သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဒဏ္သင့္ အိႏၵိယကို အေမရိကန္ ကူညီမည္


(Zawgyi/Unicode)

ကမာၻမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ အမ်ားဆုံးအျဖစ္ ေသာၾကာေန႔မွာ ၂ ရက္ဆက္တိုက္ စံခ်ိန္တင္ခဲ့တဲ့ အိႏၵိယႏိုင္ငံမွာ အသက္႐ႈဖို႔ခက္ခဲတဲ့ လူနာေတြ တိုးလာတာေၾကာင့္ ေအာက္စီဂ်င္နဲ႔ တျခားအေရးေပၚ ေဆး႐ုံသုံးပစၥည္း အလုံအေလာက္ရဖို႔ ႀကိဳးပမ္းေနရပါတယ္။

၂၄ နာရီအတြင္း ကူးစက္သူ လူနာသစ္ ၃၃၂,၇၃၀ ရွိခဲ့ေၾကာင္း ေသာၾကာေန႔မွာ က်န္းမာေရး ၀န္ႀကီးဌာနက ေၾကညာလိုက္တာေၾကာင့္ ၾကာသပေတးေန႔က ကူးစက္သူ အေရအတြက္ ၃၁၄,၈၃၅ ထက္ ပိုမ်ားခဲ့တာပါ။

ႏိုင္ငံအေနာက္ပိုင္းက Vijay Vallabh ေဆး႐ုံမွာ မီးေလာင္မႈေၾကာင့္ ကိုဗစ္လူနာ ၁၃ ေယာက္ထက္မနည္း ေသဆုံးခဲ့သလို၊ နယူးေဒလီ ၿမိဳ႕ေတာ္မွာေတာ့ အနည္းဆုံး ေဆး႐ုံ ၆ ခုမွာ ေအာက္စီဂ်င္ ျပတ္လတ္မႈေတြ ၾကံဳေနရပါတယ္။ ေဆး႐ုံသုံးေအာက္စီဂ်င္ ျပတ္လပ္မႈကို ေျဖရွင္းဖို႔ လုပ္ငန္းသုံး ေအာက္စီဂ်င္ေတြကို ေဆး႐ုံေတြအတြက္ အသုံးျပဳဖို႔ အစိုးရက အမိန္႔ထုတ္ထားရသလို၊ အျမန္ရထားေတြနဲ႔ အေရးေပၚ ပို႔ေဆာင္ေပးေနရတာပါ။

အေမရိကန္သမၼတ Joe Biden အစိုးရရဲ႕ ကူးစက္ေရာဂါဆိုင္ရာ က်န္းမာေရး ထိပ္တန္း အၾကံေပး Dr. Anthony Fauci ကေတာ့ ကပ္ေရာဂါကူးစက္မႈ အႏၲရာယ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနတဲ့ အိႏၵိယႏိုင္ငံကို ကူညီမယ္လို႔ ေျပာလိုက္ပါတယ္။

“အေရးေပၚ အေျခအေနအတြက္ တတ္ႏိုင္သမွ် ကူညီႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။” လို႔ ေသာၾကာေန႔ အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပဲြမွာ Dr. Fauci ေျပာဆိုသြားတာပါ။

အိႏၵိယႏိုင္ငံမွာ ဗိုင္းရပ္စ္ပိုး အမ်ဳိးအစားသစ္ ကူးစက္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး၊ ဘယ္လိုေဆးမ်ဳိးနဲ႔ အကာအကြယ္ေပးႏိုင္မလဲ ဆိုတာကေတာ့ လတ္တေလာ တိတိက်က် မသိရေသးေပမဲ့ ကာကြယ္ေဆးေတြ အေရးတႀကီးလိုေနတာေတာ့ ေသခ်ာတယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္က ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ကိုဗစ္ေရာဂါကူးစက္သူ ၃၂ သန္းနီးပါးရွိတဲ့ အေမရိကန္ၿပီးရင္၊ အိႏၵိယဟာ ကမာၻမွာ ကူးစက္မႈ ဒုတိယအမ်ားဆုံးအျဖစ္ ၁၆ သန္းေက်ာ္အထိ ရွိေနပါတယ္။

ကိုဗစ္ဒဏ္သင့္ အိႏၵိယကို အေမရိကန္ ကူညီမည္
please wait

No media source currently available

0:00 0:01:40 0:00
တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ဒဏ်သင့် အိန္ဒိယကို အမေရိကန်ကူညီမည်

(Unicode)

ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အများဆုံးအဖြစ် သောကြာနေ့မှာ ၂ ရက်ဆက်တိုက် စံချိန်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ အသက်ရှုဖို့ခက်ခဲတဲ့ လူနာတွေ တိုးလာတာကြောင့် အောက်စီဂျင်နဲ့ တခြားအရေးပေါ် ဆေးရုံသုံးပစ္စည်း အလုံအလောက်ရဖို့ ကြိုးပမ်းနေရပါတယ်။ ၂၄ နာရီအတွင်း ကူးစက်သူ လူနာသစ် ၃၃၂,၇၃၀ ရှိခဲ့ကြောင်း သောကြာနေ့မှာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာလိုက်တာကြောင့် ကြာသပတေးနေ့က ကူးစက်သူ အရေအတွက် ၃၁၄,၈၃၅ ထက် ပိုများခဲ့တာပါ။

နိုင်ငံအနောက်ပိုင်းက Vijay Vallabh ဆေးရုံမှာ မီးလောင်မှုကြောင့် ကိုဗစ်လူနာ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့သလို၊ နယူးဒေလီ မြို့တော်မှာတော့ အနည်းဆုံး ဆေးရုံ ၆ ခုမှာ အောက်စီဂျင် ပြတ်လတ်မှုတွေ ကြုံနေရပါတယ်။ ဆေးရုံသုံးအောက်စီဂျင် ပြတ်လပ်မှုကို ဖြေရှင်းဖို့ လုပ်ငန်းသုံး အောက်စီဂျင်တွေကို ဆေးရုံတွေအတွက် အသုံးပြုဖို့ အစိုးရက အမိန့်ထုတ်ထားရသလို၊ အမြန်ရထားတွေနဲ့ အရေးပေါ် ပို့ဆောင်ပေးနေရတာပါ။

အမေရိကန်သမ္မတ Joe Biden အစိုးရရဲ့ ကူးစက်ရောဂါဆိုင်ရာ ကျန်းမာရေး ထိပ်တန်း အကြံပေး Dr. Anthony Fauci ကတော့ ကပ်ရောဂါကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယနိုင်ငံကို ကူညီမယ်လို့ ပြောလိုက်ပါတယ်။

“အရေးပေါ် အခြေအနေအတွက် တတ်နိုင်သမျှ ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။” လို့ သောကြာနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ Dr. Fauci ပြောဆိုသွားတာပါ။

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ ဘယ်လိုဆေးမျိုးနဲ့ အကာအကွယ်ပေးနိုင်မလဲ ဆိုတာကတော့ လတ်တလော တိတိကျကျ မသိရသေးပေမဲ့ ကာကွယ်ဆေးတွေ အရေးတကြီးလိုနေတာတော့ သေချာတယ်လို့လည်း ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်ရောဂါကူးစက်သူ ၃၂ သန်းနီးပါးရှိတဲ့ အမေရိကန်ပြီးရင်၊ အိန္ဒိယဟာ ကမ္ဘာမှာ ကူးစက်မှု ဒုတိယအများဆုံးအဖြစ် ၁၆ သန်းကျော်အထိ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG