သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယႏုိင္ငံ ၂၄ နာရီအတြင္း ကိုဗစ္ကူးစက္ခံရသူ သံုးသိန္းခဲြနီးပါးရွိ


အိႏၵိယက ေဈးတခုအတြင္း ႏွာေခါင္းစည္းတပ္ဖုိ႔ ေျပာဆုိေနတဲ့ ေစတနာ့ဝန္ထမ္းတဦး။ (ဧၿပီ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏိၵယႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၃၄၆,၀၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ အိႏိၵယႏုိင္ငံက ဒီကေန႔ ေျပာပါတယ္။

အိႏိၵယႏုိင္ငံမွာ ကိုဗစ္ကူးစက္သူ အေရအတြက္ဟာ လြန္ခဲ့တဲ့ရက္ေတြအတြင္း ေန႔စဥ္လို စံခ်ိန္တင္ တိုးလာေနတာပါ။ တခ်ိန္တည္းမွာ ကိုဗစ္လူနာေတြကို ေအာက္ဆီဂ်င္ေပးႏိုင္ဖို႔ အိႏိၵယေဆး႐ံုေတြ အျပင္းအထန္ ႀကိဳးစားေနရပါတယ္။

အိႏိၵယမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ နည္းပညာပိုင္းနဲ႔ အေထာက္အပံ့ေတြ ေပးပို႔ကူညီဖို႔ ႀကိဳးစားေနတယ္လို႔ အေမရိကန္သမၼတ Joe Biden အစိုးရရဲ႕ ကပ္ေရာဂါဆိုင္ရာ ထိပ္တန္းအႀကံေပးပုဂၢိဳလ္ ေဒါက္တာ Anthony Fauci က ေသာၾကာေန႔မွာ ေျပာပါတယ္။

အစၥေရးလ္ႏုိင္ငံမွာေတာ့ ၾကာသပေတးေန႔က ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူ မရွိခဲ့ဘူးလို႔ အစၥေရးလ္ က်န္းမာေရးဌာနက ေသာၾကာေန႔မွာ ေျပာတာေၾကာင့္ ဒါဟာျဖင့္ ဆယ္လအတြင္း ပထမဆံုးအႀကိမ္အျဖစ္ အစၥေရးလ္မွာ ကိုဗစ္ေၾကာင့္ ေသဆံုးသူ မရွိခဲ့တာပါ။

ကမာၻတဝန္းမွာ ကိုဗစ္ေရာဂါကူးစက္သူ ၁၄၅.၆ သန္းရွိၿပီလို႔ Johns Hopkins တကၠသိုလ္၊ ကိုဗစ္ကူးစက္မႈ ေစာင့္ၾကည့္ေရးဌာနက ဒီကေန႔အေစာပိုင္းမွာ မွတ္တမ္းတင္ထားပါတယ္။ အေမရိကန္က ကူးစက္သူ ၃၂ သန္းနီးပါးနဲ႔ အမ်ားဆံုးျဖစ္ၿပီး အိႏိၵယက ၁၆.၆ သန္းေက်ာ္နဲ႔ ဒုတိယအမ်ားဆံုး၊ ဘရာဇီးလ္က ၁၄.၂ သန္းနဲ႔ တတိယအမ်ားဆံုး ကူးစက္ခံထားၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အိန္ဒိယနိုင်ငံ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ သုံးသိန်းခွဲနီးပါးရှိ

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၄၆,၀၀၀ ကျော် ရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ဒီကနေ့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ရက်တွေအတွင်း နေ့စဉ်လို စံချိန်တင် တိုးလာနေတာပါ။ တချိန်တည်းမှာ ကိုဗစ်လူနာတွေကို အောက်ဆီဂျင်ပေးနိုင်ဖို့ အိန္ဒိယဆေးရုံတွေ အပြင်းအထန် ကြိုးစားနေရပါတယ်။

အိန္ဒိယမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် နည်းပညာပိုင်းနဲ့ အထောက်အပံ့တွေ ပေးပို့ကူညီဖို့ ကြိုးစားနေတယ်လို့ အမေရိကန်သမ္မတ Joe Biden အစိုးရရဲ့ ကပ်ရောဂါဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဒေါက်တာ Anthony Fauci က သောကြာနေ့မှာ ပြောပါတယ်။

အစ္စရေးလ်နိုင်ငံမှာတော့ ကြာသပတေးနေ့က ကိုဗစ်ရောဂါကြောင့် သေဆုံးသူ မရှိခဲ့ဘူးလို့ အစ္စရေးလ် ကျန်းမာရေးဌာနက သောကြာနေ့မှာ ပြောတာကြောင့် ဒါဟာဖြင့် ဆယ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးလ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ မရှိခဲ့တာပါ။

ကမ္ဘာတဝန်းမှာ ကိုဗစ်ရောဂါကူးစက်သူ ၁၄၅.၆ သန်းရှိပြီလို့ Johns Hopkins တက္ကသိုလ်၊ ကိုဗစ်ကူးစက်မှု စောင့်ကြည့်ရေးဌာနက ဒီကနေ့အစောပိုင်းမှာ မှတ်တမ်းတင်ထားပါတယ်။ အမေရိကန်က ကူးစက်သူ ၃၂ သန်းနီးပါးနဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက ၁၆.၆ သန်းကျော်နဲ့ ဒုတိယအများဆုံး၊ ဘရာဇီးလ်က ၁၄.၂ သန်းနဲ့ တတိယအများဆုံး ကူးစက်ခံထားကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG