(Zawgyi/Unicode)
အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အသင္း အာဆီယံရဲ႕ အထူးကိုယ္စားလွယ္ကို ျမန္မာႏုိင္ငံတြင္း လာေရာက္ခြင့္ျပဳဖို႔ ျမန္မာ စစ္တပ္ အႀကီးအကဲကို ကုလသမဂၢရဲ႕ ျမန္မာ့ လူ႔အခြင့္အေရးဆုိင္ရာ အထူးကိုယ္စားလွယ္က ေတာင္းဆိုလိုက္ပါတယ္။
ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကိုယ္တိုင္ တက္ေရာက္ခဲ႔တဲ႔ အာဆီယံရဲ႕ ျမန္မာ့ အေရး အထူးအစည္းအေ၀း ဘံုသေဘာတူညီခ်က္မွာ အာဆီယံ ကိုယ္စားလွယ္ ျမန္မာႏုိင္ငံကို သြားေရာက္ၿပီး ျမန္မာ့ ႏုိင္ငံေရး အၾကပ္အတည္း ေဆြးေႏြးေရး ၾကား၀င္ ေဆာင္ရြက္ႏုိင္ဖို႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။
စစ္တပ္ အႀကီးအကဲ ကိုယ္တိုင္ တက္ေရာက္ သေဘာတူခဲ႔တယ္လို႔ ဆိုတဲ႔ အာဆီယံရဲ႕ ျမန္မာ့ အေရး အထူးစည္းေ၀းပြဲရလဒ္ ဘံုသေဘာတူညီခ်က္မွာ ႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔ ပါရွိၿပီး ဒါဟာဆိုရင္ လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္ေၾကာင့္ လူေပါင္း ၇၅၀ ေက်ာ္ ေသဆံုးခဲ႔ရၿပီး ျဖစ္တဲ႔ ျပႆနာႀကီးကို အဆံုးသတ္ႏုိင္ေရး အေရးႀကီးတဲ႔ ပထမ ေျခလွမ္း တရပ္ ျဖစ္ေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Thomas Andrews က အဂၤါေန႔မွာ ေျပာပါတယ္။
ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အေနနဲ႔ ဒီ ကတိက၀တ္ကို ေလးစားလိုက္နာဖို႔ ရည္ရြယ္ထားသလားဆိုတာကို ဒီမိုကေရစီ ျပန္လည္ က်င့္သံုးေရး ႏုိင္ငံတ၀န္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ႔ ျမန္မာ လူထုကို အသိေပးဖို႔ ကုလသမဂၢရဲ႕ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ အထူးကုိယ္စားလွယ္က ျမန္မာ စစ္ေခါင္းေဆာင္ထံ အဂၤါေန႔က ေပးပို႔တဲ႔ အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။
ျမန္မာ လက္နက္ကိုင္ တပ္ဖြဲ႔ေတြေၾကာင့္ အသက္ဆံုးရံႈးရမယ့္အေရး၊ ဒဏ္ရာ ရမယ့္ အေရးနဲ႔ တရားဥပေဒမဲ႔ ဖမ္းခံရမယ့္ အေရး စိုးရိမ္စရာ မလိုဘဲ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပမႈ အပါအ၀င္ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆုိခြင့္ ဆိုတဲ႔ ျမန္မာ လူထုရဲ႕ အေျခခံ လူ႔အခြင့္အေရးကို ေလးစားလိုက္နာပါမယ္ဆိုတဲ႔ ကတိက၀တ္မ်ိဳး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က လူသိရွင္ၾကား ေပးအပ္ဖို႔လည္း အိတ္ဖြင့္ေပးစာမွာ ေတာင္းဆိုထားပါတယ္။
စစ္တပ္ အႀကီးအကဲ ထိန္းခ်ဳပ္တဲ႔ တပ္ဖြဲ႔ေတြက တိုက္ခိုက္မယ့္ အေရး စိုးရိမ္စရာ မလိုဘဲ အေျခခံ လူ႔အခြင့္အေရးကို လြတ္လပ္စြာ က်င့္သံုးခြင့္ ရလာႏုိင္ၿပီလို႔ ယံုၾကည္ေနၾကသူေတြ အတြက္ ဒီ ကတိက၀တ္က ေသေရး ရွင္ေရး တမွ် အေရးႀကီးေနတယ္လို႔လည္း ကုလသမဂၢရဲ႕ အထူးကိုယ္စားလွယ္က ေျပာဆိုထားပါတယ္။ စစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကေတာ့ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ေတြကို ေလးစား လိုက္နာမယ္လို႔ မေျပာေသးပါဘူး။ ႏုိင္ငံတြင္း တည္ၿငိမ္မႈ၊ ႏုိင္ငံ အက်ိဳးစီးပြား အေပၚမွာ အေျခခံၿပီးမွ အာဆီယံ ေခါင္းေဆာင္ေတြရဲ႕ အႀကံျပဳခ်က္ကို စဥ္းစားမယ္လို႔ သူ ဦးေဆာင္တဲ႔ စစ္ေကာင္စီက အဂၤါေန႔မွာ ထုတ္ျပန္ခဲ႔တာပါ။
...............
အာဆီယံအထူးကိုယ်စားလှယ်ကို အမြန်ဆုံးလက်ခံဖို့ စစ်ကောင်စီကို လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း
(Unicode)
အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပြုဖို့ မြန်မာ စစ်တပ် အကြီးအကဲကို ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့ အရေး အထူးအစည်းအဝေး ဘုံသဘောတူညီချက်မှာ အာဆီယံ ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ့ နိုင်ငံရေး အကြပ်အတည်း ဆွေးနွေးရေး ကြားဝင် ဆောင်ရွက်နိုင်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
စစ်တပ် အကြီးအကဲ ကိုယ်တိုင် တက်ရောက် သဘောတူခဲ့တယ်လို့ ဆိုတဲ့ အာဆီယံရဲ့ မြန်မာ့ အရေး အထူးစည်းဝေးပွဲရလဒ် ဘုံသဘောတူညီချက်မှာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ပါရှိပြီး ဒါဟာဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်ကြောင့် လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တဲ့ ပြသနာကြီးကို အဆုံးသတ်နိုင်ရေး အရေးကြီးတဲ့ ပထမ ခြေလှမ်း တရပ် ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က အင်္ဂါနေ့မှာ ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဒီ ကတိကဝတ်ကို လေးစားလိုက်နာဖို့ ရည်ရွယ်ထားသလားဆိုတာကို ဒီမိုကရေစီ ပြန်လည် ကျင့်သုံးရေး နိုင်ငံတဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာ လူထုကို အသိပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာ စစ်ခေါင်းဆောင်ထံ အင်္ဂါနေ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
မြန်မာ လက်နက်ကိုင် တပ်ဖွဲ့တွေကြောင့် အသက်ဆုံးရှုံးရမယ့်အရေး၊ ဒဏ်ရာ ရမယ့် အရေးနဲ့ တရားဥပဒေမဲ့ ဖမ်းခံရမယ့် အရေး စိုးရိမ်စရာ မလိုဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှု အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုတဲ့ မြန်မာ လူထုရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နာပါမယ်ဆိုတဲ့ ကတိကဝတ်မျိုး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူသိရှင်ကြား ပေးအပ်ဖို့လည်း အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။
စစ်တပ် အကြီးအကဲ ထိန်းချုပ်တဲ့ တပ်ဖွဲ့တွေက တိုက်ခိုက်မယ့် အရေး စိုးရိမ်စရာ မလိုဘဲ အခြေခံ လူ့အခွင့်အရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့် ရလာနိုင်ပြီလို့ ယုံကြည်နေကြသူတွေ အတွက် ဒီ ကတိကဝတ်က သေရေး ရှင်ရေး တမျှ အရေးကြီးနေတယ်လို့လည်း ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်က ပြောဆိုထားပါတယ်။ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လေးစား လိုက်နာမယ်လို့ မပြောသေးပါဘူး။ နိုင်ငံတွင်း တည်ငြိမ်မှု၊ နိုင်ငံ အကျိုးစီးပွား အပေါ်မှာ အခြေခံပြီးမှ အာဆီယံ ခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကို စဉ်းစားမယ်လို့ သူ ဦးဆောင်တဲ့ စစ်ကောင်စီက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာပါ။