{{Zawgyi/Unicode}}
စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဖမ္းဆီးထိန္းသိမ္းၿပီး စြဲခ်က္တင္ခံထားရတဲ့ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္မရဘဲ ဒီအမႈကို လို္က္ပါေဆာင္ရြက္ရမယ့္ ကိစၥအေပၚ တရားလႊတ္ေတာ္ေရွ႔ေနႀကီး ဦးခင္ေမာင္ေဇာ္က စိုးရိမ္ေနပါတယ္။
"အခ်ိန္ကိုက္ပါဝါရရင္ေတာင္မွ သူရဲ႔ပါဝါရလို႔ တရားခြင္ကို က်ေနာ္တို႔က ဒီပါဝါကို တင္ျပလို႔ ဖိုင္လုပ္လိုက္လို႔ တရားခြင္ကေနၿပီးေတာ့ ဗြီဒီယုိ ကြန္ဖရင့္နဲ႔ စစ္မယ္ေျပာတာကို။ ဗြီဒီယုိကြန္ဖရင္မွာ စစ္ခြင့္ေပးရင္ေတာင္မွ က်ေနာ္တို႔မွာ ဘာျပင္ဆင္ထားတာမွမရွိဘူးျဖစ္ေနတယ္။ အဲဒီအတြက္ေတာ့ က်ေနာ္တို႔စိုးရိမ္တယ္။"
ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းယူၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အပါအ၀င္ တာ၀န္ရွိသူ အမ်ားအျပားကို ဖမ္းဆီးထိန္းသိမ္းထားတာပါ။
ေဒၚေအာင္ဆန္းစုၾကည္ကို ပို႔ကုန္သြင္းကုန္ဥပေဒ၊ သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈဆိုင္ရာဥပေဒေတြနဲ႔ တရားစြဲထားပါတယ္။
မတ္လ ၁ ရက္ေန႔မွာ အြန္လိုင္း Video Conferencing ကေန ရုံးထုတ္မယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ေပးဖို႔ ေရွ႔ေနဦးခင္ေမာင္ေဇာ္ကအႀကိမ္ႀကိမ္ႀကိဳးစားေပမယ့္ လုံး၀ေတြ႔ခြင့္္မရေသးပါဘူး။
ရုံးထုတ္မယ့္ကိစၥနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႔ဆုံၿပီး ႀကိဳတင္ျပင္ဆင္ခြြင့္မရရင္ေတာ့ တရားမွ်တမႈမခံစားရမယ့္ အႏၱရာယ္ရွိေနတယ္လို႔ ေရွ ႔ေန ဦးခင္ေမာင္ေဇာ္က ေဖေဖာ္၀ါရီလ ၂၆ ရက္၊ ေသာၾကာေန႔မွာေျပာပါတယ္။
၂၀၀၈ ဖြဲ႔စည္းပုံဥပေဒမွာ ပါထားတဲ့ တရားခံရဲ ႔ခုခံပိုင္ခြင့္၊ ေရွ႔ေနေရွ ႔ရပ္နဲ႔ ခုခံပိုင္ခြင့္မရဘဲ ဒီအခြင့္အေရးေတြခ်ိိဳးေဖာက္ခံရရင္ အေျခအေန အေတာ္ဆိုးလိမ့္မယ္လို႔လည္း တရားလႊတ္ေတာ္ေရွ ႔ေနႀကီး ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။
.....................................
{{Unicode}}
စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး စွဲချက်တင်ခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘဲ ဒီအမှုကို လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စအပေါ် တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က စိုးရိမ်နေပါတယ်။
"အချိန်ကိုက်ပါဝါရရင်တောင်မှ သူရဲ့ပါဝါရလို့ တရားခွင်ကို ကျနော်တို့က ဒီပါဝါကို တင်ပြလို့ ဖိုင်လုပ်လိုက်လို့ တရားခွင်ကနေပြီးတော့ ဗွီဒီယို ကွန်ဖရင့်နဲ့ စစ်မယ်ပြောတာကို။ ဗွီဒီယိုကွန်ဖရင်မှာ စစ်ခွင့်ပေးရင်တောင်မှ ကျနော်တို့မှာ ဘာပြင်ဆင်ထားတာမှမရှိဘူးဖြစ်နေတယ်။ အဲဒီအတွက်တော့ ကျနော်တို့စိုးရိမ်တယ်။"
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် တာဝန်ရှိသူ အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေတွေနဲ့ တရားစွဲထားပါတယ်။
မတ်လ ၁ ရက်နေ့မှာ အွန်လိုင်း Video Conferencing ကနေ ရုံးထုတ်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ရှေ့နေဦးခင်မောင်ဇော်ကအကြိမ်ကြိမ်ကြိုးစားပေမယ့် လုံးဝတွေ့ခွင့်မရသေးပါဘူး။
ရုံးထုတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ကြိုတင်ပြင်ဆင်ခွင့်မရရင်တော့ တရားမျှတမှုမခံစားရမယ့် အန္တရာယ်ရှိနေတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဖေဖော်ဝါရီလ ၂၆ ရက်၊ သောကြာနေ့မှာပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ပါထားတဲ့ တရားခံရဲ့ခုခံပိုင်ခွင့်၊ ရှေ့နေရှေ့ရပ်နဲ့ ခုခံပိုင်ခွင့်မရဘဲ ဒီအခွင့်အရေးတွေချိုးဖောက်ခံရရင် အခြေအနေ အတော်ဆိုးလိမ့်မယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကပြောပါတယ်။