သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာအုိမွာ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမႈကို ခ်ိန္ညွိေရး ေဒသတြင္း ႏုိင္ငံေတြ ႀကိဳးပမ္း


လာအို ရထားလမ္း စီမံကိန္း။

(Zawgyi/ Unicode)

ဆင္းရဲတဲ႔ ကုန္းတြင္းပိတ္ ႏိုင္ငံ လာအိုမွာ တရုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈ ႀကီးထြားလာေနတာကို ေလွ်ာ့ခ်ႏုိင္ေရး ေမွ်ာ္လင့္ခ်က္နဲ႔ ႏုိင္ငံတကာ အစိုးရေတြက လာအိုႏုိင္ငံ အတြက္ အေထာက္အပံ႔ေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ အသစ္ေတြ ဒီႏွစ္ အတြင္းမွာ ကမ္းလွမ္းေနၾကေၾကာင္း ေဒသတြင္းက သံုးသပ္သူေတြက ေျပာပါတယ္။ ကုန္းတြင္း သယ္ယူပို႔ေဆာင္ေရး၊ မဲေခါင္ ျမစ္ေရ စီးဆင္းမႈေတြ အေပၚမွာ တရုတ္ရဲ႕ အႀကီးအက်ယ္ ခ်ဳပ္ကိုင္မႈ မရွိေစေရး အာရွ ေဒသတြင္း ႏုိင္ငံေတြရဲ႕ ႀကိဳးပမ္းမႈလို႔လည္း သံုးသပ္ၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္ အျဖစ္ Ralph Jennings ရဲ႕သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္က ေျပာျပေပးပါမယ္။

လာအိုကို ေပးေနတဲ႔ အကူအညီေတြ ထပ္တိုးေပးတာမ်ိဳး ဒါမွမဟုတ္လည္း အကူအညီသစ္ေတြ ကမ္းလွမ္းတာမ်ိဳးကို ဂ်ပန္၊ ထိုင္းနဲ႔ ဗီယက္နမ္ ႏုိင္ငံေတြက ဒီႏွစ္ထဲမွာဘဲ ေဆာင္ရြက္လာေနပါတယ္။ ႏုိင္ငံတကာဘက္က လာအို အတြက္ ပိုၿပီး ေထာက္ပံ႔ဖို႔ ကမ္းလွမ္းခ်က္ေတြဟာဆိုရင္ တရုတ္ရဲ႕ လာအိုႏုိင္ငံတြင္း အႀကီးဆံုး ရင္းႏွီးျမွဳပ္ႏွံမႈ ျဖစ္တဲ႔ ေဒၚလာ ၅ ဒသမ ၉ ဘီလ်ံ ရင္းႏွီးျမွဳပ္ႏွံထားတဲ႔ ကီိလိုမီတာ ၄၀၀ အရွည္ မီးရထားလမ္း ဒီႏွစ္ အတြင္း ၿပီးစီးမယ့္ အခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

ဂ်ပန္ ၀န္ႀကီးခ်ဳပ္ Yoshihide Suga နဲ႔ လာအို ၀န္ႀကီးခ်ဳပ္ Phankham Viphavanh တို႔ အခု ဧၿပီလ အတြင္း ေတြ႔ဆံုၿပီး ဗ်ဴဟာက် ပူးေပါင္းေဆာင္ရြက္မႈ တိုးတက္လာေစေရး အတြက္ စီစဥ္ေဆာင္ရြက္ဖို႔ ေဆြးေႏြးခဲ႔ၾကေၾကာင္း ဂ်ပန္ မီဒီယာေတြက ေဖာ္ျပၾကပါတယ္။ လာအို ႏုိင္ငံမွာ Covid-19 ကာကြယ္ေဆး သိုေလွာင္ရံုေတြ ဖြင့္လွစ္ႏုိင္ေရး အတြက္ ေဒၚလာ ၁ ဒသမ ၈ သန္း ေပးအပ္ဖို႔နဲ႔ ႏုိင္ငံတကာ ေလဆိပ္ေတြ အဆင့္ျမွင့္တင္ေရးမွာ ကူညီဖို႔လည္း ကတိျပဳထားေၾကာင္း ဂ်ပန္ သတင္းေတြက ေဖာ္ျပခဲ႔ၾကပါတယ္။

ၿပီးခဲ႔တဲ႔ ေမလမွာ စတင္ တာ၀န္ယူခဲ႔တဲ႔ လာအို ၀န္ႀကီးခ်ဳပ္သစ္နဲ႔ ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-Ocha တို႔ တယ္လီဖုန္းဆက္ ေဆြးေႏြးခဲ႔ေၾကာင္း လာအို ႏုိင္ငံပိုင္ သတင္းက ဧၿပီလအတြင္း ေဖာ္ျပပါတယ္။ လာအို အတြက္ ပညာေရး၊ စိုက္ပ်ိဳးေရးနဲ႔ က်န္းမာေရးဆိုင္ရာ ပညာသင္ဆုေတြ ေထာက္ပံ႔တဲ႔ အတြက္ ထိုင္းကို ေက်းဇူးတင္ေၾကာင္း လာအို ၀န္ႀကီးခ်ဳပ္သစ္ Phankham က တယ္လီဖုန္းဆက္ ေဆြးေႏြးမႈ အတြင္း ေျပာဆိုခဲ႔ေၾကာင္းလည္း သတင္းက ေဖာ္ျပပါတယ္။ လာအိုႏုိင္ငံတြင္း Covid-19 တိုက္ဖ်က္ေရး အတြက္လည္း ထိုင္းက ေထာက္ပံ႔ေပးေနေၾကာင္းလည္း သတင္းမွာ ေတြ႔ရပါတယ္။

ဗီယက္နမ္ တာ၀န္ရွိသူေတြဘက္ကလည္း လာအိုႏုိင္ငံနဲ႔ ၂၀၂၁-၂၀၃၀ ပူးေပါင္း ေဆာင္ရြက္ေရး မဟာဗ်ဴဟာ၊ ေနာက္ ၅ ႏွစ္ၾကာ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္ကို စတင္လုိက္ေၾကာင္း ဗီယက္နမ္ ကြန္ျမဴနစ္ ပါတီရဲ႕ သတင္း ၀က္ဘ္ဆိုဒ္ Nhan Dan မွာ ေဖာ္ျပထားပါတယ္။ ဒီ သေဘာတူညီခ်က္ ၂ ခုထဲမွာ ဘာေတြ ထည့္သြင္းမလဲ ဆိုတာကိုေတာ့ ႏွစ္ဘက္ ေခါင္းေဆာင္ေတြ ေနာက္ပိုင္းမွာ ဆံုးျဖတ္ၾကဖို႔ ရွိပါတယ္။ လာအို အတြက္ Covid-19 ဆိုင္ရာ အေထာက္အပံ႔နဲ႔ ပညာသင္ဆု ၁,၀၀၀ ကို ၿပီးခဲ႔တဲ႔ ႏွစ္ အတြင္း ဗီယက္နမ္က ေပးအပ္ခဲ႔တာ ျဖစ္ပါတယ္။

အေမရိကန္ ျပည္ေထာင္စုက William & Mary တကၠသိုလ္က ျပဳစုထားတဲ႔ Aiddata.org ၀က္ဘ္ဆိုက္ အရ လာအိုႏုိင္ငံတြင္းကို ၀င္တဲ႔ တရုတ္ရဲ႕ ရန္ပံုေငြက တႏွစ္ကို ေဒၚလာ ၁၁ ဘီလ်ံထိ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ လာအို အတြက္ ထိပ္တန္း ေထာက္ပံ႔ လွဴဒါန္းသူေတြက ဂ်ပန္နဲ႔ ထိုင္း ႏုိင္ငံ ျဖစ္ၿပီး အခု အခါမွာ ဗီယက္နမ္က ႏုိင္ငံသစ္ အျဖစ္နဲ႔ ပါ၀င္လာပါတယ္။ ၂၀၁၆ ခုႏွစ္ အတြင္း လာအို အတြက္ ေထာက္ပံ႔ေငြ၊ ေခ်းေငြ၊ လက္ေတြ႔ အကူအညီေတြ အပါအ၀င္ ေဒၚလာ ၆၃ ဒသမ ၈ ဘီလ်ံထိ ဂ်ပန္ အစိုးရက ေပးအပ္ခဲ႔ေၾကာင္း ဂ်ပန္ ႏုိင္ငံျခားေရး ဌာနက ေဖာ္ျပထားပါတယ္။

ႏုိင္ငံတကာရဲ႕ တရား၀င္ ေထာက္ပံ႔ ကူညီမႈ စုစုေပါင္းက တခါတရံမွာ လာအို ျပည္တြင္း အသာတင္ ထုတ္လုပ္မႈ GDP ရဲ႕ ၁၅ ရာခိုင္ႏႈန္းထိ ရရွိပါတယ္။ ဖြ႔ံၿဖိဳးေရး မိတ္ဖက္ေတြ၊ ရင္းႏွီးတဲ႔ ႏုိင္ငံေတြရဲ႕ ပံ႔ပိုးမႈေၾကာင္႔ ၿပီးခဲ႔တဲ႔ ၅ ႏွစ္ အတြင္း လာအိုရဲ႕ ဖြံ႔ၿဖိဳးမႈက ပ်မ္းမွ် ၅ ဒသမ ၈ ရာခိုင္ႏႈန္း ရွိေၾကာင္းလည္း လာအို ႏုိင္ငံပိုင္ သတင္းက ေဖာ္ျပပါတယ္။ လာအို လူဦးေရ ၇ သန္းရဲ႕ ၄ ပံု ၁ ပံုက ဆင္းရဲမြဲေတေနတာေၾကာင့္ အေထာက္အပံ႔ေတြက အေရးႀကီးပါတယ္။

အာရွ ႏုိင္ငံမ်ားက တရုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို ေလွ်ာ့ခ်ႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾက ျဖစ္ၿပီး ဒီလို ေဆာင္ရြက္လာႏုိင္ရင္ တရုတ္ကို ျဖတ္ၿပီး ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္ ႏုိင္ငံေတြကို စီးဆင္းတဲ႔ မဲေခါင္ျမစ္ေၾကာင္း အေရး၊ ဒါမွမဟုတ္လည္း ကုန္းတြင္း သယ္ယူပို႔ေဆာင္ေရး ခ်ိတ္ဆက္မႈေတြမွာ အင္အားႀကီး တရုတ္ဘက္က အႀကီးအက်ယ္ လႊမ္းမိုးခ်ဳပ္ကိုင္မႈ မရွိေစေရး ျဖစ္တယ္လို႔ သံုးသပ္သူေတြက ေျပာပါတယ္။ မဲေခါင္ျမစ္ အေပၚပိုင္းမွာ တရုတ္ရဲ႕ ေရကာတာေတြက ျမစ္ေရ စီးဆင္းမႈကို ထိန္းခ်ဳပ္ထားတာ ျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ ႏွစ္အတြင္း လာအိုနဲ႔ အိမ္နီးခ်င္း ႏုိင္ငံေတြကို အေမရိကန္ ဘက္က အကူအညီေတြ ထပ္တိုးခဲ႔ပါတယ္။ ထိုင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္ Chulalongkorn တကၠသိုလ္က ႏုိင္ငံေရး သိပၸံပါေမာကၡ Thitinan Pongsudhirak က အခုလို သံုးသပ္ပါတယ္။

“ လာအိုဟာ လက္ေတြ႔အားျဖင့္ ဦးတည္ ရည္မွန္းခ်က္ မ်ိဳးစံု ရွိေနေပမယ့္လည္း တရုတ္ရဲ႕ ခ်ယ္လွယ္မႈက ပိုမ်ားလာပါတယ္။ အင္အားႀကီး ႏုိင္ငံေတြရဲ႕ ေဒသတြင္း ၾသဇာလႊမ္းမိုးႏုိင္ေရး ၿပိဳင္ဆိုင္မႈကို ျမင္ေတြ႔ေနရၿပီး လာအို ႏုိင္ငံဟာ ဒီအခင္းအက်င္းထဲက ႏုိင္ငံတခုသာ ျဖစ္ပါတယ္။ ”

ဂ်ပန္ ႏုိင္ငံဘက္က အေရွ႕ေတာင္ အာရွ ေဒသတြင္းနဲ႔ ပိုၿပီး ခ်ိတ္ဆက္လိုေနတယ္လို႔ ေျပာသူကေတာ့ ဂ်ပန္ႏုိင္ငံ Temple တကၠသိုလ္က သမိုင္းပို႔ခ်သူ Jeffrey Kingston ျဖစ္ပါတယ္။ မဲေခါင္ျမစ္ေရ စီးဆင္းမႈကို တရုတ္ဘက္က ထိန္းခ်ဳပ္ထားတဲ႔ ကိစၥကလည္း ဂ်ပန္ တာ၀န္ရွိသူေတြ စိုးရိမ္တဲ႔ အခ်က္လို႔လည္း သူက ေျပာပါတယ္။

“ တရုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို မမွီတဲ႔ သေဘာမ်ိဳး ျဖစ္ေနတာမွာ သူ႔ဘက္က ယွဥ္ၿပိဳင္မယ္ဆိုတာကို ဂ်ပန္ဘက္က ျပသလိုက္တာလို႔ ယူဆတဲ႔ အေၾကာင္းနဲ႔ ဒီႏုိင္ငံေတြ အေရးမွာ ဂ်ပန္ဘက္က အခိုင္အမာ ရပ္တည္ ေဆာင္ရြက္သြားမယ္လို႔ ယူဆေၾကာင္း ပါေမာကၡ Kingston က ေျပာဆိုခဲ႔တာပါ။ ”

ထိုင္းႏုိင္ငံတြင္းမွာ ဂ်ပန္ႏုိင္ငံရဲ႕ ကားနဲ႔ ကားပစၥည္း ထုတ္လုပ္မႈ အခိုင္အမာ ရွိေနၿပီး ဗီယက္နမ္ႏုိင္ငံတြင္းမွာလည္း ၁၉၈၀ ျပည့္လြန္ႏွစ္ေတြ ေနာက္ပိုင္း ဂ်ပန္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈက တိုးလာပါတယ္။ ပယ္လယ္ဆိပ္ကမ္းေတြမွာ ကုန္ပို႔ရတာထက္ ကုန္းလမ္း သယ္ယူပို႔ေဆာင္ရင္ ကုန္က်စာရိတ္က ပို သက္သာပါတယ္။
ဂ်ပန္ဟာဆိုရင္ အေမရိကန္ ျပည္ေထာင္စုနဲ႔ အတူ တရုတ္ကို တန္ျပန္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ ခ်ဴလာေလာင္ကြန္း တကၠသိုလ္က ႏုိင္ငံေရး သိပၸံပါေမာကၡ Thitinan Pongsudhirak က ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ ႏွစ္ စက္တင္ဘာလက စတင္ခဲ႔တဲ႔ မဲေခါင္- အေမရိကန္ ပူးေပါင္းေဆာင္ရြက္ေရး အေထာက္အပ့ံ အေမရိကန္ အစီအစဥ္ဟာဆိုရင္ လာအို အပါအ၀င္ အေရွ႕ေတာင္ အာရွေဒသတြင္း တရုတ္ကို ထိန္းညွိမႈ အျဖစ္ ရႈျမင္ၾကပါတယ္။ ဒုတိယ ကမၻာစစ္ကာလ မေက်လည္မႈေတြ၊ ေနာက္ ကြ်န္းစုေတြ ပိုင္ဆိုင္မႈ အေရးတို႔နဲ႔ ပတ္သက္ၿပီး တရုတ္နဲ႔ ဂ်ပန္ၾကားမွာလည္း မေျပမလည္ ျဖစ္ေနတာပါ။

ဗီယက္နမ္ ဘက္ကလည္း တရုတ္ကို မေက်မလည္ ျဖစ္ေနတာပါ။ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ ေတာင္တရုတ္ ပင္လယ္ျပင္ အတြင္းမွာ တရုတ္က ခ်ဲ႕ထြင္လာမႈ၊ ၁၉၇၀ ျပည့္လြန္ႏွစ္ စစ္ပြဲ အပါအ၀င္ နယ္စပ္ ေျမ အျငင္းပြားမႈေတြနဲ႔ ပတ္သက္ပါတယ္။ ဗီယက္နမ္ ႏုိင္ငံ ဟိုခ်ီမင္းစီးတီးက စီးပြားေရး ဆိုင္ရာ အႀကံေပး လုပ္ငန္း Mazars ရဲ႕ လုပ္ငန္းေဖာ္ Jack Nguyen ကေတာ့ အခုလို ေျပာပါတယ္။

“ တရုတ္နဲ႔ ဗီယက္နမ္ၾကား ၾသဇာ ၿပိဳင္ဆိုင္မႈ အနည္းငယ္ ရွိခဲ႔ၿပီ ဗီယက္နမ္ဘက္က တျဖည္းျဖည္းခ်င္း ရံႈးနိမ့္လာခဲ႔ပါတယ္လို႔ သူက ေျပာခဲ႔တာပါ။ ”


တရုတ္ဘက္ကေတာ့ လာအိုကို ေပးေနတဲ႔ အကူအညီေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ပမာဏ စုစုေပါင္းကို မထုတ္ျပန္ပါဘူး။ ဒါေပမယ့္လည္း လာအို ႏုိင္ငံက တျခားႏုိင္ငံေတြထက္ တရုတ္ အေပၚမွာ ပိုၿပီး မွီခို္ေနေၾကာင္း သံုးသပ္သူမ်ားက ေျပာပါတယ္။ ျပည္တြင္း အသားတင္ ထုတ္လုပ္မႈ တန္ဖိုး GDP က ေဒၚလာ ၁၉ ဘီလ်ံ ေလာက္ဘဲ ရွိတဲ႔ လာအို ႏုိင္ငံမွာ Covid-19 ကပ္ေဘးဒဏ္ေၾကာင့္ စီးပြားေရး ထိခိုက္တာေၾကာင့္ ရထားလမ္း အတြက္ က်သင့္ေငြ ေပးႏုိင္ဖုိ႔ ရုန္းကန္ေနရပါတယ္။ လာအုိ အေနနဲ႔ ၿပီးခဲ႔တဲ႔ႏွစ္ အတြင္း ရထားလမ္း အတြက္ ေဒၚလာ သန္း ၂၅၀ အေၾကြးတင္ေနေၾကာင္း ႏုိင္ငံတကာ ေငြေၾကး ရန္ပံုေငြ အဖြဲ႔ IMF က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

လာအိုမှာ တရုတ်ရဲ့ သြဇာလွှမ်းမှုကို ချိန်ညှိရေး ဒေသတွင်း နိုင်ငံတွေ ကြိုးပမ်း

ဆင်းရဲတဲ့ ကုန်းတွင်းပိတ် နိုင်ငံ လာအိုမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာကို လျှော့ချနိုင်ရေး မျှော်လင့်ချက်နဲ့ နိုင်ငံတကာ အစိုးရတွေက လာအိုနိုင်ငံ အတွက် အထောက်အပံ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဒီနှစ် အတွင်းမှာ ကမ်းလှမ်းနေကြကြောင်း ဒေသတွင်းက သုံးသပ်သူတွေက ပြောပါတယ်။ ကုန်းတွင်း သယ်ယူပို့ဆောင်ရေး၊ မဲခေါင် မြစ်ရေ စီးဆင်းမှုတွေ အပေါ်မှာ တရုတ်ရဲ့ အကြီးအကျယ် ချုပ်ကိုင်မှု မရှိစေရေး အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ ကြိုးပမ်းမှုလို့လည်း သုံးသပ်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ် အဖြစ် Ralph Jennings ရဲ့သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက်က ပြောပြပေးပါမယ်။

လာအိုကို ပေးနေတဲ့ အကူအညီတွေ ထပ်တိုးပေးတာမျိုး ဒါမှမဟုတ်လည်း အကူအညီသစ်တွေ ကမ်းလှမ်းတာမျိုးကို ဂျပန်၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေက ဒီနှစ်ထဲမှာဘဲ ဆောင်ရွက်လာနေပါတယ်။ နိုင်ငံတကာဘက်က လာအို အတွက် ပိုပြီး ထောက်ပံ့ဖို့ ကမ်းလှမ်းချက်တွေဟာဆိုရင် တရုတ်ရဲ့ လာအိုနိုင်ငံတွင်း အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ ဒေါ်လာ ၅ ဒသမ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံထားတဲ့ ကီလိုမီတာ ၄၀၀ အရှည် မီးရထားလမ်း ဒီနှစ် အတွင်း ပြီးစီးမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဂျပန် ဝန်ကြီးချုပ် Yoshihide Suga နဲ့ လာအို ဝန်ကြီးချုပ် Phankham Viphavanh တို့ အခု ဧပြီလ အတွင်း တွေ့ဆုံပြီး ဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရေး အတွက် စီစဉ်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြကြောင်း ဂျပန် မီဒီယာတွေက ဖော်ပြကြပါတယ်။ လာအို နိုင်ငံမှာ Covid-19 ကာကွယ်ဆေး သိုလှောင်ရုံတွေ ဖွင့်လှစ်နိုင်ရေး အတွက် ဒေါ်လာ ၁ ဒသမ ၈ သန်း ပေးအပ်ဖို့နဲ့ နိုင်ငံတကာ လေဆိပ်တွေ အဆင့်မြှင့်တင်ရေးမှာ ကူညီဖို့လည်း ကတိပြုထားကြောင်း ဂျပန် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလမှာ စတင် တာဝန်ယူခဲ့တဲ့ လာအို ဝန်ကြီးချုပ်သစ်နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-Ocha တို့ တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း လာအို နိုင်ငံပိုင် သတင်းက ဧပြီလအတွင်း ဖော်ပြပါတယ်။ လာအို အတွက် ပညာရေး၊ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးဆိုင်ရာ ပညာသင်ဆုတွေ ထောက်ပံ့တဲ့ အတွက် ထိုင်းကို ကျေးဇူးတင်ကြောင်း လာအို ဝန်ကြီးချုပ်သစ် Phankham က တယ်လီဖုန်းဆက် ဆွေးနွေးမှု အတွင်း ပြောဆိုခဲ့ကြောင်းလည်း သတင်းက ဖော်ပြပါတယ်။ လာအိုနိုင်ငံတွင်း Covid-19 တိုက်ဖျက်ရေး အတွက်လည်း ထိုင်းက ထောက်ပံ့ပေးနေကြောင်းလည်း သတင်းမှာ တွေ့ရပါတယ်။

ဗီယက်နမ် တာဝန်ရှိသူတွေဘက်ကလည်း လာအိုနိုင်ငံနဲ့ ၂၀၂၁-၂၀၃၀ ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ၊ နောက် ၅ နှစ်ကြာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို စတင်လိုက်ကြောင်း ဗီယက်နမ် ကွန်မြူနစ် ပါတီရဲ့ သတင်း ဝက်ဘ်ဆိုဒ် Nhan Dan မှာ ဖော်ပြထားပါတယ်။ ဒီ သဘောတူညီချက် ၂ ခုထဲမှာ ဘာတွေ ထည့်သွင်းမလဲ ဆိုတာကိုတော့ နှစ်ဘက် ခေါင်းဆောင်တွေ နောက်ပိုင်းမှာ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။ လာအို အတွက် Covid-19 ဆိုင်ရာ အထောက်အပံ့နဲ့ ပညာသင်ဆု ၁,၀၀၀ ကို ပြီးခဲ့တဲ့ နှစ် အတွင်း ဗီယက်နမ်က ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက William & Mary တက္ကသိုလ်က ပြုစုထားတဲ့ Aiddata.org ဝက်ဘ်ဆိုက် အရ လာအိုနိုင်ငံတွင်းကို ဝင်တဲ့ တရုတ်ရဲ့ ရန်ပုံငွေက တနှစ်ကို ဒေါ်လာ ၁၁ ဘီလျံထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ လာအို အတွက် ထိပ်တန်း ထောက်ပံ့ လှူဒါန်းသူတွေက ဂျပန်နဲ့ ထိုင်း နိုင်ငံ ဖြစ်ပြီး အခု အခါမှာ ဗီယက်နမ်က နိုင်ငံသစ် အဖြစ်နဲ့ ပါဝင်လာပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း လာအို အတွက် ထောက်ပံ့ငွေ၊ ချေးငွေ၊ လက်တွေ့ အကူအညီတွေ အပါအဝင် ဒေါ်လာ ၆၃ ဒသမ ၈ ဘီလျံထိ ဂျပန် အစိုးရက ပေးအပ်ခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဌာနက ဖော်ပြထားပါတယ်။
နိုင်ငံတကာရဲ့ တရားဝင် ထောက်ပံ့ ကူညီမှု စုစုပေါင်းက တခါတရံမှာ လာအို ပြည်တွင်း အသာတင် ထုတ်လုပ်မှု GDP ရဲ့ ၁၅ ရာခိုင်နှုန်းထိ ရရှိပါတယ်။ ဖွံ့ဖြိုးရေး မိတ်ဖက်တွေ၊ ရင်းနှီးတဲ့ နိုင်ငံတွေရဲ့ ပံ့ပိုးမှုကြောင့် ပြီးခဲ့တဲ့ ၅ နှစ် အတွင်း လာအိုရဲ့ ဖွံ့ဖြိုးမှုက ပျမ်းမျှ ၅ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်းလည်း လာအို နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။ လာအို လူဦးရေ ၇ သန်းရဲ့ ၄ ပုံ ၁ ပုံက ဆင်းရဲမွဲတေနေတာကြောင့် အထောက်အပံ့တွေက အရေးကြီးပါတယ်။

အာရှ နိုင်ငံများက တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို လျှော့ချနိုင်ဖို့ မျှော်လင့်နေကြ ဖြစ်ပြီး ဒီလို ဆောင်ရွက်လာနိုင်ရင် တရုတ်ကို ဖြတ်ပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကို စီးဆင်းတဲ့ မဲခေါင်မြစ်ကြောင်း အရေး၊ ဒါမှမဟုတ်လည်း ကုန်းတွင်း သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတွေမှာ အင်အားကြီး တရုတ်ဘက်က အကြီးအကျယ် လွှမ်းမိုးချုပ်ကိုင်မှု မရှိစေရေး ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ မဲခေါင်မြစ် အပေါ်ပိုင်းမှာ တရုတ်ရဲ့ ရေကာတာတွေက မြစ်ရေ စီးဆင်းမှုကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း လာအိုနဲ့ အိမ်နီးချင်း နိုင်ငံတွေကို အမေရိကန် ဘက်က အကူအညီတွေ ထပ်တိုးခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Chulalongkorn တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပါမောက္ခ Thitinan Pongsudhirak က အခုလို သုံးသပ်ပါတယ်။

“ လာအိုဟာ လက်တွေ့အားဖြင့် ဦးတည် ရည်မှန်းချက် မျိုးစုံ ရှိနေပေမယ့်လည်း တရုတ်ရဲ့ ချယ်လှယ်မှုက ပိုများလာပါတယ်။ အင်အားကြီး နိုင်ငံတွေရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးနိုင်ရေး ပြိုင်ဆိုင်မှုကို မြင်တွေ့နေရပြီး လာအို နိုင်ငံဟာ ဒီအခင်းအကျင်းထဲက နိုင်ငံတခုသာ ဖြစ်ပါတယ်။ ”

ဂျပန် နိုင်ငံဘက်က အရှေ့တောင် အာရှ ဒေသတွင်းနဲ့ ပိုပြီး ချိတ်ဆက်လိုနေတယ်လို့ ပြောသူကတော့ ဂျပန်နိုင်ငံ Temple တက္ကသိုလ်က သမိုင်းပို့ချသူ Jeffrey Kingston ဖြစ်ပါတယ်။ မဲခေါင်မြစ်ရေ စီးဆင်းမှုကို တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ကိစ္စကလည်း ဂျပန် တာဝန်ရှိသူတွေ စိုးရိမ်တဲ့ အချက်လို့လည်း သူက ပြောပါတယ်။

“ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို မမှီတဲ့ သဘောမျိုး ဖြစ်နေတာမှာ သူ့ဘက်က ယှဉ်ပြိုင်မယ်ဆိုတာကို ဂျပန်ဘက်က ပြသလိုက်တာလို့ ယူဆတဲ့ အကြောင်းနဲ့ ဒီနိုင်ငံတွေ အရေးမှာ ဂျပန်ဘက်က အခိုင်အမာ ရပ်တည် ဆောင်ရွက်သွားမယ်လို့ ယူဆကြောင်း ပါမောက္ခ Kingston က ပြောဆိုခဲ့တာပါ။ ”

ထိုင်းနိုင်ငံတွင်းမှာ ဂျပန်နိုင်ငံရဲ့ ကားနဲ့ ကားပစ္စည်း ထုတ်လုပ်မှု အခိုင်အမာ ရှိနေပြီး ဗီယက်နမ်နိုင်ငံတွင်းမှာလည်း ၁၉၈၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက တိုးလာပါတယ်။ ပယ်လယ်ဆိပ်ကမ်းတွေမှာ ကုန်ပို့ရတာထက် ကုန်းလမ်း သယ်ယူပို့ဆောင်ရင် ကုန်ကျစာရိတ်က ပို သက်သာပါတယ်။
ဂျပန်ဟာဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ အတူ တရုတ်ကို တန်ပြန်ဖို့ ဆောင်ရွက်နေတယ်လို့ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပါမောက္ခ Thitinan Pongsudhirak က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ မဲခေါင်- အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အထောက်အပံ့ အမေရိကန် အစီအစဉ်ဟာဆိုရင် လာအို အပါအဝင် အရှေ့တောင် အာရှဒေသတွင်း တရုတ်ကို ထိန်းညှိမှု အဖြစ် ရှုမြင်ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလ မကျေလည်မှုတွေ၊ နောက် ကျွန်းစုတွေ ပိုင်ဆိုင်မှု အရေးတို့နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဂျပန်ကြားမှာလည်း မပြေမလည် ဖြစ်နေတာပါ။

ဗီယက်နမ် ဘက်ကလည်း တရုတ်ကို မကျေမလည် ဖြစ်နေတာပါ။ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင် အတွင်းမှာ တရုတ်က ချဲ့ထွင်လာမှု၊ ၁၉၇၀ ပြည့်လွန်နှစ် စစ်ပွဲ အပါအဝင် နယ်စပ် မြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပါတယ်။ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းစီးတီးက စီးပွားရေး ဆိုင်ရာ အကြံပေး လုပ်ငန်း Mazars ရဲ့ လုပ်ငန်းဖော် Jack Nguyen ကတော့ အခုလို ပြောပါတယ်။

“ တရုတ်နဲ့ ဗီယက်နမ်ကြား သြဇာ ပြိုင်ဆိုင်မှု အနည်းငယ် ရှိခဲ့ပြီ ဗီယက်နမ်ဘက်က တဖြည်းဖြည်းချင်း ရှုံးနိမ့်လာခဲ့ပါတယ်လို့ သူက ပြောခဲ့တာပါ။ ”

တရုတ်ဘက်ကတော့ လာအိုကို ပေးနေတဲ့ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းကို မထုတ်ပြန်ပါဘူး။ ဒါပေမယ့်လည်း လာအို နိုင်ငံက တခြားနိုင်ငံတွေထက် တရုတ် အပေါ်မှာ ပိုပြီး မှီခိုနေကြောင်း သုံးသပ်သူများက ပြောပါတယ်။ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး GDP က ဒေါ်လာ ၁၉ ဘီလျံ လောက်ဘဲ ရှိတဲ့ လာအို နိုင်ငံမှာ Covid-19 ကပ်ဘေးဒဏ်ကြောင့် စီးပွားရေး ထိခိုက်တာကြောင့် ရထားလမ်း အတွက် ကျသင့်ငွေ ပေးနိုင်ဖို့ ရုန်းကန်နေရပါတယ်။ လာအို အနေနဲ့ ပြီးခဲ့တဲ့နှစ် အတွင်း ရထားလမ်း အတွက် ဒေါ်လာ သန်း ၂၅၀ အကြွေးတင်နေကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က ပြောဆိုထားပါတယ်။

XS
SM
MD
LG