{{Zawgyi/Unicode}}
ဖမ္းဆီးထိမ္းသိမ္းခံထားရတဲ့ ျမန္မာေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီကေန႔မွာ အြန္လိ္ုင္းကတဆင့္ ရံုးထုတ္ရာမွာ၊ ေဒၚေအာင္ဆန္းစုၾကည္ဖက္က ေရွေန႔ျဖစ္သူေတြနဲ႔ လူခ်င္းေတြ႕ႏိုင္ဖို႔ ထပ္မံ ေတာင္းဆိုခဲ့တယ္လို႔သိရပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ရာထူးကေန ဖယ္ရွားခံရတဲ့ သမတဦး၀င္းျမင့္၊ ေနျပည္ေတာ္ေကာင္စီဥကၠဌ ေဒါက္တာမ်ိဳးေအာင္တို႔ကိုလည္း အတူ ရံုးထုတ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ က်န္ေခါင္းေဆာင္ႏွစ္ဦးလံုး က်န္းမာပံုရတယ္လို႔ ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
"က်ေနာ္တို႔ အျမင္အရကေတာ့ သူတို႔အားလုံးက်န္းမာပုံရပါတယ္။ ဒါေပမယ္ ေရွ႔ေန ေဒၚမင္းမင္းစိုးကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ နည္းနည္းပိ္န္သြားတယ္" လို႔ေျပာပါတယ္လို႔ တရားလႊတ္ေတာ္ေရွ ႔ေန ဦးခင္ေမာင္ေဇာ္က ေျပာဆိုသြားတာျဖစ္ပါတယ္။
အမႈစစ္ေဆးဖို႔ ၾကန္႔ၾကာေနတာကို ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ ေမးျမန္းခဲ့တယ္လို႔လည္း သိရပါတယ္။
တရားလႊတ္ေတာ္ေရွ ႔ေနေတြကလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လူခ်င္းေတြ႔ၿပီး အမႈညႊန္ၾကားခ်က္ရယူႏုိင္ဖို႔ တရား႐ုံးကို ေလ ွ်ာက္ထားခဲ့ၾကတာပါ။ ေဒၚေအာင္ဆန္းစုၾကည္ကို သြင္းကုန္ဥပေဒ၊ ဆက္သြယ္ေရးဥပေဒ၊ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္စေမႈဥပေဒ၊ သဘာ၀ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဥပေဒေအျပင္ ႏိုင္ငံေတာ္လ ွ်ိဳ ႔၀ွက္ခ်က္မ်ားဥပေခ်ိဳးေဖာက္မႈ၊ စုစုေပါင္း စြဲခ်က္၆ ခုနဲ႔တရားစြဲဆိုထားတာျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကို ေမလ ၁၀ ရက္ေန႔မွာ ေနာက္တႀကိမ္႐ုံးထုတ္မွာျဖစ္ၿပီး အဲဒီရုံးခ်ိန္းက်မွ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရွ ႔ေနေတြ လူခ်င္းေတြ႔ခြင့္ရမရ သိရမယ္လို႔လည္း တရားလႊတ္ေတာ္ေရွ ႔ေန ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။
.............................................
{{Unicode}}
ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာ အွန်လိုင်းကတဆင့် ရုံးထုတ်ရာမှာ၊ ဒေါ်အောင်ဆန်းစုကြည်ဖက်က ရှေနေ့ဖြစ်သူတွေနဲ့ လူချင်းတွေ့နိုင်ဖို့ ထပ်မံ တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရာထူးကနေ ဖယ်ရှားခံရတဲ့ သမတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း အတူ ရုံးထုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကျန်ခေါင်းဆောင်နှစ်ဦးလုံး ကျန်းမာပုံရတယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။
"ကျနော်တို့ အမြင်အရကတော့ သူတို့အားလုံးကျန်းမာပုံရပါတယ်။ ဒါပေမယ် ရှေ့နေ ဒေါ်မင်းမင်းစိုးကတော့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နည်းနည်းပိန်သွားတယ်" လို့ပြောပါတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောဆိုသွားတာဖြစ်ပါတယ်။
အမှုစစ်ဆေးဖို့ ကြန့်ကြာနေတာကို ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။
တရားလွှတ်တော်ရှေ့နေတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ပြီး အမှုညွှန်ကြားချက်ရယူနိုင်ဖို့ တရားရုံးကို လေ ျှာက်ထားခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စမှေုဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအေပြင် နိုင်ငံတော်လ ျှို့ဝှက်ချက်များဥပချေိုးဖောက်မှု၊ စုစုပေါင်း စွဲချက်၆ ခုနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၀ ရက်နေ့မှာ နောက်တကြိမ်ရုံးထုတ်မှာဖြစ်ပြီး အဲဒီရုံးချိန်းကျမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ လူချင်းတွေ့ခွင့်ရမရ သိရမယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။