သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈတိုးလာတဲ့အိႏိၵိယကို ႏိုင္ငံတကာကူညီမည္


အိႏၵိယနိင္ငံ Ahmedabad ျမို ့မွာ ေသဆံုး ကိုဗစ္လူနာတဦးအား ေရခဲတိုက္တို ့သယ္ယူစဥ္ ( ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

အိႏၵိယႏုိင္ငံမွာ ၂၄ နာရီအတြင္း Covid-19 ေရာဂါကူးစက္မႈ ၃ သိန္းခြဲထိေရာက္လာတဲ့အခ်ိန္မွာပဲ အိႏၵိယႏုိင္ငံအတြက္လိုအပ္ေနတဲ့ ေဆး၀ါးအေထာက္အကူပစၥည္းေတြကို ေပးပို႔သြားမယ္လို႔ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမဏီႏုိင္ငံတို႔က ေျပာပါတယ္။ ဒီကေန႔တနလၤာေန႔မွာပဲ အိႏၵိယမွာပိုးကူးသူစံခ်ိန္တင္ျမင့္တက္ခဲ့တဲ့အတြက္ ႏုိင္ငံတ၀ွမ္းကေဆး႐ုံေတြမွာလူနာအတြက္ ေအာက္ဆီဂ်င္ေတြေရာ လူနာကုတင္ေတြပါ မလုံေလာက္ေတာ့ပါဘူး။ လူနာေတြလည္းေဆးရု တက္ခြြင့္ရဖို႔ တန္းစီေစာင့္ရင္း ေဆးရုံအျပင္မွာတင္ ေသဆုံးေနရပါတယ္။

"အသက္ရႈကူစက္ေတြ၊ ေအာက္ဆီဂ်င္ဗူးေတြနဲ႔ ေဆး၀ါးကိရိယာအမ်ိဳးအစားေပါင္း ၆ ရာေက်ာ္ကို ၿဗိတိန္ကေပးပို႔ေပးေနပါၿပီ။ အိႏၵိယေဆး႐ုံေတြမွာ ျမင္ေနရတဲ့ စိုးရိမ္စရာျမင္ကြင္းေတြအရ သူတို႔လိုအပ္ေနခ်ိန္မွာ ကူညီႏုိင္ဖို႔ ရည္ရြယ္ပါတယ္ "လို႔ ၿဗိတိန္ႏုိင္ငံျခားေရး၀န္ႀကီး Dominic Rabb ကေျပာဆိုသြားတာပါ။ အေမရိကန္ႏိုင္ငံကေတာ့ အိႏၵိယမွာထုတ္လုပ္ေနတဲ့ Covishield ကာကြယ္ေဆးထုတ္လုပ္ဖို႔ ကုန္ၾကမ္းေတြ၊ ေဆးပစၥည္းကိရိယာေတြနဲ႔ တကို္ယ္ေရကာကြယ္ေရးပစၥည္း PPE ေတြ ပို႔ေပးေနပါတယ္။ အိႏၵိိယက အကူအညီေတာင္းခ်က္အရ ဂ်ာမဏီနဲ႔ျပင္သစ္ႏုိင္ငံတို႔က ေအာက္ဆီဂ်င္နဲ႔ ေဆးကိရိယာေတြကို ပို႔ေပးသြားမယ္လို႔ ဥေရာပေကာ္မရွင္ ကေျပာပါတယ္။

အိႏၵိယ၀န္ႀကီးခ်ဳပ္ နရိန္ဒရာမိုဒီကလည္း ကိုဗစ္မုန္တုိင္းႀကီးေၾကာင့္ သူ႔ႏုိင္ငံ တုန္ခါေနၿပီလို႔ တနဂၤေႏြေန႔မွာေျပာပါတယ္။ အိႏၵိယမွာ ျပည္သူ႔က်န္းမာေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမရွိတာ၊ ဘာသာေရးပြဲေတာ္ေတြနဲ႔ နုိင္ငံေရးပြဲေတြမွာ လူစုလူေ၀းလုပ္ခြင့္ျပဳခဲ့တဲ့ အတြက္ ပိုးကူးစက္မႈျပန္ျမင့္တက္လာတဲ့အေပၚ ၀န္ႀကီးခ်ဳပ္မိုဒီကိုယ္တုိင္လည္း ေ၀ဖန္ျပစ္တင္မႈနဲ႔ရင္ဆုိင္ေနရတာျဖစ္ပါတယ္။ ၿမိဳ ႔ေတာ္နယူးေဒလီမွာေတာ့ ပိုးကူးစက္မႈထိန္းခ်ဳပ္ႏုိင္ဖို႔ တနလၤာေန႔ကစၿပိီး ကန္႔သတ္ခ်က္ေတြထုတ္ျပန္ထားပါတယ္။ ဗီဇေျပာင္းပိုးသစ္ေတြ အိႏၵိယမွေတြ႔လာေနရတဲ့အတြက္လည္း ကပ္ေရာဂါထိန္းခ်ဳပ္ထားႏိုင္တဲ့ အျခားေဒသေတြအတြက္ စိုးရိမ္မႈေတြရွိေနပါတယ္။

အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနရဲ ႔စာရင္းအရ ျပည္တြင္းမွာ ၅ ရက္ဆက္တုိက္ပိုးကူးစက္မႈျမင့္တက္ေနၿပီး တနလၤာေန႔ တရက္ထဲမွာတင္ပိုးကူးသူသစ္ ၃ သိန္းခြဲေက်ာ္ရွိသလို လက္ရွိခ်ိန္ထိပိုးကူသူစုစုေပါင္း ၁၇ သန္း ေက်ာ္ရွိပါတယ္။ အိႏၵိယဟာ အေမရိကန္ၿပီးရင္ ကမၻာမွာ ကိုဗစ္ကူးခံရသူဒုတိယအမ်ားဆုံးပါ။ Johns Hopkins တကၠသုိုလ္ရဲ ႔ စစ္တမ္းအရ အေမရိကန္မွာေတာ့ ပိုးကူးသူ ၃၂ သန္းေက်ာ္ရွိၿပီး အိႏၵိယၿပီရင္း တတိယေနရာမွာရွိတဲ့ ဘရာဇီးလ္ ႏိုင္ငံကေတာ့ ပိုးကူးသူ ၁၄ သန္းေက်ာ္ရွိပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်ကူးစက်မှုတိုးလာတဲ့အိန္ဒိိယကို နိုင်ငံတကာကူညီမည်

(Unicode)

အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း Covid-19 ရောဂါကူးစက်မှု ၃ သိန်းခွဲထိရောက်လာတဲ့အချိန်မှာပဲ အိန္ဒိယနိုင်ငံအတွက်လိုအပ်နေတဲ့ ဆေးဝါးအထောက်အကူပစ္စည်းတွေကို ပေးပို့သွားမယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတို့က ပြောပါတယ်။ ဒီကနေ့တနင်္လာနေ့မှာပဲ အိန္ဒိယမှာပိုးကူးသူစံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် နိုင်ငံတဝှမ်းကဆေးရုံတွေမှာလူနာအတွက် အောက်ဆီဂျင်တွေရော လူနာကုတင်တွေပါ မလုံလောက်တော့ပါဘူး။ လူနာတွေလည်းဆေးရု တက်ခွင့်ရဖို့ တန်းစီစောင့်ရင်း ဆေးရုံအပြင်မှာတင် သေဆုံးနေရပါတယ်။

"အသက်ရှုကူစက်တွေ၊ အောက်ဆီဂျင်ဗူးတွေနဲ့ ဆေးဝါးကိရိယာအမျိုးအစားပေါင်း ၆ ရာကျော်ကို ဗြိတိန်ကပေးပို့ပေးနေပါပြီ။ အိန္ဒိယဆေးရုံတွေမှာ မြင်နေရတဲ့ စိုးရိမ်စရာမြင်ကွင်းတွေအရ သူတို့လိုအပ်နေချိန်မှာ ကူညီနိုင်ဖို့ ရည်ရွယ်ပါတယ် "လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb ကပြောဆိုသွားတာပါ။ အမေရိကန်နိုင်ငံကတော့ အိန္ဒိယမှာထုတ်လုပ်နေတဲ့ Covishield ကာကွယ်ဆေးထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ၊ ဆေးပစ္စည်းကိရိယာတွေနဲ့ တကိုယ်ရေကာကွယ်ရေးပစ္စည်း PPE တွေ ပို့ပေးနေပါတယ်။ အိန္ဒိယက အကူအညီတောင်းချက်အရ ဂျာမဏီနဲ့ပြင်သစ်နိုင်ငံတို့က အောက်ဆီဂျင်နဲ့ ဆေးကိရိယာတွေကို ပို့ပေးသွားမယ်လို့ ဥရောပကော်မရှင် ကပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီကလည်း ကိုဗစ်မုန်တိုင်းကြီးကြောင့် သူ့နိုင်ငံ တုန်ခါနေပြီလို့ တနင်္ဂနွေနေ့မှာပြောပါတယ်။ အိန္ဒိယမှာ ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုမရှိတာ၊ ဘာသာရေးပွဲတော်တွေနဲ့ နိုင်ငံရေးပွဲတွေမှာ လူစုလူဝေးလုပ်ခွင့်ပြုခဲ့တဲ့ အတွက် ပိုးကူးစက်မှုပြန်မြင့်တက်လာတဲ့အပေါ် ဝန်ကြီးချုပ်မိုဒီကိုယ်တိုင်လည်း ဝေဖန်ပြစ်တင်မှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မြို့တော်နယူးဒေလီမှာတော့ ပိုးကူးစက်မှုထိန်းချုပ်နိုင်ဖို့ တနင်္လာနေ့ကစပြီး ကန့်သတ်ချက်တွေထုတ်ပြန်ထားပါတယ်။ ဗီဇပြောင်းပိုးသစ်တွေ အိန္ဒိယမှတွေ့လာနေရတဲ့အတွက်လည်း ကပ်ရောဂါထိန်းချုပ်ထားနိုင်တဲ့ အခြားဒေသတွေအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရဲ့စာရင်းအရ ပြည်တွင်းမှာ ၅ ရက်ဆက်တိုက်ပိုးကူးစက်မှုမြင့်တက်နေပြီး တနင်္လာနေ့ တရက်ထဲမှာတင်ပိုးကူးသူသစ် ၃ သိန်းခွဲကျော်ရှိသလို လက်ရှိချိန်ထိပိုးကူသူစုစုပေါင်း ၁၇ သန်း ကျော်ရှိပါတယ်။ အိန္ဒိယဟာ အမေရိကန်ပြီးရင် ကမ္ဘာမှာ ကိုဗစ်ကူးခံရသူဒုတိယအများဆုံးပါ။ Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းအရ အမေရိကန်မှာတော့ ပိုးကူးသူ ၃၂ သန်းကျော်ရှိပြီး အိန္ဒိယပြီရင်း တတိယနေရာမှာရှိတဲ့ ဘရာဇီးလ် နိုင်ငံကတော့ ပိုးကူးသူ ၁၄ သန်းကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG