သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ဒုတိယလိႈင္းေၾကာင္႔ နယူးေဒလီ က်န္းမာေရးေစာင့္ေရွာက္မႈ ၿပိဳလဲလုလု


နယူးေဒလီျမိဳ ့က ကိုဗစ္ေရာဂါနဲ ့ေသဆံုးသူမ်ားကို မီးသျဂိဳလ္ေန (ဓာတ္ပံု- AP)

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္းက်ေရာက္ေနတဲ့ အိႏိၵယႏိုင္ငံဟာ ေအာင္ဆီဂ်င္ျပတ္လပ္မႈ ၊ ေဆးရံုကုတင္နဲ႕ေဆးဝါးမလံုေလာက္မႈေတြေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ဟာ ၿပိဳလဲေနၿပီလို ့ဆိုပါတယ္။

ၿမိဳ ့ေတာ္ နယူးေဒလီမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ မ်ိဴးကြဲေတြကူးစက္ခံရသူေတြဟာ မိသားစုလိုက္ရွိေနၿပီး အိမ္မွာေနရင္လည္း အေျခအေန ပိုဆိုးလာတဲ့အတြက္ေၾကာင့္ ေဆးရံုေတြကို ေမွ်ာ္လင့္ခ်က္မဲ့စြာ ေရာက္ရွိလာၾကတာျဖစ္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားဟာလည္း ရွားပါးျပတ္လပ္ေနတဲ့ ေဆးဝါးနဲ ့ေအာက္ဆီဂ်င္ဘူးေတြ ကို အေျပးအလႊားသြားေရာက္၀ယ္ယူေနၾကၿပီး ေမွာင္ခိုေစ်းကြယ္ေတြလည္း ႀကီးထြားလာေနပါတယ္။

Aakash အထူးကုေဆးရံုရဲ႕ အေရးေပၚဌာနအႀကီးအကဲ Dr. Shaarang Sachdev ကေတာ့ အေျခအေနကို အခုလို ေျပာပါတယ္။

“ အေျခအေနကေတာ့ အေရးေပၚျဖစ္ေနပါၿပီ။ ၿပီးခဲ့တဲ့ ေတြ ့ၾကံဳခဲ့သမွ်ထဲ ကပ္ေဘးရဲ႕ အဆိုးဆံုး အေနအထားကို ေရာက္ေနတာပါ။ ဒီ ၂ ပတ္ထဲမွာ က်ေနာ္တို႔အတြက္ တကယ့္ ငရဲျပည္လို ျဖစ္လာေနတာပါ။”

ၾကံဳခဲ့ရသမွ်ထဲ အဆိုးဆံုးက်န္းမာေရး အက်ပ္အတည္းကို ျဖတ္သန္းေနရတာမို ့မိသားစု၀င္ေတြ၊ မိတ္ေဆြေတြနဲ ့လူမႈမီဒီယာေတြကိုပဲ အားကိုးေနရတဲ့ ၿမိဳ ့ေတာ္တခုျဖစ္လာေနၿပီျဖစ္ပါတယ္။ လူေတြဟာလည္း ဗိုင္းရပ္စ္ကူးစက္မွာကို ေၾကာက္ရြံ ့ေနၾကၿပီး ျပတင္းေပါက္ေတြနဲ ့ အိမ္တံခါးေတြကိုေတာင္ မဖြင့္ ရဲၾကေတာ့ဘူးလို ့ဆိုပါတယ္။

ေသဆံုးသူအေရအတြက္ ျမင့္တက္လာတာမို ့ညဘက္ေတြမွာ မီး သၿဂႋဳဟ္ၾကၿပီး စ်ာပနေတြဟာလည္း လူသူကင္းမဲ့ေနတယ္လို ့ဆိုပါတယ္။ ေဆးရံုေတြမွာလည္း လူျပည့္ေနၿပီး လူနာတင္ကားေတြနဲ ့ေဆးရံု၀န္ထမ္းေတြလည္း မလံုေလာက္ေတာ့ဘူးလို ့ဆိုပါတယ္။ ဖ်ားနာေနသူေတြကိုလည္း မိသားစု၀င္ေတြကပဲ ေဆးရံုပို ့ေနၾကရပါတယ္။

ကၽြမ္းက်င္သူေတြကေတာ့ အိႏိၵယရဲ႕ ဆယ္စုႏွစ္နဲ ့ခ်ီၿပီးရွည္ၾကာခဲ့တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈအေပၚ အေလးမထားခဲ့တာကို အျပစ္တင္ေနၾကၿပီး လူထုက်န္းမာေရး ရန္ပံုေငြေတြကို သံုးစြဲၿပီး မ်ိဴးကြဲဗိုင္းရပ္စ္ကေနၿပီး ဒုတိယလိႈင္းမက်ေရာက္ေတာ့ဘူးလို ့တိုင္းျပည္ကို ယံုၾကည္ေစတာကို လည္း အျပစ္ဖို ့ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

ကိုဗစ်ဒုတိယလှိုင်းကြောင့် နယူးဒေလီ ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲလုလု

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကျရောက်နေတဲ့ အိန္ဒိယနိုင်ငံဟာ အောင်ဆီဂျင်ပြတ်လပ်မှု ၊ ဆေးရုံကုတင်နဲ့ဆေးဝါးမလုံလောက်မှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ပြိုလဲနေပြီလို့ဆိုပါတယ်။

မြို့တော် နယူးဒေလီမှာလည်း ကိုရိုနာဗိုင်းရပ်စ် မျိူးကွဲတွေကူးစက်ခံရသူတွေဟာ မိသားစုလိုက်ရှိနေပြီး အိမ်မှာနေရင်လည်း အခြေအနေ ပိုဆိုးလာတဲ့အတွက်ကြောင့် ဆေးရုံတွေကို မျှော်လင့်ချက်မဲ့စွာ ရောက်ရှိလာကြတာဖြစ်ပါတယ်။

လူတော်တော်များများဟာလည်း ရှားပါးပြတ်လပ်နေတဲ့ ဆေးဝါးနဲ့အောက်ဆီဂျင်ဘူးတွေ ကို အပြေးအလွှားသွားရောက်ဝယ်ယူနေကြပြီး မှောင်ခိုဈေးကွယ်တွေလည်း ကြီးထွားလာနေပါတယ်။

Aakash အထူးကုဆေးရုံရဲ့ အရေးပေါ်ဌာနအကြီးအကဲ Dr. Shaarang Sachdev ကတော့ အခြေအနေကို အခုလို ပြောပါတယ်။

“ အခြေအနေကတော့ အရေးပေါ်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ တွေ့ကြုံခဲ့သမျှထဲ ကပ်ဘေးရဲ့ အဆိုးဆုံး အနေအထားကို ရောက်နေတာပါ။ ဒီ ၂ ပတ်ထဲမှာ ကျနော်တို့အတွက် တကယ့် ငရဲပြည်လို ဖြစ်လာနေတာပါ။”

ကြုံခဲ့ရသမျှထဲ အဆိုးဆုံးကျန်းမာရေး အကျပ်အတည်းကို ဖြတ်သန်းနေရတာမို့မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့လူမှုမီဒီယာတွေကိုပဲ အားကိုးနေရတဲ့ မြို့တော်တခုဖြစ်လာနေပြီဖြစ်ပါတယ်။ လူတွေဟာလည်း ဗိုင်းရပ်စ်ကူးစက်မှာကို ကြောက်ရွံ့နေကြပြီး ပြတင်းပေါက်တွေနဲ့ အိမ်တံခါးတွေကိုတောင် မဖွင့် ရဲကြတော့ဘူးလို့ဆိုပါတယ်။

သေဆုံးသူအရေအတွက် မြင့်တက်လာတာမို့ညဘက်တွေမှာ မီး သင်္ဂြိုဟ်ကြပြီး ဈာပနတွေဟာလည်း လူသူကင်းမဲ့နေတယ်လို့ဆိုပါတယ်။ ဆေးရုံတွေမှာလည်း လူပြည့်နေပြီး လူနာတင်ကားတွေနဲ့ဆေးရုံဝန်ထမ်းတွေလည်း မလုံလောက်တော့ဘူးလို့ဆိုပါတယ်။ ဖျားနာနေသူတွေကိုလည်း မိသားစုဝင်တွေကပဲ ဆေးရုံပို့နေကြရပါတယ်။

ကျွမ်းကျင်သူတွေကတော့ အိန္ဒိယရဲ့ ဆယ်စုနှစ်နဲ့ချီပြီးရှည်ကြာခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အလေးမထားခဲ့တာကို အပြစ်တင်နေကြပြီး လူထုကျန်းမာရေး ရန်ပုံငွေတွေကို သုံးစွဲပြီး မျိူးကွဲဗိုင်းရပ်စ်ကနေပြီး ဒုတိယလှိုင်းမကျရောက်တော့ဘူးလို့တိုင်းပြည်ကို ယုံကြည်စေတာကို လည်း အပြစ်ဖို့နေကြပါတယ်။

XS
SM
MD
LG