒီအစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်ဆိုပြီးတော့ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာ လိုက်ပါတယ် အဲဒီတော့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေး အခင်းအကျင်းကို ဘယ်လိုမျှော်လင့်ထားသလဲ။

ဦးထင်လင်းအောင်။ ။ အဲဒီအတွက်ကတော့ ထိုင်းကဒီအရေးမှာ အားပျော့သွားအောင်လုပ်တဲ့သဘောလား။ ဒါမှမဟုတ် သူ့အနေနဲ့ ဒါကို ဝင်မစွက်ချင်တဲ့ သဘောမျိုးနဲ့ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ နည်းနည်းလေးရှောင်ထွက်ပြီးတော့ သူတို့နိုင်ငံခြားရေး ဝန်ကြီးကို လွှတ်တဲ့သဘောလား ဆိုတာတော့ ကျနော်တို့ နည်းနည်းသုံးသပ်ဖို့ရှိတာပေါ့နော်။ အဲဒီလိုပဲ မြန်မာပြည်ကလည်း နိုင်ငံခေါင်းဆောင်ဆိုတာမျိုးနဲ့ ဖိတ်တာလား၊ ဘယ်လိုမျိုးလဲဆိုတာတော့ ပြန်ပြီးတော့ စဉ်းစားဖို့ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ မြန်မာ့အရေးဆွေးနွေးမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးရလဒ်ကို ဘယ်လိုမျှော်လင့်ထားသလဲ။

ဦးထင်လင်းအောင်။ ။ ဒီထိပ်သီးအစည်းအဝေးရလဒ်ကို အကောင်းဆုံးမျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအနေနဲ့ ဒီကိစ္စမှာ တော်တော်လေးကို အရေးပါနေတာ တွေ့ရတယ်။ ပြီးရင် ကမ္ဘာပေါ်မှာ တော်တော်ကို ပုံဆိုးပန်းဆိုးဖြစ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်မှာလည်း သူတို့က တားဆီးနိုင်လိမ့်မယ်လို့ ကျနေ်ာတို့က မျှော်လင့်ထားတယ်ခင်ဗျ။ ဒါပေမယ့် အာဆီယံမှာလည်း သူ့ဟာနဲ့သူ အကျပ်အတည်းတွေတော့ ရှိနိုင်တယ်။ တခုရှိတာက အာဆီယံအနေနဲ့ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ပုံစံမျိုးနဲ့ မသွားပဲနဲ့ ပြတ်ပြတ်သားသား ရပ်တည်ဖို့ ကျနေ်ာတို့ မျှော်လင့်ထားတယ်ခင်ဗျ။အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဧပြီလ (၂၄)ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် CRPH ဒါမှမဟုတ် NUG အစိုးရကို အာဆီယံကဖိတ်ခေါ်ထားခြင်းမရှိသေးဘူးလို့ CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်က ပြောပါတယ်။ မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒီဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပဖို့စီစဉ်ထားတဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအတွက် CRPH၊NUG အမျိုးသား ညီညွတ်ရေးအစိုးရကို အာဆီယံဘက်က ဖိတ်ခေါ်ထားတာ ရှိပါသလားရှင့်။

ဦးထင်လင်းအောင်။ ။ အဲဒါက ကျနော်တို့ မနေ့ညက ၂ နာရီလောက်အထိတော့ ဖိတ်ခေါ်ထားတာ မရှိသေးပါဘူးခင်ဗျ။ ကျနော်သိရသလောက်တော့ အမေရိကန်စံတော်ချိန် ည ၂ နာရီပေါ့နော်၊ မြန်မာစံတော်ချိန်ဆိုရင်တော့ နေ့လည် ၁၂ နာရီ ခွဲလောက်အထိတော့ ကျနော်တို့ကို တရားဝင်ဖိတ်ကြားချင်းတော့ မရှိသေးပါဘူး။

အင်ကြင်းနိုင်။ ။ တကယ်လို့ အာဆီယံဘက်က CRPH နဲ့ NUG အစိုးရကို ဖိတ်ကြားလာမယ်ဆိုရင်ရော ဘယ်လို တုံ့ပြန်မလဲရှင့် ။

ဦးထင်လင်းအောင်။ ။ ဖိတ်ကြားလာမယ်ဆိုရင်တော့ ကျနော်တို့ကတော့ ကြိုဆိုရမှာပေါ့။ ဒါက ကျနော်တို့ကို အသိအမှတ်ပြုပြီးတော့ ဖိတ်ကြားလာတယ်ဆိုရင် ကျနော်တို့အနေနဲ့က ဒါကို ကြိုဆိုရမယ် ၊ ဒါကို ကျနော်တို့အနေနဲ့ အလေးအနက်စဉ်းစားပြီးတော့ ကျနော်တို့က တက်ရောက်ဖို့ကို စဉ်းစားသွားမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အင်ဒိုနီးရှားမှာကျင်းပမယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးညီလာခံ အစည်းအဝေးကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်မယ်ဆိုပြီးတော့ ထိုင်းအစိုးရဘက်က ပြီးခဲ့တဲ့ သောကြာနေ့လောက်က သူတို့ ကြေညာချက်ထုတ်ပြန်ထားတာရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်းရှိမရှိဆိုတာတော့ အတည်ပြုထုတ်ပြန်ကြေညာချင်းမရှိသေးပါဘူး။ ဆိုတော့ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မယ်ဆိုရင်လည်း သူကိုယ်တိုင်ပေါ့နော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ရဲ့ ပြည်ပခရီးစဉ် ပထမဦးဆုံး ဖြစ်လာမယ့်အနေအထားလည်းရှိသလို သူ့ကို နိုင်ငံပြင်ပထွက်လာတာနဲ့ ဖမ်းဆီးဖို့ဆိုပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုထားတာရှိပါတယ်။ ဆိုတော့ တကယ်ပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးညီလာခံ အစည်းအဝေးကို သူကိုယ်တိုင် တက်ရောက်မှု ရှိမရှိ ကိုထင်လင်းအောင်တို့ ဘယ်လိုသုံးသပ်သလဲရှင့်။

ဦးထင်လင်းအောင်။ ။ ကျနော့်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ သူတက်ရောက်လိမ့်မယ်လို့ ကျနော်မထင်ဘူးခင်ဗျ ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ တက်ရောက်ရင် ဘာအကျိုးထူးမလဲပေါ့ သူ့အတွက် ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိသူတို့လုပ်ထားခဲ့တဲ့ ရာဇဝတ်မှုတွေက နည်းတာမဟုတ်ဘူး။ ဒီကိစ္စအပေါ်မှာ အာဆီယံက သူ့ကို ဒါကို ချီးကျူးဖို့ ဖိတ်တယ်လို့တော့ ကျနော်မထင်ဘူးခင်ဗျ။ အာဆီယံအနေနဲ့ သူ့အပေါ်မှာ တစုံတရာ ပြောဆိုလာမယ်ဆိုတာ သူသိပြီးသားဖြစ်မှာပါ။ အဲဒီအတွက်ကြောင့်မို့ ဒါကိုရှောင်ဖို့အတွက် သူ့အနေနဲ့ တက်ရောက်လိမ့်မယ်လို့ ကျနော်မထင်ဘူးခင်ဗျ။

အင်ကြင်းနိုင်။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးကို ဖိတ်ခေါ်တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိသလို အမြင်အမျိုးမျိုးတွေလည်း ရှိပါတယ်။ တဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ခေါ်လိုက်တဲ့အတွက် သူတို့ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တယ်ဆိုပြီးလည်း အာဆီယံကို ဝေဖန်တာမျိုးလည်းရှိတယ်။ အခုဆိုရင် လူထုအခြေပြုအဖွဲ့အစည်းတွေက စစ်ကောင်စီကို အသိအမှတ် မပြုဖို့ဆိုပြီးတော့ သူတို့ ကန့်ကွက်နေတယ်ရှိတဲ့အတွက် ကိုထင်လင်းအောင်တို့ ဘယ်လိုသုံးသပ်သလဲရှင့်။

ဦးထင်လင်းအောင်။ ။ အဲဒီမှာတော့ ကျနော်တို့က ၂ ပိုင်းခွဲပြီးတော့ မြင်တယ်ဗျာ ဘယ်လိုမျိုးလဲဆိုတော့ သူ့ကို ဒီလို ဖိတ်ကြားခြင်းက တဖက်ကကြည့်ရင်တော့ ဒါ စစ်ကောင်စီကို အသိအမှတ်ပြုလို့ ဖိတ်ကြားတဲ့ သဏ္ဍာန် သက်ရောက်နေတယ်ပေါ့နော် အာဆီယံကနေပြီးတော့ ဒါပေမယ့် တဖက်က ပြန်ကြည့်တဲ့အခါမှာ စစ်ကောင်စီရဲ့ ခုနက ကျနော်ပြောသွားသလိုပဲ လုပ်ထားတဲ့ လူတွေအပေါ်မှာ သတ်ဖြတ်ထားတဲ့ ရာဇဝတ်မှုတွေက ရှိနေတဲ့အခါမှာ နိုင်ငံတကာမှာလည်း pressure တွေက ရှိနေတယ် ဒီကိစ္စအပေါ်မှာ ၊ နိုင်ငံတကာမှာလည်း ဒီလောက်တောင်ပြောနေတဲ့အပေါ်မှာ အာဆီယံက သူ့ကို အသိအမှတ်ပြုဖို့ ဖိတ်တာတော့ မဖြစ်နိုင်ဘူး ဆိုတာမျိုး ကျနော်သုံးသပ်တယ်။ ပြီးရင် ဒါကို နိုင်ငံတကာက ဆိုတာထက် အနောက်နိုင်ငံကနေ pressure တွေအများကြီးပေးထားတာရှိတယ်။ အဲဒါအပြင်ကို အနောက်နိုင်ငံတွေ ကလည်း အာဆီယံနဲ့ အနီးကပ်ဆက်စပ်ပြီးတော့ အာဆီယံနိုင်ငံတွေအပေါ်မှာ သူတို့ ချဉ်းကပ်ပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်။ အဲဒီတော့ ဒါက အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ဝင်ပြီးတော့ ရပ်တန့်ဖို့ မလုပ်ဖို့ ဆက်ပြီးတော့ လူသတ်မှုတွေ မကျူးလွန်ဖို့ဆိုတဲ့ ရာဇဝတ်မှုတွေ မကျူးလွန်ဖို့ဆိုတဲ့ ကိစ္စကို ချဉ်းကပ်ပြီးတော့ ဖြေရှင်းသွားမလား ဒါမှ မဟုတ်ရင် သူတို့အနေနဲ့ ကြားဝင်တဲ့ ကိစ္စတွေလုပ်မလား ဆိုတဲ့အပေါ်မှာလည်း ဒီလိုလုပ်ဖို့ ဖိတ်တာ ဆိုတဲ့ သဘောမျိုးပေါ့ အဲလိုမျိုး သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အဲဒီတော့ ၂ ဖက် ကျနော်တို့ စဉ်းစားကြည့်ရမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။။ တကယ်တမ်း အာဆီယံ ထိပ်သီးအစည်းအဝေးဆိုတာက မြန်မာ့အရေးအတွက် ကျင်းပတဲ့နေရာမှာ သူတို့ ဒီအာဆီယံနိုင်ငံက ခေါင်းဆောင်တွေ ၁၀ နိုင်ငံလုံးက ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်။ ဒါပေမယ့် တနင်္လာနေ့မှာ ထိုင်းဝန်ကြီးချုပ်ကနေပြီးတော့ သူကိုယ်တိုင် တက်ရောက်မှာမဟုတ်ပဲ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကပဲ ဒီအစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်ဆိုပြီးတော့ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာ လိုက်ပါတယ် အဲဒီတော့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေး အခင်းအကျင်းကို ဘယ်လိုမျှော်လင့်ထားသလဲ။

ဦးထင်လင်းအောင်။ ။ အဲဒီအတွက်ကတော့ ထိုင်းကဒီအရေးမှာ အားပျော့သွားအောင်လုပ်တဲ့သဘောလား။ ဒါမှမဟုတ် သူ့အနေနဲ့ ဒါကို ဝင်မစွက်ချင်တဲ့ သဘောမျိုးနဲ့ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ နည်းနည်းလေးရှောင်ထွက်ပြီးတော့ သူတို့နိုင်ငံခြားရေး ဝန်ကြီးကို လွှတ်တဲ့သဘောလား ဆိုတာတော့ ကျနော်တို့ နည်းနည်းသုံးသပ်ဖို့ရှိတာပေါ့နော်။ အဲဒီလိုပဲ မြန်မာပြည်ကလည်း နိုင်ငံခေါင်းဆောင်ဆိုတာမျိုးနဲ့ ဖိတ်တာလား၊ ဘယ်လိုမျိုးလဲဆိုတာတော့ ပြန်ပြီးတော့ စဉ်းစားဖို့ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ မြန်မာ့အရေးဆွေးနွေးမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးရလဒ်ကို ဘယ်လိုမျှော်လင့်ထားသလဲ။

ဦးထင်လင်းအောင်။ ။ ဒီထိပ်သီးအစည်းအဝေးရလဒ်ကို အကောင်းဆုံးမျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအနေနဲ့ ဒီကိစ္စမှာ တော်တော်လေးကို အရေးပါနေတာ တွေ့ရတယ်။ ပြီးရင် ကမ္ဘာပေါ်မှာ တော်တော်ကို ပုံဆိုးပန်းဆိုးဖြစ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်မှာလည်း သူတို့က တားဆီးနိုင်လိမ့်မယ်လို့ ကျနေ်ာတို့က မျှော်လင့်ထားတယ်ခင်ဗျ။ ဒါပေမယ့် အာဆီယံမှာလည်း သူ့ဟာနဲ့သူ အကျပ်အတည်းတွေတော့ ရှိနိုင်တယ်။ တခုရှိတာက အာဆီယံအနေနဲ့ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ပုံစံမျိုးနဲ့ မသွားပဲနဲ့ ပြတ်ပြတ်သားသား ရပ်တည်ဖို့ ကျနေ်ာတို့ မျှော်လင့်ထားတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

........


(Unicode)

























XS
SM
MD
LG