[Zawgyi/Unicode]
အိႏိၵယႏုိင္ငံမွာ ဒီကေန႔ COVID-19 ေရာဂါကူးစက္သူ ေနာက္ထပ္ ၃၂၀,၀၀၀ ေက်ာ္ ထပ္တိုးခဲ့ၿပီး ဒါဟာျဖင့္ တရက္အတြင္း ေရာဂါပိုးကူးစက္သူအေရအတြက္ ငါးရက္ဆက္တိုက္ စံခ်ိန္တင္တိုးခဲ့ၿပီးတဲ့ေနာက္ အတန္ငယ္ ျပန္ေလ်ာ့သြားတာပါ။
ဒါေပမဲ့လည္း အေရအတြက္ေလ်ာ့သြားတာက ကူးစက္ႏႈန္း ေလ်ာ့သြားတာမ်ဳိးေၾကာင့္ မဟုတ္ဘဲ သီတင္းပတ္ကုန္ပိုင္းမွာ စစ္ေဆးတဲ့အေရအတြက္ နည္းတာေၾကာင့္ ပိုျဖစ္ဖို႔မ်ားပါတယ္။
ကိုဗစ္ကူးစက္သူအေရအတြက္ အဆမတန္မ်ားေနတာေၾကာင့္ အိႏိၵယႏိုင္ငံအေနနဲ႔ ကုသေရးပိုင္း အခက္အခဲေတြ ၾကံဳေနရၿပီး အေမရိကန္နဲ႔ ကမာၻ႔ႏုိင္ငံႀကီးေတြက အကူအညီေပးေနၾကပါတယ္။
"ေအာက္ဆီဂ်င္ဆိုင္ရာ ပစၥည္းကိရိယာေတြ၊ အျမန္စစ္ေဆးႏုိင္တဲ့ပစၥည္းေတြ၊ ကာကြယ္ေရးဝတ္စံုေတြနဲ႔ တျခားလိုအပ္တဲ့ပစၥည္းေတြကို အိႏိၵယႏုိ္င္ငံကိုေပးပို႔ဖို႔ ကာကြယ္ေရးဌာနအေနနဲ႔ တျခား အေမရိကန္ဌာနေတြနဲ႔ အနီးကပ္ပူးေပါင္းေဆာင္ရြက္ေနပါတယ္။" လို႔ အေမရိကန္ ကာကြယ္ေရးဌာနေျပာခြင့္ရ John Kirby က တနလၤာေန႔ ပံုမွန္သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
ၿဗိတိန္ႏုိင္ငံက ေပးပို႔လိုက္တဲ့ အသက္႐ႈေထာက္ကူစက္ ၁၀၀ နဲ႔ ေအာက္ဆီဂ်င္ဘူး ၉၅ လံုးလည္း ေရာက္သြားပါၿပီ။
ျပင္သစ္ႏုိင္ငံကလည္း အသက္႐ႈစက္ေတြ၊ အထူးၾကပ္မတ္ကုသေရးဆိုင္ရာ ပစၥည္းကိရိယာေတြနဲ႔ ေအာက္ဆီဂ်င္စက္ေတြကို ဒီသီတင္းပတ္ေႏွာင္းပိုင္းမွာ ေပးပို႔မယ္လုိ႔ ခန္႔မွန္းထားပါတယ္။
[Unicode Version]
အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ သုံးသိန်းကျော်ထပ်တိုး
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၃၂၀,၀၀၀ ကျော် ထပ်တိုးခဲ့ပြီး ဒါဟာဖြင့် တရက်အတွင်း ရောဂါပိုးကူးစက်သူအရေအတွက် ငါးရက်ဆက်တိုက် စံချိန်တင်တိုးခဲ့ပြီးတဲ့နောက် အတန်ငယ် ပြန်လျော့သွားတာပါ။
ဒါပေမဲ့လည်း အရေအတွက်လျော့သွားတာက ကူးစက်နှုန်း လျော့သွားတာမျိုးကြောင့် မဟုတ်ဘဲ သီတင်းပတ်ကုန်ပိုင်းမှာ စစ်ဆေးတဲ့အရေအတွက် နည်းတာကြောင့် ပိုဖြစ်ဖို့များပါတယ်။
ကိုဗစ်ကူးစက်သူအရေအတွက် အဆမတန်များနေတာကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ကုသရေးပိုင်း အခက်အခဲတွေ ကြုံနေရပြီး အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက အကူအညီပေးနေကြပါတယ်။
"အောက်ဆီဂျင်ဆိုင်ရာ ပစ္စည်းကိရိယာတွေ၊ အမြန်စစ်ဆေးနိုင်တဲ့ပစ္စည်းတွေ၊ ကာကွယ်ရေးဝတ်စုံတွေနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေကို အိန္ဒိယနိုင်ငံကိုပေးပို့ဖို့ ကာကွယ်ရေးဌာနအနေနဲ့ တခြား အမေရိကန်ဌာနတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပါတယ်။" လို့ အမေရိကန် ကာကွယ်ရေးဌာနပြောခွင့်ရ John Kirby က တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
ဗြိတိန်နိုင်ငံက ပေးပို့လိုက်တဲ့ အသက်ရှုထောက်ကူစက် ၁၀၀ နဲ့ အောက်ဆီဂျင်ဘူး ၉၅ လုံးလည်း ရောက်သွားပါပြီ။
ပြင်သစ်နိုင်ငံကလည်း အသက်ရှုစက်တွေ၊ အထူးကြပ်မတ်ကုသရေးဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ အောက်ဆီဂျင်စက်တွေကို ဒီသီတင်းပတ်နှောင်းပိုင်းမှာ ပေးပို့မယ်လို့ ခန့်မှန်းထားပါတယ်။