သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ကိုဗစ္အခက္အခဲ ပါကစၥတန္ ကူညီမည္


[ Zawgyi / Unicode ]

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္း အဆမတန္ျမင့္မားေနတဲ့ သူ႔ရဲ႕ ၿပိဳင္ဘက္ အိႏၵိယႏိုင္ငံအတြက္ မရွိမျဖစ္ လိုအပ္ေနတဲ့ ေဆးဝါးအေထာက္အပံ့ေတြကို ကူညီဖို႔ ပါကစၥတန္ႏိုင္ငံက ကမ္းလွမ္းလိုက္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းအႀကီးအက်ယ္ ျမင့္မားေနတဲ့ အိႏၵိယ တႏိုင္ငံလုံးအႏွံအျပားမွာ ကပ္ေရာဂါကို အလူးအလဲရင္ဆိုင္ေနရၿပီး ေဆးဘက္ဆိုင္ရာ ေအာက္စီဂ်င္အပါအဝင္ အေရးေပၚ ေဆး႐ုံလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။

န်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြၾကား တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔နဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရး ပုံမွန္ျဖစ္ေအာင္ႀကိဳးပမ္းတဲ့အေနနဲ႔ ႏွစ္ဘက္ ထိပ္တန္းေထာက္လွမ္းေရးအရာရွိေတြ ပါ ၀ င္တဲ့ လအတန္ၾကာ ေဆြးေႏြးမႈေတြကို ျပဳလုပ္ေနခ်ိန္အခုလို ပါကစၥတန္ဘက္က ကမ္းလမ္းခဲ့တာျဖစ္ပါတယ္။

စေနေန႔ ေႏွာင္းပိုင္းမွာ ထုတ္ျပန္တဲ့ ပါကစၥတန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ- အိႏၵိယကို ကယ္ဆယ္ေရးအေထာက္အပံ့ေတြေပးဖို႔ ကမ္းလွမ္းထားေၾကာင္း ေဖၚျပထားပါတယ္။ ေထာက္ပံ့ေရးပစၥည္းေတြထဲမွာ အသက္ရႈစက္ကိရိယာေတြ၊ တကိုယ္ေရး အကာအကြယ္ပစၥည္းေတြ ၊ ဒစ္ဂ်စ္တယ္သုံ ဓာတ္မွန္စက္ေတြနဲ႔ အျခားဆက္စပ္ပစၥည္းေတြ ပါဝင္ပါတယ္။ အခုလို ပါကစၥတန္ဘက္က ကမ္းလွမ္းခ်က္နဲ႔ ပတ္သက္လို႔ အိႏၵိယႏိုင္ငံဘက္က ခ်က္ခ်င္း တုံ႔ျပန္မႈ မရွိေသးပါဘူး။

[ Unicode ]

အိန္ဒိယ ကိုဗစ်အခက်အခဲ ပါကစ္စတန် ကူညီမည်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အဆမတန်မြင့်မားနေတဲ့ သူ့ရဲ့ ပြိုင်ဘက် အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ဆေးဝါးအထောက်အပံ့တွေကို ကူညီဖို့ ပါကစ္စတန်နိုင်ငံက ကမ်းလှမ်းလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းအကြီးအကျယ် မြင့်မားနေတဲ့ အိန္ဒိယ တနိုင်ငံလုံးအနှံအပြားမှာ ကပ်ရောဂါကို အလူးအလဲရင်ဆိုင်နေရပြီး ဆေးဘက်ဆိုင်ရာ အောက်စီဂျင်အပါအဝင် အရေးပေါ် ဆေးရုံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုတွေကို လျှော့ချဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်အောင်ကြိုးပမ်းတဲ့အနေနဲ့ နှစ်ဘက် ထိပ်တန်းထောက်လှမ်းရေးအရာရှိတွေ ပါ ၀ င်တဲ့ လအတန်ကြာ ဆွေးနွေးမှုတွေကို ပြုလုပ်နေချိန်အခုလို ပါကစ္စတန်ဘက်က ကမ်းလမ်းခဲ့တာဖြစ်ပါတယ်။

စနေနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ- အိန္ဒိယကို ကယ်ဆယ်ရေးအထောက်အပံ့တွေပေးဖို့ ကမ်းလှမ်းထားကြောင်း ဖေါ်ပြထားပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေထဲမှာ အသက်ရှုစက်ကိရိယာတွေ၊ တကိုယ်ရေး အကာအကွယ်ပစ္စည်းတွေ ၊ ဒစ်ဂျစ်တယ်သုံ ဓာတ်မှန်စက်တွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေ ပါဝင်ပါတယ်။ အခုလို ပါကစ္စတန်ဘက်က ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံဘက်က ချက်ချင်း တုံ့ပြန်မှု မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG