သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ အာဏာတည္ေရး အၾကမ္းဖက္လုပ္ရပ္ တိုင္းျပည္ဖရိုဖရဲ ျဖစ္ႏိုင္ (ပါေမာကၡ Christina Fink)


မွတ္တမ္းဓါတ္ပံု- မတ္လ ၃၀ ရက္ေန႔က ရန္ကုန္ ဆႏၵျပပြဲတခုကို ရဲက ၿဖိဳခြဲအျပီး ျမင္ကြင္း

(Zawgyi/Unicode)

စစ္တပ္ဟာ သူ႔အာဏာဆုပ္ကိုင္ဖို႔ အၾကမ္းဖက္မႈကို အသံုးျပဳတာဟာ ႏိုင္ငံကို ပိုၿပီး ဖရိုဖရဲ ပရမ္းပတာျဖစ္ေစတယ္လို႔ ျမန္မာ့အေရးကြ်မ္းက်င္သူ အေမရိကန္ ပါေမာကၡ Christina Fink က သံုးသပ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးလိုက္တဲ့အတြက္ ရင္ဆိုင္ေနရတဲ့ အက်ဳိးဆက္ေတြ ဘယ္ေလာက္အတိုင္းအထိရွိေနလဲ။ အေမရိကန္ ျပည္ေထာင္စု George Washington တကၠသိုလ္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးဌာနက ပါေမာကၡ Christina Fink ရဲ႕အျမင္ကို မအင္ၾကင္းႏုိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။။ အရင္ဆံုး ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြၾကား တိုက္ပဲြေတြျဖစ္ေနတဲ့အေျခအေနကိုေျပာရရင္ အထူးသျဖင့္ ကရင္ျပည္နယ္မွာ စစ္တပ္အေျခစိုက္ စခန္းတခ်ဳိ႕ကို တိုက္ခိုက္သိမ္းပိုက္လိုက္တယ္လို႔ KNU ကရင္အမ်ဳိးသားအစည္းအရံုးက အဂၤါေန႔က ေၾကညာခဲ့ပါတယ္။ ဒီလို တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ေတြက ျမန္မာစစ္တပ္နဲ႔ တိုက္ပဲြေတြ အရွိန္ျမင့္ေနတဲ့ အက်ဳိးသက္ေရာက္မႈကို ဘယ္လိုသံုးသပ္ပါလဲရွင့္။

ပါေမာကၡ Christina Fink
ပါေမာကၡ Christina Fink

Christina Fink ။ ။ ျမန္မာစစ္တပ္ဟာ အဲဒီအေျခစိုက္စခန္းေတြကို ျပန္လည္ရယူဖို႔ ေလေၾကာင္းစစ္ အင္အားသုံးႏိုင္တယ္ဆိုတဲ့ စိုးရိမ္ခ်က္ေတြရွိေနတယ္လို႔ က်မထင္ပါတယ္။ ဒါေၾကာင့္လည္း အဲဒီေဒသေတြမွာ လူအေတာ္မ်ားမ်ားဟာ အသက္အႏၲရာယ္စိုးရိမ္မႈေတြေၾကာင့္ ေဘးလြတ္ရာကို ထြက္ေျပးခဲ့ၾကရတယ္လို႔လည္း က်မၾကားသိရပါတယ္။ စစ္တပ္က ထိန္းထိန္းသိမ္းသိမ္းနဲ႔ တုန႔္ျပန္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ျမန္မာျပည္သူေတြဟာ တိုင္းျပည္ ၿငိမ္းခ်မ္းေရးကို လိုလားတယ္ဆိုတာ စစ္တပ္အေနနဲ႔ နားလည္ဖို႔ လိုပါတယ္။ စစ္တပ္အေနနဲ႔ သူတို႔ခ်ဳပ္ကိုင္ထားတဲ့ အာဏာ တည္ၿမဲဖို႔ အၾကမ္းဖက္မႈကို အသုံးျပဳတာဟာ တိုင္းျပည္အတြင္း ဖ႐ိုဖရဲပရမ္းပတာ ပိုၿပီးျဖစ္ေစပါတယ္။

အင္ၾကင္းႏိုင္။။ အခုလို တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕တိုက္ခိုက္မႈေတြဟာ ျမန္မာစစ္တပ္အေပၚမွာ ဖိအားျဖစ္ေစတယ္လို႔ တခ်ဳိ႕အကဲခတ္ေတြ သံုးသပ္တာေတြရွိပါတယ္။ ဒီအခ်က္ကိုေရာ ဘယ္လိုျမင္လဲရွင့္။

Christina Fink။ ။ အက်ိဳးသက္ေရာက္မႈႏွစ္မ်ိဳးရွိေနပါတယ္။ တခုကေတာ့ စစ္တပ္အေနနဲ႔ သူ႔လူေတြကို ႏိုင္ငံတြင္း တရားဥပေဒစိုးမိုးေရးၿခိမ္းေျခာက္မႈေတြရွိေနတယ္လို႔ ယုံၾကည္လာေစၿပီး ဒီလိုတိုက္ခိုက္မႈေတြကို စစ္တပ္အေနနဲ႔ အၾကမ္းဖက္ တုန႔္ျပန္ဖို႔လိုအပ္တယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ ေနာက္တခ်က္ကေတာ့ တပ္တြင္းမွာရွိတဲ့ လူေတြအေနနဲ႔ ငါတို႔ ဘာအတြက္ ျပန္တိုက္ရမွာလဲ ဆိုတဲ့ ေမးခြန္းထုတ္ဆန္းစစ္မႈေတြ ရွိေကာင္းရွိလာႏိုင္ပါတယ္။ စစ္ေကာင္စီဟာ သူတို႔ ပုဂၢိဳလ္ေရးႏိုင္ငံေရးနဲ႔ စီးပြားေရး အက်ိဳးအျမတ္ေတြရဖို႔ အာဏာသိမ္းခဲ့တာျဖစ္တယ္၊ ဒါဟာ ႏိုင္ငံ့ေကာင္းက်ိဳးအတြက္လည္း မဟုတ္သလို က်န္ေနတဲ့ စစ္တပ္အတြက္ေတာင္ ေကာင္းက်ိဳး မျဖစ္ေစဘူး၊ ဒါဆိုရင္ အထက္ထန္းလႊာ လက္တဆုပ္စာလူစုအတြက္ သူတို႔ရဲ႕ အသက္ေတြကို ဘာေၾကာင့္ စြန႔္လႊတ္ရမွာလဲ။

အင္ၾကင္းႏိုင္။။ ဒါဆိုရင္ စစ္တပ္အတြင္းညီၫြတ္ေရးအပိုင္းကို ဘယ္လိုျမင္ပါလဲ။ ျမန္မာႏိုင္ငံ နယ္စပ္တခ်ဳိ႕မွာ ျမန္မာစစ္တပ္ကေန ထြက္ေျပးလာတဲ့ စစ္အရာရွိတခ်ဳိ႕ရွိေနပါတယ္။ သူတို႔ေျပာျပခ်က္အရဆိုရင္ တပ္ထဲမွာလည္း စစ္ေခါင္းေဆာင္ေတြအေပၚ မေက်နပ္မႈေတြရွိေနတယ္လို႔ ဆိုေတာ့ တပ္တြင္း ညီညြတ္မႈအပိုင္းကို ဘယ္လိုျမင္လဲ။

Christina Fink။ ။ ဒီေနရာမွာ စိန္ေခၚခ်က္ ႏွစ္ခ်က္ရွိေနပါတယ္။ တခုကေတာ့ စစ္ေကာင္စီဟာ အရပ္သားေတြကိုသာမက စစ္တပ္ထဲမွာလည္း လြတ္လပ္တဲ့ သတင္းမီဒီယာ ရရွိဖို႔ ပိတ္ပင္ထားပါတယ္။ စစ္တပ္နဲ႔ ႏိုင္ငံပိုင္သတင္းမီဒီယာေတြက ထုတ္လႊင့္တာေတြကိုပဲ လူေတြ ၾကားေနရတဲ့ အေျခအေနကို ဖန္တီးဖို႔ သူတို႔ ႀကိဳးစားခဲ့တာပါ။ အဲဒီသူေတြဟာ တိုင္းျပည္တြင္းျဖစ္ပ်က္ေနတာေတြနဲ႔ ပတ္သက္ရင္ အလြန္ကြဲျပားျခားနားတဲ့ အျမင္နဲ႔ နားလည္ေနၾကပါတယ္။ ဒါေၾကာင့္ဒီလို အေျပာအဆို ဝါဒျဖန႔္ခ်ိမႈဟာ တခ်ိဳ႕လူေတြအတြက္ ဆြဲေဆာင္ႏိုင္ေလာက္စရာျဖစ္ေကာင္းျဖစ္ေပမဲ့ အခု စစ္ေကာင္စီကို မေထာက္ခံတဲ့ လူအမ်ားအျပား စစ္တပ္ထဲမွာ ရွိေနတယ္၊ အျပစ္မဲ့သူေတြ အထူးသျဖင့္ ကေလးငယ္ေတြ သတ္ျဖတ္တာေတြကို မေထာက္ခံဘူးဆိုတဲ့ သူေတြ ရွိေနၾကတယ္ဆိုတဲ့အခ်က္ကို က်မသေဘာတူပါတယ္။ ဒါေပမဲ့ သူတို႔အေနနဲ႔စစ္တပ္ကေန ထြက္ခြာသြားမယ္ဆိုရင္ ျပင္းထန္တဲ့အက်ိဳးဆက္ေတြအေနနဲ႔ သူတို႔ကို ဖမ္းဆီးတာ၊ ဒါမွမဟုတ္ မိသားစုဝင္ေတြ ဖမ္းဆီးတာ၊ သူတို႔ အသက္ေမြးဝမ္းေက်ာင္း စတာေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္ႏိုင္ပါတယ္။

ဒါေၾကာင့္ သူတို႔အတြက္ လုံၿခဳံမႈရွိတဲ့ လမ္းေၾကာင္းရွိေနတယ္ဆိုတာ ျမင္ဖို႔ လိုအပ္ပါတယ္။ အဲဒီအခ်က္ကေတာ့ တကယ္လို႔ ဒါမွမဟုတ္ ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ အစိုးရ လက္ထဲ အာဏာျပန္ၿပီးေရာက္ခ်ိန္မွာ သူတို႔အေနနဲ႔ စစ္သားအျဖစ္ ျပန္ၿပီး ႏိုင္ငံအတြက္ တာဝန္ထမ္းေဆာင္ႏိုင္တယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္မွာေတာ့ အရပ္သားအုပ္ခ်ဳပ္မႈေအာက္မွာရွိေနတဲ့ စစ္သားေတြျဖစ္ဖို႔ လိုပါတယ္။

အင္ၾကင္းႏိုင္။ ။ လက္ရွိျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြဟာ တတိုင္းျပည္လံုး ၿပိဳကဲြ ပ်က္စီးေနတဲ့ ဆီးရီယားႏိုင္ငံလို ျဖစ္လာလိမ့္မယ္ဆိုတဲ့ စိုးရိမ္မႈေတြ ရွိေနတဲ့အထဲမွာ ကုလသမဂၢ ထိပ္တန္းေခါင္းေဆာင္ေတြဘက္ကလည္း သတိေပးထားပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ တကယ္ပဲ ျမန္မာဟာ ဆီးရီးယားလို ျဖစ္လာဖို႔ ရွိမလား။

Christina Fink။ ။ ျမန္မာႏိုင္ငံမွာ တကယ့္ အက်ပ္အတည္းေတြ႕ေနတယ္လို႔ က်မထင္ပါတယ္။ လူေတြ ေထာင္နဲ႔ခ်ီၿပီး အက်ဥ္းေထာင္ထဲေရာက္ေနတယ္။ သူတို႔ဘယ္လိုအေျခအေနမ်ိဳးရွိေနလဲဆိုတာ က်မတို႔ မသိရဘူး။ တိုင္းျပည္မွာ စားနပ္ရိကၡာ အက်ပ္အတည္း ျမင့္မားလာေနတယ္။ လူေတြအေနနဲ႔ ပိုက္ဆံရဖို႔၊ အစားအစာရဖို႔ အခက္အခဲေတြ ေတြ႕ႀကဳံေနရတယ္။ ၿပီးေတာ့ ႏိုင္ငံတဝွမ္း မတူကြဲျပားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရွိေနတယ္။ သူတို႔ရဲ႕ လက္နက္အင္အားအသုံးျပဳၿပီး ျမန္မာစစ္တပ္ကို ဖယ္ရွားဖို႔ အေျပာင္းအလဲေတြျဖစ္လာေအာင္ ႀကိဳးစားရမယ္ဆိုတဲ့ ခံယူခ်က္အျမင္ေတြတိုးလာေနတယ္။ ဒါေၾကာင့္ အခု စစ္ေကာင္စီလုပ္ဖို႔ အေကာင္းဆုံးကေတာ့ ငါတို႔အမွားလုပ္မိၿပီ ဆိုတာ သိဖို႔ပါပဲ။ ငါတို႔ေတာ့ ေတာ္ေတာ္ေလး အလွမ္းေဝးေနၿပီ။ ေနာက္ေၾကာင္းျပန္လွည့္ၿပီး ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီနဲ႔ ႂကြယ္ဝခ်မ္းသာမႈေတြျပန္လည္ရရွိဖို႔ နည္းလမ္းရွာေဖြ ႀကိဳးစားရမွာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ လက္ရွိ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဖို႔ မ်ဳိးဆက္သစ္ လူငယ္ေတြရဲ႕လက္နက္ကိုင္ေတာ္လွန္ေရးလႈပ္ရွားမႈကိုဘယ္လိုျမင္လဲ။ သူတို႔ဟာ အခုဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြဆီသြားၿပီး စစ္သင္တန္းေတြတက္ေရာက္သင္ယူေနတာေတြ၊ တိုက္ပဲြ၀င္ဖို႔ ျပင္ဆင္ေနတာေတြကို ႏိုင္ငံတကာသတင္းေတြမွာ ေတြ႕ရပါတယ္။ အခု ဒီတႀကိမ္ လက္နက္ကိုင္လႈပ္ရွားဖို႔ျပင္ဆင္ေနတဲ့အေပၚ ဘယ္လိုသံုးသပ္လဲ။

Christina Fink။ ။ ၁၉၈၈ ခုႏွစ္ကရခဲ့တဲ့ သင္ခန္းစာကေတာ့ ၿမိဳ႕ေတြကေနထြက္လာတဲ့လူငယ္ေတြ စစ္သင္တန္းေတြ တက္ၾကတယ္၊ စစ္အေတြ႕အႀကဳံႀကီးႀကီးမားမားရွိထားတဲ့ ျမန္မာစစ္တပ္ကို ခုခံတြန္းလွန္ဖို႔ ႀကိဳးစားၾကတဲ့အခါမွာ ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတဲ့အခ်က္ပါ။ တကယ္တမ္းမွာလည္း non-violent အၾကမ္းမဖက္တဲ့ လႈပ္ရွားမႈရဲ႕ အက်ိဳးသက္ေရာက္မႈ အမ်ားဆုံးက စစ္တပ္ကို ထိေစခဲ့ပါတယ္။ ေနာက္ၿပီး non-cooperation စစ္တပ္နဲ႔ ပူးေပါင္းမႈမရွိေရး လႈပ္ရွားမႈေၾကာင့္လည္း စစ္တပ္အေနနဲ႔ တိုင္းျပည္ကို အမွန္တကယ္အုပ္ခ်ဳပ္လို႔ မရခဲ့ပါဘူး။ က်မထင္တာကေတာ့ ဒီလႈပ္ရွားမႈေတြဟာ ပိုၿပီးထိေရာက္ေစခဲ့ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ တိုက္ခိုက္ေရးမွာ အေတြ႕အႀကဳံရွိၿပီး သူတို႔အေနနဲ႔ ဒီလူငယ္ေတြအတြက္ သင့္ေလ်ာ္ၿပီး ေသခ်ာတဲ့ စစ္ေရးေလ့က်င့္မႈေတြေပးေကာင္းေပးႏိုင္မွာပါ။ ဒါေပမဲ့ စစ္ေကာင္စီရဲ႕ ယႏၱရားေတြ မလည္ပတ္ႏိုင္ေအာင္ ေသခ်ာေစေရး အတြက္ အျခားလူေတြအေနနဲ႔ အာရံုစိုက္လုပ္ေဆာင္ဖို႔ ပိုအေရးႀကီးပါတယ္။

အေမရိကန္ ျပည္ေထာင္စု George Washington တကၠသိုလ္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးဌာနက ပါေမာကၡ Christina Fink ကို မအင္ၾကင္းႏုိင္က ဆက္သြယ္ေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္

............

စစ်ကောင်စီ အာဏာတည်ရေး အကြမ်းဖက်လုပ်ရပ် တိုင်းပြည်ဖရိုဖရဲ ဖြစ်နိုင် (ပါမောက္ခ Christina Fink)

(Unicode)

စစ်တပ်ဟာ သူ့အာဏာဆုပ်ကိုင်ဖို့ အကြမ်းဖက်မှုကို အသုံးပြုတာဟာ နိုင်ငံကို ပိုပြီး ဖရိုဖရဲ ပရမ်းပတာဖြစ်စေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ Christina Fink က သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးလိုက်တဲ့အတွက် ရင်ဆိုင်နေရတဲ့ အကျိုးဆက်တွေ ဘယ်လောက်အတိုင်းအထိရှိနေလဲ။ အမေရိကန် ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဖွံ့ဖြိုးရေးဌာနက ပါမောက္ခ Christina Fink ရဲ့အမြင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။။ အရင်ဆုံး မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေကိုပြောရရင် အထူးသဖြင့် ကရင်ပြည်နယ်မှာ စစ်တပ်အခြေစိုက် စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဒီလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ အရှိန်မြင့်နေတဲ့ အကျိုးသက်ရောက်မှုကို ဘယ်လိုသုံးသပ်ပါလဲရှင့်။

Christina Fink ။ ။ မြန်မာစစ်တပ်ဟာ အဲဒီအခြေစိုက်စခန်းတွေကို ပြန်လည်ရယူဖို့ လေကြောင်းစစ် အင်အားသုံးနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတယ်လို့ ကျမထင်ပါတယ်။ ဒါကြောင့်လည်း အဲဒီဒေသတွေမှာ လူအတော်များများဟာ အသက်အန္တရာယ်စိုးရိမ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့လည်း ကျမကြားသိရပါတယ်။ စစ်တပ်က ထိန်းထိန်းသိမ်းသိမ်းနဲ့ တုန့်ပြန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေဟာ တိုင်းပြည် ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ စစ်တပ်အနေနဲ့ နားလည်ဖို့ လိုပါတယ်။ စစ်တပ်အနေနဲ့ သူတို့ချုပ်ကိုင်ထားတဲ့ အာဏာ တည်မြဲဖို့ အကြမ်းဖက်မှုကို အသုံးပြုတာဟာ တိုင်းပြည်အတွင်း ဖရိုဖရဲပရမ်းပတာ ပိုပြီးဖြစ်စေပါတယ်။

အင်ကြင်းနိုင်။။ အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တိုက်ခိုက်မှုတွေဟာ မြန်မာစစ်တပ်အပေါ်မှာ ဖိအားဖြစ်စေတယ်လို့ တချို့အကဲခတ်တွေ သုံးသပ်တာတွေရှိပါတယ်။ ဒီအချက်ကိုရော ဘယ်လိုမြင်လဲရှင့်။

Christina Fink။ ။ အကျိုးသက်ရောက်မှုနှစ်မျိုးရှိနေပါတယ်။ တခုကတော့ စစ်တပ်အနေနဲ့ သူ့လူတွေကို နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ယုံကြည်လာစေပြီး ဒီလိုတိုက်ခိုက်မှုတွေကို စစ်တပ်အနေနဲ့ အကြမ်းဖက် တုန့်ပြန်ဖို့လိုအပ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ နောက်တချက်ကတော့ တပ်တွင်းမှာရှိတဲ့ လူတွေအနေနဲ့ ငါတို့ ဘာအတွက် ပြန်တိုက်ရမှာလဲ ဆိုတဲ့ မေးခွန်းထုတ်ဆန်းစစ်မှုတွေ ရှိကောင်းရှိလာနိုင်ပါတယ်။ စစ်ကောင်စီဟာ သူတို့ ပုဂ္ဂိုလ်ရေးနိုင်ငံရေးနဲ့ စီးပွားရေး အကျိုးအမြတ်တွေရဖို့ အာဏာသိမ်းခဲ့တာဖြစ်တယ်၊ ဒါဟာ နိုင်ငံ့ကောင်းကျိုးအတွက်လည်း မဟုတ်သလို ကျန်နေတဲ့ စစ်တပ်အတွက်တောင် ကောင်းကျိုး မဖြစ်စေဘူး၊ ဒါဆိုရင် အထက်ထန်းလွှာ လက်တဆုပ်စာလူစုအတွက် သူတို့ရဲ့ အသက်တွေကို ဘာကြောင့် စွန့်လွှတ်ရမှာလဲ။

အင်ကြင်းနိုင်။။ ဒါဆိုရင် စစ်တပ်အတွင်းညီညွတ်ရေးအပိုင်းကို ဘယ်လိုမြင်ပါလဲ။ မြန်မာနိုင်ငံ နယ်စပ်တချို့မှာ မြန်မာစစ်တပ်ကနေ ထွက်ပြေးလာတဲ့ စစ်အရာရှိတချို့ရှိနေပါတယ်။ သူတို့ပြောပြချက်အရဆိုရင် တပ်ထဲမှာလည်း စစ်ခေါင်းဆောင်တွေအပေါ် မကျေနပ်မှုတွေရှိနေတယ်လို့ ဆိုတော့ တပ်တွင်း ညီညွတ်မှုအပိုင်းကို ဘယ်လိုမြင်လဲ။

Christina Fink။ ။ ဒီနေရာမှာ စိန်ခေါ်ချက် နှစ်ချက်ရှိနေပါတယ်။ တခုကတော့ စစ်ကောင်စီဟာ အရပ်သားတွေကိုသာမက စစ်တပ်ထဲမှာလည်း လွတ်လပ်တဲ့ သတင်းမီဒီယာ ရရှိဖို့ ပိတ်ပင်ထားပါတယ်။ စစ်တပ်နဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေက ထုတ်လွှင့်တာတွေကိုပဲ လူတွေ ကြားနေရတဲ့ အခြေအနေကို ဖန်တီးဖို့ သူတို့ ကြိုးစားခဲ့တာပါ။ အဲဒီသူတွေဟာ တိုင်းပြည်တွင်းဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ရင် အလွန်ကွဲပြားခြားနားတဲ့ အမြင်နဲ့ နားလည်နေကြပါတယ်။ ဒါကြောင့်ဒီလို အပြောအဆို ဝါဒဖြန့်ချိမှုဟာ တချို့လူတွေအတွက် ဆွဲဆောင်နိုင်လောက်စရာဖြစ်ကောင်းဖြစ်ပေမဲ့ အခု စစ်ကောင်စီကို မထောက်ခံတဲ့ လူအများအပြား စစ်တပ်ထဲမှာ ရှိနေတယ်၊ အပြစ်မဲ့သူတွေ အထူးသဖြင့် ကလေးငယ်တွေ သတ်ဖြတ်တာတွေကို မထောက်ခံဘူးဆိုတဲ့ သူတွေ ရှိနေကြတယ်ဆိုတဲ့အချက်ကို ကျမသဘောတူပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့စစ်တပ်ကနေ ထွက်ခွာသွားမယ်ဆိုရင် ပြင်းထန်တဲ့အကျိုးဆက်တွေအနေနဲ့ သူတို့ကို ဖမ်းဆီးတာ၊ ဒါမှမဟုတ် မိသားစုဝင်တွေ ဖမ်းဆီးတာ၊ သူတို့ အသက်မွေးဝမ်းကျောင်း စတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်နိုင်ပါတယ်။

ဒါကြောင့် သူတို့အတွက် လုံခြုံမှုရှိတဲ့ လမ်းကြောင်းရှိနေတယ်ဆိုတာ မြင်ဖို့ လိုအပ်ပါတယ်။ အဲဒီအချက်ကတော့ တကယ်လို့ ဒါမှမဟုတ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရ လက်ထဲ အာဏာပြန်ပြီးရောက်ချိန်မှာ သူတို့အနေနဲ့ စစ်သားအဖြစ် ပြန်ပြီး နိုင်ငံအတွက် တာဝန်ထမ်းဆောင်နိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ အရပ်သားအုပ်ချုပ်မှုအောက်မှာရှိနေတဲ့ စစ်သားတွေဖြစ်ဖို့ လိုပါတယ်။

အင်ကြင်းနိုင်။ ။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ တတိုင်းပြည်လုံး ပြိုကွဲ ပျက်စီးနေတဲ့ ဆီးရီယားနိုင်ငံလို ဖြစ်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အထဲမှာ ကုလသမဂ္ဂ ထိပ်တန်းခေါင်းဆောင်တွေဘက်ကလည်း သတိပေးထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ တကယ်ပဲ မြန်မာဟာ ဆီးရီးယားလို ဖြစ်လာဖို့ ရှိမလား။

Christina Fink။ ။ မြန်မာနိုင်ငံမှာ တကယ့် အကျပ်အတည်းတွေ့နေတယ်လို့ ကျမထင်ပါတယ်။ လူတွေ ထောင်နဲ့ချီပြီး အကျဉ်းထောင်ထဲရောက်နေတယ်။ သူတို့ဘယ်လိုအခြေအနေမျိုးရှိနေလဲဆိုတာ ကျမတို့ မသိရဘူး။ တိုင်းပြည်မှာ စားနပ်ရိက္ခာ အကျပ်အတည်း မြင့်မားလာနေတယ်။ လူတွေအနေနဲ့ ပိုက်ဆံရဖို့၊ အစားအစာရဖို့ အခက်အခဲတွေ တွေ့ကြုံနေရတယ်။ ပြီးတော့ နိုင်ငံတဝှမ်း မတူကွဲပြားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေတယ်။ သူတို့ရဲ့ လက်နက်အင်အားအသုံးပြုပြီး မြန်မာစစ်တပ်ကို ဖယ်ရှားဖို့ အပြောင်းအလဲတွေဖြစ်လာအောင် ကြိုးစားရမယ်ဆိုတဲ့ ခံယူချက်အမြင်တွေတိုးလာနေတယ်။ ဒါကြောင့် အခု စစ်ကောင်စီလုပ်ဖို့ အကောင်းဆုံးကတော့ ငါတို့အမှားလုပ်မိပြီ ဆိုတာ သိဖို့ပါပဲ။ ငါတို့တော့ တော်တော်လေး အလှမ်းဝေးနေပြီ။ နောက်ကြောင်းပြန်လှည့်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ကြွယ်ဝချမ်းသာမှုတွေပြန်လည်ရရှိဖို့ နည်းလမ်းရှာဖွေ ကြိုးစားရမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ မျိုးဆက်သစ် လူငယ်တွေရဲ့လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုကိုဘယ်လိုမြင်လဲ။ သူတို့ဟာ အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီသွားပြီး စစ်သင်တန်းတွေတက်ရောက်သင်ယူနေတာတွေ၊ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတာတွေကို နိုင်ငံတကာသတင်းတွေမှာ တွေ့ရပါတယ်။ အခု ဒီတကြိမ် လက်နက်ကိုင်လှုပ်ရှားဖို့ပြင်ဆင်နေတဲ့အပေါ် ဘယ်လိုသုံးသပ်လဲ။

Christina Fink။ ။ ၁၉၈၈ ခုနှစ်ကရခဲ့တဲ့ သင်ခန်းစာကတော့ မြို့တွေကနေထွက်လာတဲ့လူငယ်တွေ စစ်သင်တန်းတွေ တက်ကြတယ်၊ စစ်အတွေ့အကြုံကြီးကြီးမားမားရှိထားတဲ့ မြန်မာစစ်တပ်ကို ခုခံတွန်းလှန်ဖို့ ကြိုးစားကြတဲ့အခါမှာ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ပါ။ တကယ်တမ်းမှာလည်း non-violent အကြမ်းမဖက်တဲ့ လှုပ်ရှားမှုရဲ့ အကျိုးသက်ရောက်မှု အများဆုံးက စစ်တပ်ကို ထိစေခဲ့ပါတယ်။ နောက်ပြီး non-cooperation စစ်တပ်နဲ့ ပူးပေါင်းမှုမရှိရေး လှုပ်ရှားမှုကြောင့်လည်း စစ်တပ်အနေနဲ့ တိုင်းပြည်ကို အမှန်တကယ်အုပ်ချုပ်လို့ မရခဲ့ပါဘူး။ ကျမထင်တာကတော့ ဒီလှုပ်ရှားမှုတွေဟာ ပိုပြီးထိရောက်စေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ခိုက်ရေးမှာ အတွေ့အကြုံရှိပြီး သူတို့အနေနဲ့ ဒီလူငယ်တွေအတွက် သင့်လျော်ပြီး သေချာတဲ့ စစ်ရေးလေ့ကျင့်မှုတွေပေးကောင်းပေးနိုင်မှာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ယန္တရားတွေ မလည်ပတ်နိုင်အောင် သေချာစေရေး အတွက် အခြားလူတွေအနေနဲ့ အာရုံစိုက်လုပ်ဆောင်ဖို့ ပိုအရေးကြီးပါတယ်။

အမေရိကန် ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဖွံ့ဖြိုးရေးဌာနက ပါမောက္ခ Christina Fink ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG